တရားမ၀င်ကားများ လိုင်စင် ပေးဦးမည်

Saturday, June 11, 2011 9:43 PM | Posted by Anonymous

သင်းအောင် Saturday, 11 June 2011 19:22


တရားမ၀င် တင်သွင်းလာသော မော်တော်ယာဉ်များ လိုင်စင် ထုတ်ပေးရေး အစီအစဉ်ကို ယခုလကုန်ပိုင်းတွင် ပြန်လည် စတင်ရန် အာဏာပိုင်တို့က စီစဉ်နေသည်ဟု နေပြည်တော်မှလာသည့် သတင်းများအရ သိရသည်။

dkba-cars1

ထိုင်း-မြန်မာ နယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်မည့် ကားများ (ဓာတ်ပုံ - ဧရာဝတီ)

ထိုသို့ လိုင်စပ် ထပ်ထုတ်ပေးမည့် အစီအစဉ်ကြောင့် စီးပွားရေးသမား တချို့က လိုင်စင်မဲ့ယာဉ်များကို ဒေသအသီးသီးမှ ၀ယ်ယူပြီး မြို့ကြီးတချို့တွင် စုဆောင်းလျက် ရှိသည်ဟုလည်း သိရသည်။

“(လိုင်စင်မဲ့ယာဉ်တွေကို) ရန်ကုန်နဲ့ ပဲခူးက အရာရှိကြီးတွေ ပိုင်ဆိုင်တဲ့ ခြံကျယ်တွေ၊ အစိုးရနဲ့ ပနံသင့်တဲ့ ဘုန်းကြီးကျောင်း တိုက်ဝင်းတွေထဲမှာ လတ်တလော သိမ်းထားကြတယ်” ဟု ကား အရောင်းအ၀ယ်သမား တဦးက ပြောသည်။

လိုင်စင်မဲ့ယာဉ် ၅ စီးမှ ၁၀ စီးအထိ စုစည်းမိပါက နေပြည်တော်သို့ ညသန်းခေါင်အချိန်တွင် ပို့ဆောင်လေ့ရှိကြောင်း သိရသည်။

ယခုနှစ်မှစ၍ အခွန်ပေးဆောင်ခြင်း၊ တရားဝင် လိုင်စင် ရယူခြင်းတို့ကို နေပြည်တော်တွင် ပြုလုပ်ပေးမည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်တန်ဖိုးက လိုင်စင်၏ တန်ဖိုးထက် အဆမတန် နည်းပါးနေသည်။

ကျပ် သိန်း ၇၀၀ ကျော် တန်ကြေးရှိသော မတ်ခ်တူး ၂၀၀၀ မိုဒယ် တစီးလျှင် လိုင်စင်မဲ့ယာဉ်ဈေးကွက်တွင် သိန်း ၆၀ ခန့် ဖြင့် ၀ယ်ယူနိုင်ကြောင်း၊ တိုယိုတာ ကိုရိုလာ ဗင်၊ စပရင်တာ၊ ဆန်နီဆူပါဆလွန်း စသည့် အမျိုးအစားများမှာ ၂၅ သိန်း၊ သိန်း ၃၀ ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။

ရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် လမ်းပိုင်းများတွင် စစ်ဆေးမှုများ ရှိနေသော်လည်း လိုင်စင်မဲ့ယာဉ်များကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခြင်း မရှိကြောင်း သိရသည်။ ထိုအခြေအနေများကြောင့် နေပြည်တော်သည် ကားမှောင်ခိုသမားတို့၏ ဘူမိနက်သန်ဖြစ်နေသည်ဟူသော သုံးသပ်မှုများ ပေါ်ထွက်နေသည်။

“တစီး ၁၀ သိန်း၊ ၁၅ သိန်း ပေးလိုက်ရင် လတ်တလော သယ်ဆောင်ခွင့် ပြုတဲ့ သဘော ရှိနေတယ်” ဟု ရန်ကုန်မှ ကားအရောင်းအ၀ယ်သမားတဦးက ပြောသည်။

ကားများ တင်သွင်းမှုကို ထိုင်းမြန်မာနယ်စပ်တွင် အများအပြား တွေ့ရသည်။

ပြည်ပမှ တရားမ၀င် သွင်းလာသော မော်တော်ယာဉ်များအား ကာလတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း အခွန်ဆောင်စေခြင်း၊ ဒဏ်ကြေး ၁၅ သိန်း ၅ သောင်း ပေးဆောင်စေခြင်းများ ပြီးစီးပါက လိုင်စင်ပြုလုပ်ပေးသည့် အစီအစဉ်ကို ယမန်နှစ် ဇူလိုင် ၂၃ ရက်တွင် စတင်ခဲ့သည်။

သို့သော် ဒဏ်ကြေး ပေးရမည် ဟူသော သတ်မှတ်ချက်ကို သြဂုတ် ၁၁ ရက်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ လိုင်စင် လျှောက်ထားသူ နည်းပါးလာသည့် အတွက် ရုပ်သိမ်းခြင်းဖြစ်သည်ဟု သိရသည်။

ထိုစဉ်က လိုင်စင်ထုတ်ပေးခြင်း အစီအစဉ်သည် ၂ လ ကြာမြင့်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် အဆုံးသတ်ခဲ့သည်။

Credit: Irrawaddy
http://www.irrawaddy.org/bur/index.php/news/6581-2011-06-11-12-25-14

အိန္ဒိယအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ကရင်နှင့် ရခိုင်တော် လှန်ရေးသမား (၃၄) ဦးကို နယူးဒေလီတွင် ဂုဏ်ပြု (ရုပ်သံ)

9:31 PM | Posted by Anonymous

ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၀) (တင်မိုး)

ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၀)
တင်မိုး
ဇွန် ၅၊ ၂၀၁၁



၁။

ဧပြီလဆန်းတယ် ဆိုရင်ပဲ မြန်မာနိုင်ငံမှာ သင်္ကြန်အငွေ့အသက် ရနံ့ကလေး မွှေးစပြုပြီ။ ဥရောပနိုင်ငံတွေမှာတော့ ဆောင်းလက်ကျန် အအေးဓာတ်ကလေး ထွေးပတ်နေဆဲပေါ့လေ။

ဒါပေမယ့် “စပရင်ရာသီ” ခေါ်တဲ့ ဖူးပွင့်ရာသီအစမို့ သစ်ရွက်အဖုကလေးတွေ၊ အဖူးကလေးတွေ ပြစပြုလာကြပြီ။ လမ်းမကြီးတွေနဲ့ ပန်းခြံတွေထဲမှာတော့ ပန်းရောင်လွင့်လွင့် ပွင့်စပြုတဲ့ပန်းတွေ၊ အဖြူရောင် ပန်းပွင့်ကလေးတွေ မြင်ရလို့ စိတ်သစ်နိုးကြွလာကြပြီ။ မှိုင်းမှုန်ပြာရီ ဆောင်းရာသီနှောင်းခဲ့ပြီမို့ အခန်းအောင်းနေရတဲ့ဘ၀က နေရောင်ပျပျ လင်းခဲ့ရချေပေါ့။ ဒီတော့ ဒေါင်းသင်္ကြန်ကလေးကို သတိရပြီး ကဗျာဖွဲ့ချင်စိတ် ပေါ်မိတယ်။

၂။

ဒေါင်းသင်္ကြန်

အဖုအထစ်ကလေးတွေနဲ့

နုသစ်တဲ့ရာသီရောက်ပြန်ပြီ။

ပူပူနွေးနွေး

တောအရေးက စိမ်းမြမြ

ပွင့်သစ်ဖြူနီတွေ လှပြန်ပေါ့

ဥရောပရဲ့ ပွင့်ဖူးရာသီ။

မြန်မာပြည်မှာတော့

နွေရာသီ နေခြည်ခပြီမို့

သင်္ကြန်ကျလို့ ရွှေခွက်ချီ

ရေပက်မည်လို့ တကဲကဲ။

တူးပို့ တူးပို့ စည်တိုသံ

မြနန္ဒာ ကဟန်မူရာကလေးတွေနဲ့

မွှေးနံ့သာ ရေတစက်တမွှား

ငွေခွက်ဖလား တကိုင်ကိုင်

သံချပ်တွေ မြိုင်မြိုင်တိုင်ကြပေါ့

ပိတောက်ခိုင်ဝါ၀ါဝင်း

တာသင်္ကြန် အခါကြိုလို့

သပြေညို အတာအိုးတွေနဲ့

ရွာရိုးမှာ ပရိတ်ပန်းတွေက

ငြိမ်းချမ်းအောင် ဆုမွန်တောင်းကြတယ်

ဒေါင်းက, လို့ ပြေတခွင်မှာနွှဲကြမယ့်

ကျောင်းအမတို့ရဲ့ ရေသဘင်မဟာပွဲ။

အထက်က သံချိုလေးချိုးကဗျာကလေးတပုဒ်ကို ချရေးမိပါတော့တယ်။ သင်္ကြန်မိုးမှာ သင်္ကြန်ပိုးက ရိုးတိုးရွတ ဖြစ်လာဟန် တူပါရဲ့။

၃။

မြန်မာသက္ကရာဇ် တနှစ်ပြောင်းခဲ့လေတိုင်း တခေတ်ကောင်းနိုးနိုး လက်ချိုး ရေတွက်မိတယ်။ “ရွှေငုံးမင်း အမြီးမျှော်သလို ခရီးတော် နီးရက်နဲ့ဝေး” ရပြန်ပြီလား။ နိုင်ငံသားတွေရဲ့ ကြမ္မာကံကို စစ်တမ်းထုတ်ရင်း ဟိုငေးငေး၊ သည်ငေးငေး ရွှေပြည်တော် မျှော်တိုင်းဝေးရော့သလား။

ရပ်ဝေးရောက် ကဗျာဆရာ လွမ်းဇာတာနှောင်ဝဋ်က ကျွတ်ချင်လှပြီမို့ လမ်းစတမျှော်မျှော်နဲ့ ညှိုးရော်မိတယ်။ အို … လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေး အပြည့်အ၀မရသေးတဲ့ မြန်မာနိုင်ငံအရေး ငါဆွေးနေလို့ကော ပြီးမှာလား။ ဘယ်နေရာရောက်ရောက် လွတ်မြောက်ရေးကိစ္စ သတိတရနဲ့ လုပ်ကြရမှာ မလွဲပါဘူး။ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ လုံ့လအားထုတ် အလုပ်လုပ်ကြရမှာပါကလား …။ အဆွေးဖယ်ပြီး အတွေးကြွယ်မှ ဖြစ်တော့မယ်။ အများတီးတဲ့လက်ခုပ်ထဲမှာ ငါတလက်ခုပ် ရေတမှုတ် ပါပါစေ။ နိုင်ငံသားတွေနဲ့အတူ ယောက်ျားဘသား ပါဝင်ဆင်နွှဲမှ ရဲစိတ်တွေလျှမ်းပြီး ပန်းတိုင် ရောက်ပေမယ်။

ဒီတော့ ကဗျာရေးပြီး မိမိကိုယ်ကိုရော အများကိုပါ အားပေးရပြန်တာပေါ့။

၎။

လွတ်လပ်မှုကိုချစ်သူ

ငါဘာတွေးနေသလဲ၊

ငါဘာရေးနေသလဲ

အဆွေးသမားတယောက်များလား။

ကိုယ့်ပြည်ကခွာ

နိုင်ငံတကာအနှံ့သွား

ဒီမိုကရေစီတရား တွင်တွင်ဟော

မမောတမ်း လှုပ်ရှားနေသူလား။

ငါ့ဝါသနာက ကဗျာ

ခံစားရာ စာဖွဲ့

စိတ်နွဲ့သူပဲ ဖြစ်လေမလား။

တကယ်တမ်းမှာ

ငါဟာမြန်မာစစ်စစ်

မြန်မာချစ်တဲ့စိတ်ဓာတ်ရှိတယ်။

ငါ့နိုင်ငံ ငါလွမ်း

ငါ့လမ်းကို ငါလျှောက်

ငါဆောက်ချင်တဲ့အိမ်ကလေးမှာ

အတွေးကလေးတွေ ကွန့်မြူးပြီး

စိတ်ကူးဥာဏ် လွတ်လပ်ချင်တယ်။

ငါ့ကဗျာ ငါဖွဲ့တော့

ကဲ့ရဲ့ချင်လဲ ကဲ့ရဲ့

ကြိုက်တဲ့လူလဲ လက်ခံ

ဝေဖန်ချင်ရင် ဝေဖန်

ကေသီမှာ ပန်ချင်ရင်လဲ ပန်ပေတော့

ကဗျာဥာဏ် တသွေးသွေးနဲ့

ခပ်အေးအေး နေချင်တယ်။

ဒါပေမယ့် … အုပ်ချုပ်တဲ့စစ်တပ်က

လွတ်လပ်စွာ တွေးကြံမှုကို

ခွင့်မပြုနိုင်။

လူထုရဲ့ ခံစားရသမျှ

ပြန်ကြားခွင့်မပေးနိုင်။

သင့်စိတ်နဲ့ သင့်ကဗျာ

လွတ်လပ်စွာ သင်ဖန်တီးရင်

သင့်မီး သင်မွှေး

ပြေးနိုင်ရင် ပြေးပေတော့

လွတ်လပ်ရေးမပေးနိုင်။

ခြေချင်းနဲ့ လက်ထိတ်ကို

ဆုတံဆိပ် အပ်နှင်းပြီး

ထောင်တွင်း အကျဉ်းထားမတဲ့

မတရားတဲ့ စစ်အာဏာအောက်

တကြောက်ကြောက် တလန့်လန့်နဲ့

အမြီးနှံ့နေရတဲ့ငါ့အဖြစ်ကို

ငါမချစ်နိုင်ပါ။

လွတ်လပ်မှုကို ချစ်သူဟာ

အပြစ်ယူဖို့ လုံလောက်သတဲ့

စစ်စုံထောက်တွေရဲ့ မှတ်ချက်ပါ။

ကဲ … ဒီတော့ မနေသာ

တပြည်တရွာပြေးရတာပေါ့။

ပြေးလေလေ ပြေး

ဆွေးလေလေဆွေးရင်း

တေးချင်းတွေဖွဲ့

တိုက်ပွဲတွေဝင်ခဲ့ပေါ့။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ

ရောင်နီပျပျ

ငါမြင်ရရင်လ

ခွာစုံချပြန်လာမယ်

မြန်မာပြည်သူအပေါင်း

သူရဲကောင်းတို့လေ …။

“အခါတော်ရောက်ချိန် နီးလို့လာပြီ” ဆိုတဲ့ မြို့မရဲ့ ပြည်တော်ဝင်တေးသံကို ကြားယောင်ယောင်နဲ့ ကလောင်ကိုင်မိပါတော့တယ်။

အင်း … လူထုဆန္ဒပြည့်ကောင်းပ …။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၈)၊ မေ ၂၀၀၂

မက်ကိန်း ထုတ်ပြန်ချက် (အင်္ဂလိပ်)

4:32 AM | Posted by Anonymous
Press Release McCain

မက်ကိန်း ထုတ်ပြန်ချက် မြန်မာပြန်

4:16 AM | Posted by Anonymous
John McCain Press Release Burmese

မယ်တော်ကျောင်းတွင် သံဃာ ၃၀၀ ကျော်ကို မြန်မာတို့က စုပေါင်းဆွမ်းဆန်စိမ်းလောင်းမည်

3:58 AM | Posted by Anonymous
မယ်တော်ကျောင်းတွင် သံဃာ ၃၀၀ ကျော်ကို မြန်မာတို့က စုပေါင်းဆွမ်းဆန်စိမ်းလောင်းမည်
မိုးမခအထောက်တော်၊ မဲဆောက်
ဇွန် ၇၊ ၂၀၁၁
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ သံဃာ့ဒါန စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို မကြာမီကျင်းပပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားက ၀ိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ဝါတွင်းကာလအကြို အဖြစ် ဇွန်လ (၁၉)ရက်နေ (တနင်္ဂနွေနေ့)့တွင် ကျင်းပမည့် အဆိုပါ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းပွဲသည် ပထမဆုံးအကြိမ် ၀ိုင်းဝန်းကျင်းပခြင်းဖြစ်ပြီး သံဃာ အပါး ၃၀၀ ကျော် အား ဆွမ်းဆန်စိမ်းနှင့် အခြား လှူဖွယ် ပစ္စည်းမျာ ၀ိုင်းဝန်းလှူဒါန်းကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် သီတင်းသုံးနေသည့် ထိုင်းသံဃာတော်များ၊ မြန်မာသံဃာတော်များသာမက မြန်မာဖက်ခြမ်းမှ သံဃာတော်များကိုလည်း သံဃာ့သမဂ္ဂီဖြစ်ရန် ပင့်ဖိတ် လောင်းလှူကြမည်ဟုလည်း သိရှိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မဲဆောက်မြို့ မယ်တော်ကျေးရွာ မယ်တော်ဆေးခန်းအနီးရှိ ၀ပ်ထိုင်းဝပ်ထနာလန် (မယ်တော်ကျောင်း)တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး သံဃာတော်အရှင်မြတ်များ အမှူးထား၍ ဈေးသူဈေးသားများ၊ စက်ရုံအလုပ်သမားများနှင့် သာရေးနာရေးလူမှုရေး ဘာသာရေး အလုပ်သမားရေး ဆောင်ရွက်နေသူများ အများအပြား ၀ိုင်းဝန်း ကျင်းပကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာပြောင်းရွေ့ အလုပ်သမားများကလည်း ၄င်းတို့၏ ချွေးနည်းစာဖြင့် ဆွမ်းဆန်တဆုပ်၊ ဆေးတမှုတ် ၀ိုင်းဝန်းလှူဒါန်းရန် ကြိုးပမ်းလျက် ရှိပြီး မြန်မာအလုပ်သမား လူတထောင်ကျော် အလုပ်လုပ်နေသည့် ရန်မကင်း စက်ရုံမှ စက်ချုပ် အလုပ်သမလေး တဦးက..
“ သမီးတို့ တတ်နိုင်တဲ့ဖက်က သံဃာတော်တွေကို ရှိသမျှလေးနဲ့ ၀ိုင်းပြီး ကျေးဇူးဆပ်တဲ့ သဘောပေါ့။ တခြားဟာတွေအပြင် အရင် လက်မှတ်မရှိတုန်းက အာဏာပိုင်တွေက ဖမ်းဟဲ့ ဆီးဟဲ့ ဆို ထိုင်းဖက်ခြမ်းကရော မြန်မာဖက်ခြမ်းကပါ ဘုန်းကြီးကျောင်းတွေက ကူညီပေးခဲ့တဲ့ ကျေးဇူးတွေ ရှိတယ်လေ။ ဒါကြောင့် စုပေါင်းပြီး အလှူမဏ္ဍာပ် တခု ထွက်လှူနိုင်ဖို့ ကြိုးစားနေတယ်”
ဟု ဆိုသည်။
ယခုလာမည့် ၁၉ ရက်နေ့ နေ့လည် ၂နာရီတွင် ကျင်းပမည့် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်သံဗျောသံများဖြင့် သာသနာအလံတလူလူ လွှင့်ကာ စည်စည်ကားကားကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများလည်း ၀ိုင်းဝန်း လှူဒါန်း ကုသိုလ်ပါဝင်ရန် နှိုးဆော်ထားသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာလူမျိုးစုအားလုံး စုဝေးပြုလုပ်ကြမည့် ပွဲတော်ရက်သည် မြန်မာပြည်၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့လည်း ဖြစ်သည်ကို တွေ့ရသည်။

အို ဘယ့် - - တေးမြုံငှက်



တေးမြုံငှက်
ခိုင်ထူး

မောင်သစ်မင်းရဲ့ ကဗျာကို ကိုရဲလွင်က သံစဉ် ထည့်ပါတယ်။
ဒီသီချင်းကို ခိုင်ထူးက ပထမဆုံး ဆိုခဲ့ပုံပါပဲ။ တေးမြုံငှက် စီးရီးထဲမှာပါ။
နောက်တော့ ခင်ဝမ်းရဲ့ ပန်းခရမ်းပြာ စီးရီးမှာ ဒီသီချင်းကို ထပ်တွေ့ပြန်တယ်။
ဆိုဟန် မတူကြပါ။
ခိုင်ထူးက သူ့ပုံစံအတိုင်း အားမာန်အပြည့်၊ စာသားတွေကို တလုံးချင်း ပီပီသသ ဖြစ်အောင် ဆိုတယ်။
ခင်ဝမ်းကတော့ အားမာန် မထည့်ဘူး။ ခပ်အေးအေး ဆိုတယ်။ ဆွေးဆွေးမြေ့မြေ့ ဆိုတယ်။
အဆိုတော်ကြီး ၂ ယောက်လုံးက သူ့ပရိသတ်နဲ့သူ ခိုင်ခိုင်မာမာ ရှိကြပါတယ်။

youtube မှာ တွေ့ရတဲ့ ဒီစတိတ်ရှိုးက ခိုင်ထူးရဲ့ တကိုယ်တော် တင်ဆက်မှု ဖြစ်ဖွယ် ရှိပါတယ်။ သြစတေးလျရောက် ဗဟိန်းတင် ဆိုတဲ့သူက လွန်ခဲ့တဲ့ ၈ လက တင်ထားတာပါ။ သူတင်ထားတာလို့ သွားကူးယူပြီး ဒီမှာ ပြန် ဖော်ပြနိုင်တဲ့အတွက် သူ့ကို ကျေးဇူး တင်ပါတယ်။

သူ့စာမျက်နှာ http://www.youtube.com/user/baheintin မှာ ဒီတပုဒ်တည်း တွေ့ရပါတယ်။ ခိုင်ထူးပရိသတ် ဖြစ်နိုင်သလို မနေ့က ကွယ်လွန်သွားတဲ့ ဒီသီချင်းကို ရေးသားခဲ့သူ မောင်သစ်မင်းရဲ့ ပရိသတ်လည်း ဖြစ်နိုင်ပါတယ်။
ခံစားကြည့်ကြပါအုံး - ဆရာ့ရဲ့ တေးကဗျာ၊ ကိုရဲလွင်ရဲ့ သံစဉ်၊ ခိုင်ထူးရဲ့ ဆိုဟန် နဲ့ လေးဇီးကလပ်ရဲ့ လက်ရာ။
-
(ဖြည့်စွက်ချက် - လေးဇီးကလပ်ရဲ့ လက်ရာ မဟုတ်ဘူးလို့ စာဖတ်သူ တယောက်က ထောက်ပြပါတယ်။ ဇာလျန်း၊ ပက်ထရစ်တို့တီးဝိုင်းရဲ့ လက်ရာဖြစ်ပါတယ်။)

Credit to Irrawaddy blogspot

မင်းကျော်ခိုင်ရဲ့ အလွမ်းများ

3:34 AM | Posted by Anonymous
မင်းကျော်ခိုင်ရဲ့ အလွမ်းများ

မိုးမခ၊ ဇွန် ၇၊ ၂၀၁၁



ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်နေတဲ့ ကိုဇေယျကြီး လေးစားတယ်ဗျာ …



ဟိုတုန်းက တရံတခါဆီကို သတိရမိတယ် ကိုနေဝင်းရေ …



နေဝင်စောတဲ့ ကိုမောင် …


ကိုရဲ အင်ကြင်းဆောင်နောက်က ညတွေ၊ ခရမ်းပြာညတွေကို လွမ်းတယ်ဗျာ …

Foo Fighters (Live)

3:08 AM | Posted by Anonymous