| Saturday, 28 May 2011 | |
| အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် သန်းစိုးလှိုင် မေ ၂၉ ၊ ၂၀၁၁ ဖြေးဖြေးချင်းလာမယ်ဆိုတဲ့ လွတ်လပ်ခွင့် အစိုးရသစ် တက်မလာမီ သီတင်းပတ်အလိုမှာ နာမည်ဆိုးနဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးက လက်ရှိထုတ်ဝေနေတဲ့ အမျိုးအစား ၆ မျိုးကို တင်ပြီးမှ ထုတ်ဝေတာမဟုတ်ပဲ၊ ထုတ်ဝေပြီးမှ တင်ပြတာမျိုးနဲ့ ခွင့်ပြုဖို့ အစိုးရသစ်ဆီ တင်ပြမယ်လို့ ဆိုပါတယ်။ အစိုးရသစ်ကခွင့်ပြုရင် အဆိုပါ အမျိုးအစားမှာ အကျုံးဝင်တဲ့ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေ မထုတ်မီ ကြိုတင်ပြဖို့မလိုပဲ ထုတ်ပြီးမှ စိစစ်ရေးကို တင်ရမယ့် သဘောပါ။ ဒီလို ပြောင်းလဲမယ့် အရိပ်အရောင်ပြတဲ့ အပေါ် အချို့သော မီဒီယာ နယ်ပယ်မှသူများက အစိုးရသစ်တက်လာရင် မီဒီယာ လွတ်လပ်ခွင့် တဖြည်းဖြည်း ရလာတော့မလားဆိုပြီး မျှော်လင့်နေကြပါတယ်။ သူတို့အမြင်မှာ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်ဆိုတာ ရုတ်တရက် ပြောင်းလဲခြင်းမျိုး မဟုတ်ပဲ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားမယ့် ဖြစ်စဉ်လို့ သုံးသပ်ပြီးဒါဟာ မီဒီယာ လွတ်လပ်ခွင့်ရဲ့ အစပဲလို့ ကောက်ချက်ချသူတွေလည်း ရှိပါတယ်။ တကယ်ပဲ မီဒီယာ လွတ်လပ်ခွင့်ရဲ့ အစလားဆိုတဲ့အချက်အပေါ် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အဖြစ်အပျက်များ အပေါ်မူတည်ပြီး သုံးသပ်ကြဖို့လိုပါတယ်။ ယခင်ထက်လွတ်လပ်လာတယ် ဆိုတဲ့အချက်ကို မငြင်းဆိုပါဘူး။ ဘာလို့ဆို အရင်က စာနဲ့ မထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေက များပြားလွန်းတော့ သတင်းဂျာနယ်တွေက ကိုယ့်ဘာသာကိုယ် မရေးဖို့ ဆုံးဖြတ်တန်ဆုံးဖြတ်၊ ဖြတ်တန်ဖြတ် လုပ်ခဲ့ကြပြီး အခုလက်ရှိအချိန်မှာ အကြောင်းအရာတချို့ကို ရေးခွင့်ရလာတာ ကိုတော့ သတင်းဂျာနယ်လောကသားတွေ သတိပြုမိကြပါတယ်။ ဥပမာ ဟိုအရင်က ပြင်ပ ဒေါ်လာလဲနှုန်းဆိုရင် စိစစ်ရေးက လက်မခံဘူး။ ငွေမာလဲနှုန်းလို့ မလိမ့်တပတ်ရေးခဲ့ရပါတယ်။ ပြင်ပဓါတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်း တဂါလံ ၄၀၀၀ ကျပ်ဆိုရင်လည်း လက်မခံဘူး။ အစိုးရဆိုင်က ပေါက်ဈေး ၂၅၀၀ ကျပ်ပဲ ရေးခွင့်ပေးတယ်။ နောက်ပြီး မီးလောင်တဲ့သတင်းတိုင်းလည်း ဖေါ်ပြခွင့်ရချင်မှရသလို ကားတိုက်တဲ့ သတင်း၊ လူသတ်မှုလို လူစိတ်ဝင်စားတဲ့ မှုခင်းတိုင်းလည်း ဖေါ်ပြခွင့် မရခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီတုန်းက ဆန်ဈေးတက်တယ်ဆိုတဲ့ သတင်းရေးရင်ဖြုတ်ခံရသလို ရွှေဈေးတက်ရင်လည်း ဖြုတ်ခံရလေ့ရှိပါတယ်။ အခုတော့ ပြင်ပ ဓါတ်ဆီပေါက်ဈေး၊ ဒေါ်လာဈေးတွေကို ရေးခွင့်ရပါပြီ။ သို့ပေမယ့် ဒေါ်လာဈေး အမျိုးမျိုးဖြစ်နေတာ၊ အစိုးရလဲနှုန်းက ၆ကျပ်ဖြစ်နေတာ၊ အကောက်ခွန် ဆောင်တဲ့အခါ သတ်မှတ်တဲ့နှုန်းက တမျိုး၊ ပြင်ပပေါက်ဈေးက တမျိုးစသဖြင့် လဲနှုန်းအမျိုးမျိုးဖြစ်နေတဲ့ အဖြစ်ကို ပညာရှင်တွေမေးမြန်းပြီး သုံးသပ်ရေးဖေါ်ပြရင်တော့ အခုချိန်မှာလည်း ခွင့်မပြုပါဘူး။ နိုင်ငံရေးသတင်း ကန့်သတ်မှု ထုံးစံအတိုင်း ယခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို သတင်းဂျာနယ်တွေမှာ ဖေါ်ပြဖို့ဆိုရင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံတာ၊ ကုလသံကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ အခါမျိုးမှာသာ ရှားရှားပါးပါး ခွင့်ပြုလေ့ရှိခဲ့ရာက လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်စုကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်နောက်ပိုင်း ဂျာနယ်တွေမှာ အထိုက်အလျောက် ဖေါ်ပြခွင့်ရခဲ့ကြပါတယ်။ သို့ပေမယ့် မျက်နှာဖုံး အဖြစ်ဖေါ်ပြခွင့်မပေးတာ၊ ပုံအရွယ်အစား ကန့်သတ်တာ၊ သတင်းဖေါ်ပြရာမှာ အချက်အလက်ပြောစကားတွေကို ဖြုတ်တာ၊ ဖြတ်တာတွေ လုပ်ခဲ့ပါသေးတယ်။ တင်ပြခြင်းမရှိပဲ ဖေါ်ပြခဲ့လို့၊ အတွင်းအချပ်ပိုကို မျက်နှာဖုံးဆန်ဆန် လုပ်လို့၊ ဓါတ်ပုံအရွယ်အစားကြီးလို့ စတဲ့ ပြစ်ချက်တွေနဲ့ ဂျာနယ် ၉ စောင် တပတ် နှစ်ပတ် အသီးသီးနားခဲ့ ကြရပါသေးတယ်။ အဲဒီနောက်မှာ ပြည်တွင်း ဂျာနယ်သတင်းထောက်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတိုင်း၊ အခမ်းအနားတိုင်းကို သွားရောက်ပြီး သတင်းရေးပြီး စိစစ်ရေးကို တင်ခဲ့ကြပါတယ်။ ပြည်တွင်း သတင်းထောက်တွေ အနေနဲ့ အရင်တုန်းက ရေးလို့မဖြစ်ဘူးဆိုပြီး နားလည်ထားခဲ့တာကို ဖယ်ထားပြီး တင်ရမှာက ကိုယ့်အလုပ် ခွင့်ပြုတာ မပြုတာက စိစစ်ရေးအလုပ်ဆိုပြီး ၀ိုင်းပြီးဖိအားပေးခဲ့ကြတာပါ။ ဒီလိုဖိအားပေးတာကြောင့် လအတန်ကြာနောက်မှာ ဒေါ်အောင်ဆန်းစုကြည် နာရေးကူညီမှု အသင်းနှစ်ပတ်လည် သွားရောက်တာ၊ ကုလသံကိုယ်စားလှယ်နဲ့ နေအိမ်မှာတွေ့ဆုံတာ၊ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေး ၀န်ကြီးနဲ့တွေ့တဲ့ သတင်းတွေ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ ဖေါ်ပြခွင့်ရခဲ့ပါတယ်။ ယခုပြောတဲ့ အတိုင်းအတာအထိ ရေးသားဖေါ်ပြခွင့်ရလာကြသော်လည်း သတင်းကို သတင်းဆန်ဆန် ပြည့်ပြည့်စုံစုံ ဘက်မျှတစွာ အချက်အလက်ပြည့်စုံစွာ ရေးသားဖေါ်ပြခွင့်ရတာတော့ မဟုတ်သေးပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ အသုံးအနှုန်း အစား ဖျက်သိမ်းပြီးဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လို့ သုံးနှုန်းရပါတယ်။ သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ဖြေကြားတဲ့ ပြောစကားတွေကို ကိုးကားဖေါ်ပြခဲ့ရင်လည်း အများစုက ဖြုတ်ပြစ်ခံရနေတုန်းပါပဲ။ မကြာခင်က လွတ်မြောက်လာတဲ့ အက်စစ် အဖွဲ့ရဲ့ အဆိုတော်၊ မျိုးဆက်သစ် လူငယ်အစည်းအရုံးအဖွဲ့ဝင် ဇေယျာသော်ရဲ့ အင်တာဗျူးတွေကို အပတ်စဉ်သတင်းဂျာနယ်တွေမှာ အပြည့်အစုံဖေါ်ပြခွင့်မရတာကို ကြည့်ရင် စိစစ်ရေးရဲ့ ကန့်သတ်ချက်တွေအများအပြား ရှိနေသေးတာကို သိနိုင်ပါတယ်။ အနုပညာပိုင်းနဲ့ ပတ်သက်တာသာ အင်တာဗျူးမှာဖေါ်ပြခွင့်ရပြီး နိုင်ငံရေး ကိစ္စရပ်တွေအားလုံးကို ဖြုတ်ခိုင်းတဲ့အဖြစ်ကြောင့် တချို့သောဂျာနယ်တွေမှာ ဇေယျာသော်လွတ်လာတဲ့ သတင်းကို တိုနန့်နန့်သတင်းအဖြစ်ပဲ ဖေါ်ပြနိုင်ခဲ့ကြတာကို တွေ့ရမှာပါ။ ဒီရက်ပိုင်းမှာကိုပဲ သတင်းဂျာနယ်နှစ်စောင် သုံးစောင်က အယ်ဒီတာတွေနဲ့ စကားပြောကြည့်တဲ့အခါ ဆောင်းပါးတွေ၊ အကြောင်းအရာတခုကို သိုင်းဝိုင်းပြီး အမြင်အမျိုးမျိုးနဲ့ ဖေါ်ပြတာတွေကို စိစစ်ရေးက ဆိုင်းငံ့ ဆိုပြီး ဖြုတ်ပယ်နေလို့ စိတ်ညစ်နေကြောင်း ငြီးငြူနေကြပါတယ်။ စာပေစိစစ်ရေးက အပေါ်ယံ ကိစ္စရပ်လို့ သဘောထားတဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူဓါတ်ပုံ၊ သူ့နဲ့ တွေ့ဆုံမေးမြန်းခြင်း၊ သူကိုယ်တိုင်ရေးတဲ့ ဆောင်းပါး စတာတွေကို လွန်ခဲ့တဲ့လမှ စပြီးဖေါ်ပြခွင့်ပြုပေမယ့် အစိုးရရဲ့ ပေါ်လစီပိုင်း၊ လက်တွေ့ကျင့်သုံးမှုအပိုင်း အားနည်းချက်တွေက်ု ဝေဖန်သုံးသပ်တဲ့ ဆောင်းပါးတွေကိုတော့ ဖေါ်ပြခွင့်မပြုသေးတာ ယခုအချိန်ထိပါပဲ။ မင်းသားခေါင်းမဆောင်းတဲ့ စိစစ်ရေး အစိုးရအဖွဲ့သစ်ပြောင်းခဲ့တဲ့အတွက် စာပေစိစစ်ရေးက တကယ်ပဲ လက်ရှောင်လိုက်ပြီလား၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရတော့မလား ဆိုတဲ့မျှော်လင့်ချက်တွေ ထွက်ပေါ်နေခဲ့တယ် ဆိုရင် အဲဒီမျှော်လင့်ချက်တွေကို ချေဖျက်လိုက်တဲ့ အဖြစ်အပျက်ကတော့ မေလဆန်းမှာ ဖြစ်ခဲ့တဲ့ True News အပတ်စဉ်ဂျာနယ် ၂ပတ်နားဖို့ အပြစ်ပေးတဲ့ကိစ္စပဲ ဖြစ်မှာပါ။ True News ဂျာနယ်မှာ ဖေါ်ပြလိုက်တဲ့ ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ကို သတင်းမှားယွင်းတယ် ဆိုပြီး ၀န်ကြီးဌာနက စာပေစိစစ်ရေးကို အရေးယူပေးဖို့ စာပို့လာပါတယ်။ ဒီအတွက် စိစစ်ရေးက ဂျာနယ် ၂ ပတ်နားဖို့ အမိန့်ပေးခဲ့တာပါ။ ဒီအဖြစ်က အစိုးရသစ်လက်ထက်မှာ မီဒီယာတွေကို လွတ်လပ်ခွင့် တဖြည်းဖြည်းပေးသွားမယ် ဆိုတဲ့ ပြောဆိုသံတွေ မျှော်လင့်ချက်တွေကို ပျက်ပြယ်သွားစေခဲ့ပါတယ်။ အစိုးရသစ်တက်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို မေးခွန်းမေးတဲ့ သတင်းထောက်ကို ၀န်ကြီးက ပခုံးပုတ်ပြီး မင်းတို့လိုချင်တဲ့ စာပေလွတ်လပ်ခွင့် တဖြည်းဖြည်းရမှာပါ လို့ပြောခဲ့ဖူးလို့ပါပဲ။ ဒီအဖြစ်အပျက်ကြောင့် စာပေစိစစ်ရေးဟာ ဂျာနယ် မဂ္ဂဇင်းများရဲ့ ပုလိပ် ဖြစ်နေဆဲပဲ ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ရှိပါတယ်။ အစိုးရသစ်တက်ပြီး သမ္မတသစ် ဦးသိန်းစိန်ကလည်း မီဒီယာရဲ့ အရေးကြီးပုံ၊ မီဒီယာမှ တဆင့်လူထုကို အသိပေးသင့်တာပေးရမယ် လို့ပြောဆိုပြီး ၁ လကျော်အကြာမှာ ယခုကိစ္စဖြစ်ပွားခဲ့တာပါ။ ၀န်ကြီးဌာနနဲ့ ပုဂ္ဂလိက သတင်းဂျာနယ် အကြားဖြစ်ပွားတဲ့ အငြင်းပွားမှုမှာ တရားဥပဒေနဲ့ ရင်ဆိုင်ဖြေရှင်းကြရမယ့် အစား စာပေစိစစ်ရေးက ၀င်ရောက်ဆုံးဖြတ်ခွင့်ရှိသူနေရာကို ယူထားဆဲဖြစ်တာတွေ့ရမှာပါ။ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို တရားဥပဒေနဲ့ တိုင်းတာရမယ့် အစား စိစစ်ရေးက ချမှတ်တဲ့မူတွေနဲ့ပဲ တိုင်းတာ ဆုံးဖြတ်နေဆဲပါ။ နောက်တချက်က အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားတဲ့ ကိစ္စရပ်မျိုး၊ အစိုးရက ကျင်းပတဲ့ အခမ်းအနားလိုမျိုးမှာ သတင်းယူခွင့် ဘယ်ဂျာနယ်တိုက်ကို ပေးမယ်၊ ဘယ်ဂျာနယ်တိုက်ကို မပေးဘူးဆိုတဲ့ ကိစ္စတွေကို စိစစ်ရေးက ဆုံးဖြတ်တဲ့ အဖြစ်ဟာလည်း မီဒီယာ လွတ်လပ်ခွင့် အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတဲ့ ရေချိန်ကို ပြသနေတာလည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်ဝင်းထဲမှာ တိုင်းအဆင့် ၀န်ကြီး ဦးဥာဏ်ထွန်းဦး ဦးဆောင်ကျင်းပခဲ့တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွေကိုလည်း သတင်းဂျာနယ်တိုင်း မဖိတ်ကြားခဲ့ပါဘူး။ ထို့အတူပဲ မကြာခင်က နေပြည်တော်မှာ ကျင်းပတဲ့ ဆင်းရဲမှုလျော့ချရေး အလုပ်ရုံဆွေးနွေးပွဲကိုလည်း သတင်းဂျာနယ်တိုင်း ဖိတ်ကြားမခံခဲ့ရပါဘူး။ အဲဒီလို အများနဲ့ဆိုင်တဲ့ ပွဲတွေ သတင်းယူခွင့်ကို စိစစ်ရေးက ချုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ အစိုးရဌာနတွေမှာ သတင်းယူခွင့်ကို စိစစ်ရေးနဲ့ ဆက်ဆံရေးကောင်းမှ ဆိုတဲ့ အချက်နဲ့ တွဲထားပါတယ်။ စိစစ်ရေးက ပြောတဲ့ စကားလုံးနဲ့ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အတွက် ဖိတ်ကြားတဲ့ စာရင်းထဲ မထည့်တာလို့ ဆိုပါတယ်။ သတင်းဂျာနယ်တိုင်းမှာ သူ့စာဖတ်ပရိတ်သတ်အတွက် မေးမြန်း သတင်းယူခွင့်ရှိတယ် ဆိုတဲ့အချက်ကို စိစစ်ရေးက အသိအမှတ်ပြုပုံမရပါ။ သတင်းကိုလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့် အဆင့်မရောက်မီ သတင်းကိုလွတ်လပ်စွာ မေးမြန်းရယူခွင့် မရှိသေးဘူးဆိုတာကို အထက်က အဖြစ်အပျက်က ညွန်ပြနေပါတယ်။ သူတို့အခြေခံဥပဒေရဲ့ အထက်က စာပေစိစစ်ရေးသြဇာ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ အတွက် ရေးသားဖေါ်ပြခွင့် နည်းနည်းရလာတယ်လို့ ထင်မှတ်နေစဉ်မှာ အခြားတဘက်မှာတော့ စိစစ်ရေးနဲ့ ဆက်သွယ်လုပ်ကိုင်ရာမှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပေါင်း များစွာကိုလည်း ပယ်ဖျက်ခြင်း မပြုသေးပါဘူး။ တပတ်စာတင်မယ့် စာမူကို ပထမမူ၊ ဒုတိယမူ ၂ မူခွဲပြီး တင်ပြရတာ၊ အတွင်း စာမျက်နှာ မှာဖေါ်ပြမယ့် သတင်းကို မျက်နှာဖုံးမှာ ဖေါ်ပြခွင့်မရှိတာ၊ မျက်နှာဖုံးမှာ ဖေါ်ပြမယ့် သတင်းတွေ ဖြုတ်ပယ်ခံရလို့ အတွင်းမှာ ခွင့်ပြုပြီးသား သတင်းနဲ့ အစားထိုးမယ်ဆိုရင်လည်း ထပ်မံတင်ပြရပြန်တာ၊ သတင်းဓါတ်ပုံ ဖေါ်ပြမယ်ဆိုရင် သတင်းနဲ့ အတူတွဲပြီးတင်ပြထားမှ ဖေါ်ပြခွင့်ရှိတဲ့ အချက်တွေဟာ သတင်းဂျာနယ်တွေ နေ့စဉ် လုပ်ကိုင်ရာမှာ အတားအဆီး နှောင့်နှေးမှုတွေ အများကြီးဖြစ်စေတယ်လို့ အယ်ဒီတာတွေက ဆိုပါတယ်။ မျက်နှာဖုံး သတင်းပြုတ်သွားလို့ အစားထိုးမယ့်နောက် သတင်းတပုဒ်ကို အချိန်မှီအောင် ပြန်တင်ပြရတာ၊ ပုံပြုတ်သွားလို့ စာချည်းပဲ တင်လိုက်ရတာ၊ စတဲ့ဒုက္ခတွေကို အပတ်စဉ်ထုတ်ဂျာနယ်တွေက ဖြေရှင်းနေရဆဲ အဖြစ်ကိုကြည့်ရင် စာပေစိစစ်ရေးရဲ့ ချုပ်ကိုင်ထားမှုတွေကို ဖြေလျော့မပေးသေးတဲ့ အချက်ကို ထင်ရှားစေပါတယ်။ စာမျက်နှာတွေမှာ အယ်ဒီတာတွေက စိတ်ကြိုက် နေရာချခွင့်၊ မျက်နှာဖုံးနဲ့ အတွင်း ဖေါ်ပြခွင့်တွေ အထိတင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အယ်ဒီတာတွေ ၊ သတင်းရေးသူတွေ နောက်ဆုံး စာဖတ်သူတွေ အထိ နစ်နာမှုကြုံတွေ့နေရပါတယ်။ အခုဖေါ်ပြခဲ့တဲ့ ချုပ်ကိုင်မှုတွေကိုပါ ဖြေလျော့ပေးမှသာ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်မယ်ဆိုတဲ့ သမ္မတသစ်ရဲ့ ပြောဆိုမှုကို ယုံကြည်နိုင်မှာပါ။ သမ္မတသစ် ဦးသိန်းစိန်က စတုထ္တမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာ ရဲ့ အရေးပါပုံကို သဘောပေါက်ကြောင်းနဲ့ ၀န်ကြီးဌာနတွေအနေနဲ့လည်း မီဒီယာက တဆင့်ပြည်သူတွေကို အသိပေးသင့်တယ်လို့ ပြောသွားပေမယ့် မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အခြေခံဥပဒေအရ ဘယ်လို အာမခံထားတယ် ဆိုတာမျိုးပြော မသွားခဲ့ပါဘူး။ ပုဂ္ဂလိကပိုင် သတင်းဂျာနယ်တွေ ထုတ်ဝေခွင့် လက်မှတ် လူတိုင်းလျှောက်ခွင့်မရှိတာလည်း မီဒီယာလွတ်လပ်ခွင့် မရှိသေးတဲ့အချက်ကို ပြဆိုနေပါတယ်။ အခုအချိန်ထိ သတင်းဂျာနယ် ထုတ်ဝေခွင့်ရဖို့ရာ နီးစပ်တဲ့ လုပ်ငန်းရှင်တွေသော်လည်းကောင်း၊ အငြိမ်းစား အစိုးရအရာရှိ အချို့သော်လည်းကောင်း ပြန်ကြားရေးဝန်ကြီးက ယုံကြည်စိတ်ချတဲ့ မီဒီယာသမားဖြစ်မှ သော်လည်းကောင်း ခွင့်ပြုတဲ့ အနေအထားမှာ ရှိပါတယ်။ ထုတ်ဝေခွင့် လျှောက်ထားသူတွေမှာ ဘယ်လို အချက်အလက်နဲ့ ညီညွှတ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိသလို လျှောက်ထားသူတိုင်း မရရှိနိုင်တာကြောင့် ထုတ်ဝေခွင့်ရပြီးသားသူတွေရဲ့ ကဒ်ကို အခပေးငှားရမ်းထုတ်ဝေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မျက်နှာလိုက်တဲ့ စိစစ်ရေး ပုဂ္ဂလိက သတင်းဂျာနယ်များအားလုံးအပေါ် စာပေစိစစ်ရေးက ပေးတဲ့ အခွင့်အရေးကလည်း တပြေးညီမဟုတ်ပါဘူး။ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဖေါ်ပြခွင့်ရမရဆိုတာ ဂျာနယ်အပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှု တခုခုကို တချို့ဂျာနယ်မှာဖေါ်ပြခွင့်ရပေမယ့် ဂျာနယ် အတော်များများ ဖေါ်ပြခွင့်မရတဲ့ အဖြစ်မျိုးလည်း မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအဖြစ်မျိုးကြုံလို့ စာပေစိစစ်ရေးကို အထောက်အထားပြပြီး စောဒက တက်ခွင့်မရှိပါဘူး။ ဘယ်ဂျာနယ်ကို ဘာမူဝါဒကြောင့် ခွင့်ပြုတယ်ဆိုတဲ့ အချက်ကို စိစစ်ရေးက ရှင်းပြပေးဖို့ တာဝန်မရှိပါဘူး။ စာပေစိစစ်ရေးရဲ့ ပင်ကိုယ် မူဝါဒကိုက ဘယ်လိုလုပ်ထုံးလုပ်နည်း၊ ဘယ်လိုသတင်းမျိုး၊ ဖေါ်ပြမှုမျိုးကို ခွင့်ပြု ခွင့်မပြု အများသိသာအောင် ထုတ်ပြန်ထားခြင်းမရှိလို့ပဲ ဖြစ်ပါတယ်။ ဆောင်းပါးတပုဒ်၊ သတင်းတပုဒ်ကို ငြင်းပယ်တဲ့အခါ ဆိုင်းငံ့ ဆိုတဲ့ အကြောင်းပြချက်၊ ခိုင်လုံတဲ့ အထောက်အထား တင်ပြရန်ဆိုတာမျိုးနဲ့ ငြင်းပယ်လေ့ရှိပါတယ်။ သတင်းရဲ့ သဘောသဘာဝအရ နောက်တပတ်ကြာသွားတဲ့အခါမှာ အရေးပါမှု စိတ်ဝင်စားမှုလျော့သွားမှာပါ။ တခါတရံ ဂျာနယ်တစောင်နဲ့ တစောင်အကြား အပြေးပြိုင်နေတဲ့ ခြေလှမ်းတွေကို စာပေစိစစ်ရေးက ဖြတ်ရိုက်တဲ့ အဖြစ်မျိုးကြုံကြရတယ်လို့ ပြည်တွင်းက ဂျာနယ်အယ်ဒီတာတွေ ပြောဆိုလေ့ရှိပါတယ်။ ယခုဖေါ်ပြခဲ့တာတွေ ကတော့ ပြည်တွင်း သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုရာမှာ အရေးပါနေဆဲဇတ်ကောင်ဖြစ်တဲ့ စာပေစိစစ်ရေးရဲ့ ကဏ္ဍတွေပါပဲ။ လွန်ခဲ့တဲ့သီတင်း ၂ ပတ်က True News သတင်းဂျာနယ်ကို ၂ပတ်နားစေခဲ့တဲ့ အဖြစ်က စာပေစိစစ်ရေး ရှိနေသေးတယ်။ ဂျာနယ်တွေအားလုံးကိုလည်း ချုပ်ကိုင်ထားနိုင်တယ်ဆိုတာကို မမေ့ဖို့ သတိပေးလိုက်တဲ့ ခရာသံဖြစ်လည်း ဖြစ်နေပါတယ်။
|
အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့်
Sunday, May 29, 2011
1:39 AM
အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့်
| Posted by Anonymous
AI အသင်း၏ နှစ် ၅၀ ပြည့်ပွဲသို့ ဝေနှင်းပွင့်သုန် တက်ရောက်
Saturday, May 28, 2011
11:51 PM
မဝေနှင်းပွင့်သုန်
| Posted by Anonymous
ဓာတ်ပုံသတင်း
မေ ၂၉၊ ၂၀၁၁
မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ လန်ဒန်မြို့ရောက် မဝေနှင်းပွင့်သုန်ကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲတွင် တွေ့ရပုံ။ (ဓာတ်ပုံ - getty images) Wai Hnin of Burma lights a candle during the Amnesty International 50 year celebration church service in Central London, on May 28, 2011. British Foreign Secretary William Hague on Saturday praised Amnesty International on its 50th anniversary, insisting its work remained relevant despite concerns the group has lost its focus. Supporters of the London-based rights group were holding events in more than 60 countries, from Argentina to New Zealand, half a century after the organisation was born out of a simple letter-writing campaign. 

NLD Policy Statement Towards Tourism
3:27 AM
NLD Policy Statement Towards Tourism
| Posted by Anonymous
ကျင့်ဝတ်သိက္ခာနှင့် ညီသည့် ခရီးသွားလုပ်ငန်းကို NLD ကြိုဆို
ခင်ဦးသာ Tuesday, 24 May 2011 19:23
ပြင်ဆင်ဖြည့်စွက်ပြီးသည့် သတင်း
ကျင့်ဝတ်သိက္ခာနှင့်ညီညွတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေသော ခရီးသွားလုပ်ငန်းကို ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
“NLD အနေဖြင့် သာမန်ပြည်သူများ၏ သက်သာချောင်ချိရေးကို မြှင့်တင်လျက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးပြီး တိုင်းပြည်၏ ယဉ်ကျေးမှု၊ နိုင်ငံရေး လူမှုဘ၀တို့ကို ရှုမြင်နားလည်သည့် ပျော်ရွင်ချမ်းမြေ့ဖွယ်ရာ အပန်းဖြေ နေ့ရက်များကို ဖြတ်သန်းလိုသော ခရီးသွားများကို ကြိုဆိုသည်” ဟု မေလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
NLD သည် မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ခုနှစ်ကို သပိတ်မှောက်၍ ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း မပြုရန် တိုက်တွန်းထားခဲ့ပြီး ၁၅ နှစ်အကြာတွင် ယခုကဲ့သို့ ကြေညာချက် ထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်က NLD အနေဖြင့် သပိတ်မှောက်ခဲ့ရခြင်းမှာ ပြည်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည့် အပြင်၊ စစ်အစိုးရနှင့် ၎င်းတို့၏ နီးစပ်သူများသာ ခရီးသွားလုပ်ငန်းမှ အကောင်းဆုံး လုပ်ကွက်များကို လက်ဝါးကြီးအုပ် ချယ်လှယ်မှုများ ရှိနေသည်ကို နိုင်ငံတကာမှ အာရုံစိုက်လာစေရန် ဖြစ်သည်ဟု သိရသည်။
ယခင် စစ်အစိုးရခေါင်းဆောင်များက NLDသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံသည့် အနေဖြင့် ခရီးသွား လုပ်ငန်းကို သပိတ်မှောက်ခြင်းကြောင့် ပြည်သူတို့၏ လူနေမှုဘ၀ နိမ့်ကျရသည်ဟု ဝေဖန်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ အစိုးရစီစဉ်ပေးသော အုပ်စုလိုက် လာရောက်မှု (Package Tour) ထက် တဦးချင်း ခရီးသွားများကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျင့်ဝတ်နှင့်ညီသော (Responsible Tourism) ခရီးသွားလုပ်ငန်းကို လိုလားကြောင်း ပြောဆိုခဲ့သည်။
ခရီးသွားလုပ်ငန်းများအား ကြိုဆိုသော်လည်း ခရီးသွားများ လာရောက်ခြင်းကြောင့် ဖိနှိပ်မှုများ၊ မတော် မတရားမှုများကို နိုင်ငံရေးဆောင်ရွက်ချက်နှင့်သာ တားဆီး လုပ်ဆောင်နိုင်သည်ဟု NLD ကြေညာချက်က ဆိုသည်။
“အသိအမြင်တိမ်ပြီး အရေအတွက် များပြားလှသည့် ခရီးသွားတို့ကြောင့် ဒေသခံတို့၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်များ အခြေခံမှအစ တဖြည်းဖြည်း ပျက်စီးစေနိုင်သည်” ဟုလည်း NLD ကြေညာချက်၌ ပါရှိသည်။
မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း၏ အကျိုးအမြတ်ကိုသာ အာရုံစိုက်ခဲ့သည့်အတွက် လူမှုပတ်ဝန်းကျင်တခုလုံး အတိ ဒုက္ခရောက်ခဲ့ရခြင်းများ ရှိကြောင်း၊ ဟိုတယ်နှင့်ခရီးသွား အထောက်အကူပြု လုပ်ငန်းများ တည်ဆောက်ရန် ဒေသခံ ပြည်သူလူထုတို့မှာ နေရာပြောင်းရွှေ့ခံရခြင်း၊ နစ်နာကြေ မရခြင်း၊ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရခြင်း တို့အပြင် ဒေသခံတို့၏ အသက်မွေး လုပ်ငန်းများကိုပါ ထိခိုက်စေခဲ့ကြောင်း ကြေညာချက်၌ ထောက်ပြထားသည်။
တချို့သော စီမံကိန်းများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည်ဖြင့် ထပ်ဆင့် အနိုင်ကျင့်ခံနေရကြောင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည့် ခရီးသွားများသည် ဒေသခံများကို လက်ဆောင်ငယ်များ ပေးရုံဖြင့် နှစ်သိမ့်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိကြောင်း NLD က ဆိုသည်။
NLD ကြေညာချက်အား ကူညီရေးသားပေးသူ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် ဦးစိုးဝင်းက “အစိုးရနဲ့ အဖွဲ့အစည်းတွေက တာဝန်ယူမှုရှိရမယ်၊ ကျင့်ဝတ်ရှိရမယ်၊ ဂေဟ စနစ်ကို ထိန်းသိမ်း စောင့်ရှောက်မယ် ဆိုရင် ကျနော်တို့က ပါဝင်ကူညီဖို့ အဆင်သင့်ပါ” ဟု ဆိုသည်။
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း၌ အရှေ့တောင် အာရှ နိုင်ငံများ နှင့် နှိုင်းယှဉ်ပါက မဖြစ်စလောက် အဆင့်မျှသာ ရှိနေကြောင်း NLD က ထောက်ပြသည်။
အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၏ ခရီးသွားအရေအတွက်သည် နှစ်စဉ် ၁၄ သန်း ၀န်းကျင်ရှိပြီး ဗီယက်နမ်နိုင်ငံသည်၎ သန်းဝန်းကျင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် နှစ်စဉ် ၂ သန်းကျော်ရှိနေကာ မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုအရေအတွက်မှာ ၂၀၀၉ - ၂၀၁၀ တွင် ၂ သိန်းနီးပါးသာ ရှိကြောင်း NLD ကြေညာချက်၌ ပါရှိသည်။
NLD Policy Statement Towards Tourism
ခင်ဦးသာ Tuesday, 24 May 2011 19:23
ပြင်ဆင်ဖြည့်စွက်ပြီးသည့် သတင်း
ကျင့်ဝတ်သိက္ခာနှင့်ညီညွတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေသော ခရီးသွားလုပ်ငန်းကို ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
“NLD အနေဖြင့် သာမန်ပြည်သူများ၏ သက်သာချောင်ချိရေးကို မြှင့်တင်လျက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးပြီး တိုင်းပြည်၏ ယဉ်ကျေးမှု၊ နိုင်ငံရေး လူမှုဘ၀တို့ကို ရှုမြင်နားလည်သည့် ပျော်ရွင်ချမ်းမြေ့ဖွယ်ရာ အပန်းဖြေ နေ့ရက်များကို ဖြတ်သန်းလိုသော ခရီးသွားများကို ကြိုဆိုသည်” ဟု မေလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
NLD သည် မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ခုနှစ်ကို သပိတ်မှောက်၍ ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း မပြုရန် တိုက်တွန်းထားခဲ့ပြီး ၁၅ နှစ်အကြာတွင် ယခုကဲ့သို့ ကြေညာချက် ထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်က NLD အနေဖြင့် သပိတ်မှောက်ခဲ့ရခြင်းမှာ ပြည်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည့် အပြင်၊ စစ်အစိုးရနှင့် ၎င်းတို့၏ နီးစပ်သူများသာ ခရီးသွားလုပ်ငန်းမှ အကောင်းဆုံး လုပ်ကွက်များကို လက်ဝါးကြီးအုပ် ချယ်လှယ်မှုများ ရှိနေသည်ကို နိုင်ငံတကာမှ အာရုံစိုက်လာစေရန် ဖြစ်သည်ဟု သိရသည်။
ယခင် စစ်အစိုးရခေါင်းဆောင်များက NLDသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံသည့် အနေဖြင့် ခရီးသွား လုပ်ငန်းကို သပိတ်မှောက်ခြင်းကြောင့် ပြည်သူတို့၏ လူနေမှုဘ၀ နိမ့်ကျရသည်ဟု ဝေဖန်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ အစိုးရစီစဉ်ပေးသော အုပ်စုလိုက် လာရောက်မှု (Package Tour) ထက် တဦးချင်း ခရီးသွားများကို ကြိုဆိုကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျင့်ဝတ်နှင့်ညီသော (Responsible Tourism) ခရီးသွားလုပ်ငန်းကို လိုလားကြောင်း ပြောဆိုခဲ့သည်။
ခရီးသွားလုပ်ငန်းများအား ကြိုဆိုသော်လည်း ခရီးသွားများ လာရောက်ခြင်းကြောင့် ဖိနှိပ်မှုများ၊ မတော် မတရားမှုများကို နိုင်ငံရေးဆောင်ရွက်ချက်နှင့်သာ တားဆီး လုပ်ဆောင်နိုင်သည်ဟု NLD ကြေညာချက်က ဆိုသည်။
“အသိအမြင်တိမ်ပြီး အရေအတွက် များပြားလှသည့် ခရီးသွားတို့ကြောင့် ဒေသခံတို့၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်များ အခြေခံမှအစ တဖြည်းဖြည်း ပျက်စီးစေနိုင်သည်” ဟုလည်း NLD ကြေညာချက်၌ ပါရှိသည်။
မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း၏ အကျိုးအမြတ်ကိုသာ အာရုံစိုက်ခဲ့သည့်အတွက် လူမှုပတ်ဝန်းကျင်တခုလုံး အတိ ဒုက္ခရောက်ခဲ့ရခြင်းများ ရှိကြောင်း၊ ဟိုတယ်နှင့်ခရီးသွား အထောက်အကူပြု လုပ်ငန်းများ တည်ဆောက်ရန် ဒေသခံ ပြည်သူလူထုတို့မှာ နေရာပြောင်းရွှေ့ခံရခြင်း၊ နစ်နာကြေ မရခြင်း၊ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရခြင်း တို့အပြင် ဒေသခံတို့၏ အသက်မွေး လုပ်ငန်းများကိုပါ ထိခိုက်စေခဲ့ကြောင်း ကြေညာချက်၌ ထောက်ပြထားသည်။
တချို့သော စီမံကိန်းများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည်ဖြင့် ထပ်ဆင့် အနိုင်ကျင့်ခံနေရကြောင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည့် ခရီးသွားများသည် ဒေသခံများကို လက်ဆောင်ငယ်များ ပေးရုံဖြင့် နှစ်သိမ့်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိကြောင်း NLD က ဆိုသည်။
NLD ကြေညာချက်အား ကူညီရေးသားပေးသူ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် ဦးစိုးဝင်းက “အစိုးရနဲ့ အဖွဲ့အစည်းတွေက တာဝန်ယူမှုရှိရမယ်၊ ကျင့်ဝတ်ရှိရမယ်၊ ဂေဟ စနစ်ကို ထိန်းသိမ်း စောင့်ရှောက်မယ် ဆိုရင် ကျနော်တို့က ပါဝင်ကူညီဖို့ အဆင်သင့်ပါ” ဟု ဆိုသည်။
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသော မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း၌ အရှေ့တောင် အာရှ နိုင်ငံများ နှင့် နှိုင်းယှဉ်ပါက မဖြစ်စလောက် အဆင့်မျှသာ ရှိနေကြောင်း NLD က ထောက်ပြသည်။
အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၏ ခရီးသွားအရေအတွက်သည် နှစ်စဉ် ၁၄ သန်း ၀န်းကျင်ရှိပြီး ဗီယက်နမ်နိုင်ငံသည်၎ သန်းဝန်းကျင်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် နှစ်စဉ် ၂ သန်းကျော်ရှိနေကာ မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုအရေအတွက်မှာ ၂၀၀၉ - ၂၀၁၀ တွင် ၂ သိန်းနီးပါးသာ ရှိကြောင်း NLD ကြေညာချက်၌ ပါရှိသည်။
NLD Policy Statement Towards Tourism
၉၀ ရွေးကောက်ပွဲ (၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ စာတမ်း - တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်)
2:49 AM
တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်)
| Posted by Anonymous
၉၀ ရွေးကောက်ပွဲ (၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ စာတမ်း - ၂၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (ဖြိုးမင်းသိန်း)
2:46 AM
၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ
| Posted by Anonymous
ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့မှာ ကျင်းပတဲ့ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲ
1:42 AM
ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား
| Posted by Anonymous
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့မှာ ကျင်းပတဲ့ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား....
အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အမှုဆောင် လူကြီးများအား တွေ့ရစဉ်...
အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦးအား အဖွဲ့ချုပ် ပါတီဝင် အမျိုးသမီးကြီးတစ်ဦးမှ ဂုဏ်ပြုပန်းစည်းပေးအပ်နေပုံ
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား ကျင်းပရာ အဖွဲ့ချုပ်ရုံးချုပ်သို့ အလာတွင် အဖွဲ့ချုပ်ပါတီဝင် အမျိုးသမီးများမှ ဂုဏ်ပြုပန်းစည်းများနှင့် ကြိုဆိုနှုတ်ဆက်နေကြစဉ်...
အဖွဲ့ချုပ်လူငယ် တာဝန်ခံကိုရာဇာနှင့် ရင်းနှီးစွာ နှုတ်ဆက် စကားပြောနေတဲ့ HIP HOP အဆိုတော် ကိုဇေယျာသော်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် စာတမ်း ကိုင်ဆောင်ထားသော အဖွဲ့ချုပ် ပါတီဝင်တစ်ဦးအား အဖွဲ့ချုပ်ရုံးရှေ့၌ ယနေ့နံနက် ၁၀း၃၀ အချိန်တွင်တွေ့ရစဉ်...
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၁ နှစ်မြောက်နေ့ ဖြစ်သည့် ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် လွတ်မြောက် နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင်လူကြီးများ၊ အဖွဲ့ချုပ်ပါတီဝင်များနှင့် HIP HOP အဆိုတော် ကိုဇေယျာသော်၊ ကိုမျိုးသိန်း(ခ)ဂျွန်နသန် အစရှိသည့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံကြခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အကျဉ်းသား(၅၆)ဦး တက်ရောက်ခဲ့ပါသည်။
ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီး ရောက်လို့  နေ
1:41 AM
ဘုရင်ရူးရူးနေတဲ့ သန်းရွှေ
| Posted by Anonymous

အခုတော့ ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီးကို ထားထားတာ အင်မတန် မသင့်တော်တဲ့ လုပ်ရပ်ပါဘဲ။
ရာဇပလ္လင်ဆိုတာ ရှေးခေတ် မြန်မာနိုင်ငံရဲ့  သက်ဦးဆံပိုင် ဘုရင်တွေ ထိုင်ခဲ့တဲ့ အထွဋ်အမြတ်ထားရာ နေရာထိုင်ခင်း ဖြစ်ပါတယ်။ ရာဇပလ္လင်တစ်မျိုးဖြစ်တဲ့ သီဟာသနပလ္လင်ဆိုတာ ခြင်္သေ့ရုပ်ခံဖြစ်ပြီး ယမနေသားနဲ့  ထုဆစ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဟာ လွှတ်တော်ကျင်းပရာခန်းမဆောင်အတွင်းမှာ ထားရှိပြီး လွှတ်တော်အတွင်း မှူးမတ်အပေါင်းတို့ ရဲ့  ပူဇော်ခံပြီး လွှတ်တော်ကျင်းပတာ ဖြစ်ပါတယ်။ သီဟာသနပလ္လင်ဟာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ပလ္လင် (၈) ပါးထဲက အထွဋ်အထိပ်ထားတဲ့ အမြင့်မြတ်ဆုံး ပလ္လင်ဖြစ်ပါတယ်။
နေပြည်တော်ဆောက်လုပ်နေစဉ် သတင်းထွက်ပေါ်လာခဲ့တဲ့ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီးနဲ့  ပုံစံတူတဲ့ ပလ္လင်ကြီးတစ်ခုကို နေပြည်တော်ကို ရွှေ့ တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာ အခုတော့ တကယ်ကို သိန်းစိန်ရဲ့  ရုံးခန်းထဲမှာ ရောက်နေတာ တွေ့ မြင်ရပါပြီ။
ဒီနေရာမှာ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ခေတ်အဆက်ဆက်က ထားရှိခဲ့တဲ့ သီဟာသနပလ္လင်ကြီးရော ဆက်ရှိနေသေးရဲ့ လား၊ အခု သိန်းစိန်ရဲ့  ရုံးခန်းထဲကို ရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက အမျိုးသားပြတိုက်ထဲကနေ ပြောင်းယူခဲ့တဲ့ ပလ္လင်အစစ်ဖြစ်နေပြီး ရန်ကုန်က အမျိုးသားပြတိုက်ထဲမှာတော့ အတုနဲ့ အစားထို့  လဲထားပြီး အများပြည်သူအမြင်မှာ ဟန်မပျက်ရှိနေအောင် ဖန်တီးထားသလားဆိုတာ မေးစရာဖြစ်နေပါပြီ။
သန်းရွှေတို့  သိန်းစိန်တို့  အာဏာရူးတွေ ဖြောင်ပြစ်နေတဲ့ အစစ်ကို အတုနဲ့  ပှုံမှားရိုက်ပြီး အစားထိုးထားတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေ ဘုရားစေတီပုထိုးက သယံဇာတတွေ ဌာပနာတွေ ဘယ်လောက်တောင်ရှိနေပြီးလည်း ကုန်ဆုံးပျောက်ကွယ်နေပြီလည်းဆိုတာ တွေးကြည့်ရပါတော့မယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးတောင် ရွှေ့ ယူလို့ ရမယ်ဆိုရင် အခုဆို နေပြည်တော် ရောက်နေလောက်ပါပြီ၊ နောက်ဆုံး ဘုရားစေတီပုထိုးတွေ အတုလိုက်လုပ်ပြီး တန်ခိုးအရှိအ၀ါရှိအောင်ဆိုပြီး မလုပ်သင့်တာ လုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့ အာဏာရူးတွေရဲ့  ပြောမယုံ ကြုံဖူးမှသိဆိုသလိုဘဲ အခု သိန်းစိန်ရဲ့  ရုံခန်းထဲရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက သက်သေပြနေပါပြီ။
သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ အလှပြထားရမယ့်အရာ မဟုတ်ပါဖူး။ နိုင်ငံခြားသား သံတမန်တွေ လူမျိုးခြား ဧည့်သည်တွေကို မြန်မာပြည်ရဲ့  အခြားသော လက်မှုအနုပညာများနဲ့  ပြသလို့  ရပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့  တော်ဝင်ပစ္စည်း သမိုင်းအမွေအနှစ်တွေကို အစစ်ကိုဖြစ်စေ ပုံတူတုလို့ ဘဲ ဖြစ်စေ တန်ဖိုးမဲ့စွာ လုပ်ပြဖို့  မသင့်တော်ဖူးဆိုတာ တိုင်းပြည်ရဲ့  ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုပြီး ပြောပြောနေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  က အမျိုးမျိုး ဖောက်ပြန်လုပ်ဆောင်နေတာပါလား။
သမိုင်းအမွေအနှစ်တွေ ပြည်သူပိုင်ပစ္စည်းတွေ တိုင်းပြည်ရဲ့  ရှေးဟောင်းအမွေအနှစ်တွေကို သိန်းစိန်တို့  အခုလို လက်လွတ်စပယ်လုပ်နေကြတာဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို အကြီးအကျယ် စော်ကားနေတာ ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
မှတ်ပုံတင်ထပ်မံလုပ်ဖို့မလို။ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ







