Intelligence Unit : Red Alert: Nuclear Emergency in Japan
Nuclear Emergency
The key concern is now focussed on the red alert associated with the nuclear emergency declared in Japan. In particular, this is to do with the Fukushima Daiichi nuclear power plant. Pressure at the nuclear plant may have risen to 2.1 times its designed capacity, Japan's trade ministry has just announced. Temperatures and pressure at the "Number 1" nuclear reactor have been rising since its cooling system was knocked out by the earthquake, raising concerns about a possible radiation leak. Japan has also just announced that it may have to release radioactive vapour from the nuclear reactor into the atmosphere. The radiation level inside one of the reactors at the Fukushima-Daiichi nuclear plant is 1,000 times higher than normal according to a safety panel's citation by Kyodo news agency. If the outage in the cooling system persists, radiation would leak out into the environment and some indications are this may already be taking place. As a worst case, the persistence of this problem could cause the reactor's meltdown. The Japan nuclear 'station blackout' has the potential to go catastrophic as the authorities struggle to 'cool down' the nuclear facility before reactions spiral out of control.
Pacific Ring of Fire
About 90% of the world's earthquakes and 80% of the world's largest earthquakes occur along the Ring of Fire. Japan's quake suggests the 'Ring of Fire' arc of volcanoes & trenches encircling the Pacific basin have become even more active than usual. Sadly, this could mean more quakes, volcanoes and Tsunamis may follow -- not just in Japan -- but also other countries and islands that frame the Pacific basin.
1 in 150 Years Event
Japan's 8.9 Richter earthquake is the biggest in 140 years, surpassing 1923's Great Kanto 7.9 Richter quake which killed 140,000. Post the devastating earthquake and Tsunami in Japan, we have spent most of the day at our headquarters in London, monitoring developments hour-by-hour via friends, partners and colleagues in Japan as well as government officials and NGOs in related countries and at the United Nations.
24/7 Updates
If you wish to follow the latest analysis and development in regard to seminal issues linked to the Japan earthquake and Tsunami, please visit us online at ATCA 24/7 on Yammer. Once again, we offer prayers and well wishes for all those affected by the massive earthquake and tsunami in Japan. At moments like this, regardless of our diverse backgrounds, we are all one!
[ENDS]
Participate in this Socratic dialogue at:
http://www.facebook.com/photo.php?pid=2153035&l=9c207bd065&id=1059226035
Video of mad tsunami waves battering ships, homes, cars after Japan earthquake
ဂျပန် ငလျင်ဒဏ် အကြီးအကျယ်ခံရ
BBC (Burmese)ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက် မွန်းလွဲ ၂နာရီ ၄၆ မိနစ်က အရှေ့မြောက်ပိုင်း ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ငလျင်ကြီး လှုပ်သွားခဲ့တာကြောင့် နိုင်ငံရဲ့အရှေ့မြောက်ကမ်းရိုးတန်းကို ကြီးမားတဲ့ ဆူနာမီ ဒီရေလှိုင်းလုံးကြီးတွေ ရိုက်ခတ်သွားခဲ့ရပါတယ်။
အရှိန်နဲ့ လှိမ့်တက်လာတဲ့ အမြင့်ပေ ၃၃ ပေခန့်ရှိတဲ့ ဧရာမလှိုင်းလုံးကြီးတွေဟာ ကမ်းခြေမြို့ ဆန်ဒိုင်းကို ဖုံးလွှမ်းသွားခဲ့ပြီး မော်တော်ကားတွေ လူနေအိမ်တွေ သင်္ဘောတွေကို ဝါးမြိုသွားခဲ့ကာ ဒီရေပြန်အကျမှာ အပျက်အစီးတွေဟာ လှိုင်းနဲ့အတူ ပင်လယ်ထဲမျောပါသွားခဲ့ပါတယ်။
ငလျင်ကြီးရဲ့ပြင်းအားက ၈. ၉ richter scale ရှိပြီး ဂျပန်ကမ်းရိုးတန်း အလွန် ကီလိုမီတာ ၁၃ဝ အကျယ်အဝန်းကို ဗဟိုပြုလှုပ်ခါတာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ သုတေသန လေ့လာချက်တွေအရသိရပါတယ်။
တိုကျိုမြို့တော် မှာ လွှတ်တော် အစည်းအဝေး ကျင်းပတုန်း ငလျင်လှုပ်သွားခဲ့တာဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်Naoto Kan က လွှတ်တော် အစည်းအဝေးကို ရပ်လိုက်ပြီး မြေငလျင်အရေးပေါ် ကယ်ဆယ်ရေးကော်မီတီ ဖွဲ့စီးခဲ့ကာ ကိုယ်တိုင် ဥက္ကဌအဖြစ်ဆောင်ရွက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဦးစီးဆောင်ရွက်နေပါတယ်။
နောက်ပိုင်းမှာ တိုကျိုမြို့မှာ အင်အားပြင်းတဲ့ နောက်ဆက်တွဲ တုန်ခါမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
တိုကျိုမြို့ ဝန်းကျင် ရှိ နေအိမ် တိုက်တာ ၄ သန်းမှာ လျှပ်စစ်မီး ပြတ်တောက်သွားပြီး မီးလောင်မှု တခိျု့ ဖြစ်ပွားပါတယ်။
နိုင်ငံမြောက်ဖက်ဆီ ပြေးဆွဲတဲ့ ကျည်ဆံ အမြန်ရထားလိုင်း ကိုလဲရပ်ဆိုင်းလိုက်ပါတယ်။
တိုကျိုမြို့လည် ရောက်နေကြတဲ့ ဂျပန်လူမျိုးတွေက ငလျင်လှုပ်ပုံက ကြောက်စရာ ကောင်းလွန်းလို့ သူတို့ သေတော့မှာပဲလို့ စိုးရိမ်ကြပုံကို ပြောကြပါတယ်။
တိုကျို နိုင်ငံတကာ နာရီတာ လေဆိပ်ကိုလဲ အဝင်အထွက် ပိတ်ထားပါတယ်။
ဆူနာမီရေလှိုင်းနဲ့ သင်္ဘောတွေလဲ မျောပါကုန်လို့ ရေကြောင်းလိုင်းတွေပါ နိုင်ငံအနှံ့ ရပ်ဆိုင်းထားပါတယ်။
ဆန်ဒိုင်းမြို့ မြောက်ဖက် ပင်လယ် ကမ်းခြေမြို့ အီဝါတီ မှာလဲ ဆူနာမီ လှိုင်းကြီးက မော်တော်ကားတွေ၊ ကုန်တင်ကားတွေ နဲ့ နေအိမ်တိုက်တာ တွေပါ တိုက်စားသွားပါတယ်။
ဖူကုရှီမာ ရှိနျူးကလီးယားစက်ရုံမှာ လေအေးပေးစံနစ် အလုပ်အလုပ်တော့တဲ့အတွက် အရေးပေါ်အခြေအနေကြေညာထားပါတယ်။
နောက် နျူးကလီးယား စက်ရုံဖြစ်တဲ့ မီယာကြီး နျူးကလီးယားစက်ရုံမှာ မီးလောင်နေတယ်လို့ သိရပြီး နျူးကလီးယားစိမ့်ယိုမှုတွေမတွေ့ရဘူးလို့ အာဏာပိုင်တွေကပြောပါတယ်။
ငလျင်လှုပ်တာကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ခက်တယ်လို့ သြစတြေးလျ အခြေစိုက် ဘူမိဗေဒပညာရှင် ဒေါက်တာ သန်းနိုင်က ပြောပါတယ်။
မကြာခင်က ငလျင်လှုပ်ခဲ့တဲ့ နယူးဇီလန်၊ အင်ဒိုနီရှား၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုကာလီဖိုးနီယား ကမ်းရိုးတန်း ဟဝိုင်ယီ စတဲ့ ဒေသတွေဟာ မီးတောင်တွေ ပေါက်နိုင် ငလျင်တွေ လှုပ်နိုင်တဲ့ မတည်ငြိမ်တဲ့ ဒေသတွေ ဖြစ်လို့ ဘူမိဗေဒပညာရှင်တွေက Ring of Fire လို့ ခေါ်ကြတယ်လို့ သူကပြောပါတယ်။
အခုငလျင်ဒဏ်ကြောင့် အင်ဒိုနီရှား ဖိလိပိုင် တိုင်ဝမ် မီယာမီ စတဲ့ဒေသတွေမှာ ဆူနာမီရေလှိုင်း ရိုက်ခတ်နိုင်တယ်လို့ သတိပေးမှုတွေ လုပ်ခဲ့ပေမဲ့ အခုတော့ သတိပေးချက်တွေကို ရုတ်သိမ်းလိုက်ပါပြီ။
ဂျပန်နိုင်ငံမှာ လောလောဆယ် လူ ၃၀၀ ခန့်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ သတင်းရပေမဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်ကို ခန့်မှန်းလို့ မရနိုင်သေးပါဘူး။
Credit to BBC: http://www.bbc.co.uk/burmese/news/2011/03/110311_japantsunami.shtml
ဂျပန် ငလျင်နှင့်ဆူနာမီ လူအမြောက်အများသေဆုံး

ဓာတ်ပုံ - အေပီ
(ဂျပန်နိုင်ငံ Miyagi ခရိုင်က ငလျင်နဲ့ ဆူနာမီဒဏ်ခံရပြီးနောက် မြင်ကွင်း မတ်လ ၁၁၊ ၂၀၁၁)
ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် လူသေဆုံးမှုတွေနဲ့ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။
သောကြာ, 11 မတ် 2011 By ဗွီအိုအေ (မြန်မာပိုင်း)
ဒီကနေ့ ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ ၄၆ မိနစ်အချိန်မှာ တိုကျိုမြို့မြောက်ဘက် မိုင်(၂၃၀) မိုင်အကွာ၊ မိယာငိခရိုင် (Myagi Prefecture) ဆဲန်ဒိုင် Sendai မြို့ရဲ့ အရှေ့ဘက်မိုင်(၈၀) အကွာ ပစိဖိတ်ပင်လယ် ပြင် ရေအောက် (၆)မိုင်နေရာကို ဗဟိုပြုပြီး ရစ်(ခ်ျ)တာစကေး (၈.၉)ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့်၊ ဂျပန် ရဲ့ အရှေ့မြောက်ဘက်ခြမ်းတခုလုံးမှာ၊ လူသေဆုံးမှုတွေ ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပြီးတော့၊ လူပေါင်း များစွာဟာလည်း ထောင်နဲ့ချီပြီး ပျောက်ဆုံးနေကြပါတယ်။ အခုနောက်ဆုံးသတင်းအရ လူသေအလောင်း တွေတွေ့ရှိမှုဟာ ရာဂဏန်းတွေနဲ့ ရှိနေပြီး၊ လူသေဆုံးမှု ကိန်းဂဏန်းဟာ ဒီထက်ပိုများလာဖို့ရှိနေတယ်လို့ ဂျပန်အစိုးရ NHK သတင်းက ဆိုပါတယ်။ လျှပ်စစ်ဓါတ်အားတွေဖုံးလိုင်းတွေ ပြတ်တောက်နေတာကြောင့်၊ အဆက်အသွယ်တွေ လုပ်လို့မရပဲ၊ ဒေသအလိုက် အသေအပျောက်သတင်းတွေ မရရှိနိုင်ပဲ ဖြစ်နေပါတယ်။
မြို့တော်တိုကျိုမှာ၊ အိမ်ခြေလေးသန်းလောက် လျှပ်စစ်မီးပြတ်တောက်နေပြီးတော့၊ ငလျင်ငယ်လေးတွေဆက် ပြီးလှုပ်ခတ်နေဆဲဖြစ်ပါတယ်။ အာဏာပိုင်တွေက နောက်ထပ် အင်အားပြင်းငလျင်လှုပ်ခတ်နိုင်တဲ့ သတိပေး မှုကိုကြေညာထားပြီးတော့၊ လူထုကို ရောက်ရှိနေတဲ့နေရာကနေ အပြင်မထွက်ပဲ နေကြဖို့ အမိန့်ထုတ်ထား တာကြောင့် ညဥ့်နက်ပိုင်းရောက်လာတဲ့အထိ လူတွေဟာ ရုံးတွေနဲ့ လုပ်ငန်းခွင်တွေမှာပဲ နေနေကြရပါတယ်။ တိုကျိုမြို့မှာ အဆောက်အဦးတချို့ရဲ့ အမိုးတွေ ပြိုကျခဲ့ပြီးတော့၊ ငလျင်ကြောင့် မီးလောင်နေကြတဲ့ တိုကျိုက မြို့နယ်တချို့ထဲမှာ မြန်မာအများစုနေထိုင်ရာ Toshima မြို့နယ် လည်း ပါဝင်ပါတယ်။ လေဆိပ်ရေဆိပ်ဘူတာ ရုံတွေ အားလုံးကို အစိုးရကပိတ် ထားလိုက်ပြီး၊ လမ်းတွေပေါ်မှာ တာဝန်ရှိသူတွေကလွဲပြီး အသွားအလာအား လုံး ရပ်ဆိုင်းနေပါတယ်။
ငလျင်ကြောင့် ဂျပန်အရှေ့ဘက်ကမ်းခြေက ဆဲန်ဒိုင် Sendai မြို့နဲ့ ဖုခုရှီးမခရိုင် (Fukushima Prefecture) အိုနဟမ Onahama မြို့တွေမှာ၊ (၃၃)ပေကျော် ဆူနားမိလှိုင်းလုံးတွေ ဖုံးလွှမ်း သွားခဲ့ပြီးတော့ ဆဲန်ဒိုင် Sendai မြို့မှာ ရေအောက်နစ်မြုပ်သေဆုံးသူ အလောင်းတွေကို ရာနဲ့ချီ တွေ့ရတယ် လို့ AP သတင်းမှာ ဆိုပါ တယ်။ ကမ်းခြေမှာခုတ်မောင်းနေတဲ့ အရေအတွက်မသိရသေးတဲ့ ခရီးသည်တွေလိုက်ပါလာတဲ့ ရထားတစီး ပျောက်ဆုံးနေပြီးတော့၊ ခရီးသည် (၁၀၀)ကျော်လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစီးဟာလည်း၊ ရေအောက် ကို နစ်မြုပ်သွားတာကြောင့် ခရီးသည်တွေ အားလုံးသေဆုံးသွားခဲ့ရပါတယ်။
ဂျပန်အစိုးရဟာ အရေးပေါ်လုပ်ငန်းများ စီမံခန့်ခွဲဆောင်ရွက်ရေးကော်မီတီကို ဖွဲ့စည်းလိုက်ပြီး၊ ငလျင်ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို သေးငယ်နိုင်သမျှသေးငယ်သွားအောင် အစိုးရက လုပ်ကိုင်သွားမှာဖြစ်ပြီး တော့၊ ဂျပန်လူထုအနေနဲ့ ရေဒီယိုရုပ်မြင်သံကြား သတင်းတွေကနေ အစိုးရရဲ့သတိပေးချက်တွေကို အာရုံ စိုက်နေကြဖို့ကို ၀န်ကြီးချုပ် နာအိုး ထိုးခမ်း(Naoto Kan) က ရုပ်သံလွှင့် ပြောကြားသွားခဲ့ပါတယ်။ နျူးကလီး ယားစွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေဟာ ငလျင်လှုပ်ရင် စက်ရုံလည်ပတ်မှု အလိုအလျောက်ရပ် ဆိုင်းသွားတဲ့ စနစ်ကြောင့် ရေဒီယို သတ္တိကြွယိုစိမ့်မှု မရှိဘူးလို့၊ ၀န်ကြီးချုပ်နာအိုးထိုးခမ်းက ပြောခဲ့ပါတယ်။
ဒါပေမယ့် ဆဲန်ဒိုင် Sendai မြို့က အိုနင၀ Onagawa နျူးကလီးယားလျှပ်စစ် ဓါတ်အားပေးစက်ရုံ မီးလောင် ပျက်စီးသွားတာကြောင့် ရေဒီယိုသတ္တိကြွယိုစိမ့်မှု မဖြစ်ပေါ်စေရေး သီးသန့်ကော်မီတီကို ဖွဲ့စည်းဆောင်ရွက် သွားမယ်လို့ ညနေပိုင်းမှာ အစိုးရက ကြေညာပါတယ်။ ဖုခုရှီးမခရိုင်က ဒိုင်းအိချိ (Daiichi) နျူးကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာလည်း အအေးခံစနစ် ပျက်စီးသွားတာကြောင့်၊ ရေဒီယိုသတ္တိကြွယိုစိမ့်မှု ဖြစ် ပေါ်လာမှာကို စိုးရိမ်နေရပါတယ်။
Credit to VOA: http://www.voanews.com/burmese/news/japan-quake-117793143.html
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ