အနာဂတ်စာစောင်-နိုဝင်ဘာ

Sunday, October 10, 2010 3:36 PM | Posted by Anonymous

တောင်ကြီး GTC ပြိုကျပျက်စီးခြင်း

3:28 PM | Posted by Anonymous




Photo Credit to: SWS Face Book

ပြည်သူ့ဂုဏ်ရည် Las Vegas မြန်မာမိသားစုများက အောက်တိုဘာ ၃၀ မှာ ဂီတဆည်းဆာပွဲကို ဖိတ်ပါတယ်

2:59 PM | Posted by Anonymous
ရွာဆော်ကြီးပြက္ခဒိန် - ဖိတ်ကြားလွှာများ
Saturday, 09 October 2010
ပြည်သူ့ဂုဏ်ရည် Las Vegas မြန်မာမိသားစုများက အောက်တိုဘာ ၃၀ မှာ ဂီတဆည်းဆာပွဲကို ဖိတ်ပါတယ်
ပြည်သူ့ဂုဏ်ရည် ပြန်ကြားရေး
အောက်တိုဘာ ၇၊ ၂၀၁၀

မိတ်ဆွေများအားလုံးကို အခုလို ဖိတ်ကြားလိုက်ပါတယ်။
ဂီတဆည်းဆာညချမ်းနှင့် ရသာစုံ မြန်မာ့အစားအစာများကို ရောင်းချ၍ ရရှိသည့် ရန်ပုံငွေများကို မြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ လုပ်ဆောင်နေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသို့ အမေရိကန်နိုင်ငံ အခြားမြို့များရှိ ပြည်သူ့ဂုဏ်ရည် အသင်းများနှင့် ပူးပေါင်း၍ ထောက်ပံ့ကူညီရန် ကျင်းပသောပွဲဖြစ်သည်။
ဤပျော်ပွဲရွှင်ပွဲတွင် ရသာစုံမြန်မာအစားအစာများကို ဝယ်ယူအားပေးနိုင်ရုံမက စိတ်ပါဝင်စားသူ အဆိုဝါသနာရှင်များအတွက်လည်း မြန်မာကာရာအိုကေ သီချင်းအပုဒ်ရေ တစ်သောင်းကျော်ထဲမှ နှစ်သက်ရာကို အခမဲ့ ရွေးချယ်သီဆိုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာမိသားစုများအားလုံး တက်ရောက်ပါဝင် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
သန့်ရှင်းလတ်ဆတ်သော အောက်ပါမြန်မာအစားအစာများကို အားပေးဝယ်ယူသုံးဆောင်နိုင်ပါသည်။
ခေါက်ဆွဲသုပ်၊ လက်ဖက်ရည်၊ မုန့်ဟင်းခါး၊ ကြာဇံကြော်၊ ဖာလူဒါ၊ ဆာတေး (ကြက်၊ ဝက်)၊
ပြည်သူ့ဂုဏ်ရည် အမှတ်တရ တီရှပ်များကိုလည်း ရောင်းချပေးသွားပါမည်။
နေ့ရက် ။ ။ အောက်တိုဘာလ (၃ဝ) ရက် (စနေနေ့)
အချိန် ။ ။ ညနေ ၅ နာရီမှ ၁၂ နာရီအထိ
နေရာ ။ ။ 3925 Sauceda Lane, Las Vegas, NV 89103
ဝင်ကြေး ။ ။ $၁ဝ (လူကြီး)၊ အခမဲ့ (ကလေး) (ငွေလက်ငင်း ချေရန်)
အသေးစိတ် အချက်အလက်များအတွက် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(702) 308-0667 begin_of_the_skype_highlighting (702) 308-0667 end_of_the_skype_highlighting, (702) 273-8715 begin_of_the_skype_highlighting (702) 273-8715

Credit to Moemaka: http://moemaka.com/index.php?option=com_content&task=view&id=7359&Itemid=1

မန္တလေးဘက်မှာ ရေကြီးရေလျှံ

2:45 PM | Posted by Anonymous
မန္တလေးဘက်မှာ ရေကြီးရေလျှံ နေပုံ (Photo Credit -ALT facebook)

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွှာရွှာပြီး ရေကြီးမှုတွှေဖြစ်ခဲ့တဲ့ မန္တလေးမြို့က ရပ်ကွှက်တွှေမှာ အခုချိန်ထိ ရေလွှမ်းနေဆဲ ဖြစ်ပါတယ်။

ပြည်ကြီးတံခွှန်၊ ချမ်းမြသာစည်၊ မဟာ အောင်မြေ စတဲ့ မြို့နယ်တွှေထဲက အောင်ပင်လယ်၊ မြရည်နန⍀ဒာ၊ ကန်သာယာ၊ သမန်းကုန်း စတဲ့ ရပ်ကွှက်တော်တော်များ များမှာ အခုအချိန်အထိ ရေလွှမ်းနေဆဲ ဖြစ်ပါတယ်။

ဒီအထဲက ပြည်ကြီးတံခွှန်မြို့နယ်ဟာ ရေဘေးအဆိုးဆုံးခံရတဲ့ မြို့နယ်ပါပဲ။ ၆၂ လမ်းရဲ့ အရှေ့ဘက် တခြမ်းလုံး ရေလွှမ်းခံရပါတယ်။ ပွှဲကုန်းဘက်မှာ လှေတွှေနဲ့ သွှားလာနေကြရပါတယ်။ သင်⍀ဂဇာချောင်း၊ ရွှေတစ်ချောင်းမြောင်းနဲ့ မြို့ထဲက ရေဆိုးမြောင်း တော်တော်များများဟာလည်း ရေလျှံပြီး နေရာတချို့မှာ လမ်းတွှေေပါ် ရေကျော်နေပါတယ်။

ရေဘေးခံနေရတဲ့အရပ်ထဲက လူငယ်တစ်ဩးက လောလောဆယ်မှာတော့ ရေတက်လာလို့ လူတွှေ နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေး အခက်အခဲ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တချို့က ပစ⍀စည်းဆုံးရှုံးမှာစိုးပြီး အိမ်တွှေေပ်ါက မဆင်းလို့ ရေကြီးလာတဲ့အခါ လှေတွှေ ဘောကွှင်းတွှေနဲ့ လိုက်ကယ်ပြီး ကျန်းမာရေးမကောင်းရင်တော့ ဆေးရုံကို ပို့ပေးနေတယ်လို့လည်း ပြောပါတယ်။

ရေဘေးဒုက⍀ခသည်အရေအတွှက်နဲ့ပတ်သက်ပြီး ရေဘေးကယ်ဆယ်ရေးလုပ်နေသူတစ်ဩးက သူတို့ရောက်ခဲ့တဲ့ သမန်းကုန်းမှာ ဆိုရင် လူဩးရေ နှစ်ထောင်လောက်အထိ ရှိနေပြီး နေရာအားလုံးပေါင်းလိုက်ရင် လူဩးရေ တစ်သောင်းကျော်လောက် ရှိမယ်လို့ ခန်မှန်းပါတယ်။

ရေဘေးဒုက⍀ခသည်တွှေဟာ ရေလွှတ်ရာ စာသင်ကျောင်း ၊ ဓမ⍀မာရုံနဲ့ ဘုန်းကြီးကျောင်းတွှေမှာ ခိုလှုံနေကြရပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွှေကို မြို့ခံ စေတနာရှင် လုပ်ငန်းရှင်တွှေနဲ့ ဗြဟ⍀မစိုရ်၊ လောကပါလ၊ ချမ်းမြသုခ၊ မြင့်မြတ်ဧရာဝတီ စတဲ့ နာရေးကူညီမှုအသင်းတွှေက ကူညီပေးနေကြပါတယ်။

ဒုက⍀ခသည်တွှေအတွှက် အခြေခံလိုအပ်ချက် ဆန် ဆီ ဆား ပဲ ငြုပ် စတဲ့ စားသောက်ကုန် ပစ⍀စည်းတွှေကို တနိုင်တပိုင် လိုက်လံကူညီပေးနေပါတယ်လို့ မြင့်မြတ်ဧရာဝတီ ပရဟိတအသင်းဝင်တစ်ဩးက ပြောပြပါတယ်။ ဒီအသင်းအပါအ၀င် မန⍀တလေးမြို့ခံ လုပ်ငန်းရှင်တွှေ ပရဟိတ လူမှုကယ်ဆယ်ရေးအဖွှဲ့တွှေက တနိုင်တပိုင် ကူညီဆောင်ရွှက်နေကြပါတယ်။

လောလောဆယ် မိုးထပ်မသည်းလို့ ရေတန့်နေပေမယ့် ဒေသခံတွှေကတော့ မိုးများပြီး ရေထပ်တိုးလာမှာကို စိုးရိမ်ပူပန်နေကြရပါတယ်။

Credit to BBC Burmese: http://www.bbc.co.uk/burmese/burma/2010/10/101009_mandalay_flood.shtml

သန်းရွှေအား ထောင်ဒဏ် တစ်သက်တကျွန်းနှင့် သေဒဏ် ချမှတ်

2:29 PM | Posted by Anonymous


Credit to Ko Htike: http://ko-htike.blogspot.com/2010/05/blog-post_22.html

မြန်မာလူ့အခွင့်အရေး ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အက်စ်တိုနီးယား က ၁၃ နိုင်ငံမြောက်ထောက်ခံ

2:18 PM | Posted by Anonymous
(ရွှေဝါရောင်တော်လှန်ရေး မှာ စစ်အစိုးကျူးလွန်တဲ့ ရာဇဝတ်မှုတွေထဲက ခိုင်လုံတဲ့ရာဇဝတ်မှု )ု

မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်နေတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက် မမြောက် ကုလသမဂ္ဂအနေနဲ့ ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးဖို့အဆိုပြုထားတာကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် အက်စတိုးနီးယား (Estonia) နိုင်ငံက ထောက်ခံလိုက်ပါတယ်။ ဒါဟာ မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းရေး ထောက်ခံတဲ့ ၁၃ နိုင်ငံမြောက်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က စစ်အစိုးရ ကျူးလွန်ထားတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုမြောက် မမြောက် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ မတ်လအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အဆိုတင်သွင်းခဲ့တဲ့အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ၀ိုင်းဝန်း ထောက်ခံလာနေကြတာပါ။

မစ္စတာ ကင်တားနားရဲ့ အဲဒီ အဆိုပြုချက်အပေါ် အသေအချာ စဉ်းစားသုံးသပ်ပြီးတဲ့နောက် အက်စတိုးနီးယား နိုင်ငံအနေနဲ့ ထောက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အကြံပေးပုဂ္ဂိုလ် Mr. Jaanus Varu က တရားဝင် ထုတ်ဖော် ပြောကြားလိုက်တာပါ။

Estonia နိုင်ငံဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတခု ဖြစ်တာကြောင့် အခုလို ထောက်ခံမှုရတာ အရေးပါတဲ့အကြောင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ချက်သမ္မတနိုင်ငံအခြေစိုက် People in Need ဆိုတဲ့ လူမှုအထောက်အကူပြုအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Kristina Prunerova က ပြောပါတယ်။

“ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စကို ဥရော ပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတခုက ထောက်ခံလာတာ အခုချိန်မှာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ အဆင့်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ကျလာဖို့အရေး ကြိုပမ်းကြတဲ့နေရာမှာ ဥရောပ သမဂ္ဂကြီး တခုလုံးရဲ့ ဘုံရပ်တည်မှုနဲ့ ဖိအားပေးလုပ်ဆောင်မှ ဖြစ်နိုင်မှာမို့ တနိုင်ငံချင်းစီရဲ့ အခုလို ထောက်ခံမှုက အရေးပါ ပါတယ်။”

တနိုင်ငံချင်းစီရဲ့ ထောက်ခံမှု အရင်ရဖို့ သူတို့ ကြိုးပမ်းလုပ်ဆောင်နေတာကို အက်စတိုးနီးယား နိုင်ငံက ထောက်ခံ အားပေးလာတာ ဖြစ်ပါတယ်လို့ ခရစ်စ်တီးနားက ပြောပါတယ်။ နောင်မှာလည်း တခြား ဥရောပအဖွဲ့ဝင်နိုင်ငံတွေ ထောက်ခံလာအောင် လုပ်ဆောင်သွားမယ်လို့ ခရစ်စ်တီးနားက ပြောပါတယ်။

“လာမယ့်လ အနည်းငယ်အတွင်း တခြား နိုင်ငံတွေပါလာအောင် စည်းရုံးနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ အခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ထဲမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့်ကိစ္စ ထည့်သွင်း ဖော်ပြလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ဒီနှစ်မပါလည်း နောက်နှစ်တွေမှာ ပါနိုင်အောင် ကျမတို့ ဆက်ကြိုးစားသွားမှာပါ။”

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် တကမ္ဘာလုံး အတိုင်းအတာနဲ့ ထောက်ခံမှုတွေ တဖြည်းဖြည်း တိုးလာအောင် သူတို့အနေနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ Kristina Prunerova က ပြောပါတယ်။

လောလောဆယ်တော့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့အထဲက ၈ နိုင်ငံရဲ့ တရားဝင် ထောက်ခံမှုကို ရရှိပြီးဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအပါအ၀င် ဒီကိစ္စကို တကမ္ဘာလုံးက ၀ိုင်းဝန်းထောက်ခံကြတဲ့နိုင်ငံ စုစုပေါင်း ၁၃ နိုင်ငံရှိသွားပြီ ဖြစ်ပြီး မကြာခင်မှာ ကျန်တဲ့နိုင်ငံတွေလည်း တဖြည်းဖြည်းနဲ့ ထောက်ခံလာကြလိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်တဲ့အကြောင်း Kristina Prunerova ပြောပါတယ်။

Credit to VOA Burmese: http://www.voanews.com/burmese/news/Burma-UN-Inquiry-Estonia-10-08-10-104575554.html

ရာဇ၀တ်ဘေးက ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံကရာဇ၀တ်ကောင်တွေကို အရေးယူအပြစ်ပေးကြပါစို့ (ရိုဇိုယိုကိုဒါ )

2:07 PM | Posted by Anonymous
မြန်မာပြည်ခရီးစဉ်တခုတွင် ရိုဇိုယိုကိုဒါ အား ဗိုလ်ချုပ်ကြီးသူရဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံစဉ် (ဓာတ်ပုံများ - daylife.com)
မြန်မာပြည်ခရီးစဉ်တခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် (ဓာတ်ပုံများ - daylife.com)


ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်ကင်တာနာက မြန်မာနိုင်ငံစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်တဲ့ရာဇ၀တ်မှုတွေ ကျူးလွန်ဖွယ်ရာ ရှိနေတဲ့အကြောင်းနဲ့ အဲဒီလို နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒါကို ကျနော်သဘောတူပါတယ်။


လွန်ခဲ့တဲ့ သုံးနှစ်အတွင်းလောက်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ ချိုးဖောက်ကျူလွန်မှုတွေအပေါ် ကမ္ဘာကြီးက ယခင့်ယခင်နဲ့ မတူအောင် အာရုံစိုက်လာခဲ့ပါတယ်။ မြန်မာစစ်အာဏာရှင် သန်းရွှေကတော့ ဒါတွေကို ကမ္ဘာကြီးက မကြာခင် မေ့ပျောက်သွားစေဖို့ ရည်ရွယ်မျှော်လင့်ပြီး သူ့ရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်အောင် အရောင်တင်ပေးမယ့် ဟန်ပြရွေးကောက်ပွဲတရပ်ကို ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေရဲ့ ရဲစွမ်းသတ္တိရှိစွာ ဦးဆောင်ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်။ ဂျပန်ဓာတ်ပုံ သတင်းထောက် ကင်ဂျိနာဂါအိကို သတ်ဖြတ်ခဲ့မှုအပါအ၀င် အဲဒီ ဆန္ဒပြပွဲတွေအပေါ် မြန်မာစစ်အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွင်းမှုတွေက သူ့ရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်အခါတုန်းကနဲ့မှ မတူအောင် ရှင်းရှင်းလင်းလင်း ပွင့်ကျသွားစေခဲ့တယ်။

နောက်ရှစ်လအကြာမှာတော့ နာဂစ်မုန်တိုင်းကြီးက မြန်မာပြည်ကို ဖြတ်သန်းတိုက်ခတ် ချေမွပစ်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူပေါင်းများစွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ အဲဒီ မုန်တိုင်းဘေးဒုက္ခသည်တွေအပေါ် နိုင်ငံတကာရဲ့ စာနာထောက်ထားကူညီမှုတွေကို မြန်မာစစ်အစိုးရက စောစောပိုင်းကာလမှာ လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ ဒါဟာ ဒီစစ်အစိုးရရဲ့ လူသားမဆန်မှုကို ထင်ထင်ရှားရှား သက်သေပြခဲ့တာပဲဖြစ်တယ်။

တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်ရာ ဒေသတွေ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသမှာ မြန်မာစစ်အစိုးရက ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်။ ထင်ရှားအရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင် အနည်းဆုံးတဦးလောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အခြားခေါင်းဆောင်တွေကိုလည်း အလားတူလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တယ်။ ချင်းပြည်နယ်မှာ လူတွေအငတ်ဘေးဆိုက်ပြီး အတိဒုက္ခရောက်နေမှုအပေါ် အကြင်နာတရားကင်းမဲ့စွာ ဥပက္ခာပြုထားခဲ့တယ်။ ဒါတွေအားလုံးဟာ တိုင်းရင်းသားလူနည်းစု တွေကို ရှင်းလင်းသုတ်သင်ပစ်ဖို့ ဒီအစိုးရမှာ အစီအစဉ်ရှိနေတယ်ဆိုတာ ဖော်ထုတ်ပြသနေတာပဲဖြစ်တယ်။

ဒီအစိုးရက အခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်မျိုးမှာ ကမ္ဘာကြီးအနေနဲ့ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နောက်ခံအခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ မမေ့သင့်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ဟားဗတ် ဥပဒေကျောင်းတော်ကြီးက “မြန်မာနိုင်ငံတွင်းက ရာဇ၀တ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့တယ်။

အမေရိကန်တရားသူကြီး ပက်ထရီရှာဝဲလ်ဒ်၊ မွန်ဂိုးလီးယားက ဂန်ဇိုရစ်ဂွန်ဘိုဆူရင်၊ အင်္ဂလန်က ဆာဂျက်ဖရီနိုက်စ်ကျူစီ၊ တောင်အာဖရိကက တရားသူကြီး ရစ်ချက်ဂိုးလ်စတုန်းနဲ့ ဗင်နီဇွဲလားက တရားသူကြီး ပီထရို နစ်ကင်းန်တို့ အပါအ၀င် ကမ္ဘာတလွှားက ထင်ရှားအရေးပါတဲ့ ဥပဒေပညာရှင်အချို့ တာဝန်ယူကြီးကြပ်ပြုစုထုတ်ဝေခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင်ဖောက်ဖျက် ကျူးလွန်တဲ့ အတိုင်းအတာအထိ ရှိနိုင်ကြောင်းနဲ့ အဲဒီ ကျူးလွန်ဖောက်ဖျက်မှုတွေကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း သုံးသပ်ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း တယောက်အနေနဲ့ ကျနော် ဒါကို သဘောတူပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကျနော် တာဝန်ယူခဲ့စဉ်ကာလက အဓမ္မအလုပ်စေခိုင်းမှု၊ အတင်းအဓမ္မ ကလေးစစ်သားစုဆောင်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မုဒိန်းကျင့်မှုကို စစ်လက်နက်တခုသဖွယ် အသုံးချမှု စတာတွေကို မြန်မာနိုင်ငံတ၀ှမ်းမှာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာမလိုတဲ့ အထောက်အထားတွေ ကျနော်ရရှိခဲ့တယ်။ အဲဒီအချိန်ကစလို့ နောက်ထပ်ရရှိတဲ့ အထောက်ထားတွေက ခိုင်မာသထက် ခိုင်မာလာနေပါပြီ။ ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ရဲ့ အဆိုအရ ၁၉၉၆ ခုနှစ်ကစလို့ မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းဒေသတွေမှာ ကျေးရွာပေါင်း (၃,၅၀၀) လောက် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေကိုလည်း လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးချခဲ့ကြတယ်လို့ ဆိုတယ်။ စစ်ရေး လိုအပ်ချက်အရ မိုင်းကွင်းတွေကို ရှင်းလင်းဖို့အတွက် မြေမြှုပ်မိုင်းတွေ မြှုပ်နှံထားရာ မိုင်းကွင်းတွေအတွင်း ကျေးရွာသားတွေကို ရှေ့ကနေ အတင်းအဓမ္မဖြတ်လျှောက်ခိုင်းပြီး လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခဲ့ကြလို့ မကြာခဏဆိုသလို ကျေးရွာသားတွေ အသက်ဆုံးရှုံးခဲ့ရတာတွေ ခြေတွေ လက်တွေ ပြတ်ခဲ့ရတာတွေ ရှိခဲ့တယ်။

ကျနော် မြန်မာပြည်ကထောင်တွေ တော်တော်များများကို ရောက်ခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှုပုံစံမျိုးစုံကိုလည်း ကြားနာသိရှိခဲ့ရတယ်။ ယခုအချိန်မှာ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော်လောက် မြန်မာအကျဉ်းထောင်တွေထဲမှာ ရှိနေတယ်လို့ ယုံကြည်ရပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ရှိနေဆဲပါပဲ။ သူမဟာ လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်းမှာ (၁၄) နှစ်ကျော်မျှ အထိန်းသိမ်းခံဘ၀နဲ့ နေနေရသူပါ။

မြန်မာနိုင်ငံမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပါ။ မြန်မာစစ်အစိုးရဟာ မြန်မာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင် လူနည်းစုတွေအပေါ် ညှာတာထောက်ထားမှု လုံးဝမရှိပါဘူး။ ချင်းလူမျိုးနဲ့ ကချင်လူမျိုး တိုင်းရင်းသားအများစုပါဝင်တဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ အလားတူ ကရင်နဲ့ ကရင်နီလူမျိုး ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားရှိခိုးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးခံရမှုအပါအ၀င် ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ကန့်သတ်ချုပ်ချယ်မှုနဲ့ ဖိနှိပ်မှုတွေခံနေရတယ်။ ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ် လက်ဝါးကပ်တိုင်တွေကို အတင်းဖြိုချ ဖယ်ရှားခိုင်းပြီး အဲဒီနေရာမှာ ဗုဒ္ဓဘာသာဘုရားပုထိုး စေတီတွေ တည်ခိုင်းတယ်။ ဒါတွေကို သေနတ်နဲ့ချိန်ပြီး အတင်းအဓမ္မ လုပ်ခိုင်းနေတာပါ။ မွတ်စလင် ရိုဟင်ဂျာတွေလည်း အလားတူ ဖိနှိပ်ခံနေရပြီး မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြပေမယ့် မြန်မာနိုင်ငံတွင်းမှာ နိုင်ငံသားဖြစ်ခွင့်မရဘဲ ငြင်းပယ်ခံနေကြရတယ်။ ဒီလို ငြင်းပယ်ခံရတာကြောင့် သူတို့ဟာ သွားလာလှုပ်ရှားမှုနဲ့ လက်ထပ်ထိမ်းမြားမှုတွေမှာ အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ခံနေရပြီး ပညာသင်ကြားရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ဆုံးရှုံးနေရတယ်။

ဒီရာဇ၀တ်မှုတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ ကုလသမဂ္ဂအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီးသားပါ။ ကျနော့်မိတ်ဆွေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ရာဇူးမားလားလားက ဒီကျူးလွန်ဖောက်ဖျက်မှုတွေဟာ “နိုင်ငံရေးအရရော ဥပဒေအရပါ တာဝန်ရှိတဲ့ အမြင့်ဆုံး အာဏာပိုင်အဆင့်က ချမှတ်ထားတဲ့ မူဝါဒ၊ ပေါ်လစီတွေကြောင့်သာဖြစ်တယ်” ဆိုတာကို ၁၉၉၆ ခုနှစ်ကတည်းက သုံးသပ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးမီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ လူ့အခွင့်အရေးနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ နိုင်ငံတကာဥပဒေ ချိုးဖောက်နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းတောင်းဆိုထားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံကို လူသားမျိုးတုံး သုတ်သင်မှု ရှိမရှိ စောင့်ကြည့်ရမယ့် နိုင်ငံတနိုင်ငံအဖြစ် စာရင်းသွင်းထားပြီး လူသားမျိုးတုံးသုတ်သင်မှု အန္တရာယ်ညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံကို ဆူဒန်နိုင်ငံနဲ့အတူ အန္တရာယ်အရှိဆုံး နိုင်ငံနှစ်နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အလားတူပဲ သုံးသပ်အကဲဖြတ်ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရရဲ့ ကျူးလွန်မှုတွေကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအဖြစ် သတ်မှတ်ဖော်ပြထားပြီး လူနည်းစု အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း တိုင်းရင်းသားလူနည်းစုတွေအပေါ် အန္တရာယ်ပြုခြိမ်းခြောက်ခံနေရဆုံးနိုင်ငံ (၅) နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ထားပါတယ်။ ဖရီးဒမ်းဟောက်စ်အဖွဲ့ကတော့ မြန်မာနိုင်ငံကို “အဆိုးတကာ့ အဆိုးဆုံး” နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ နိုင်ငံတကာအသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့တို့ကလည်း အလားတူ သုံးသပ်ဖော်ပြခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ “ရွေးကောက်ပွဲကိစ္စတွေ” နေရာယူလွှမ်းမိုးနေမှုနဲ့အတူ သူ့ရဲ့စိုးမိုးအုပ်ချုပ်မှုအပေါ် တိုင်းရင်းသားလူနည်းစုတွေရဲ့ ဆန့်ကျင်တွန်းလှန်မှုမှန်သမျှကို လက်စတုံးချေမှုန်းပစ်ရေးဆိုတဲ့ သန်းရွှေရဲ့လုပ်ရပ်ကြောင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေ ပျံ့နှံ့တိုးပွားလာနေတဲ့အချိန်အခါပါ။ ခုလိုအချိန်အခါမျိုးမှာ နောက်ထပ်အသက်တွေ မဆုံးရှုံးရခင်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက စုစုစည်းစည်း ညီညီညွတ်ညွတ် အရေးယူဆောင်ရွက်ဖို့လိုနေပါပြီ။

မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအပေါ် အရေးယူအပြစ်ပေးမခံရဘဲ လွတ်ကင်းမှုတွေ နေရာအနှံ့ရှိနေပါတယ်။ ဒီရာဇ၀တ်မှုတွေကို ပပျောက်သွားစေမယ့် အရေးယူဆောင်ရွက်မှုတွေလည်း ဘာတမှုမှမရှိပါဘူး။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မကြာသေးမီက ထောက်ခံတင်ပြထားချက်အပေါ် တုံ့ပြန်ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်စုအပေါ် ဖောက်ဖျက်ကျူးလွန်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ရတဲ့ အကြောင်းရင်းပါပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာစစ်အစိုးရအပေါ် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို နိုင်ငံအားလုံးက လိုက်နာဆောင်ရွက်စေမယ့် အရေးယူပိတ်ဆို့မှုမျိုး ချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။

မြန်မာစစ်အစိုးရဟာ ဒီရာဇ၀တ်မှုတွေကို ကျူးလွန်ခွင့်ရရှိနေခဲ့တာ နှစ်ကာလအလွန် ကြာညောင်းခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး ဘာတခုမှ အရေးယူ အပြစ်ပေးမခံရဘဲ ရာဇ၀တ်မှုတွေ ဆက်လက်ကျူးလွန်နေမယ့် အခြေအနေမျိုးကိုတော့ ကျွန်တော်တို့ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။

မှတ်ချက်။ ။
၂၀၁၀ ခု ဇူလိုင် (၆) ရက်ထုတ် The Jakarta Post သတင်းစာပါ Yozo Yokota ၏ Challenge impunity in Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

စာရေးသူ Yozo Yokota သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးရသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကုလသမဂ္ဂကော်မရှင်အဖွဲ့ခွဲ၏ အဖွဲ့ဝင်အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။

Boycott Sham 2010 - 7 November Elections in Burma!

1:58 PM | Posted by Anonymous

“The next time they give you all that civic

bullshit about voting, keep in mind that

Hitler was elected in a full, free democratic

election”

မြန်မာအတိုက်အခံခေါင်းဆောင် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ လှိုက်လှဲစွာ ဂါရ၀ပြူကြ

1:56 PM | Posted by Anonymous
မျက်မှောက်ရေးရာ - ဓာတ်ပုံသတင်း
Sunday, 10 October 2010
မြန်မာအတိုက်အခံခေါင်းဆောင် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ လှိုက်လှဲစွာ ဂါရ၀ပြူကြ
မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၁၀၊ ၂၀၁၀
(၁၀၊ ၁၀၊ ၁၀)
၂၁ ရာစု၏ ထူးခြားသော နေ့စွဲ ၁၀ သုံးလုံး - ၁၀ ရက်၊ ၁၀လ၊ ၁၀ ခုနှစ်နေ့၊ စင်္ကာပူနိုင်ငံ၊ တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်းတွင် နေ့ခင်း ၁ နာရီက စင်္ကာပူမြန်မာများ စုဝေးကြပြီး မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် သူရဦးတင်ဦး ဆေးကုသရန် အလည်ရောက်နေစဉ် တွေ့ဆုံ နှုတ်ဆက် ဂါရ၀ပြု ကြသည်။
မြန်မာပြည်သား လူကြီး၊ လုူငယ်များ၊ ကျောင်းသားများ မြောက်များစွာတို့ မိမိတို့ အစီအစဉ်ဖြင့် လာရောက်ကြပြီး မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကောင်းမှုကုသိုလ်လာပြုသော ဦးတင်ဦးကို တွေ့ဆုံကြသည်မှာ အလွန်ကြည်နူးဖွယ် မြင်ကွင်းဖြစ်သည်ဟု မျက်မြင်တဦးက ပြောသည်။
မြန်မာပြည်၏ တခုတည်းသော အတိုက်အခံပါတီ အင်န်အယ်ဒီ၏ ခေါင်းဆောင်တဦး ဖြစ်ရုံသာမက တပ်မတော်ခေါင်းဆောင်ဟောင်းတဦးလည်း ဖြစ်သော သူရဦးတင်ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မိတ်ဆွေဟောင်းများအားလုံးကို ကောင်းကောင်းကြီး မှတ်မိပြီး မိတ်ဆွေသစ်များကိုလည်း ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်စကားပြောလျက် ရှိသည်ဟု ပြောပြသည်။

Credit to Moemaka: http://moemaka.com/index.php?option=com_content&task=view&id=7361&Itemid=1