
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ
မြန်မာတိုင်းမ် ဂျာနယ်တည်ထောင်သူ မစ္စတာ ဒန်ကလေ အဖမ်းခံရ

မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ရော့စ် ဒန်ကလေကို မနေ့က ရန်ကုန်မှာ ဖမ်းဆီးလိုက်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။
ဘာအမှုနဲ့ ဖမ်းဆီးတယ်ဆိုတာကတော့ အမျိုးမျိုး ပြောဆိုနေကြတုန်းပါပဲ။ ပြည့်တန်ဆာမှု၊ ဆေးခြောက်မှု စတာတွေကိုလည်း ကောလာဟလ ပြောဆိုနေကြပါတယ်။
ဘန်ကောက်ကနေ ပြန်လာလာချင်း သူ့နေအိမ်မှာ အဖမ်းခံရတာပါ။ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး တကယ်မှာတော့ နောက်ကွယ်မှာ အရှုပ်အရှင်းတွေ အများကြီး ရှိပါတယ်။
သေချာတာကတော့ ဘာဖြစ်ဖြစ် ဒန်ကလေကို ကန်ထုတ်ပစ်လိုက်တာလို့ ပြောနိုင်ပါတယ်။
မြန်မာတိုင်းမ်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့် တန်ခိုးထွားစဉ်က ဒန်ကလေနဲ့ ပေါင်းပြီး နှစ်ဦးနှစ်ဘက် အပြန်အလှန် အသုံးချခဲ့ကြတာပါ။
ဗိုလ်ခင်ညွန့်လက်ထက်မှာ စာပေစိစစ်ရေး ခေါ် စာပေကင်ပေတိုင်ကို ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တယ်။ တကယ် သက်ဆိုင်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် မရှိဘူး။ မြန်မာတိုင်းမ်ဟာ အခွင့်ထူးခံဖြစ်ပြီး လုပ်ပိုင်ခွင့်တွေလည်း ရခဲ့တယ်။
ဗိုလ်ခင်ညွန့်လည်း ပြုတ်ရော စာနယ်ဇင်း လောကကြီးကို ထိန်းချုပ်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာန လက်ထဲကနေ လုယူလိုက်ပါတယ်။
အင်္ဂလိပ်ဘာသာနဲ့လည်း ထုတ်ဝေပြီး နိုင်ငံတကာကို ပါးစပ်အငှား လုပ်နေတဲ့ မြန်မာတိုင်းမ်ကို ပြန်ကြားရေးက ထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။
အဲဒါမှာ ရွေးကောက်ပွဲအတွင်းက မဲလိမ်တာတောင် မပြတ်မသတ်နဲ့ ရှုံးသွားတဲ့ ကြံ့ဖွံ့အမတ်လောင်း၊ သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးကို ပွဲထုတ်လာပါတယ်။
မြန်မာတိုင်းမ်ရဲ့ ရှယ်ယာထက်ဝက်ကျော်ကို ပြန်ကြားရေး ဝန်ကြီးဌာနအစား ဒေါက်တာ တင်ထွန်းဦးက အမည်ခံ ယူပေးရပါတယ်။ ဒေါက်တာ တင်ထွန်းဦးလည်း နဂိုကတည်းက မြန်မာတိုင်းမ်ကို သွားရည်ကျနေတာဆိုတော့ အတော်ဖြစ်သွားပါတယ်။
ပြီးခဲ့တဲ့လက သတင်းတပုဒ်မှာ “အယ်ဒီတာချုပ် ဒေါက်တာ တင်ထွန်းဦး” ဆိုပြီး ပါလာလို့ မြန်မာတိုင်းမ်က ကန့်ကွက်ခဲ့ပါတယ်။ တကယ်မှာ ဒေါက်တာ တင်ထွန်းဦးက ရှယ်ယာ အများစု အမည်ခံဝယ်ပြီး ထုတ်ဝေသူအဆင့်သာ ရှိတာပါ။
ဗိုလ်ခင်ညွန့်ပြုတ်ကတည်းက မျက်စောင်းထိုးခံနေရတဲ့ ဒန်ကလေဟာ လောဘကြီးတဲ့ ဒေါက်တာ တင်ထွန်းဦးရဲ့ အချိုင်ကိုလည်း ခံနေရကတည်းက အခြေအနေ မကောင်းတာပါ။
စစ်အစိုးရကို ဖာထေးပြောဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး အပုပ်ချမှုတွေကြောင့် ပြည်တွင်း ပြည်ပ ဂျာနယ်လစ်တွေက ဒန်ကလေကို မကြည်တာ ကြာပါပြီ။
အခုတော့ အကွက်ဝင်တုန်း အကန်ထုတ်ခံရတာ မဆန်းပါဘူး။ ခုနက ရှင်းပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ကြည့်ရင် အဖမ်းခံရတဲ့အမှုဆိုတာထက် အခြေအနေပေးတုန်းနဲ့ ဂွင်ဝင်တုန်း သေသေချာချာ ကန်ထုတ်လိုက်တယ်ဆိုတာ မြင်ကြပါလိမ့်မယ်။
Exclusive DVB interview with Aung San Suu Kyi
Exclusive DVB interview with Aung San Suu Kyi from DVBTV English on Vimeo.
Exclusive DVB interview with Aung San Suu Kyi
by DVBTV English
ဓာတ်ပုံသတင်းထောက် ဦးမောင်မောင်ဇေယျ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ
2011-02-06
မနှစ်က ရန်ကုန်သင်္ကြန် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ အတွက် ထိန်းသိမ်းခံထားရတဲ့ ဦးမောင်မောင်ဇေယျကို အင်းစိန် ထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
(Photo: AFP)
ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သင်္ကြန်မဏ္ဍပ်တွင် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
“အားလုံးပေါင်း အမှု လေးမှုစလုံးအတွက် ၁၃ နှစ်ပေါ့။ ၄ ရက်နေ့ သောကြာနေ့က။ ဒီအတိုင်းပဲ လာမယ်ဆိုတာ သိပြီးသားပဲလေ”
နော်ဝေနိုင်ငံ အခြေစိုက် DVB ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်တွေဖြစ်တဲ့ ဦးမောင်မောင်ဇေယျနဲ့ သားဖြစ်သူ ကိုစည်သူဇေယျ တို့ဟာ ၂ဝ၁ဝ ခုနှစ် ဧပြီလအတွင်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပါတယ်။ စစ်အစိုးရက ကိုစည်သူဇေယျကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။
ဖခင်ဖြစ်သူ ဦးမောင်မောင်ဇေယျ ကိုလည်း အီလက်ထရောနစ် ဥပဒေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ ပုဒ်မတွေတပ်ပြီး ထောင် ၁၃ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ခင်ပွန်း ဦးမောင်မောင်ဇေယျနဲ့ သား ကိုစည်သူဇေယျတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအတွက် အယူခံဝင်နိုင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင် ဆောင်ရွက်နေတယ်လို့ ဒေါ်ရီရီတင်က ပြောပါတယ်။
ဦးမောင်မောင်ဇေယျဟာ ကွယ်လွန်သူ နာမည်ကျော် စာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့သား ဖြစ်ပါတယ်။
စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ သဘောထား NLD တရားဝင်ထုတ်ပြန်
စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ သဘောထား NLD တရားဝင်ထုတ်ပြန်
2011-02-08
စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားသင့်မသင့်၊ ပြင်ဆင်သင့် မသင့်ကိစ္စ ဆွေးနွေးနိုင်ဖို့ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ဖိတ်ခေါ် လိုက်ပါတယ်။
(Photo: AFP)
စစ်အစိုးရအပေါ် တင်းကျပ် ပြင်းထန်သော စီးပွားရေး ပိတ်ဆို့ ပြစ်ဒဏ်ခတ်သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို အမေရိကန် သမတ ဂျော့ခ်ျ ဒဘလျူ ဘုရှ် (အလယ်) ၂၀ဝ၃ ခုနှစ် ဇူလိုင် ၂၈ ရက်က အတည်ပြု လက်မှတ်ရေးထိုး ပြဋ္ဌာန်းနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလို စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက်မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးချွတ်ချုံ ကျမှုဟာ Sanctions ခေါ် ပြည်ပက ပိတ်ဆို့အရေးယူမှုကြောင့် ဆိုတာထက်၊ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ မူဝါဒ မှားယွင်းမှု၊ အဂတိ လိုက်စားမှု၊ လူတစုက လက်ဝါးကြီးအုပ် ခြယ်လှယ် နေမှုတွေကြောင့် အဓိက ဖြစ်ရတယ်လို့လည်း အချက်အလက်တွေနဲ့တကွ ဖော်ပြထား ပါတယ်။
ဒီကြေညာချက်မှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု အပေါ် ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကိုလည်း အချက် ၈ ချက်နဲ့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အနောက်တိုင်း နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယမှုဟာ မြန်မာနိုင်ငံက မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက် တောင်းဆိုလို့ ချမှတ်ထားတာ မဟုတ်ပဲ၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စိးပွားရေးပိတ်ဆို့ အရေးယူမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းမှုတွေကြောင့် အရေးယူခဲ့တာဖြစ်လို့ ပိတ်ဆို့ရေးယူမှုတွေ ရုပ်သိမ်းဖို့အတွက် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေကို အားလုံး လွှတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရေးသား ဖော်ပြထားပါတယ်။
ဒီကနေ့ သဘောထား ထုတ်ပြန်ချက်ကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။
Sanctions on Burma: Review by NLD
တိုင်းနှင့် ပြည်နယ်မှ လူငယ် ၃၀၀ ကျော်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2011-02-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အနှံ့က လူငယ်တွေ တွေ့ဆုံပွဲ ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ စတင်ပြုလုပ်ရာမှာ လူငယ်ကွန်ရက်ကိစ္စ၊ လူမှု ကူညီထောက်ပံရေး ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စတွေ၊ ဒီမိုကရေစီ ထွန်းကားရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့ ဆွေးနွေးပွဲမှာ တိုင်းနဲ့ ပြည်နယ် အသီးသီးမှ တက်ရောက်တဲ့ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းတာ၊ သူတို့အမြင် အယူအဆတွေကို တင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ လာရောက်တဲ့ လူငယ်တွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ တိုင်းနဲ့ ပြည်နယ် ၅ ခုက အခြေအနေတွေကို အဓိကဆွေးနွေးခဲ့ပြီး မနက်ဖြန်မှာ ကျန်ရှိနေတဲ့ တိုင်းနဲ့ ပြည်နယ်က လူငယ်တွေက တင်ပြ ဆွေးနွေးကြဦးမယ်လို့ သိရပါတယ်။ ဒီကနေ့ တက်ရောက်တဲ့ လူငယ် စုစုပေါင်း ၃၀၀ လောက်ရှိပြီး အားလုံးဟာ အန်အယ်ဒီ အဖွဲ့ဝင် မဟုတ်ပဲ တိုင်းပြည်ရေး၊ လူမှုရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲကို ၂ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပြီး ပထမနေ့အဖြစ် ဒီကနေ့ မနက် ၉ နာရီ ခွဲလောက်က စတင်ကာ နေ့လည် ၂ နာရီကျော်လောက်မှာ ပြီးဆုံးခဲ့ပါတယ်။
Sources: RFA Burmese
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း
“ရန်သူမရှိ မိတ်ဆွေသာရှိ” “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” လို့ ဆရာဒဂုန်တာရာ စ ပြောတုန်းက မကျေလည်ခဲ့။ ဒီထက်ပို ရှင်းရှင်းပြောရရင် လုံးဝလက်မခံနိုင်ပါ။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ် မှာ၊ အကျဉ်းထောင်ထဲမှာ၊ တောထဲတောင်ထဲမှာ စစ်အာဏာရှင်တွေကို နှစ် (၃၀) ကျော် ရင်ဆိုင်တိုက်ပွဲဝင် လာသူ၊ ကိုယ့်မျက်စိရှေ့မှာ ရန်သူ့လက်ချက်မိတဲ့ ရွာသားအလောင်းတွေ၊ မုဆိုးမတွေ၊ မီးလောင် ရွာပျက်ငုတ် တိုတွေ၊ မုဒိမ်းကျင့်ခံ မိန်းကလေးတွေ မြင်ခဲ့ရသူအဖို့ ရန်သူနဲ့ လည်ပင်းဖက်ဖို့ ဘယ်လိုမှ စဉ်းစားမရနိုင်ခဲ့ပါ။
ဒါပေမယ့် သူငယ်ချင်းတယောက်ရဲ့ ဦးလေးဖြစ်သူ စိုင်းဗေဒါနဲ့ တွေ့တဲ့အခါ ကျနော့်သံသယတွေ ပျောက် ကွယ်သွားခဲ့ပါတယ်။ မိုညှင်း-မိုးကောင်းနယ်သား စိုင်းဗေဒါဟာ ဖက်ဆစ်တော်လှန်ရေးမှာ ဝင်းဂိတ်တပ်ထဲ ပါ ခဲ့ဖူးပေမယ့် နဂိုမူလဘဝကတော့ ဆင်သမားတယောက် ဖြစ်ခဲ့ပါတယ်။ သူ့အဖိုး လုံးရွှေဝါနဲ့ လုံးရွှေနီတို့လိုပဲ သူဟာ ဆင်ရိုင်းတွေကို ဖမ်းခဲ့၊ ဆင်ရိုင်းကို ဆင်ယဉ်ဖြစ်အောင် ကျင့်ခဲ့၊ ဆင်ယဉ်တွေကို ဦးစီးခိုင်းစေခဲ့တဲ့ ရှမ်းနီအမျိုးသားတယောက် ဖြစ်ပါတယ်။ လုံးရွှေဝါနဲ့ လုံးရွှေနီတို့ကတော့ သီပေါမင်းခေတ် ပဒေသရာဇ်တော် လှန်ရေး၊ အင်္ဂလိပ်ကိုလိုနီခေတ်ဦး တော်လှန်ရေးတွေမှာ ပါခဲ့ဖူးပါတယ်။
စိုင်းဗေဒါနဲ့ လုံးရွှေဝါ-လုံးရွှေနီတို့ရဲ့ ဆင်ဖမ်းအတွေ့အကြုံ၊ ဆင်ကျင့် ဆင်ခိုင်းအတွေ့အကြုံတွေနဲ့ တော်လှန် ရေးအတွေ့အကြုံတွေ ဆက်စပ်နှိုင်းယှဉ်ပြတာတွေ ကြားရတဲ့အခါမှာတော့ ဆရာဒဂုန်တာရာရဲ့ စကားကို ကျ နော် ကောင်းကောင်းကြီး သဘောပေါက် လက်ခံသွားခဲ့ပါတယ်။
တကယ်တော့ တောဆင်ရိုင်းတွေဟာ ရင်ဆိုင်တိုးမိတဲ့ လူသားတွေအတွက် ရန်သူပါပဲ။ ဆင်နဲ့လူ လုံးဝ စည်း ခြား နယ်မြေကန့်သတ်နေလို့ မရနိုင်တဲ့အတွက် လူတွေအပေါ် အန္တရာယ်အမြဲရှိနေပါတယ်။ သိပ်မကြာခင် လေးကပဲ အင်းတကော်မြို့ထဲမှာ အသက် (၈၀) ကျော် သီလရှင်ဆရာကြီးတပါးကို တောဆင်ရိုင်းတွေ နင်း သတ်ခဲ့တဲ့သတင်း ကြားခဲ့ရပါသေးတယ်။ ပေါင်းလောင်းဒေသမှာ စစ်ကြောင်းလှုပ်ရှားနေတုန်း တောဆင်နဲ့ ရင်ဆိုင်တိုးမိခဲ့လို့ ဒိုက်ဦးနယ်သား ဗကပရဲဘော် ကိုအောင် ပေါင်မှာ အစွယ်တချောင်း ထုတ်ချင်းပေါက် ဖောက်ဝင်သွားပြီး ဆင်ခေါင်းပေါ်မှာ အရပ် (၆) ပေကျော် ဂလန်ဂလားလူကြီး ဆင်စွယ်စိုက်လျက်တန်းလန်း နဲ့ ပါသွားခဲ့တာ (မာနယ်ပလောအထိတောင်) ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီဆင်ကိုတော့ ဝ ရဲဘော် တွေက ဝိုင်းပစ်သတ်ခဲ့ရပါတယ်။
ဒါပေမယ့် ဒီလို ဆိုးသွမ်းရိုင်းစိုင်းလှပြီး အင်အားအရွယ်အစား ကြီးမားလှတဲ့ ရန်သူဆင်တွေကို လူအကျိုးပြုတဲ့ မိတ်ဆွေအိမ်ဆင်ဖြစ်အောင် ဖမ်းဆီးလေ့ကျင့်ပေးတဲ့ဖြစ်စဉ်ဟာ တကယ်တော့ ဆရာဒဂုန်တာရာပြောတဲ့ “ရန် သူကိုမိတ်ဆွေ ဖြစ်အောင်လုပ်ခြင်း” ဖြစ်စဉ်ပဲဖြစ်ပါတယ်။ စိုင်းဗေဒါ-လုံးရွှေဝါတို့ရဲ့ မိတ်ဆက်ပေးချက်တွေ ဟာ ခေါင်းစဉ်အရတင်မကဘဲ အစိတ်အပိုင်းလိုက်လည်း အင်မတန် စိတ်ဝင်စား မှတ်သားစရာကောင်းလှပါ တယ်။ ဒီဖြစ်စဉ်ကြီးတခုလုံးဟာ နိုင်ငံရေးစကားနဲ့ပြောရရင် အကြမ်းဖက်တိုက်ပွဲနည်းနာရော၊ အကြမ်းမဖက် တိုက်ပွဲနည်းနာပါ ပေါင်းစပ်ပါဝင်နေပြီး နှစ်မျိုးစလုံးကို သူ့အပိုင်းနဲ့သူ လှလှပပ အကွက်စေ့စေ့ ဆက်စပ်ကျင့် သုံးသွားတာလို့ စိုင်းဗေဒါတို့က တော်လှန်ရေးသဘောတရားတွေနဲ့ ချိန်ထိုးပြောပြခဲ့ပါတယ်။
ပထမဆုံး ဆင်ရိုင်းဖမ်းတဲ့အဆင့်မှာ အရင်ခေတ်ကလို အုပ်လိုက် ကျုံးသွင်းဖမ်းတာဖြစ်စေ၊ တကောင်ချင်း ကြိုးကွင်းပစ် (မီလာရှီကာနည်း) သို့မဟုတ် ကျင်းထောင်ဖမ်းတာဖြစ်စေ၊ အခုခေတ် မေ့ဆေးသေနတ်နဲ့ ပစ် ဖမ်းတာဖြစ်စေ အကြမ်းနည်းသုံးပြီး ဇွတ်အတင်းဖမ်းတာနဲ့ စခဲ့ရပါတယ် (အိမ်မှာ ခိုင်းဖို့ အသာတကြည် ခေါ် မရလို့ အတင်းဆွဲခေါ်ရတာ အကြမ်းဖက်တာပဲ မဟုတ်ပါလား)။ ဒီနေရာမှာ အိမ်ဆင်အယဉ်ကို စီးပြီး လုပ်ရ တာဖြစ်လို့ ရန်သူထဲက သူ့လူ ကိုယ့်ဘက်သားရှိထားဖို့ အရေးကြီးတာကိုလည်း တွေ့ရပါတယ်။ ဘေးက ဆင် ရိုင်းတွေရဲ့တိုက်ခိုက်မှု၊ ကျုံးထဲဝင်ခါနီး ဆင်ရိုင်းတွေရဲ့ ပြန်လှန်ရုန်းကန် ဖောက်ထွက်တိုက်ခိုက်မှုကို အကြမ်း ဖက်နှိမ်နင်းရတာ၊ ဗျောက်အိုး မီးအိုးတွေ ဖောက်၊ တူမီးသေနတ်တွေ ဖောက်၊ ဗုံတွေ မောင်းတွေ လင်းကွင်း တွေ ကျယ်ကျယ်လောင်လောင် တီးပြီး ပစ်ခတ်ခြောက်လှန့်ရတာတွေနဲ့လည်း ကြမ်းရပါတယ်။ ကျုံးမှန်း မသိ အောင်၊ ကျင်းမှန်း မသိအောင်၊ ကြိုးကွင်းပစ်ဖမ်းမယ့်လူနဲ့ ဆင်ယဉ် မတွေ့အောင် ဖုံးကွယ်ဖို့လည်း အရေးကြီး ပါတယ်။
ဒီလို အကြမ်းနည်းနဲ့ ဖမ်းထားတဲ့ ဆင်ရိုင်းကို (၂) ရက် (၃) ရက်လောက် အစာငတ် ရေငတ်ထားပြီး မာန်စ ချိုးရပါတယ်။ ဒီနောက်မှ တကောင်ချင်းကို ပုခက် သို့မဟုတ် ညှပ်ထဲ သွင်းရပါတယ်။ အဲဒါကတော့ တကိုယ် လုံး ခြေ လက် ခေါင်း လုံးဝမလှုပ်နိုင်အောင် သစ်လုံးအချုပ်ခန်းကျဉ်းကျဉ်းလေးထဲ ထည့်ထားတာ ဒါမှမဟုတ် ကြိုးအထပ်ထပ်တုတ် ထူးခတ်ထားတာဖြစ်ပါတယ်။ ဒါဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးတိုက်ပွဲ လူထု တိုက်ပွဲသဘောဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှုသဘောလည်း ဖြစ်ပါတယ်။ တချို့ကလည်း ဆင်ရိုင်းကို တုံးလုံးလှဲ တံကောက်ကွေး သားရေကို လှီးပြီး တစောင်းလက်ပပ် နို့ရည်ညှစ်ထည့်တဲ့နည်းနဲ့ အနာဖြစ်အောင်လုပ်ပြီးမှ ထူးခတ်ပါတယ်။ အဲဒီအခါမှာ ထူးကြိုးက တအားရုန်းရင် အနာကို သွားထိလို့ ဆင် အရမ်းနာကျင်စေတဲ့နည်း နဲ့ ဆင်ကို ငြိမ်အောင် အကြမ်းဖက်ထားတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ အစာကို နည်းနည်းချင်း (ငှက်ပျောသီး တလုံးချင်း၊ ကြံ တဆစ်ချင်း၊ စပါး တခွက်ချင်း) ပြန် ကျွေးပြီး မနက်စောစောနဲ့ ညနေစောင်းမှာ ဆင်တကိုယ်လုံး၊ လက် ခြေ ပေါင် ရင်ဘတ် ဗိုက် တင် လိင်အင်္ဂါ အမြီး နားရွက် ခေါင်း ကျော မေးစေ့ မျက်နှာ ဦးကင်း စသဖြင့် နေရာလပ်မကျန်အောင် လူ ၄-၅ ယောက်က လက်နဲ့ ပွတ်သပ်ပေးကြပါတယ်။ လက်နဲ့ ပွတ်ရင်း ပါးစပ်ကလည်း ချိုသာနူးညံ့တဲ့သီချင်းတွေ သံပြိုင်ဆိုပေး အော်ပေးနေရပါတယ်။ ဒီအဆင့်ကတော့ အကြမ်းမဖက် တိုက်ပွဲနည်းနာတွေထဲက အာဏာဖီဆန်ရေးတိုက်ပွဲ နဲ့ ပြန်လည်သင့်မြတ်ရေး ပေါင်းစပ်ထားတဲ့သဘော၊ စေ့စပ်ဆွေးနွေးရေး (ဒိုင်ယာလော့) သဘောလို့လည်း ပြောလို့ရမယ် ထင်ပါတယ်။ ဘေးမှာလည်း အိမ်ဆင်တွေကို ကင်းစောင့်ချထားပြီး ဆင်ရိုင်းက ကလန်ကဆန် လုပ်ရင် အိမ်ဆင်တွေက နှာမောင်းနဲ့ ရိုက်တာမျိုး၊ လူတွေကလည်း ချွန်းနဲ့ ပေါက် လှံနဲ့ထိုးပြီး ဟိန်းဟောက် ငေါက်ငန်းတာမျိုး အကြမ်းဖက်မှု တွဲရပါတယ်။ ကောင်းကောင်းမွန်မွန်နေရင်တော့ ထန်းလျက် (ထညက်) ခဲ တခဲ ကျွေးတာ၊ ငှက်ပျောသီးတလုံး ကျွေးတာ လုပ်ပါတယ်။
အစာနည်းနည်း ပြန်စားလာပြီးနောက် တချိန်တည်းမှာ ဒီဆင်ရိုင်းကြီးတွေကို ဘိန်းနည်းနည်း ကျွေးပါတယ်။ တချို့က ဘိန်းစွဲသွားစေတဲ့နည်းနဲ့ လူကို နာခံအောင်လုပ်တာဖြစ်ပြီး တချို့ကတော့ စိတ်ရိုင်းစိတ်မိုက်တွေ ငြိမ်ဝပ်သွားအောင် ရည်ရွယ်တာဖြစ်ပါတယ်။ ဆင်က အားနည်းသွားတဲ့အတွက် နှိုင်းယှဉ်ချက်အားဖြင့် လူက အားကြီးသွားတာဟာ ကိုယ့်အင်အားကြီးထွားအောင်လုပ်ဖို့ ရည်ရွယ်တဲ့ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့ civil society/NGO တည်ထောင် လူစုတဲ့ အကြမ်းမဖက်တိုက်ပွဲ ပုံစံတမျိုးဖြစ်ပါတယ်။
ဆင်က ငြိမ်လာတဲ့အခါ ကြိုးလျှော့ပေးတာ ဖြေးဖြေးချင်း လုပ်ပေးပါတယ်။ ညှပ်ထဲမှာ စုစုပေါင်း အချိန် (၁၀) ရက် (၁၅) ရက် ထားပါတယ်။ ဒီလိုထားရင်း လူက တက်စီးတာကို စမ်းလုပ်ပါတယ်။ ဒါက လူကို စက်သီးနဲ့ ဆွဲပြီး ဆင်ကျောပေါ် ချပေးတာ ဖြစ်ပါတယ်။ ဆင်က ခေါင်းကိုခါပြီး နှာမောင်းနဲ့ လှမ်းဆွဲချတာကို ဘေးက အိမ်ဆင်တွေက နှာမောင်းနဲ့ ထိန်းချုပ်ရိုက်နှက်တာ၊ ဘေးကလူက လှံနဲ့ ထိုးတာလုပ်ပြီး တက်စီးတဲ့လူကို လည်း အမြန်ပြန်မထုတ်ရပါတယ်။ ဒီလိုနဲ့ ဆင်ကျောပေါ် လူခွစီးနိုင်တဲ့အချိန် တဖြည်းဖြည်းများလာအောင် ကျင့်သွားရပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုနဲ့ အကြမ်းမဖက်မှု ပေါင်းစပ်ရပါတယ်။
လှံနဲ့ထိုး ချွန်းနဲ့ပေါက်လို့ ဆင်မှာ အနာဖြစ်လာတာကို ကြက်သားနုပ်နုပ်စင်းပြီး ဆေးမြစ်တွေနဲ့ရော အနာမှာ သိပ်ပေးတာကတော့ ပြန်လည်ရင်ကြားစေ့ရေးသဘော ဆောင်ပါတယ်။
တကိုယ်လုံး လက်နဲ့ ပွတ်သပ် စကားချိုချိုသာသာပြော ဘိန်းကျွေးတာက တဖက်၊ အစာငတ် ရေငတ်ထား လှုပ်မရအောင် ချုပ်တာက တဖုံ၊ လှံနဲ့ထိုး ချွန်းနဲ့ပေါက် ငေါက်ငမ်းတာကတနည်း ရက် (၂၀) လောက် သူ့ အကန့်နဲ့သူ လုပ်လိုက်တဲ့အခါမှာတော့ ဧရာမ ရန်သူဆင်ရိုင်းကြီးဟာ လူခိုင်းလို့ရတဲ့ မိတ်ဆွေဆင်ယဉ် ဖြစ် သွားပါပြီ။ ဆရာဒဂုန်တာရာ ပြောသလို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လိုက်နိုင်ပါပြီ။
နောက်တချက် စိုင်းဗေဒါတို့ ပြောတာက ဆင်ရိုင်းအမည်းဖြစ်ဖြစ် ဆင်ရိုင်းဆင်ဖြူတော်ဖြစ်ဖြစ် ဒီနည်းတွေနဲ့ပဲ ကိုင်ရတာဖြစ်တယ်တဲ့၊ ဆိုလိုတာက ၂၀၁၀ ရှေ့ပိုင်း နဝတ-နအဖ စစ်အစိုးရဖြစ်ဖြစ်၊ ၂၀၁၀ နောက်ပိုင်း လွှတ်တော်ထွက် စစ်အစိုးရဖြစ်ဖြစ် ဒီနည်းတွေနဲ့ပဲ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဆင် မည်းဖြစ်စေ ဆင်ဖြူဖြစ်စေ ဆင်ရိုင်းတွေဟာ ရန်သူတွေပါပဲ။
ရန်သူဆင်ရိုင်းတွေ ဖမ်းနေ ကျင့်နေတုံးမှာ ကိုယ့်ဘက်က ဆင်သမားတွေ အသက်ဆုံးတာလည်း ရှိတတ်ပါ တယ်။ ကိုယ့်ဘက်က နဂိုရှိထားတဲ့ ဆင်ယဉ် တောဝင်ပြီး ဆင်ရိုင်းတွေနောက် ပါသွားတာလည်း ရှိတတ်ပါ တယ်။ ကျုံးဆောက်ရင် သစ်ဖိုး ဝါးဖိုး အုန်းဆံကြိုးဖိုး လုပ်အားခ ... စတာတွေ အင်မတန် အကုန်အကျများ ပေမယ့် ကျုံးသွင်းဖမ်းတာဟာ ကြိုးကွင်းပစ်ဖမ်း ကျင်းထောင်ဖမ်းတာတွေထက်လည်း ဆင်ပိုရလို့ အရင်းကြေ အမြတ်ပိုထွက်ပါတယ်။ ငွေကြေး ရုပ်ဝတ္ထုပစ္စည်းနဲ့ အချိန် ရင်းရတာတင်မက အသက်သွေးချွေး အရင်းအနှီး တွေကိုလည်း ရှောင်လို့မရပါဘူး။
ဒါပေမယ့် ရှိသမျှ ဆင်ရိုင်းတကောင်မကျန် ဒီနည်းနဲ့ မိတ်ဆွေ ဆင်ယဉ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကျင့်လို့မ ရ ထိန်းလို့မနိုင်ဖြစ်လို့ သတ်ပစ်လိုက်ရတာလည်း ရှိတတ်ပါတယ်။ တချို့ အင်မတန် ခေါင်းမာတဲ့ ဆင်ရိုင်း တွေလည်း ရုန်းရင်းကန်ရင်း ဒဏ်ရာရ သေသွားတာတွေ ရှိပါတယ်။ (ကိုယ့်ကိုရန်မူတဲ့ ရန်သူကို ဘယ်လိုမှ မ လွှဲမရှောင်သာလို့ သတ်ပစ်လိုက်ရတာ၊ သူ့ဖာသာသူ ခေါင်းမာလွန်းလို့ ကျုံးနံရံ ခေါင်းနဲ့တိုက်သေသွားတာ၊ ရုန်းရင်းကန်ရင်း လက်ကျိုးခြေကျိုးပြီး သေသွားတာ၊ အစာမစားဘဲ သေသွားတာ ဖြစ်တော့လည်း “ရန်သူမရှိ မိတ်ဆွေသာရှိ” ဖြစ်သွားတဲ့အထဲ အကျုံးဝင်သွားပါတယ်)
ဗုဒ္ဓဝင်မှာ ကြည့်ရင် နာဠာဂီရိဆင်၊ အာဠာဝကဘီလူး၊ အင်္ဂုလိမာလလူဆိုးတို့ကို မြတ်စွာဘုရားက မေတ္တာပို့ပြီး အောင်နိုင်ခဲ့ပေမယ့် မာရ်နတ်၊ ဒေဝဒတ်၊ နန္ဒောပနန္ဒနဂါး၊ စိဉ္စမာဏ အမျိုးသမီးတို့ကိုတော့ မေတ္တာပို့ ပြောင်း လဲပစ်လို့ မရခဲ့တာ တွေ့ရပါတယ်။ ဒေဝဒတ်နဲ့ စိဉ္စမာဏဆိုရင် အကြမ်းနည်းနဲ့ မြေမျိုပစ်ခဲ့ရပါတယ်။ အောင် ခြင်း (၈) ပါးမှာ (၅) ပါးပဲ အနုနည်းနဲ့ အောင်မြင်တာ ဖြစ်ပါတယ်။ (ဘုရားရှင်ကိုယ်တိုင် အကြမ်းဖက်တာ မ ဟုတ်ပေမယ့် အမြင်မတော်သူတွေက ‘ကြည့်ကြက်လုပ်’ ပစ်လိုက်တာဖြစ်ပါတယ်) တန်ဖိုးစံတွေကိုသာ ဟော ပြောတဲ့နည်းနဲ့ လိုသလို ပြောင်းလဲဖန်တီးယူလို့ရရင် လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကတည်းက ကမ္ဘာပေါ်က လူအား လုံး မဂ်ဖိုလ်ရပြီး ကျွတ်တန်းဝင်ကုန်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်က ဒီလို မမျှော်မှန်း နိုင်ခဲ့တဲ့အတွက် ဂင်္ဂါဝါဠု သဲစုမက ဗုဒ္ဓတွေ ပွင့်ခဲ့ကြတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဆင်သမားတွေ အဓိကပေးတဲ့ မက်ဆေ့ခ်ျကတော့ အကြမ်းနည်းတမျိုးတည်း သို့မဟုတ် အနု နည်းတမျိုးတည်းကိုပဲ ပုံသေကားကျ တရားသေကျင့်သုံးတာမျိုး ရှောင်ပြီး နှစ်မျိုးစလုံးကို ကျွမ်းကျွမ်းကျင် ကျင်နဲ့ အကွက်ကျကျ ပေါင်းစပ်ကျင့်သုံးဖို့၊ ရတဲ့အချိန်ကို အကျိုးအရှိဆုံးအသုံးချဖို့၊ ရလာတဲ့ အခွင့်ကောင်း ကို အစွမ်းကုန် အသုံးချဖို့ ဖြစ်ပါတယ်တဲ့။
ကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးအားလုံးကိုကြည့်ရင် အကြမ်းနည်းတမျိုးတည်းနဲ့ အောင်ပွဲရတာ မရှိခဲ့သ လို ရာနှုန်းပြည့် အနုနည်းသက်သက်နဲ့ အောင်ပွဲရတာလည်း မရှိခဲ့ပါဘူး။ (တခါက မြန်မာ့သတင်းသမဂ္ဂ ညီ လာခံတခုမှာ မီဒီယာရဲ့ဘက်မလိုက်ရေးမူကို ဆွေးနွေးရင်း ထိုင်းသတင်းထောက်မ ယင်ဒီးက ထိုင်းနိုင်ငံမှာ လုံးဝ ဘက်မလိုက်တဲ့ သတင်းစာတစောင်မှ မရှိဘူးလို့ ဝန်ခံခဲ့သလိုပဲ လုံးဝ အကြမ်းမဖက်တဲ့ တော်လှန်ရေး ဆိုတာဟာလည်း စိတ်ကူးယဉ် ကမ္ဘာထဲမှာသာရှိပြီး လက်တွေ့ကမ္ဘာမှာ မရှိသေးပါဘူး၊ ဘယ်တော့မှလည်း ရှိ မှာမဟုတ်ပါဘူး) အကြမ်းဖက် တော်လှန်ရေးလို့ ဗြောင်ပြောတဲ့ ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ ကျူးဘား ကွန်မြူ နစ်တော်လှန်ရေးတွေမှာလည်း မြို့ပေါ်ကျောင်းသား ဆန္ဒပြပွဲတွေ၊ အလုပ်သမားသပိတ်တွေ၊ စေ့စပ်ဆွေးနွေး ပွဲတွေ ပါခဲ့တာပဲဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံရေးသိပ္ပံမှာတော့ အကြမ်းဖက်မှုဆိုတာ သေနတ်နဲ့ ပစ်၊ ဗုံးနဲ့ ခွဲတာတွေကိုပဲ အဓိကရည်ညွှန်း တာဖြစ်နေပြီး “ငြိမ်းချမ်းစွာ” ဆန္ဒပြပွဲအတွင်း ရိုက်တာနှက်တာ ခဲနဲ့ ထုတာ မီးရှို့်ဖျက်ဆီးတာတွေကို အကြမ်း ဖက်မှုအဖြစ် စာရင်းမသွင်းကြတော့ပါဘူး။
ဂန္ဒီခေတ်ကပဲဖြစ်ဖြစ်၊ မာတင်လူသာကင်းခေတ်ကပဲဖြစ်ဖြစ်၊ အခုနောက်ဆုံး ယူကရိန်း၊ ဂျော်ဂျီယာ ရောင်စုံ တော်လှန်ရေးတွေပဲဖြစ်ဖြစ် အကြမ်းဖက်မှု တွဲဖက်ခဲ့တာ လုံးဝ မရှိဘူးလို့ ဘယ်သူ အာမခံပြောရဲပါသလဲ။ ဂန္ဓီ ခေတ်မှာ ဆူဘတ်စ်ချန်ဒရာဘို့စ် ရှိခဲ့သလို မာတင်လူသာကင်းခေတ်မှာ ကျားသစ်နက် Black Panther ရှိခဲ့ပါ တယ်။ ယူကရိန်း၊ ဂျော်ဂျီယာတို့မှာလည်း အနည်းဆုံးတော့ ခဲနဲ့ ထုတာ၊ ကားမီးရှို့တာလောက်တော့ ပါတာ ချည်းပါပဲ။ အဲဒါတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ရင် အင်မတန် အသိဉာဏ်နုံ့နည်းရာကျပါလိမ့်မယ်။ ၁၉၈၉ အ ကျယ်ချုပ်မကျခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြမ်းဖက် လက်နက်ကိုင်တော်လှန်ရေးရဲ့ အ ခန်းကဏ္ဍကို မငြင်းပယ်ခဲ့ပါဘူး (အဲဒီတချိန်တည်းမှာ စမူဆာ အောင်ကြီးကတော့ လက်နက်ကိုင်တော်လှန် ရေး မှားကြောင်း၊ ကျောင်းသားတွေ တောခိုတာ မှားကြောင်း ပြောခဲ့ပါတယ်)။
တနိုင်ငံလုံးနဲ့ချီပြီး ရန်သူဆင်ရိုင်းတွေကို မိတ်ဆွေဆင်ယဉ်ဖြစ်အောင်လုပ်မယ့် ဆင်ဖမ်းအဖွဲ့သားတွေ၊ အထူး သဖြင့် ဆင်ဖမ်းခေါင်းဆောင်တွေအနေနဲ့ ဆင်ရိုင်းတွေ အများဆုံး ဖမ်းနိုင်ဖို့နဲ့ ဆင်ယဉ်ဖြစ်အောင် ကျင့်နိုင်ဖို့ ဆိုရင် အထက်မှာ ပြောခဲ့တဲ့ အတတ်ပညာတွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချ ခိုင်းစေနိုင်မှ ပြည် သူလူထုတွေကို နှိပ်စက်နေတဲ့ ဆင်ဆိုးအန္တရာယ် ဖယ်ရှားရေးတာဝန်ကို ကျေပွန်နိုင်မှာ ဖြစ်ပါတယ်။ ဆင်သ မား နိုင်ငံရေးဆရာတွေအနေနဲ့ ဆင်ယဉ်တွေ အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့အတွက် မြန်မာပြည်တော်လှန်ရေးမှာ လွှမ်းမိုးကြီးစိုးနေတဲ့ တကြောင်းထိုး၊ တလမ်းသွား၊ သူငယ်နာအတွေးအခေါ်တွေ အမြန်ဖယ်ရှားနိုင်ကြပါစေ။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် အမှတ်တရ
ဗိုလ်မှူးအောင်လင်းထွဋ်စာရေးသူဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ တိုက်ပွဲ ထောက်လှမ်းရေးဌာနရဲ့ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ယခုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ကကကြည်း၏ စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) (Colonel GS) ဗိုလ်မှူးကြီးတာဝန်ကို ထမ်းဆောင်လျက် ရှိနေပါတယ်။
အချိန်ကတော့ ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘိန်းဘုရင် ခွန်ဆာနဲ့အဖွဲ့ရဲ့ လက်နက်ချ အခမ်းအနားကို တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခိုင်းရာမှာ သူပြောသည့်အတိုင်း မလုပ်ရကောင်းသလား ဆိုပြီး စိတ်ကောက်ကာ လူကြီးမဆန်ဘဲ ခလေးဆိုးကြီးလို စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်အား တပ်ချုပ်ကြီးက စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပေါက်ခဲ့သည့်ဇာတ်လမ်းအား အမှတ်ရလို့ စာဖတ်သူများ သိရှိနိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။
၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း၊ ဘိန်းဘုရင်ခွန်ဆာနဲ့အဖွဲ့ လက်နက်ချတော့ စာရေးသူဟာ တာဝန်အရ တပ်မတော် အကြီးအကဲများနဲ့အတူ လက်နက်ချအခမ်းအနားကို တက်ရောက်ဖို့ ဟိုမိန်းမြို့ကို လိုက်ပါသွားခဲ့ရပါတယ်။ လက်နက်ချအခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပနိုင်ကြောင်း သတင်းပို့ပြီးတဲ့အချိန်မှာဘဲ ညနေ ၅ နာရီတွင် အရေးကြီး ကြေးနန်းဝင်လာပါတယ်။ အဲဒီကြေးနန်းဟာ ကကကြည်း ကြေးနန်းဖြစ်ပြီး စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ဗိုလ်မှူးအောင်လင်းထွဋ် (ကျွန်တော့်ကို) ကို မြန်မာ့အသံက ရိုက်ကူးထားတဲ့ လက်နက်ချ အခမ်းအနား ဗွီဒီယိုတိတ်ခွေနဲ့အတူ ရဟတ်ယာဉ်တစ်စီးဖြင့် ရန်ကုန်မြို့သို့ အမြန်ပြန်လွှတ်ခိုင်းဖို့ အမိန့်ပေးတဲ့ ကြေးနန်း ဖြစ်ပါတယ်။
ဒီလိုနဲ့ စာရေးသူ တစ်ဦးတည်း ရဟတ်ယာဉ်တစ်စီးဖြင့် မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်း လေဆိပ်ရောက်လာတော့ ညနေ မှောင်ရီပျိုးစ အချိန်ဖြစ်နေကာ ချက်ချင်းဘဲ စစ်ရုံး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်ထံသို့ သွားရောက် သတင်းပို့လိုက်ပါတယ်။ စာရေးသူက ဗွီဒီယိုတိတ်ခွေ ပေးလိုက်တော့ Colonel ကြီးက ချက်ခြင်းဆိုသလို ကပ်ရက်အခန်းမှာရှိနေတဲ့ တပ်ချုပ်ကြီးရုံးခန်း ထဲဝင်ပြီး ဗီဒီယိုတိတ်ခွေကို ပေးလိုက်ပါတယ်။
သူက ပြန်ထွက်လာတဲ့အချိန်မှာ “ကိုအောင်လင်းထွဋ် ရုံးခန်းမှာ စောင့်နေပါ၊ တပ်ချုပ်ကြီး ဗွီဒီယိုခွေ ကြည့်ပြီးရင် ပြန်ခေါ်လိုက်မယ်” လို့ ပြောပါတယ်။ (၄၅) မိနစ်ကျော်ကျော်လောက်မှာ Colonel ကြီးက စာရေးသူကို သူ့အခန်းကို အခုလာဖို့ စာရေးသူကိုခေါ်ပါတယ်။ Colonel ကြီး အခန်းရောက်သွားတော့ “ဒီအခွေကို ဒီနေ့ည မြန်မာ့အသံ (၈) နာရီသတင်းမှာ ပါအောင်ထည့်ဖို့ အဘကြီးက ပြောတယ်၊ အဲ့ဒါ ကိုအောင်လင်းထွဋ် သွားပါ” ဆိုပြီး ပြောပါတယ်၊ စာရေးသူက “Colonel ကြီး သတင်းက ဘယ်သူရေးမှာလဲ” ဆိုတော့ “ကိုယ့်ညီဘဲ ရေးလိုက်ပါ” ဆိုလို့ သူရဲ့ရှေ့မှာဘဲ သတင်းစာသားကို ထိုင်ရေးကာ Colonel ကြီးဆီက အတည်ပြုချက်ရယူပြီး မြန်မာ့အသံကို စာရေးသူတို့ရဲ့ဌာနက ဗိုလ်မှူးအောင်မင်းနဲ့အတူ အမြန်ထွက်ခဲ့ကြပါတယ်။
မြန်မာ့အသံရောက်တော့ ညနေ (၇) နာရီ ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာ့အသံ ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဝင်းကြည်နဲ့တွေ့ပြီး “ဘိန်းဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို ဒီည (၈) နာရီ သတင်းမှာ ပါအောင်လွှင့်ဖို့ တပ်ချုပ်ကြီးက ပြောတယ်” ဆိုပြီး သတင်းနဲ့တိတ်ခွေကို အပ်လိုက်ပါတယ်။ ကိုဝင်းကြည်က “ကိုအောင်လင်းထွဋ် ဗွီဒီယိုအခွေ အကြမ်းကို ဒီအတိုင်းလွှင့်ရင် အချို့အပိုင်းတွေမှာ ရုပ်မြင်သံကြားကြည့် ပြည်သူတွေအတွက် မကောင်းဘူး၊ မကောင်းတဲ့ အပိုင်းတွေကို တည်းဖြတ်ဖို့လိုတယ်” ဆိုပြီး တည်းဖြတ်လိုက်တော့ လွှင့်ချိန် (၂၅) မိနစ် လောက်ကြာမယ့် အချောကိုင်ပြီး အခွေတစ်ခွေ ဖြစ်လာခဲ့တယ်။
အဲဒီလို အချောကိုင်ပြီးတော့ ည (၈) နာရီ အစပိုင်း သတင်းကို မမီတော့ဘူး။ ဒါနဲ့ Colonel ကြီးဆီကို ဖုန်းဆက်ပြီး မိနစ် (၃၀) လောက် နောက်ကျမယ်ဆိုသည့်အကြောင်း သတင်းပို့ ခွင့်တောင်းခဲ့ရတယ်။ ည (၈) နာရီခွဲမှာ ဘိန်း ဘုရင် ခွန်ဆာနဲ့ အဖွဲ့ လက်နက်ချ အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားကနေ အသံနှင့်အရုပ်ကို (၂၅) မိနစ်ကြာ ထုတ်လွှင့်ခဲ့ပါတယ် ၊ စာရေးသူတို့လဲ အသံလွှင့်ပြီးတာနဲ့ စစ်ရုံးကိုပြန်ဖို့ ကားစောင့်နေတုံး မြန်မာ့အသံဝန်ထမ်းတစ်ဦးက “ဗိုလ်မှူး စစ်ရုံးက အရေးကြီးဖုန်း လာတယ်” ဆိုလို့ ဖုန်းကိုင်လိုက်တော့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီးသိန်းစိန်က စာရေးသူကို “ကိုအောင်လင်းထွဋ် စစ်ရုံးမှာ တပ်ချုပ်ကြီး ဒေါသူပုန်ထနေတယ်၊ သူ့အခန်းထဲ ကိုယ်တို့ဝင်သွားတာ သူ့စားပွဲပေါ်မှာရှိတဲ့ ဖန်ခွက်နဲ့ ပစ်ပေါက်နေတယ်၊ ဘယ်သူမှ မဝင်ရဲဘူး ဖြစ်နေတယ်၊ သူခိုင်းတဲ့အတိုင်း မလုပ်လို့ဆိုပြီး မင်းကိုဒေါသထွက်နေတယ်” ဆိုပြီး ပြောတော့ စာရေးသူ ကြောင်သွားတယ်။
“ကျွန်တော်ဘာမှားလို့လဲ” မေးတော့ Colonelကြီး ပြောတာက “တပ်ချုပ်ကြီးက မင်းကို သူခိုင်းတဲ့အတိုင်း ဘာဖြစ်လို့ မလုပ်လဲ ဆိုပြီး ဒေါသထွက်နေတာ၊ သူက ဗွီဒီယိုတိတ်ခွေကို အကြမ်းအတိုင်း မင်းကိုလွှင့်ခိုင်းတာ မင်းက မလုပ်ရ ကောင်းမလားဆိုပြီး ငါတို့ကို ရန်လုပ်နေတယ်” စာရေးသူ သဘောပေါက်သွားပြီ ၊ စိတ်ထဲကလည်း ကြိတ်ပြီးပြုံးမိတယ်၊ နိုင်ငံခေါင်းဆောင်လုပ်ပြီး ဒီလောက်တုံးရသလား ဆိုပြီးတော့ပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူလုပ်ချင်တာဘဲ သိတဲ့သူ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတဲ့သူလို့ စိတ်ထဲက မှတ်ချက်ပြုမိပါတယ်။ ရယ်စရာတော့ ကောင်းတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကြိုက် ခလေးဆိုးကြီးကို ချော့ရသလို မြန်မာ့ရုပ်မြင်သံကြား အစီစဉ်တွေကို ရပ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်စေချင်တဲ့အတိုင်း အကြမ်းထည် ဗွီဒီယိုအခွေကိုဘဲ (၄၅) မိနစ်ကြာ အစ မှ အဆုံး ပြန်လွှင့်ပေးခဲ့ရပါတယ်။
အဲဒီတုန်းက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel GS) ဗိုလ်မှူးကြီး သိန်းစိန်တစ်ယောက်ကတော့ အခုမကြာသေးခင်ကာလမှာဘဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြှောက်စားမှုနဲ့ သမ္မတ ဖြစ်လာသည့် ဦးသိန်းစိန်ကို ဒီဆောင်းပါးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဦးသိန်းစိန် တယောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လောင်းရိပ်အောက်က ရုန်းထွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို ဆောင်ကျဉ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်။
Sources: Irrawaddy
နိုင်ငံရေးသမားနဲ့ ရဲဘက်

နိုင်ငံရေးအကျဉ်းသား တချို့ ရဲဘက်စခန်း ရောက်သွားတယ်။ ရဲဘက်စခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ?
စိုက်ပျိုးရေး ရဲဘက်စခန်းတွေမှာ လူတွေကို နွားနေရာမှာ အစားထိုးတယ်။ ထွန်တုံး ပခုံးပေါ်တင်ပြီး လယ်ထွန်ရတယ်။ နွားသေရင် ထုချေလွှာ ရေးပြီး အစီရင်ခံရမှာစိုးရိမ်လို့ လူတွေကို ပိုပြီး ခိုင်းတယ်လို့ အကျဉ်းဦးစီးအရာရှိတွေက ဆိုတယ် တဲ့။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလ အဖမ်းခံရသူ အများအပြား ရဲဘက်ကို ရောက်သွားကြတယ်။ ဒီနေ့မှာ ရဲဘက်ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ဘယ်လောက် ရှိမယ် မသိဘူး။ ရဲဘက်ကနေ အသက်ရှင်လျက် ပြန်ထွက်လာသူတွေထဲမှာ အထင်ရှားဆုံးက လူရွှင်တော် ပါပါလေး ဖြစ်ပါတယ်။ သူ့ပြောပြချက်ကို DVB က ၇-၈-၂၀၀၈ မှာ အခုလို အသံလွှင့်ခဲ့တယ်။
“ကျောက်တုံးပိတာတို့၊ ကျောက်မှန်တာတို့၊ တကယ်လက်တွေ့ပဲဗျာ။ ကျောက်လွှာတွေအပေါ်မှာ တက်သွားတယ်၊ မိုင်း ခွဲရတာပေါ့ဗျာ။ မိုင်းခွဲတော့ မိုင်းခွဲတဲ့ဒဏ်က ကျောက်တုံးတွေ ပိလာတယ်။ ကျောက်တုံး လိမ့်ကျလို့ ဖယ်ပါဖယ်ပါလို့ ခဏခဏ အော်တာဗျာ။ ကျနော်တို့မှာ ခြေကျဉ်းနဲ့ ဒေါက်နဲ့ပေါ့ဗျာ။ လမ်းသွားတာ ဒေါက်ခတ်ထားတယ်။ မချွတ်ရဘူး။ အလုပ် လုပ်လည်း အဲဒီတိုင်းပဲ။ ကျောက်ထု ကျောက်သယ်နဲ့ မှန် သေတာတွေက များတယ်၊ ယမ်းစိမ်းတွေကိုဗျ။ ခြေထောက်ကို ခိုက်မိရင်လည်း ယောင်လာတယ်။ ယမ်းစိမ်းတွေဆိုတော့ ပြည်တွေ ရှိတယ်။ အဲဒါတွေလည်း မကုရဘူး။ ဆေးကလည်း ဟန်ပြပဲဗျ။ ဒေါက်တာကလည်း လာတယ်သာ ပြောတာ၊ မကုရဘူး။ ကျနော် ကိုယ်တိုင်လည်း လွတ်အောင် ရှောင်ခဲ့ရတာပေါ့ဗျာ။ ကျနော်တို့ရှေ့တင် သေသွားတာတော့ တပတ်ကို နှစ်လောင်း၊ တခါတလေ သုံးလောင်း၊ အဲလို သေကြတယ်ဗျ။ --
အစားအသောက်ကလည်း ဆင်းရဲတယ်။ ငါးပိစိမ်းတွေပဲ စားရတာ။ အဲဒါတွေ သုံးရက်လောက် စားလိုက်ရင် ယားယံလာတယ်။ နောက် သွေးဝမ်းတွေ ကိုက်လာတယ်။ သွေးဝမ်း ကိုက်ပြီးတော့ ဒါနဲ့ သေကြတာ များတာပါပဲ။ ကျနော်တို့ (ရောက်ခဲ့တဲ့ ကချင်ပြည် ရဲဘက်စခန်း) ကျိန်ခရန်ခ မှာတော့ အဲလို အသေကို များခဲ့တယ်ဗျ။
အလုပ်ခိုင်းလို့ မလုပ်ဘူးဆိုလို့ရှိရင် ရိုက်တာများတယ်။ ကြိမ်နဲ့ ရိုက်တယ်။ အနည်းဆုံးတော့ သုံးချက်ပဲ။ ဒီအကျဉ်းသားတွေ ကိုယ်ချင်းစာတယ်။ ကိုယ်ကိုယ်နှိုက်ကလည်း သေလုမျောပါး လုပ်ခဲ့ရတာ ဆိုတော့လေ၊ မြန်မြန် လွတ်ပါစေ၊ မြန်မြန်လွတ်ပါစေလို့ ကျနော်တို့က ဆုတောင်းနေပါတယ်”
ကိုဝင်း
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ