
ဆက်ကစားရင်တော့ . . . ပေါင်ရမယ် ဟန်လေး Monday, 30 May 2011 19:42 ကာတွန်း
Thursday, June 2, 2011
11:32 PM
| Posted by Anonymous
SYCB Monthly Bulletin for May 2011 (Vol-5, Issue-52)
11:03 PM
Issue-52),
SYCB Monthly Bulletin for May 2011 (Vol-5
| Posted by Anonymous
မြန်မာပြည်အတွက်မြောက်အမေရိကတိုက် ကို စက်ဘီးစီး ဖြတ်သန်း
10:41 PM
| Posted by Anonymous


Naing and Rod (both wearing Kwantlen shirts)
were excitedly describing their JustRide bike
route to the Kwantlen friends.
were excitedly describing their JustRide bike
route to the Kwantlen friends.
Day 1 - June 2 - North Vancouver to Mission
ထိုင်းမြန်မာနယ်စပ် က မဲတော် ဆေးခန်း အတွက် ရံပုံငွရှော ဖို့ ရည်ရွယ်ပြီး ကနေဒါ လူမျိုး ရှေ့နေ တဦးနဲ့ မြန်မာပြည်သား တဦး တို့ ဟာ ကနေဒါ နိုင်ငံ အရှဖေ့က် ကမ်း က နေ အနောက်ဖက် ကမ်း အထိ စက်ဘီးနင်းတဲ့ ခရီးရှည် ကို ဒေသ စံတော်ချိန် ကြာသပတေး မနက် ပိုင်း က စတင် လိုက် ပါပြီ။ကနေဒါ အရှဘေ့က်ကမ်း Vancouver ဗန်ကူးဗား မြို့ ကနေ အနောက်ဖက် ကမ်းခြေက Halifax ဟာလီဖက်စ မြို့အထိ မြောက်အမေရိတိုက် ကို ဖြတ်သန်း စီးနင်း မှာ လို့ ဆိုရမယ့် ဒီခရီး ဟာ ကီလိုမီတာ ၅၈၀၀ ကျော် ရှည်လျား ပါတယ်။
အရင်နှစ်တွတေုန်း ကလည်း မဲတော် ဆေးခန်း အတွက် ရံပုံငွေ ရှာ ခဲ့ဘူးပြီး အခုတခါ မှာ တော့ ခရီးရှည် စက်ဘီးစီးခြင်း နဲ့ ရံပုံငွရှော ဖြစ်ဖို့ စဉ်းစား စီစဉ် ဖြစ်တာ လို့ ကနေဒါ လူမျိုး ရှေ့နေ မစ်စတာ ရော့ဒ် ဂျာမင်း Mrျြod Germaine က ဘီဘီစီ ကို ပြောပါတယ်။
သူနဲ့ အတူ ခရီးရှည် ကို စီးနင်း မယ့်သူ က မြန်မာလူမျိုး ကိုစိုးနိုင် ဖြစ်ပြီး သူတို့ ရက်ပေါင်း ၆၀ ကျော် လောက် နင်း ရမယ်လို့ ခန့်မှန်းထား ကြောင်းပြောပါတယ်။
မစ်စတာ ဂျာမင်း ဟာ လွန်ခဲ့တဲ့ နှစ် များစွာတုန်း က အခု သူတို့ ခရီးဆုံး မယ့် Halifax မြို့ က တက်ကသိုလ် တခုမှာ ဥပဒေ ဘွဲ့ ကို ယူခဲ့တဲ့သူပါ။
သူတို့ အဲဒီမြို့ ကို ရောက်ဖို့ မှန်းထားတဲ့ လာမယ့် သြဂုတ် လ တွင်းမှာ သူ တက်ခဲ့တဲ့ ဥပဒေ ဌာန က ကျောင်းသူကျောင်းသား ဟောင်း တွေ ကျောင်းမှာ ပြန်လည် တွဆေုံ့ မယ့် အခမ်းအနား လည်း ရှိမှာ မို့ အဲဒီ အခမ်း အနား အမီ သွားနိုင်အောင် လုပ်မှာ ဖြစ်ပြီး ရံပုံငွေ ကို အဲဒီ မှာလည်း ကောက်ဖို့ စီစဉ် ထားကြောင်း မစ်စတာ ဂျာမင်း က ပြောပါတယ်။
အခုတော့ ရံပုံငွေ က ကနေဒါ ဒေါ်လာ ၇ ထောင်ကျော် လောက်ရနေပြီး ခရီးဆုံး ရင် သိန်းချီ ရဖို့ မျှော်လင့် ပါကြောင်း လည်း အဲဒီ စက်ဘီးခရီးသည် ရှေ့နေ က ဘီဘီစီ ကို ပြော ပါတယ်။
http://www.justride2011.blogspot.com/ (Their message to the world with blogspot's power)
It will be a long ride. Naing and Rod could use some incentive. The best incentive is support for the Just Aid Foundation, which is why this is the Just Ride 2011 – it will raise funds to help deliver health care for Burmese people on the Thai-Burma border. For more about the charity and the health care it supports, please visit the Just Aid website: http://www.justaid.ca.
There are 4 ways to support Just Ride 2011:
# 1: Make an outright donation in recognition of Soe Naing a.k.a Naing’s ambition to bicycle across the continent. This form of support is encouraged! Please click here to make a donation. Or, if you prefer to send a cheque, make it payable to Just Aid Foundation (please note "Just Ride" on it somewhere) and send it to Just Aid Foundation, 300 - 1275 West 6th Avenue, Vancouver, BC V6H 1A6. Donations are tax deductible. An official receipt will be issued by the Just Aid Foundation before tax time next year.
# 2: Join the ride: You are welcome to join us on the road. Our blogs will give you approximate location at any time. A Just Aid donation of any sort will entitle you to participate as long as you want. And if you have a partner who wants to accompany you in a vehicle (carrying panniers from point to point) your welcome is guaranteed.
# 3: If you can't join the ride on the road, you can be a part of the ride as a Just Fund Rider: Register as a Just Fund Rider and use your network to raise more donations or pledges. There will be prizes for the Fund Riders who raise the most. To register, click here and then invite donors to find your name in the Search section of the Donate page where they can “Pledge me Now” in order to make a designated donation. Leading Fund Riders will be displayed at https://donationrelayonline.com/JustAid/JustRide2011.
# 4: Can Naing do it? Make a bet. This is easily done by pledging a donation conditional on his performance. Specify your pledge and send it to justride2011@gmail.com. There are many ways to structure such a donation. You can design your pledge any way you want but here are a few suggestions:
i) pledge an amount per kilometer or mile he completes. To help, his route is approximately 5,800 kms or 3,600 mi on the road plus a couple of ferry rides. At a penny per km, this commitment would be about $58.
ii) pledge an amount if he makes it to Halifax (without taking a train, bus or cab).
iii) pledge an amount if he makes it as far as any place you want to identify. This type of pledge must be honoured if he makes it to the same longitude because his route may not pass through the place you specify.
iv) pledge an amount per jurisdiction he enters. Be aware that his tentative route includes seven provinces besides BC and as many as nine or ten states.
Thursday, June 2, 2011
Day 1 - Mission (BC)
74 kms. We made it to Mission around noon and will spend the night here. It was raining ALL day.
We had an interview with BBC and it was transmitted in Burmese later today.
နယ်စပ်ဒုက္ခသည်စခန်းကို သွားတဲ့ ရန်ကုန်က ဗြိတိသျှ သံအမတ်
10:36 PM
ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn
| Posted by Anonymous
မယ်လ ဒုက္ခသည်စခန်းကို ရန်ကုန်အခြေစိုက် ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn မနေ့က ရောက်သွားပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားမှာ ရှိတဲ့ ဒီစခန်းထဲက မြန်မာပြည်သား ဒုက္ခသည် တွေရဲ့ သဘောထားတွေကို တီးခေါက်ဖို့၊ စခန်း အခြေအနေတွေကို လေ့လာဖို့ သွားရောက်ခဲ့တာလို့ သိရပါတယ်။
စခန်းရဲ့ တာဝန်ရှိ ထိုင်းအာဏာပိုင်များ၊ ဒုက္ခသည်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
(ဓာတ်ပုံ - ဧရာဝတီ)
၁၉၈၈ အရေးအခင်းကာလ အတွင်းက ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံမြင်ကွင်းများ.
3:09 PM
1988 Democracy Revolution of Burma
| Posted by Anonymous
ထိုစဉ်က လူထုဆန္ဒပြပွဲများ၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် ကြေငြာချက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဗိုလ်ချုပ်စောမောင်ရဲ့ အာဏာသိမ်း ကြေငြာချက် စသည်တို့ ပါဝင်တဲ့ ရှားပါး ရုပ်သံဖိုင်တွေပါ.... ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို မမှီ၊မသိရှိလိုက်တဲ့ ယနေ့ခေတ် လူငယ်များ လေ့လာသိရှိနိုင်ဖို့ ရှာဖွေ တင်ပြလိုက်ပါတယ်...
BURMA 1988 PROTESTS
Burma 1988 Scene
8888
Burma Military 1988 Coup In Rangoon
ရိုက်တာ သတင်းဋ္ဌာနရဲ့ ၁၉၈၈အရေးတော်ပုံ ကာလကြီးအတွင်းက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ ထပ်မံရှာဖွေ စုစည်း တင်ပြလိုက်ပါတယ်..။ အမေရိကန်သံရုံးရှေ့က ဘယ်တော့မှ မေ့မရနိုင်တဲ့ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေနဲ့ အတူ ထိုစဉ်က ပြည်သူ့ တပ်မတော်သားများ အပါအဝင် အလွှာပေါင်းစုံရဲ့ သပိတ်တိုက်ပွဲ မြင်ကွင်းတွေ ရုပ်သံတွေပါ..။ မကြည့်ရ၊ မမြင်ရသေးတဲ့ တချို့မြင်ကွင်း ရုပ်သံဖိုင်တွေကို အားလုံးသိရှိနိုင်ဖို့ တင်ပြလိုက်ပါတယ်...။
BURMA 8888
BURMA 1988 PROTESTS
Burma 1988 Scene
8888
Burma Military 1988 Coup In Rangoon
ရိုက်တာ သတင်းဋ္ဌာနရဲ့ ၁၉၈၈အရေးတော်ပုံ ကာလကြီးအတွင်းက ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေ ထပ်မံရှာဖွေ စုစည်း တင်ပြလိုက်ပါတယ်..။ အမေရိကန်သံရုံးရှေ့က ဘယ်တော့မှ မေ့မရနိုင်တဲ့ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေနဲ့ အတူ ထိုစဉ်က ပြည်သူ့ တပ်မတော်သားများ အပါအဝင် အလွှာပေါင်းစုံရဲ့ သပိတ်တိုက်ပွဲ မြင်ကွင်းတွေ ရုပ်သံတွေပါ..။ မကြည့်ရ၊ မမြင်ရသေးတဲ့ တချို့မြင်ကွင်း ရုပ်သံဖိုင်တွေကို အားလုံးသိရှိနိုင်ဖို့ တင်ပြလိုက်ပါတယ်...။
BURMA 8888
ပြည်တွင်းမှ ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် ဖိုင်(၁)
http://www.mediafire.com/?dekdu5sbnzc7n5c
ပြည်တွင်းမှ ပရိသတ် ဒေါင်းလုပ်လုပ်ချင်ရင် ဖိုင်(၂) http://www.mediafire.com/?ndl83zcdpcscs5o
Credit to Demowayyan ဒီမိုဝေယံ
ပြည်တွင်းမှ ပရိသတ် ဒေါင်းလုပ်လုပ်ချင်ရင် ဖိုင်(၂) http://www.mediafire.com/?ndl83zcdpcscs5o
Credit to Demowayyan ဒီမိုဝေယံ
ဒေါက်တာကျော်ရင်လှိုင်၊ NLD၊ စင်္ကြာမှန်ပြောင်းနှင့် ဗေဒါကျောင်း (ဆောင်းပါးရှင် အောင်မျိုးထွန်း)
3:07 PM
| Posted by Anonymous
အားလုံးရှင်းသွားရင်လည်း ကောင်းမယ်။ ဒါမှမဟုတ် ပိုရှုပ်ပြီး ရှင်းမရလင်းမရ ဖြစ်သွားလည်း အေးတာဘဲ။ ခုတော့ တည့်မလိုလိုနဲ့  ကောက်ကွေ့ ၊ ဝေ့၀ိုက်မယ်ထင်ပေမယ့် ဖြောင့်နေအောင် ဒုန်းစိုင်းကြနဲ့။
NLD မှာ နိုင်ငံရေးသင်တန်းပေးမယ့် ဒေါက်တာကျော်ရင်လှိုင်ကိစ္စပါ။ ကိုကျော်ရင်လှိုင်နဲ့ ပတ်သက်ပြီး ၂၀၁၀ ဖေဖော်ဝါရီလပိုင်းလောက်က သတင်းဆောင်းပါး တစ်ပုဒ်ရေးဖူးပါတယ်။ အီးမေးလ်နဲ့ ဖြန့်ဝေခဲ့ပါတယ်။ ကိုကျော်ရင်လှိုင်ဟာ လေးဆယ်ကျော်မျိုးဆက်ပါ။ ပညာရှင်များဟောပြောပွဲကို UMFCCI မှာ သူ လာဟောပြောသွားဖူးပါတယ်။ အဲဒီတုန်းက စင်မြင့်ပေါ်ကနေ တည်ဆဲအစိုးရကို “စစ်အစိုးရ” လို့သုံးနှုန်းပြီး အထပ်ထပ်အခါခါ ဝေဖန်ပြောဆိုသွားပေမယ့် နိုင်ငံရေး ရပ်တည်မှုအရတော့ ဆရာကျော်ဝင်းတို့ ဒေါက်တာနေ၀င်းမောင် တို့ “လိုင်း” ပါဘဲ။ အပြင်မှာနေတော့ နည်းနည်းရဲတဲ့ပုံ ရှိပါတယ်။ မြန်မာပြည် ဒေဝေါကြီးလို့ ခုထိ ၀ိုင်း ဆွမ်းကြီးလောင်းနေကြတဲ့ “အီးဂရက်”အဖွဲ့ရဲ့  ရပ်ခံမှုနဲ့ လည်း နီးစပ်မယ့် အသွေးအရောင်ရှိပါတယ်။
ကိုကျော်ရင်လှိုင်က ပညာရှင်တစ်ယောက်ဖြစ်တာမို့ နတ်သားဖြစ်ဖြစ်၊ ငရဲသားဖြစ်ဖြစ် သူ့အယူအဆနဲ့ ပညာကို နာလိုသူတွေရှိရင် ဟောရပြောရမှာဘဲ ဖြစ်ပါတယ်။ လှီးရဖြတ်ရမယ့် အပိုင်းကိုတော့ သူ နားလည် ပြီးသားနေပါလိမ့်မယ်။ ပြည်တွင်းမှာ နိုင်ငံရေးနဲ့နှီးနွှယ်ပြီး လုပ်ကြကိုင်ကြသူတွေ ဒါကို သဘောပေါက်ပြီးသားပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ (၄)ရက်လောက်က ဖတ်ရတဲ့ အီးမေးလ်တစ်စောင်မှာ ဗေဒါသင်တန်းကျောင်းက ကိုကျော်ရင်လှိုင်ပို့ချမယ့် ဘာသာရပ်တွေကို သူတို့ ဗေဒါကျောင်းမှာ သင်ကြားပေးမယ့်ပုံစံနဲ့  လာတက်ရောက်ချင်သူတွေကို စာရင်းပေးနိုင်ပါပြီလို့  မက်ဆေ့ခ်ျ ပေးထားတာ တွေ့ ရပါတယ်။ ဗေဒါသင်တန်းဆီ အပ်နှံတဲ့ ပက်တ်ကေ့တစ်ခုလုံးကို ဇွန်လ (၂၀)ရက်နေ့ NLD မှာ စတင်သင်ကြားမယ့် နိုင်ငံရေးသိပ္ပံ သင်တန်းဆီ ရှန်တိန်လွှတ်မယ့်သဘောလို့ ထင်ရပါတယ်။ ဒီသတင်းကိုလည်း ဖေ့ဘုတ်မှာ ဥမ္မာဦးဆိုတဲ့ အကောင့်ပိုင်ရှင်တစ်ယောက် တင်ထားတာ ဖတ်လိုက်ရပါတယ်။
ကိုကျော်ရင်လှိုင်နဲ့ မျိုးရန်နောင်သိန်းရဲ့ ဗေဒါကျောင်းဟာ ချိတ်ဆက်မှု မရှိသေးဘူးဆိုတာ သေချာသလောက်ပါဘဲ။ ကာယကံရှင် ကိုကျော်ရင်လှိုင်လည်း ဗေဒါကျောင်းရဲ့ ဖိတ်ခေါ်ချက် ကြော်ငြာကိုဖတ်ပြီး ဘယ်လို ကောက်ချက်ချ မလည်း ဆိုတာထက် NLD မှာလုပ်မယ့် သူ့ပညာဝေငှမှုကို ဆက်လုပ်ဖြစ်၊ မဖြစ် ရင်လေးနေမယ့်ပုံပါဘဲ။ NLD ဆိုတာ ရာဇ၀င်နဲ့ နေခဲ့တဲ့ ပါတီကြီးတစ်ခုပါ။ ကနေ့ထက်တိုင် စစ်အုပ်ချုပ်မှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ပြည်သူတွေအတွက် အားကိုးရာ ဘူမိနက်သန်ပါ။ NLD ဆိုတာနဲ့ အားလုံးက လှည့်ကြည့် ငဲ့ကြည့်ကြရပါတယ်။ HARDလိုင်းလို့ သတ်မှတ်ထားကြပါတယ်။ ကိုကျော်ရင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနိုင်ငံရေးသိပ္ပံပို့ချမှု ကိစ္စကို ညှိနှိုင်းတိုင်ပင်ခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ထုတ်ဖော်သွားပါတယ်။ ကိုကျော်ရင်လှိုင် တစ်ယောက် NLD မှာ ကရားရေလွှတ်တာ မဆန်းလှပေမယ့် UMFCCI တို့ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှာ ဟောပြောခဲ့တဲ့ ပညာရှင်တွေ NLDကို ရွေ့မျောစီးဆင်းသွားတာ စတိုင်ဘောင်းဘီရှည်နဲ့ တိုက်ပုံကို တွဲမြင်လိုက်ရသလို ကျင့်သားမရသေးလို့ ပြောရင် ခံရမှာပါဘဲ။
“စစ်ဘက် အရပ်ဘက် တွဲရမယ်”မှာ သပွတ်အူလည်နေကြတဲ့ မြန်မာ့နိုင်ငံရေးဟာ စင်္ကြာ မှန်ပြောင်း ကြည့်ရသလို လက်ကလေးက လှည့်ပေးမှ အရောင်တွေ စုံတာမဟုတ်လား။
အောင်မျိုးထွန်း
၁- ၆- ၂၀၁၁
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဆီနိတ်တာဂျွန်မက်ကိန်းတို့ တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ)
2:47 PM
| Posted by Anonymous
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဆီနိတ်တာဂျွန်မက်ကိန်းတို့ တွေ့ဆုံပွဲ (သတင်း၊ ဓာတ်ပုံ)
ဓာတ်ပုံ ဒီမိုဝေယံ
ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌဘဘဦးတင်ဦးနဲ့ အတူတွေ့ရတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း...
2:46 PM
| Posted by Anonymous
ဂျွန်မက်ကိန်း မြန်မာ့အရေး ဆက်ထောက်ခံမည်
10:12 AM
| Posted by Anonymous
ရန်ပိုင် Thursday, 02 June 2011 19:54
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ သွားရောက် တွေ့ဆုံ ဆွေးနွေးသော ဂျွန်မက်ကိန်း (ဓာတ်ပုံ-ဧရာဝတီ)
မစ္စတာဂျွန်မက်ကိန်းသည် ယနေ့ နေ့လယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး အပါ အ၀င် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် မကြာမီ ခရီးလည့်လည်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးကြကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်တဲ့အခါ လုံခြုံရေးနဲ့ ပတ်သက်လို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတဲ့ အကြောင်းကို ဆွေးနွေးတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ဂျွန်မက်ကိန်းနှင့် ယနေ့ ဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မကြာမီ ခရီးထွက်မည် ဖြစ်ပြီး တိုင်းပြည်ကို အသိပေးပြီးမှ သွားရောက်မည်ဟု ပြောပြခဲ့သည်။
ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် သီးခြားစီ
တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြသည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
နေပြည်တော်တွင် ဂျွန်မက်ကိန်းက နိုင်ငံရေး အကျဉ်းသားများ အကျဉ်းသား အခွင့်အရေး အပြည်အ၀ရရှိရေး၊ အကျဉ်းထောင်များသို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ (ICRC) သွားရောက် စစ်ဆေးခွင့် ပြန်လည် ရရှိရေးတို့ကို တောင်းဆိုခဲ့သည်ဟု သိရကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။ မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးသည်ဟု ဆိုသည်။
ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ HIV/AIDS ဝေဒနာသည်များ စောင့်ရှောက်ရေးဂေဟာ တခု၊ ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းရုံး တို့ကို သွားရောက် လေ့လာခဲ့သည်။
ထို့နောက် ဒု ဗိုလ်မှူးကြီးဟောင်း ဦးကျော်ဆန်း၊ ဦးနိုင်းနိုင်း၊ ကိုသိန်းဆွေ၊ အဆိုတော် ဇေယျာသော် စသည့် မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်သားဟောင်းများနှင့် နေ့လယ်စာ စားခဲ့သည်။
ဂျွန်မက်ကိန်းက ဤခရီးစဉ်နှင့် ပတ်သက်ပြီး မနက်ဖြန် နံနက်ပိုင်း ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရ အဖွဲ့ဝင်များ၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။
ဦးသိန်းစိန် အစိုးရသစ် တာဝန်ယူပြီး ၂လကျော်တွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဗီးယား၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရို အမြဲတမ်းကော်မတီဝင် ကျာချင့်လင်၊ တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့မှ စစ်ခေါင်းဆောင်များ လာရောက် လည်ပတ်ခဲ့သည်။
Source: Irrawaddy
http://www.irrawaddy.org/bur/index.php/news/6524-2011-06-02-12-56-38
Subscribe to:
Posts (Atom)
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
မှတ်ပုံတင်ထပ်မံလုပ်ဖို့မလို။ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ













