ရွှေည၀ါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေထုတ်ဖယ်ဖို့ စီစဉ်နေတဲ့အပေါ် ကြေငြာ တောင်းဆိုချက်

Thursday, December 15, 2011 12:49 PM | Posted by Anonymous
Protect Shwe Nya War Sayardaw Gyi

(ရွှေည၀ါ ဆရာတော်ကြီး)


ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယက ဆရာတော်) ဘဒ္ဒန္တပညာသီဟ (ရွှေည၀ါ ဆရာတော်ကြီး)

"အမျိုးနဲ့ဘာသာ၊ သာသနာအတွက် ဘ၀တစ်ခုလုံး ထိုးကျွေးဖို့ ၊ ဘယ်တော့မှ ၀န်မလေးဘူး။ ကြုံလာစမ်း လောကဓံ အညံ့မခံ ငါ့အားမာန်နဲ့ အမြဲတမ်းပဲ ရှင်သန်နေမယ် မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်" (ရွှေည၀ါ ဆရာတော်ကြီး)

"ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့လို့လား၊ အမျိုးသားနေ့ အောင်ပွဲ ကျင်းပဖို့ လက်ခံခဲ့လို့လား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ တောင်းလို့လား၊ ဘာကြောင့်မှန်းမသိဘဲ လေး၊ ငါး၊ ခြောက်ရက် ရှိနေပြီ၊ ဘုန်းကြီး ဘ၀တခုလုံးကို အပြောင်းအလဲ ဖြစ်စေမယ့် ဖိအားတွေပေးနေတယ်။ ဘုန်းကြီး ဘ၀ တသက်တာ လုပ်ခဲ့သမျှ အခြေအနေတွေကို ဖျက်ဆီးမယ့် ဖိအားမျိုးတွေ ရင်ဆိုင် နေရတယ်”..... (ရွှေည၀ါ ဆရာတော်ကြီး)

“အဲဒီလို ရင်ဆိုင်ရလို့လည်း ဘုန်းကြီး စိတ်ဓာတ်မကျဘူး၊ မျက်နှာမပျက်ဘူး၊ ငါ့ဘ၀ ပျက်ချင် ပျက်ပစေ၊ လုပ်သင့် လုပ်ထိုက်တာ၊ အမှန်တရားအတွက် စွန့်လွှတ်မယ်ဆိုတဲ့ စိတ်မျိုးဘုန်းကြီးမှာ အပြည့်ရှိတယ်” (ရွှေည၀ါ ဆရာတော်ကြီး)၁၀.၁၂.၂၀၁၁

ခေါင်းဆောင်များ မလွတ်လျှင် မှတ်ပုံမတင်ဟု တိုင်းရင်းသားပါတီများပြော

Saturday, November 19, 2011 12:18 PM | Posted by Anonymous
ခင်ဦးသာ


ထောင်ဒဏ် (၉၃) နှစ် ချမှတ်ခံထားရပြီး ပူတာအိုထောင်တွင် ရောက်ရှိနေသည့် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် ယနေ့ ဆုံးဖြတ်ခဲ့သော်လည်း တိုင်းရင်းသား ပါတီများကမူ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စ မစဉ်းစားသေးဟု ခေါင်းဆောင်များက ပြောသည်။

NLD ပါတီ၏ ဆုံးဖြတ်ချက်အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကြိုဆိုကြောင်း၊ အစိုးရ အနေဖြင့်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အချက်တချို့အား ပြင်ဆင်ပေးသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံ၏ ပြုပြင်ရေးကိစ္စသည် အရေးကြီးကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များ က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF)၊ ဇွန်မီးအမျိုးသား ကွန်ဂရက် (ZNC) စသည့် ပါတီများအနေဖြင့် ဖမ်းဆီးခံထားရသည့် တိုင်းရင်းသား ခေါင်းဆောင်များ မလွတ်မချင်း ပါတီမှတ်ပုံတင်ရေးကိစ္စကို ဆိုင်းငံ့ထားမည်ဟု သိရသည်။

“UNA အဖွဲ့ထဲက ဦးခွန်ထွန်းဦး အပါအ၀င် ခေါင်းဆောင်တချို့ဖမ်းထားချိန်မှာ ကျနော်တို့က မှတ်ပုံတင်လိုက်ရင် သူတို့ကို ပြစ်ပယ်ထားရာ ရောက်မှာပေါ့၊ ဒီပုဂ္ဂိုလ်တွေ အားလုံးလွတ်လာတာနဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စတွေကို ဆွေးနွေးကြမှာပါ” ဟု
MNDF ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၁၂ ခု စုပေါင်း၍ SNLD ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့သော မဟာမိတ်အဖွဲ့ ဖြစ်သည်။

ပြည်တွင်း၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် သိသာသောပြောင်းလဲမှု မတွေ့ရသေးကြောင်း၊ ဖမ်းဆီးထားသော တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များ အားလုံးကို လွှတ်ပေးပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် လိုအပ်နေသည်ဟု SNLD ပြောခွင့်ရ ဦးစိုင်းလိတ် က ပြောသည်။

ထိုပုဂ္ဂိုလ်များသည် တိုင်းပြည်နှင့် ပြည်သူလူထု တိုးတက်ရေးအတွက် မိမိတို့၏ ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခြင်းကြောင့် အကျဉ်းချခံနေရသူများ ဖြစ်၍ တိုင်းပြည်တိုးတက်ရေး လုပ်ဆောင်နေသော အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးစိုင်းလိတ်က “ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့ မလွတ်မချင်း SNLD က ပါတီမှတ်ပုံတင်ဖို့ မစဉ်းစားဘူး” ဟု ဆိုသည်။

ALD ပါတီသည်လည်း မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စများ ဆုံးဖြတ်ရန် အချိန်ယူစဉ်းစားရဦးမည် ဖြစ်ကြောင်း ALD ခေါင်းဆောင် ဦးအေးသာအောင် က ပြောသည်။

၎င်းက “NLD ပါတီမှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာက သူတို့ ကိစ္စပါ၊ ကန့်ကွက်စရာ မရှိပါဘူး၊ ကျနော်တို့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စ အတွက်တော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးမှုတွေ အများကြီးလုပ်ဖို့ ရှိပါသေးတယ်” ဟု ဆိုသည်။

NLD အပါအ၀င် ၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီများအနက် တချို့သည် ဖျက်သိမ်းခံခဲ့ရပြီး၂၀၁၀ ရွေးကောက်ပွဲ အတွက် မှတ်ပုံမတင်ခဲ့သော ပါတီအားလုံး တရားမ၀င်တော့ကြောင်း ယခင် နအဖ စစ်အစိုးရက ကြေညာခဲ့သည်။

NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲအား ရွှေဂုံတိုင် ကြေညာချက်ထုတ်ပြန်၍ သပိတ်မှောက်ကာ ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း မလုပ်ခဲ့ပေ။

ထိုကြေညာချက်၌ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အားလုံးပါဝင်နိုင်ရေး တို့ကို ဆောင်ရွက်ပေးမှသာ ရွေးကောက်ပွဲ ၀င်မည်ဟု ပါရှိသည်။

NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများ စုပေါင်းဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်လည်း ဖြစ်သည်။

NLD ၏ ယနေ့ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး ပါတီမှတ်ပုံတင်၍ ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အားလုံးတွင် ယှဉ်ပြိုင်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

“အခုလို ဆုံးဖြတ်လိုက်တာဟာ ပြည်သူလူထုအတွက် ဖြစ်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဖွဲ့ ချုပ်အား ပြန်လည်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများ ၀င်သွားရန် ဆုံးဖြတ်

12:12 PM | Posted by Anonymous
နိုဝင်ဘာလ၁၈ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဖွဲ့ ချုပ်အား ပြန်လည်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများ ၀င်သွားရန် ဆုံးဖြတ်ကြောင်းသိရသည်။


“ကန်ကြီးအချက် ... ဝ အခက် ... ရွှေတို့အကွက်” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

12:01 PM | Posted by Anonymous

၂၀၀၈ ဖွဲ့စည်းပုံ၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တမတ်သားပါလီမန်ထဲအထိတော့ လိုက်၍ မထောက်ခံနိုင်ပါ

11:59 AM | Posted by Anonymous

ကိုသံဒုတ် (BLSO)

ရဟန်းရှင် ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဖက် ရဲဘော်မိတ်ဆွေ များခင်ဗျာ ...

တလေးတစား သဘောထားအမြင်ကို တင်ပြတာဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင်တော့ NLD က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက် လက်မကိုင်စွဲတော့ဘူးလို့ ပြောလိုက် တာပါပဲ။ အခြေအနေအချိန်အခါ နဲ့ မကိုက်ညီဘူးဆိုတဲ့ သဘောမျိုး ပြောနေတာတော့ကြာပြီ။ တွေ့ဆုံ ဆွေးနွေးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပြီး ပါလီမန်ထဲက အကောင်အထည်ဖော် တော့မယ်လို့ တရားဝင် ကြေညာလိုက်တာလို့ နားလည်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုရင် NLD ကိုယ်တိုင်က အတွေးအခေါ်နဲ့ ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲလာမှုကတဆင့် ဖြစ်ပေါ်ပြောင်းလဲချက်တွေလို့ ပြောရမှာပါပဲ။

စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ အသိအမှတ်ပြုတဲ့ပုံက ခပ်ပေါ့ပေါ့ခပ်ပျက် ပျက်နိုင်လှတယ်လို့ သဘောထားပါတယ်။ NLD ကလည်း ဒီလောက်ဆို ကျေနပ်တဲ့သဘော ရှိပုံရပါတယ်။

ကျနော် နားလည်ထားတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ဒီ မိုကရေစီရအောင် လုပ်ဖို့ ပြည်သူလူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကို မဲပေးခဲ့တာမဟုတ်ဘူးလို့ နား လည်ထားပါတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ NLD ပါတီရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ချက်နဲ့ ပါတီကိစ္စလို့ပဲ သဘောထားပါတယ်။ ပြည်သူလူထုက ရွေးတဲ့ လမ်းမဟုတ်ဘူး။ NLD ရဲ့ရွေးလမ်း ပဲဖြစ်ပါတယ်။ ဒီအခြေအနေရောက်သွားတာလည်း အံသြစရာတော့ မဟုတ်ပါဘူး။ နောက်ဆုံးတော့ ဒီအခြေ အနေဆိုက်သွားပါလားလို့ ဆိုရမယ်ထင်ပါတယ်။

သေချာတယ်၊ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံလို့မရပါဘူး။ ရွေးကောက်ပွဲနဲ့ စစ်တပိုင်း ပါလီမန်ကတ ဆင့် ဒီမိုကရေစီမရနိုင်ဘူးလို့ပဲ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်။ ဒါကြောင့် ၂၀၀၈ဖွဲ့စည်းပုံကို လေးစားလိုက် နာပြီးမှ လုပ်ရမယ့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေမှာ NLD က ပြည်သူလူထုအကျိုးအတွက် ရွေး ကောက်ပွဲဝင်ရတာပါလို့ ပြောလာရင်ပင် ထောက်ခံဖို့ အခက်အခဲရှိလာပါတယ်။

ဗမာပြည်ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရရှိရန်မှာ NLD ရဲ့ အခုရွေးလမ်းလောက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ပါလီမန်ထဲကနေ ဖွဲစည်း ပုံအခြေခံဥပဒေကို ပြုပြင်နိုင်မလား။ အမျိုးသားရင်ကြားစေ့ရနိုင်မလားဆိုတဲ့ မေးခွန်မှာ NLD နဲ့ ကျနော်တို့ ကြားမှာ သဘောထားမတူတဲ့အတွက် အဖြေလည်း မတူနိုင်ပါဘူး။ ဗမာပြည်နိုင်ငံရေးဟာ ယခင်ကထက် ပို ရှုပ်ထွေးပြီး ပြဿနာတွေလည်း ပိုများလာနိုင်တယ်လို့ သုံးသပ်ရပါတယ်။

လူထုရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ တက်ကြွမှုဟာ အရေးကြီးသထက်ကြီးလာသလို လူထုလူတန်းစားတိုက်ပွဲတွေ ဟာ ပိုများလာနိုင်စရာရှိတယ်လို့ ထင်ပါတယ်။ လူထုလူတန်စားတိုက်ပွဲတွေနဲ့ လူထုလှုပ်ရှားမှုများဟာ သီး ခြား လွတ်လပ်စွာ ဖြစ်ပေါ်လာလိမ်မယ်လို့ မြင်ပါတယ်။ စစ်အစိုးရက ဖွင့်သလောက်ဘောင်ထဲကလုပ်တဲ့ လှုပ် ရှားမှုများကို ဆိုလိုတာမဟုတ်ပါဘူး။

အမျိုးသားညီညွတ်ရေးကို စစ်အာဏာရှင်စနစ် ခြေမှုန်းရေးဆိုတဲ့ သဘောထားရပ်တည်ချက် အခြေခံပေါ်က တည်ဆောက်မှသာ ခိုင်မာနိုင်ပါတယ်။ လူထုစည်းရုံးရေးကို ပါလီမန်တွင်းနိုင်ငံရေးလှုပ်ရှားမှုက တည်ဆောက် မယ်ဆိုလျှင် လူထုစည်းရုံးရေးလုပ်ငန်းများဟာ ယာယီသာဖြစ်နိုင်ပြီး ရေရှည်မှာ အခက်အခဲဖြစ်လာလိမ်မယ် လို့ထင်ပါတယ်။

ပြည်သူလူထုက စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်ယန္တရား၊ စစ်အာဏာရှင်အစိုးရ အကြွင်းမရှိ ချုပ်ငြိမ်းတာ ကို အလိုရှိတယ်ဆိုတာကို ကျနော်တို့ရင်ထဲမှာ နားလည်သဘောပေါက်ထားဖို့ပါပဲ။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ဆိုတာ အများစုလူထုက ရွေးလိုက်တဲ့ ဒီမိုကရေစီပါပဲ။ လူထုရွေးလမ်းဖြစ်ပါတယ်။ NLD က ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုတာ သူတို့ရဲ့ရွေးလမ်းဖြစ်တယ်။ နိုင်ငံရေးပါတီတိုင်းနဲ့ နိုင်ငံရေးသမားတိုင်းကတော့ သူတို့သာလျှင် ပြည်သူကို အလုပ်အကျွေးပြုတယ်လို့ ကြွေးကြော်ကြတာပါပဲ၊ မထူးဆန်ပါဘူး။ အချိန်နဲ့အခြေအနေတွေက ဘယ်လောက်အထိ လူထုကို အကျိုးဖြစ်စေခဲ့သလဲ တာဝန်ကျေ ခဲ့သလဲ ပြီးမြောက်ခဲ့သလဲ ဆိုတာတွေနဲ့သာ တိုင်းတာရတာပါ။ အခြေအနေတွေကတော့ အမြဲပြောင်းလဲနေ တာပါပဲ။ ပြောင်းလဲနေတဲ့ အခြေအနေကို ကြည့်၍သာ ပုံချလိုက်ပါ၊ ပြောင်းလဲနေတာတော့ ဟုတ်ပါပြီ။ တိုး တက်ဖြစ်ထွန်းမှုတွေဖြင့်လည်း ဆန်းစစ်ဖို့ လိုအပ်မယ်ထင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ကျနော်တို့ရဲ စိုးရိမ်ချက်တွေဟာ ပို ကြီးလာတယ်။ ပြောင်းလဲနေတယ်ဆိုတာတွေက အခြေခံလူထုလူတန်းစားတွေရဲ့ နေထိုင်မှုဘ၀မြင့်တက်ရေး နဲ့ အဖိနှိပ်ခံဘ၀လွတ်မြောက်ရေးအတွက် အရိပ်အရောင်မတွေ့သေးဘူး။ ဒါက ဒီနေ့လက်ရှိ နိုင်ငံရေးအခြေ အနေအစစ်အမှန်ပါပဲ။

ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အဖိနှိပ်ခံဘ၀လွတ်မြောက်ရေးအတွက် လူထုတော်လှန်ရေးတ ခု ပေါ်လာရဦးမှာပါ။ အချိန်သိပ်တော့ မစောင့်ရဘူးလို့ ယုံကြည်ပါတယ်။

တချို့သော နိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပေါ်မှုတွေဟာ ရာသီစာတခုလို ဖြစ်တတ်ပြီး ဘက်ထရီကုန် သံပတ် ကုန်တဲ့အခါ ရပ်သွားတာပါပဲ။ ။

သံဒုတ် (BLSO)

(8888 PeoplePower Group Mail မှ ...)

“NLD အတွက် ၀မ်းနည်းတယ်၊ သူတို့လမ်း သူတို့ ရွေးသွားတာပဲ” (ဒေါ်နော်အုံး လှနှင့် အင်တာဗျူး)

11:57 AM | Posted by Anonymous

(ဒေါ်နော်အုံး လှ)

NLD ပါတီ မှတ်ပုံတင်သင့် မတင်သင့် စည်းဝေးဆုံးဖြတ်သည့် ၁၈- ၁၁-၂၀၁၁ နေ့တွင် NLD ပါတီရုံးချုပ်ရှေ့တွင် စုဝေးနေသူများအား ဒေါ်နော်အုံးလှက ပါတီမှတ်ပုံမတင်သင့်ကြောင်း သဘောထားထုတ် ပြန်ချက်များ လိုက်လံဝေငှခဲ့သည်။ ၎င်း၏ သဘောထားအမြင်နှင့် ပတ်သက်ပြီး The Messenger ဂျာနယ်က အင်တာဗျူးမေးမြန်းထား ပါသည်။

မေး ။ ။ ဒေါ်နော်အုံးလှက NLD ပါတီ မှတ်ပုံမတင်သင့်ဘူးလို့ သဘော ထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ NLD ပါတီသာ မှတ်ပုံတင်ခဲ့မယ်ဆိုရင် ၁၉၉၀ ရွေးကောက် ပွဲရလဒ်ကို ကိုယ်တိုင် နင်းခြေသလို ဖြစ်မယ်။ NLD ဟာ အမျိုးသား ညီလာခံရော၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ခဲ့တယ်။ ခုလည်း ဒီအတိုင်း ဆက်ရပ်တည်ရမယ်။ NLD အနေနဲ့ ဂုဏ်သိက္ခာထိန်းရမယ်။

မေး ။ ။ NLD က မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ဘယ်လိုဆက်ရပ်တည်မလဲ။
ဖြေ ။ ။ NLD ရပ်တည်ခဲ့တာ ၁ နှစ်ကျော်ပြီ။ အစိုးရကိုယ်တိုင်လည်း မဖျက်ရဲဘူး။ ၉၀ ရွေးကောက်ပွဲရလဒ်ကို လည်းမဖျက်ရဲဘူး။ အခုအချိန်မှာ အစိုးရက လွှတ်တော်ခေါ်ပြတယ်။ တကယ်တမ်း နိုင်ငံတကာမှာက အဆင် မပြေဘူး။ နိုင်ငံတကာမှာ အမြင်ကောင်းဖို့ NLD ကို အတင်း လာပူးပေါင်းတယ်လို့ထင်တယ်။ မှတ်ပုံတင်လိုက် ရင် NLD က ၂၀၀၈ အခြေခံဥပဒေအောက်ကို ရောက်သွားမယ်။ ဒါကြောင့် မတင်သင့်ဘူး။

မေး ။ ။ NLD ပါတီအနေနဲ့ မှတ်ပုံတင်ရင် လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားလို့ ရတယ်။ မတင်ဘူးဆိုရင် NLD က နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍက ပါနိုင်မလဲ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောထားတယ်။ ပါတီက ပြည်သူ့အကျိုးကို ကြည့်ပြီး ပါတီဖြစ် လာတာ။ အခုက ပြည်သူ့အကျိုးကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက ပြည်သူအကျိုးမရှိတဲ့ ဥပဒေ ဖြစ်နေတယ်။ နံပါတ် ၁၊ နိုင်ငံတော် ဦးဆောင်အခန်းကဏ္ဍမှာ စစ်တပ်ပါတာကို လက်မခံနိုင်ဘူး။ ဒီမိုကရေစီနဲ့ မညီတဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူး။ အချိန်မရွေး အာဏာသိမ်းနိုင်တယ်။ နောက်တခုက ၀န်ကြီးချုပ်တွေက စစ်ရေးအမြင်ရှိရမယ်ဆိုတာကိုလည်း လက်မခံနိုင်ဘူး။။ ၂၀၀၈ အခြေခံဥပဒေ မပြင်သရွေ့ မှတ်ပုံမတင်သင့် ဘူး။

မေး ။ ။ ဒါဆိုရင် NLD အနေနဲ့ ဘယ်လိုအခြေအနေမျိုးရောက်မှ မှတ်ပုံတင်သင့်တယ်လို့ ဒေါ်နော်အုံးလှ ထင် ပါသလဲ။
ဖြေ ။ ။ ၂၀၀၈ ဥပဒေကို အစိုးရက ပြင်ပေးရမယ်။ ပြုသာပြင်သာဖြစ်တဲ့ အခြေအနေမျိုး ဖန်တီးပေးရမယ်။ အဲ ဒီလို အခြေအနေကျမှ မှတ်ပုံတင်သင့်တယ်။

မေး ။ ။ တကယ်လို့ NLD ကလည်း မှတ်ပုံမတင်ဘူး၊ အစိုးရကလည်း ဒီပုံစံအတိုင်းပဲဆိုရင် ဒေါ်နော်အုံးလှတို့ အနေနဲ့ ဘယ်လို ဆက်လှုပ်ရှားသွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ အခြေအနေတွေအပေါ် မူတည်ပါတယ်။ လုပ်နိုင်တဲ့သူတွေလုပ်ခဲ့တယ်။ ဒီလိုပဲ တဖြည်းဖြည်း အဆက် မပြတ် ဆက်ပြီး တိုက်ပွဲဝင်သွားရမယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန္တလေးမှာ ဖြစ်ခဲ့တဲ့ သံဃာတော် ၅ ပါးရဲ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဘယ် လိုမြင်ပါသလဲ။
ဖြေ ။ ။ သံဃာတော်တွေက လုပ်နိုင်သလောက် လုပ်ပေးတာ။ သူတို့ပြောတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ တ ကယ်တောင်းဆိုသင့်တဲ့အရာပဲ။

မေး ။ ။ တကယ်လို့ NLD က မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ရင်ရော ဒေါ်နော်အုံးလှ အနေနဲ့ ဘာဆက်လုပ်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ ဒီလိုသာ ဆုံးဖြတ်ခဲ့ရင် NLD အတွက် ၀မ်းနည်းတယ်။ သူတို့လမ်း သူတို့ ရွေးသွားတာပဲ။ အန်တီတို့ ကတော့ ဒီအတိုင်း ဆက်ပြီး ရပ်တည်နေမယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ဒေါ်နော်အုံးလှသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြုလုပ်သော အင်္ဂါဆုတောင်းပွဲများ ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

(မက်စင်ဂျာ ဂျာနယ်ဖေ့စ်ဘွတ်ခ်မှ ...)

Lay Phyu - Keep Goin' (လေးဖြူ − လျှောက်လျှောက်)

11:10 AM | Posted by Anonymous

ABSDF s Statement on NLD Decision

1:15 AM | Posted by Anonymous
ABSDF s Statement on NLD Decision