Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
6:31 PM
| Posted by Anonymous
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchellနှင့် အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် (၈း၃၀) နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့် အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။
နာရေးကိစ္စ အ၀၀အား (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာဒါနအဖြစ် အင်္ဂလိပ်စာ သင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချမှုများအား လိုက်လံကြည့်ရှု လေ့လာခဲ့ရာ အခြေခံ အင်္ဂလိပ်စာ သင်တန်းသူ ကလေးငယ်လေးမှ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr. Derek Mitchell မှ “မင်္ဂလာပါ … တွေ့ရတာဝမ်းသာပါတယ်” ဟု မြန်မာလို ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သုခအလင်း စာကြည့်တိုက်သို့ ၀င်ရောက်လေ့လာကာ အင်္ဂလိပ်စာပေ စာအုပ်များအား ထပ်မံ၍ လှူဒါန်းပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။ ယင်းနောက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ သွားရောက်လေ့လာရာ လူနာနားနေဆောင်တွင် လူနာများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ ဆေးကုသဆောင်များနှင့် မျက်စိခွဲစိတ်ခန်းဆောင် အခန်းအား လည်း ၀င်ရောက်လေ့လာကာ ချီးမွမ်းစကားများ ပြောကြားသွားခဲ့သည်။ ထို့အပြင် နာရေးနှင့် ပတ်သက်သည့် Cool Box၊ အခေါင်းများနှင့် နိဗ္ဗာန်ယာဉ်များကို လေ့လာခဲ့ပြီးနောက် နံနက် (၉း၃၀) နာရီအချိန်တွင် နှုတ်ဆက်စကား ပြောကြားကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)
မင်းကိုနိုင်မိသားစုထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံ
4:05 PM
| Posted by Anonymous
PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ
Wednesday, September 7, 2011
2:36 AM
| Posted by Anonymous
PhD စာတမ်းခိုးကူးမှုနှင့် မြန်မာ ဂုဏ်ထူးဆောင် ဒေါက်တာကြီးများ

တစ်ကမ္ဘာလုံးတွင် PhD ဒေါက်တာဘွဲ့ ရရှိဖို့ ကြိုးစားမှုတွေ များလာသည်။ ဂျာမဏီ နိုင်ငံရေး လောကတွင် PhD ဘွဲ့ အလိုအပ်ဆုံး ဖြစ်သည်။ ဂျာမဏီ အောက်လွှတ်တော် အဖွဲ့ဝင် ၁၁၄ ဦးအနက်၊ ၀န်ကြီးချုပ် ဒေါက်တာ အန်ဂလာ မာခဲယ်လ် အပါအ၀င် ငါးပုံတစ်ပုံက PhD ဘွဲ့ ရယူထားကြသည်။
ဂျာမန်တွေရဲ့ PhD ခုံမင်လွန်းမှုကြောင့် အရှက်ကွဲရမှုများလည်း ရှိသည်။ ကာကွယ်ရေးဝန်ကြီး Karl-Theodor zu Guttenberg မှာ သူရဲ့ PhD စာတမ်းခိုးကူးခဲ့မှု ပေါ်သွားလို့၊ မတ်လ ၁ ရက်နေ့က ရာထူးက နှုတ်ထွက်ပေးလိုက်ရသည်။
ဂျာမန်တွေနဲ့ယှဉ်ရင် အမေရိကန် နိုင်ငံရေး လောကမှာတော့ PhD ဘွဲ့ရသူ နည်းပါးသည်။ လက်ရှိ အမေရိကန် ကွန်ဂရက်ထဲတွင် ၁၈ ဦးသာ (၃ ရာခိုင်နှုန်း) ဒေါက်တာဘွဲ့ ရရှိသူ ပါသည်။ ဆီနိတ်တာတွေ ထဲမှာ တစ်ဦးမှ PhD ရထားသူ မရှိ။ အမေရိကန် ကာကွယ်ရေးဌာနနဲ့ စစ်တပ်ထဲတွင်တော့ PhD ဘွဲ့ရသူ ၁၀၀ ကျော် ရှိသည်။
PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။
PhD စာတမ်းအတွက် ခိုးကူးယူခဲ့သော်လည်း၊ နိုင်ငံရေးတွင် ဆက်လက် အောင်မြင်နေသူများ ရှိသည်။ လက်ရှိ အမေရိကန် ဒုတိယသမ္မတကြီး ဂျိုးဘီဒင် မှာ သူ့ဒေါက်တာ ဘွဲ့ယူစာတမ်းတွင် အမှားများစွာ လုပ်ခဲ့သူအဖြစ် Economist မဂ္ဂဇင်းက ထောက်ပြသည်။

ရုရှားဝန်ကြီးချုပ် ဗလာဒီမာ ပူတင် မှာလည်း သူ့ PhD စာတမ်း အစိတ်အပိုင်း အများစုမှာ သူများထံက ခိုးယူထားသည်ဟု စွပ်စွဲခံရသည်။ ဒေါက်တာ မာတင်လူသာကင်း ရဲ့ စာတမ်းကိုတောင် နောက်ပိုင်း ဝေဖန်မှုအများအပြား ရှိနေခဲ့သည်။ လစ်ဗျား ခေါင်းဆောင် ကဒါဖီ သားရဲ့ စာတမ်းကတော့ ဆိုဖွယ်ရာမရှိ။
မြန်မာနိုင်ငံမှာလည်း PhD ဘွဲ့ရရှိဖို့ ပြည်တွင်းဖြစ်ရော ပြည်ပတက္ကသိုလ်များတွင်ပါ ကြိုးစားအားထုတ်မှုများ ရှိလာသည်။ ဒီအထဲ မြန်မာပြည်ရဲ့ ထူးခြားချက်က တက္ကသိုလ်များမှ ချီးမြှင့်တဲ့ 'ဂုဏ်ထူးဆောင်ဘွဲ့' ကို အကြောင်းပြုပြီး နာမည်ရှေ့ 'ဒေါက်တာ' တပ်သူများ ရှိလာခြင်းပင်။
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာတက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မရေမတွက်နိုင်အောင် ချီးမြှင့်ထားသည်။ သို့သော် ကာယကံရှင်ကိုယ်တိုင်ကလည်း 'ဒေါက်တာ အောင်ဆန်းစုကြည်' ဟု မတပ်သလို၊ မည်သူကမှလည်း ဒေါက်တာ တပ်မခေါ်။ ချစ်စနိုးနှင့် 'ဒေါ်စု' ဟုပင် ခေါ်ကြသည်။
အလားတူ အင်္ဂလိပ်အစိုးရ လက်ထက် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်မှု အထိမ်းအမှတ်အဖြစ် မြန်မာပြည် ဘုရင်ခံက လယ်တီဆရာတော်ဘုရားကြီးကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ဆက်ကပ်ခဲ့ပေမယ့်၊ ဆရာတော်ကြီးက 'ဒေါက်တာ အရှင်ဥာဏဓဇ' ဟု မကြွေးကြော်ဘဲ လယ်တီဆရာတော် အမည်နဲ့သာ သိက္ခာကြီးမြင့်စွာ နေထိုင်ခဲ့သည်။
ဆရာကြီးဒေါက်တာ သန်းထွန်း က သူ့ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရောမှာစိုးလို့၊ သူ့စာအုပ်အချို့က သူ့ဘွဲ့အမည်ဘေးမှာ (ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့မဟုတ်) ဟု ခပ်ရွတ်ရွတ်ဖြင့် ကွင်းခတ် ဖော်ပြဖူးသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဂုဏ်ထူးဆောင်ဘွဲ့ရသူများ မိမိနာမည်ရှေ့ ထူးထူးဆန်းဆန်း 'ဒေါက်တာ' တပ်ကြသည်။ ဥပမာ၊ ဒေါက်တာ ခင်ရွှေ၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ အရှင်...... စသည်များ..။
ဝင့်ထန်း
ရည်ညွန်း။ the Economist
ရင်းမြစ်..မောက္ခ ပညာရေးမဂ္ဂဇင်း
အပန်းဖြေနားရက်များ (၁) အောင်ဆန်းစုကြည်
2:34 AM
letter from Burma - daw aung san suu kyi
| Posted by Anonymous
အပန်းဖြေနားရက်များ (၁)
အောင်ဆန်းစုကြည်
စက်တင်ဘာ ၇၊ ၂၀၁၁
အောင်ဆန်းစုကြည်
စက်တင်ဘာ ၇၊ ၂၀၁၁
ယခုနှစ်များစွာ အတွင်းမှာအပန်းဖြေ နားရက်တွေဆိုတာ ကျမအတွက်တော့ အတိတ်ကာလက ဖျိုးကနဲဖျက်ကနဲ မှတ်တမ်း တင်ထားမိလိုက်တဲ့ အမှတ်ရစရာဓာတ်ပုံ တချို့လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်၊ ဒါပေမယ့် အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဟိမ၀န္တာမှာ......
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက်တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည် မြည်းကြီး တကောင်ရဲ့ ကျောကုန်းထက်မှာ၊
မြက်ခင်း ဆင်ခြေလျှောဘေးမှာထိုင်ပြီး ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့နေ့လယ်စာစားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိပ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ၊
ခတ္တူမန္ဒူမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးအထိ လှည့်ပတ် လွင့်မျောရင်း အမေရိကန်ကိတ်မုန့်ညို နာမည်ကြီးတဲ့ ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ၊
မြန်မြန်ကြမ်းကြမ်းစီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊
အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တကောင်ရဲ့ ကျောကုန်းပေါ်မှာ၊
အိန္ဒိယ ရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်တော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော် ကကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတကန်ကို စီးမိုးထားတဲ့ ရဲတိုက်တခုပေါ်မှာ၊ အရသာ ပြည့်စုံလှတဲ့ အစားအသောက်တွေကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီသီးယိုကိုစားနေခဲ့တာ၊
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြားတလျှေက်က တူးမြောင်းသွားသဘောင်္ တစီးပေါ်မှာ၊ ကျမက စိမ်းမြ ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာ ကြည့်မောလို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ၊
တိုင်ရီကျွန်းပေါ်ကသဲသောင်ပြင် စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတချို့ ကစားမြူးထူးနေကြတာ။
ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လိုက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ် မဟုတ်သလို ခံစားရပါတယ်။
အဲဒါကြောင့်ပဲ သားငယ် ထိန်လင်း (ကင်မ်) တယောက် ဇွန်လထဲမှာ ကျမရဲ့ မွေးနေ့ကိုရောက်လာပြီး အပန်းဖြေခရီး တနေရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျမအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။
နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့် ကြပြီးတဲ့ အခါမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေ ခရီးတို သွားဖို့ ဆိုတာ သဘာဝမကျတဲ့ ကိစ္စတခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျမတို့ အစီအစဉ် ဆွဲကြည့် ခဲ့ကြပါတယ်။
မုတ်သုံရာသီ ဖြစ်နေတာကြောင့်၊ မြန်မာနိုင်ငံ အလယ်ပိုင်း တနေရာကိုပဲ ရွေးဖို့ ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တခုပါ။ ၁၉ ရာစု နှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ်ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ ရှိတယ်။ ဒါမှမဟုတ် ကာလ ကြာမြင့် စွာက ကွယ်ပျောက်သွားပြီဖြစ်တဲ့ ကြီးကျယ်ခန်းနားခဲ့မှုကို သက်သေပြနေတဲ့ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေးယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ်အဲဒီ သုံးခုစလုံး အချိုးအစား အမျိုးမျိုးနဲ့ ပါဝင် ပတ်သက်နေမှုလား။
ပုဂံကို ကျမတို့ လွယ်လွယ်ကူကူပဲ ရွေးချယ်ဆုံးဖြတ် ဖြစ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုး စေတီ တွေနဲ့ မြို့ဟောင်းပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှု ရှိလှပါတယ်။
ဒါပေမယ့် သွားမယ့်အချိန်က ဧည့်သည်ပါးလျားလေ့ရှိတာမို့၊ ကျမတို့ အေးအေး ချမ်းချမ်းအနားရလိမ့်မယ် ထင်ခဲ့ပါတယ်။ ကျမတို့ သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေး အဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျမအတွက် လေးနက် အဓိပ္ပာယ် ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးအကြီးဆုံး တချက်က ကင်မ်ရယ်၊ ကျမရယ်၊ ကျမတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာမိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာထားပစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး မဟုတ်လား) ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တခုကို ရှာဖို့ပါပဲ၊ ဒါအတွက် အကောင်းဆုံးနေရာတခုကို ဦးခွန်သာမြင့်က ကျမတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်းအရာတခုကို ပြောင်းပြီးပြောပြချင်ပါတယ်။
ဦးခွန်သာမြင့်ဆိုတာက ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင် မြို့နယ်က ရှစ်ဆယ် ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ရွေးချယ်ခံရတဲ့ ဦးဟံသာမြင့်ရဲ့ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ ဖခင်နဲ့ ကျမရဲ့ ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ကို နိုင်ငံရေး လမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေသူငယ်ချင်းများ၊ လက်တွဲ ခဲ့ ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျမတို့ဖေဖေဟာ နိုင်ငံရေးမှာ သဘောချင်းအမြဲ တူခဲ့ကြတာ မျိုးတော့ မဟုတ်ပါဘူး။ အမျိုးသား လွတ်လပ်ရေး နောက်ဆုံး တိုက်ပွဲကာလ တွေမှာ မိတ်ဆွေသူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေးသဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့အမြင်တွေကို အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂုဏ်ဂဏနဲ့အာဃာတတွေ ကင်းဝေး ကြတာ စတာတွေကို သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ ကျမတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျမတို့တတွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေ အတူ လုပ်နိုင်ခဲ့ကြပါတယ်။
ကျမတို့မှာရှိတဲ့ အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေး မဟုတ်ပါ ) တွေ က ကျမတို့ကို ပိုပြီး စုစည်း ပေါင်းစပ်ပေး ပါတယ်။
၂၀၀၉ ခုနှစ် ကျမ အင်းစိန် ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျမအိမ်ကို ပြန်လည် ပြုပြင် မွမ်းမံဖို့ ဗိသုကာတယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျမကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့ စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာ အနေနဲ့။ ပြီးတော့ မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျမ ခန့်အပ်ထားတဲ့ ကျမရဲ့ ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေ ကြီးကြပ်ပေးသူ ကိုနီတို့ နဲ့ အတူပေါ့။ သူတို့တွေဟာ ကျမအိမ်ကို ပြန်လည် ပြင်ဆင်တဲ့ အလုပ်တွေကို နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော် ၊ ကိုနီနဲ့ ကျမတို့ရဲ့ ဖခင်များဟာလည်း ရန်ကုန် တက္ကသိုလ်မှာ ကတည်းက သိကျွမ်း ရင်းနှီးခဲ့ ကြသူများဖြစ်ပါတယ်။ ကျမအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေတွေလည်း ပါမှာပါ) တချိန်ချိန်မှာရေးရပါအုံးမယ်။ ဒီနေရာမှာတော့ စာတကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲ့ဒါက ခုလို မိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျမကို ဖေးမ ထောက်ပံ့သူတွေ ၊ လိုအပ်တာတွေကို ကူညီပေးသူတွေ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဘ၀ရဲ့ လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။
ကိုခွန်သာဆိုရင် သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်၊ ကျမရဲ့ လုံခြုံရေး အရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွား ၀န်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီးစီမံ ပြင်ဆင်ပေးသူပေါ့။
ကိုခွန်သာ ရွေးချယ်ပေးတဲ့ ပုဂံဟိုတယ်လောက် ကျမတို့ အုပ်စု (အားလုံး ဆယ့်ခြောက်ယောက် ) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာ နဲ့ ဘာသာရေးဆိုင်ရာ အထင်အရှားဆုံးသော ပုထိုးထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့ နေရာပါ။
အရေးအကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့် သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်၊ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လိုခင်မင် သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည်စုံကြပါတယ်။
အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁
ပြည်သူ့ခေတ်ဂျာနယ်မှ ဆောင်းပါးကို http://www.dawnmanhon.com/ မှ ကူးယူပြီး အနည်းငယ်ပြင်ဆင် ဖော်ပြသည်။
မြန်မာ စစ်အစိုးရ ၏ ဒုံးလက် နက် နှင့် ညူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် ထားသည် ဟု ယူဆထား သည့် နေရာများ
Tuesday, September 6, 2011
7:44 PM
| Posted by Anonymous
၁၊ ပြင်ဦးလွင် မြို့ ၏ မြောက် ဘက် ၊ နောင် ချို မြို့ ၏ အနောက် တောင်ဘက် နေရာ
ပြင်ဦးလွင် မြို့ ၏ တောင် ဘက် ရတနာပုံ ၀ဘ်ပေါ်တယ် နေရာ မှာ ကျော်လွန် သွား လျှင် ဖြတ်သန်းမသွားရ ရေးထား သော နေရာများ ရှိပြီး သံဆူးကြိုးများ ဖြင့် ခြံခတ် ထား သည် ကို တွေ့ ရမည် ဖြစ်သည်။ ပြင်ဦးလွင်မြို့ သည် မြန်မာ စစ်တပ် ၏ အရေး အကြီး အဆောက်အဦ များ ရှိပြီး ပြင်ဦးလွင် မြို့ အနီးတွင် စစ်အစိုးရ ညူကလီယား ဓာတ်ပေါင်းဖို ၏ ရေသန့် စီမံကိန်း တစ်ခု တည် ရှိ သည် ကိုမူ သလျှို ဂြိုလ် တု အချို့ က ဓာတ်ပုံရိုက်ယူပြီး ဖြစ်သည်။ ၂. မကွေး တိုင်း နတ်မောက် မြို့ နယ် ၏ အရှေ့ ဘက် နှင့် အနီး တစ် ၀ိုက် ကို ညူကလီးယား လက် နက်ထုတ်လုပ် နိုင်ဖွယ်ရှိ သည့် နေရာ ဟု IAEA ကသတ်မှတ်ထားသည်။
၃. ကချင် ပြည်နယ် မြစ်ကြီး နား မြို့ မြောက် ဘက် နှင့် မိုးကုတ် မြို့ အနီး တစ်ဝိုက် နှင့် သပိတ်ကျင်း ၊မိုးမိတ် မြို့ နယ်များ တွင် ယူရေနီယမ် နှင့် တိုက်တေနီယမ် များ ထွက်ရှိသည် ဟု ယူဆရသည်။
၎. မကွေးတိုင်း မြိုင် မြို့ နယ်နှင့် ပေါက်မြို့ နယ်ကြား နေရာ နှင့် ပေါက် မြို့ နယ် ကြားနေရာများ တွင် အလောင်းတော်ကဿပ ၏ တောင်ဘက် ကျောချောင်းနေရာတွင် အကြီးစားစစ်လက်နက်ပစ္စည်း စက်ရုံတစ်ခုရှိပြီး ဒုံးလက်နက်များ ထုတ်လုပ် တည်ဆောက်နေသည် ဟု ယူဆရသည်။
၃. ကချင် ပြည်နယ် မြစ်ကြီး နား မြို့ မြောက် ဘက် နှင့် မိုးကုတ် မြို့ အနီး တစ်ဝိုက် နှင့် သပိတ်ကျင်း ၊မိုးမိတ် မြို့ နယ်များ တွင် ယူရေနီယမ် နှင့် တိုက်တေနီယမ် များ ထွက်ရှိသည် ဟု ယူဆရသည်။
၎. မကွေးတိုင်း မြိုင် မြို့ နယ်နှင့် ပေါက်မြို့ နယ်ကြား နေရာ နှင့် ပေါက် မြို့ နယ် ကြားနေရာများ တွင် အလောင်းတော်ကဿပ ၏ တောင်ဘက် ကျောချောင်းနေရာတွင် အကြီးစားစစ်လက်နက်ပစ္စည်း စက်ရုံတစ်ခုရှိပြီး ဒုံးလက်နက်များ ထုတ်လုပ် တည်ဆောက်နေသည် ဟု ယူဆရသည်။
မြန်မာဝီကီလိခ် မှာ ဖော်ပြခဲ့သည့် တာလတ်ပစ် ဒုံးလက်နက် ထုတ်လုပ်နေမှု အား ဖော်ပြထား ခြင်းနှင့် နောက်ဆက်တွဲ အကြောင်းအရာများအား နိုင်ငံတကာအဖွဲ့ အစည်းတစ်ခု၏ တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးအပ်ထား၍ လတ်တလောတွင် ဖော်ပြနိုင်ခြင်း မရှိပါ။
ပါတီ ပွဲ တွေ မှာ ကိုယ်လုံးတီး နီး ပါး ကမယ် ဆို ရင် ဒေါ်လာ နှစ်ထာင် လောက် ဆုတော် ငွေရ (with foto)
7:34 PM
night club wikileaks
| Posted by Anonymous
၁။ ကလပ်၊ ပါတီပွဲကျင်းပသူ အော်ဂနိုက်ဇာများ၊ ဘားပိုင်ရှင်များဘက်က ကလပ်ဝင်ခွင့် ဈေးနှုန်းကို မတရားတင်ထားတာပါ၊ ကလပ်ထဲ ပါတီထဲရောက်ရင် ချောင်ပိတ်ပြီး မတန်တဆဈေးနဲ့ အစားအသောက်ရောင်းတာ တွေက သွားနိုင် စားနိုင် လူတန်းစားအတွက်ပဲ သက်သက် ဖြစ်စေတယ်။ နောက်ပြီး ကလပ်လူဝင်နည်းမယ် ထင်ရင် စင်တင်က ကလေးမတွေ ကားစီးလုံး တိုက်ချလာတာမျိုး၊ ဖာသည်တွေကို ဖရီးဝင်ခွင့်ပေးလိုက်တာတမျိုး မားကတ်တင်း ဆင်းတတ်ကြပါတယ်။
၂။ ကလပ်၊ ပါတီ လာကြသူများ ဘက်ကလဲ မူးချင်လို့ ကဲချင်လို့ သောင်းကျန်းချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လာတာတမျိုး၊ အောက်ကြေးဖာ ရှာဖို့ လာတာက တဖုံ၊ ကြိုက်ကုန်းလေးများ ဖရီးတွယ်ရမလားဆိုပြီး ဆော်တကာနားကပ်ပြီး လိုက်ဖန်တဲ့ ကောင်တွေက တသွယ်၊ ယောက်ျားမဟုတ် မိန်းမမဟုတ်တွေကလဲ အဖော်အပေါင်း တအုပ်တမကြီးနဲ့ တစီစီတညံညံ။ ခဏနေရင် ဟိုနားက ခွမ်းကနဲ ဒီနားက ဒုန်းကနဲ ရန်ပွဲတွေနဲ့ ရုပ်ရုပ်သဲသဲတွေဖြစ်၊ မီးတွေပြန်ဖွင့် ဆွဲကြလွှဲကြ၊ ငြိမ်သွားရင် မီးပြန်ပိတ် အမှောင်ချ၊ ပြန်က၊ လူးကြလွှန့်ကြ။
၃။ လာတဲ့ လူတန်းစားက စားနိုင်သောက်နိုင်တာတော့ ဟုတ်ပါရဲ့ ။ ပိုက်ဆံသာရှိပြီး ယဉ်ကျေးမှုတပြားသားမှမရှိတဲ့ လူတန်းစားတွေအများစုပဲ။ လာတဲ့ မိန်းကလေးတွေထဲမှာ ပရော်ဖက်ရှင်နယ် ခေတ်ပညာတွေလဲ တတ်ကြပါရဲ့ အဆင်ပြေရင် ဖင်လှန်ပေးဖို့ကိုလဲ ပရော်ဖက်ရှင်နယ်နီးနီး ၀န်မလေးတဲ့ စုန်းပြုးမိန်းကလေးတွေလဲ ဒုနဲ့ဒေးဆိုတော့ အထက်ကလို အချောင်သမားတွေ၊ ငမူးတွေ၊ တဏှာရူးတွေ၊ အခြောက်မတွေနဲ့ တော်တော်လေးကို ဟုတ်နေကြတော့တယ်။
၎။ ကလပ်၊ ပါတီဖျော်ဖြေပွဲတွေရဲ့ အဓိက အင်တာတိန်းမန့်က ဘာလဲ? ဒီဂျေဖွင့်တဲ့ ဒစ်စကိုဘိတွေနဲ့ ဒွန့်ကြတဲ့ပွဲ၊ ခဏ အနားပေးရင် ခေါ်ထုပ်လို့ရတဲ့ မိန်းကလေးတွေ မော်ဒယ်လျှောက်ခိုင်းပြီး ရွေးခိုင်းမယ်... အဲဒီလိုပဲ လူအများမြင်နေပြီဆိုကတည်းက ဒီမြူးဇစ်ကို ခံစားဖို့ စိတ်မ၀င်စားတဲ့သူတွေအတွက် ဝေးဝေးကပဲ ရှောင်နေဦးမှာပဲ။ ဖျော်ဖြေရေး စီစဉ်သူတွေအတွက် စဉ်းစားစရာပါ။
၅။ ပါတီ၊ ကလပ် ဆိုတာကို နိုင်ငံတကာမှာ နားလည်ထားတာက တမျိုး ဒီမှာ လူတွေ နားလည်နေတာကတမျိုးဆိုတာကို ထည့်စဉ်းစားသင့်ပါတယ်။ ဒီလိုဖြစ်အောင် ဘယ်သူတွေပဲ လုပ်ခဲ့ကြတာလဲ။ ဒီယဉ်ကျေးမှုကို စခဲ့တဲ့သူတွေပဲ အမြစ်တွယ်အောင် ဖန်တီးခဲ့ကြတာမဟုတ်လား။ တခြားနိုင်ငံမှာ ပါတီသွားမယ်ဆိုရင် Evening Dress လေးနဲ့သွား၊ အေးအေးဆေးဆေး ခွက်ကလေးတွေကိုင်ပြီး လူမှုရေးရာ စကားတွေပြောကြ မိတ်ဆက်ကြ၊ ကလပ်ဆိုရင်လဲ ငြိမ့်ငြိမ့်ငြောင်းငြောင်းဖွင့်ထားတဲ့ ခန်းမထဲဝင် ဘီလိယက် ထိုးချင်ရင်ထိုး၊ ဘားကောင်တာထိုင်ပြီး သောက်ချင်တာမှာသောက်၊ တီဗွီက အားကစားလိုင်းတွေကြည့် ... ဒီလိုပဲ မြင်မိပါတယ်။
အဲဒီတော့ ကိုယ်ပါဝင်ဆင်နွဲချင်တဲ့ ကလပ် ပါတီပွဲဆိုတာ ဘယ်ဟာမျိုးလဲ ဆိုတာ ကိုယ်တိုင် စဉ်းစားကြည့်ကြပါဦး။ အဲဒါကို သိရင်တော့ အဖြေရှာလို့ လွယ်သွားပါပြီ။







Culture တစ်ခုကို ရေပန်းစားချင်တယ် ခွင့်ပြုစေချင်တယ်ဆိုရင် ဒီယဉ်ကျေးမှုဟာ ပြည်သူတရပ်လုံးမဟုတ်တောင် လူတန်းစားအစုံပါဝင်တဲ့ လူအများကို ကိုယ်စားပြုနိုင်ရပါမယ်။ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ အိနြေ္ဒသိက္ခာ ထိမ်းသိမ်းတဲ့ အမျိုးသမီးတွေ တက်ရောက်လို့ရတဲ့ ပါတီ ကလပ်ပွဲဖြစ်ချင်ရင်တော့ ဒီပုံအတိုင်းဆို ဝေးဦးမှာပါ။
ခုလုပ်နေတဲ့ ပွဲမျိုးတွေကို မလာတဲ့လူတွေကို အပြစ်ပြောစရာ မလိုပါဘူး။ သူတို့ မလာချင်အောင်လုပ်နေတာက လက်ရှိ culture ကို အဟုတ်ထင်ပြီး သာယာနေကြသူတွေပါ။
လက်ရှိအနေနဲ့ ပိုက်ဆံဖြုန်းနိုင်တဲ့ ရေပေါ်ဆီလူတန်းစားနဲ့ ဖောက်သည်လာရှာတဲ့ မိန်းကလေးတွေ၊ စက်ဖွင့်ချင်တဲ့ ဒီဂျေတွေနဲ့ စီးပွားဖြစ်ချင်တဲ့ အော်ဂနိုက်ဇာတွေအတွက် ဒစ်စကို ကလပ်သက်သက်ဆိုရင်တော့ ဆိုင်ရာပိုင်ရာနဲ့ အဆင်ပြေအောင် ညှိနှိုင်းပြီးသာ ဖွင့်လိုက်ကြပါတော့။
အဲဒီတဆင့် အောင်မြင်သွားရင်တော့ တလွှာချင်းချွတ်ပြီး တိုင်ပတ်ကတဲ့ ကလပ် ဆက်ဖွင့်လို့ရပါပြီ။
ကြိုးစားကြပါ။
မြန်မာ ၀ီကီလိခ် မှ ထပ်မံ ဖြည့် သွင်းချက်
မြို့ တော် ဟောင်း ရန် ကုန် နဲ့  မြို့ တော် သစ် နေ ပြည်တော် တို့ မှာ ကျင်းပတဲ့
လူကုံထံ ပါတီ ပွဲ တွေ မှာ တော့ အရက် အမူး လွန် (မူးယစ်ဆေးဝါး များ သုံးဆောင်ထား
ခြင်း လည်း ဖြစ် နိုင်) နေတဲ့ အမျိုးကောင်း သားသမီ တွေ က ၀တ်လစ် စလစ် ကိုယ်လုံး
တီး က မယ် ဆို ရင် သူဌေး တွေ ၊ သုံး နိုင် ဖြုံး နိုင် ရေပေါ်ဆီ တွေ က အမေရိကန် ဒေါ်လာ
၂၀ တန် တွေ ၁၀၀ တန် တွေ အနည်း ဆုံး ၂၀၀၀ ဖိုးလောက် ဆို ချ ကြတယ်။
အဲလို ၀တ်လစ် စလစ် ကတဲ့ မော်ဒယ်(လ) တွေ ထဲ မှာ နာမည် ကျော် စ ပြု နေတဲ့
မြန်မာ မော်ဒယ်(လ) တစ်ချို့  ပါဝင်တယ်။
Subscribe to:
Posts (Atom)
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
မှတ်ပုံတင်ထပ်မံလုပ်ဖို့မလို။ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ
































