အထူးကိုယ်စားလှယ်ခန့်ကာ မြန်မာ့အရေး အမေရိကန် အဆင့်မြှင့်ဆောင်ရွက်

Wednesday, April 20, 2011 8:31 AM | Posted by Anonymous
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်တဦး ခန့်ထားဖို့ အမေရိကန် သမတက အဆိုပြု ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နောက်ထပ် အဆင့်တဆင့် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mark Toner က ဧပြီ ၁၉ ရက် မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ဒုလက်ထောက် ဝန်ကြီး Derek Mitchell ကို ပြီးခဲ့တဲ့အပတ်က ခန့်အပ်ဖို့ သမတက ရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်-မြန်မာဆက်ဆံရေး အပြောင်းအလဲ ရှိမရှိ မေးမြန်းရာမှာ Mr. Toner က အခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။

(Derek Michell)
(Derek Michell က လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီး ဒီတာဝန် မထမ်းဆောင်ခင်က အမေရိကန်မှာ ထင်ရှားတဲ့ Think Tank အဖွဲ့ဖြစ်တဲ့ Center for International Study and Strategy မှာ အာရှတိုက်ရေးရာ တာဝန်ခံတယောက် ဖြစ်ခဲ့ဘူးပါတယ်)

သေချာတာကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ခေါင်းဆောင်ဖို့ ဒီလို အဆင့်မြင့် အစိုးရ အရာရှိတဦးကို ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရက ဆောင်ရွက်ချက် နောက်တဆင့် တိုးလိုက်တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တိုက်ရိုက်ဆက်ဆံရေးနဲ့ ပိတ်ဆို့အရေးယူမှု လမ်း နှစ်သွယ် မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ မစ္စတာတိုနာက ပြောသွားတာပါ။

သူကဆက်ပြီး တိုက်ရိုက် ဆက်ဆံရေး မူဝါဒဟာ အကျိုးရလဒ် ထုးခြားမှု မရှိတာကို ဝန်ခံရမှာ ဖြစ်ပေမဲ့ ဒီမူဝါဒကို ဆက်လက် တံခါးဖွင့်ထားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူက ပြောပါတယ်။

ဒီရာထူးအသစ်ကြောင့် မြန်မာနိုင်ငံ ဆက်ဆံရေးမှာ အခွင့်အလမ်းသစ်တွေ ထပ်တိုးလာမယ်လို့လည်း မျှော်လင့်သလို အချုပ်အားဖြင့်ပြောရရင် မြန်မာနိုင်ငံက အာဏာရှင် အုပ်ချုပ်ရေး ယန္တရားအပေါ် အမေရိကန် အစိုးရက အထူး စိုးရိမ်ပူပန်တယ်ဆိုတာလည်း ပြသနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ၅ ဦး စတင်ရွေးချယ်

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ပေးအပ် ချီးမြှင့်နေတဲ့ ဒုတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နာမည်စာရင်း အဆိုပြုခံရသူ ရဟန်းရှင်လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း၂၀ ထဲက ဆန်ခါတင် ၅ ဦး သတ်မှတ် ရွေးချယ်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု တဝန်းက မြန်မာမိသားစုတွေအကြား စတင် ဆောင်ရွက်နေပြီလို့ ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းက RFA ကို ဧပြီ ၁၈ ရက် မနေ့က ပြောပါတယ်။

“စာရင်းပိတ်သွားတဲ့ အချိန်မှာ စုစုပေါင်း ၃၄ ဦးပေါ့နော်၊ ၃၄ ဦးဆိုတာ အဖွဲ့အစည်းလည်း အဲဒီထဲမှာပဲ ပေါင်းထည့်ထားတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၀ ကို ကျွန်တော်တို့ ရွေးထုတ်ပြီးတော့ ဒီမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့ ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာ ဖြစ်ပါတယ်။”

“အခုတော့ ကျွန်တော်တို့ ၅ ဦး ရွေးတဲ့ အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျ ကျွန်တော်တို့ ဒီမှာ အမေရိကားမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် မိသားစုတွေ ရှိတဲ့ မြို့တွေမှာပေါ့၊ ဝိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော နောက်ပြီးတော့ မြို့ခံ၊ ဒေသခံတွေ ဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေ ကောက်ပြီးတော့ ၅ ဦးပေါ့။ အခုဆိုရင် စပြီး ရွေးပြီပေါ့နော်။”

“ရွေးပြီဆိုတော့ ကျွန်တော်တို့ လကုန်လောက်မှာ အဲဒီ အားလုံးကို ကျွန်တော်တို့ စာရင်းပြန်ပေါင်းတဲ့အခါမှာ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာတင်ပဲ မဲပေးတဲ့ စနစ်နဲ့ ကျွန်တော်တို့ ရွေးချယ်မှာ ဖြစ်ပါတယ်။”

ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေကို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာမိသားစုတွေက အင်တာနက် အွန်းလိုင်းကနေ မဲစနစ်နဲ့ ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

လောလောဆယ် နာမည်စာရင်း အဆိုပြုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ထဲမှာ သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ တောင်ဒဂုံ အိတ်အိုင်ဗီစင်တာ တာဝန်ခံ မဖြူဖြူသင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့က ဦးမြင့်အေး၊ ကိုဇာဂနာ၊ ရခိုင်သဟာရအသင်းကြီးနဲ့ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံတို့လည်း ပါဝင်ပါတယ်။

ဒီဆုကို မနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး ပထမဆုံးအကြိမ် ပြည်သူဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှု အသင်းခေါင်းဆောင် ဦးကျော်သူကို ရွေးချယ်ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ပြည်သူ့ဂုဏ်ရည် ဆုရှင်ကို ဒေါ်လာ ၁ သောင်းအထိ တိုးမြှင့်ဂုဏ်ပြုဖို့ စီစဉ်ထားပြီး ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ လာမဲ့ မေလ ၁၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။

The Purple Plain 1954Burma Movie11

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie10

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie09

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie08

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie07

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie06

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie05

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။