ပြည်သူ့လွှတ်တော် သို့ ပေးပို့မည့် နအဖ စစ်အုပ်စု ရဲ့ တမတ်သားပါလီမန်ကိုယ်စားလှယ် စာရင်း
UEC's Announcement of Defence Services Personnel Pyithu Hluttaw representatives in English
နအဖ ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပါတ်သက်၍ ဒီချုပ် ရဲ့ သဘောထားထုပ်ပြန်ကြေငြာချက်
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
ဆိုက်ကားသမားဒဿနဆရာ
ဆရာကြီး မြသန်းတင့်ရဲ့ ခေတ်ပြိုင်ရုပ်ပုံလွှာများ ဒုတိယအကြိမ် ပြန်လည် ထွက်ရှိတာပါ...။
ပထမအကြိမ်မှာမပါဝင်တဲ့ ရုပ်ပုံလွှာ အသစ်နှစ်ပုဒ် ထပ်မံဖြည့်စွက်ထားပါတယ်...။ လူများ နှစ်ကာလများ ဘ၀များ အကြောင်းကို ရိုးရှင်းစွာ မြင်တွေ့နိုင်ပါသည်...။ ဆရာကြီးမြ ရေးသားခြင်းမို့ ကျွန်တော် အနေနဲ့ အထူးတလည်.. ညွှန်းဆိုနေစရာတော့ သိပ်မလိုပါဘူး.. စာဖတ်သူတွေအတွက်.. စိတ်ကြိုက်တစ်ပုဒ်ကို.. တင်ဆက်ပေးလိုက်ပါတယ်..။ ကျွန်တော်စာအုပ်စင်အတွက် သိမ်းဆည်းထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ် ဖြစ်ပါတယ်..။
ဆိုက်ကားသမားဒဿနဆရာ
ညို့မှောင်နေသည့်သူ့မျက်နှာပေါ်
သူ့မျက်နှာသည် ကြည်လင်လတ်ဆတ်ကာ နှစ်လိုဖွယ်
ကောင်းနေသည်။သူသည်ကျွန်တော်တို့
ဆေးပေါ့လိပ်တိုကို မီးညှိပြီး ကျွန်တော်တို့ပြောနေသော စကားများကို
နားစွင့်နေတတ်သည်။
တစ်ခါတရံတွင်လည်းသူ့နှုတ်ခမ်းမွှေ
စကားများကို နားစွင့်တတ်သည်။
ဗိုလ်တဲပေါ်ကို ရောက်စတုန်းက ကျွန်တော်သူ့ကို သတိမထားမိ။
အထုပ်အပိုးများကို ချပြီး ဧည့်ခန်းတွင် ထိုင်မိသည့်အခါမှ သူ့ကို
ကျွန်တော် သတိထားမိခြင်း ဖြစ်သည်။ အမှန်ကတော့ ကျွန်တော်တို့ကို ဘူတာရုံ
လာကြိုကတည်းက
သူပါလာခဲ့သည်။ သို့ရာတွင် သူသည် စကားတစ်လုံးမျှလည်းမပြော။
လာကြိုသူများနှင့်လည်း သိပ်မရောသဖြင့် သူ့ကိုသတိမထားမိခဲ့ခြင်းဖြစ်သည်
နောက် ကျွန်တော်တို့ပစ္စည်းကို သူ့ဆိုက်ကားပေါ်သို့တင်ပြီး
ဆိုက်ကားနင်းလိုက်လာသဖြင့် သူ့ကို ဆိုက်ကားသမားတစ်ဦးဟုပင် ထင်ခဲ့မိသည်။
မှန်တော့ မှန်သည် သူသည် ဆိုက်ကားသမားတော့ ဆိုက်ကားသမားပင် ဖြစ်သည်။
သို့ရာတွင် ငှားရမ်းထားသည့် ဆိုက်ကားသမားမဟုတ်။ ကျွန်တော်တို့
ဟောပြောပွဲလုပ်မည့် မြို့ကစာဆိုတော် ကော်မတီဝင်တစ်ဦး ဖြစ်ကြောင်း
နောက်မှ သိရသည်။
ကျွန်တော်တို့ ပစ္စည်းတွေချပြီး ဧည့်ခန်းမှာထိုင်သည့်အခါတွင်
ရန်ကုန်ကို လာ၍ ဖိတ်ကြားသူက မြို့ခံစာဆိုတော် ကော်မတီဝင်များနှင့်
မိတ်ဆက်ပေးသည်။
ထိုကော်မတီဝင်တွေထဲတွင် သူပါသည်။
သူ့အမည် ကိုစိုးမြင့်။
" ကျွန်တော်တို့ကတော့ သူ့ကို ခုံဖိနပ်စိုးမြင့် လို့ခေါ်ပါသည်။
ကျွန်တော်တို့ စာဆိုတော်ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးပါ။
ကျွန်တော်မအားလပ်ရင် ဆရာတို့လိုတာကို ကိုစိုးမြင့်ကို ပြောနိုင်ပါတယ်။
သူကဒီရက်တွေ အတွင်းမှာ တစ်လျှောက်လုံး ဆရာတို့နဲ့ ရှိနေမှာပါ"
ကိုစိုးမြင့်က ထရပ်ပြီး ပြုံးပြသည်။ ညမှောင်သည့် မျက်နှာပေါ်တွင်
ဖြူဖွေးညီညာသောသွားသည်တစ်လက်လက်
ကျွန်တော်တို့ ပြန်သည်အထိ ကျွန်တော်တို့နှင့်အတူ တစ်ချိန်လုံးရှိနေသည်။
ကျွန်တော်တို့အားကျွေးစရာမွေး
တစ်ယောက်ဖြင့် ပန်းကန်ခွက်ယောက် များကို သူပင်ကြီးကြပ်သိမ်းဆည်းသည်။
ထို့နောက် ဧည့်ခန်းထဲက စားပွဲတစ်လုံးပေါ်တွင် စောင်တစ်ထည်
ခေါင်းအုံးတစ်လုံးဖြင့်အိပ်သည်။ မနက်လင်း၍ ကျွန်တော်တို့
နိုးလာသည့်အခါတွင် သူသည် ကျွန်တော်တို့အတွက် မနက်စာအဆင်သင့်
ပြင်ဆင်ပြီးလေပြီ။ သူ့ဆိုက်ကားသည် သူနှင့်အတူ အမြဲရှိနေသည်။
ကိုစိုးမြင့်သည် စာဆိုတော် ဟောပြောပွဲရက်များအတွင်းတွင်
ဆိုက်ကားလည်း မနင်းတော့။ အိမ်သို့လည်း မပြန်တော့။ စာဆိုတော်ပွဲကိစ္စ
အ၀၀ကို ဒိုင်ခံကာ ဆက်သွယ် စီစဉ်ပေးသူ ဖြစ်နေသည်။
ထိုရက်များအတွင်း ကျွန်တော်နှင့်ကိုစိုးမြင့်တို့ စကားပြောမိကြသည်။
ပြောမိသည့်စကားထဲတွင် မော်ဒန်ကဗျာ၊ ဖြစ်တည်မှု ပဓာန၀ါဒ၊ သိစိတ်အလျဉ်
ရေးဖွဲ့နည်း၊ ဂျိမ်းဂျို့တ်စ်၏ ယူလီးဆစ်ဝတ္ထု၊ ဟဲမင်းဝေ၏ အဘိုးအိုနှင့်
ပင်လယ်ဝတ္ထုကပြောပြသည့် ဒဿန၊ ခေတ်ပေါ် မြန်မာဝတ္ထုတို့ဆန်းစစ်ချက်၊
မော်ဒန်ဆိုသည့် ဝေါဟာရ၏ အဓိပါယ် ၊ အိုင်းစတိုင်း၏ ရီလေတီဗတီ
သီအိုရီ.......။
ထူးတော့ ထူးဆန်းသည်။ ခုံဖိနပ်စီးထားသည့် အညာမြို့တစ်မြို့က
ဆိုက်ကားသမားနှင့် ဖြစ်တည်မှုပဓာန၀ါဒသည် တကယ်ဆိုလျှင် အဝေးကြီး။
ကျွန်တော် သည် သူ့စကားများကို နားထောင်ရင်း အံ့သြရမည်လား။
ဝမ်းသာရမည်လား။ သံသယဖြစ်ရမည်လားဟု ဝေခွဲမရ ဖြစ်နေသည်။
"ကိုစိုးမြင့် ဒါတွေကို ဘယ်တုန်းက ဖတ်ထားတာလဲ။ အင်္ဂလိပ်လိုကော ဖတ်သလား။"
ကျွန်တော်က အကဲစမ်းသည့်အနေဖြင့် မေးသည်။
"အင်္ဂလိပ်လိုတော့ ကောင်းကောင်း မဖတ်တတ်ပါဘူး ဆရာ"
"ကောင်းကောင်းမဖတ်တတ်ဖူးဆိုရင် နည်းနည်းပါးပါးတော့ ဖတ်တတ်တယ်ဆိုတဲ့ သဘောပေါ့။"
"ကျွန်တော် ၉ တန်းအောင်သည်အထိတော့ ကျောင်းနေခဲ့ဖူးတယ်ဆရာ။ အဲ....၁၀
တန်းအထိဆိုပါတော့ ဆရာ။ ဒါပေမဲ့ဆယ်တန်းကိုနှစ်ခါသုံးခါ
တော့ဘူး။ အဲ.....ကျောင်းမတက်နိုင်တော့ဘူး ဆရာ"
ကိုစိုးမြင့်သည် သူ့စကားကို တိကျအောင် ပြောလေ့ရှိသည်ကို ကျွန်တော်သတိပြုမိသည်။
သူသည် စကားတစ်ခွန်းကို ပြောလျှင် တိကျအောင် ပြောတတ်သည်။
မတိကျသေးလျှင် သူ့စကားကို တိကျအောင် ပြင်ပြောသည်။
"မနေနိုင်တော့တာလား။ မနေချင်တော့တာလား။"
"မနေနိုင်တော့တာ ဆရာ"
"ဘာဖြစ်လို့"
"အကြောင်းကြောင်းကြောင့် ဆိုပါတော့ ဆရာ။ အဓိကအကြောင်းကတော့
စီးပွါးရေးပါ။ ကျွန်တော်က သားအကြီးဆုံး ၊ စာမေးပွဲကလည်း တဘုံးဘုံးကျ၊
အငယ်တွေက လည်း ကျွန်တော့မီလာ၊ ဒီအထဲမှာ ကျွန်တော်ကလည်း
မိဘစကားကိုနားမထောင် ၊ ကျွန်တော် လုပ်ချင်ရာ လျှောက်လုပ်နေတော့ အိမ်နဲ့
ပြဿနာဖြစ်တာပေါ့ ဆရာ။ အဖေက ကျွန်တော့်ကို အထင်သေးတယ်။ အဖေ
အထင်သေးမခံရအောင် လူတော်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး
မခံချင်စိတ်နဲ့ ကြိုးစားတယ်။ ကြိုးစားရင်း ကြိုးစားရင်းနဲ့
နောက်ဆုံးတော့ ဆိုက်ကားသမား ဖြစ်လာတာပါပဲ။"
ကိုစိုးမြင့်က သူ့စကားကို သူသဘောကျ၍ ရယ်သည်။
"ဘယ်လိုကြိုးစားရင်း ဆိုက်ကားဆရာဖြစ်လာတာလဲ"
"ကျွန်တော့် အဖေက အဲ့ဒီတုန်းက ဆပ်ပလိုင်းဂိုဒေါင်လို့ခေါ်တဲ့ အစိုးရ
ဂိုဒေါင်စောင့်အလုပ် ဆရာ။ ကျွန်တော်တို့က အဲဒီ ဂိုဒေါင်ဝင်းထဲမှာပဲ
နေလာခဲ့ရတယ်။ အဖေက ကျွန်တော့်ကို သားအကြီးဆုံးဆိုပြီး အားကိုးတယ်။
ဒါပေမဲ့ ကျွန်တော်က သူဖြစ်စေချင်တာတွေ တစ်ခုမှမဖြစ်ဘဲ သူမဖြစ်စေချင်တာတွေ
အကုန်ဖြစ်လာတယ်"
"သူဖြစ်စေချင်တာတွေကတော့ ကျွန်တော့်ကို ကောလိပ်တို့ ဘာတို့ကို
ရောက်စေချင်တယ်။ အဖေ့လိုပဲ ဒရ၀မ်လုပ်တဲ့ အဖေ့ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့သားကို ကောလိပ်ကိုပို့နိုင်တော့ အဖေ့ကို သိပ်ကြွားတာကိုး ဆရာရဲ့။
အမှန်ကတော့ ဒီကောင်က စာမတော်ပါဘူး။ ကျွန်တော်နဲ့တစ်တန်းတည်းပါ။
ခပ်ညံ့ညံ့ထဲကပါ ။ အတန်းထဲ တုန်းကတော့ ကျွန်တော်က စာတော်တယ်ဆရာ။
စာမေးရင်လည်း ကျွန်တော့်ကိုပဲ လာမေးရတယ်။ မြန်မာစာမေးမလား။ အင်္ဂလိပ်စာ
မေးမလား။ သင်္ချာ မေးမလား ကျွန်တော့်ကိုပဲ မေးရတာပေါ့။ ဒါပေမဲ့ ဒီကောင်က
ကြိုးစားတယ်။ လက်တွေ့ ကျတယ်။ ကျွန်တော်က မကြိုးစားဘူး။ လက်တွေ့မကျဘူး။
စိတ်ကူးယဉ်တယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဒီလိုပဲ
မှတ်ချက်ချတယ်"
"လက်တွေ့မကျဘူး စိတ်ကူးယဉ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"
"ဒီကောင်က မိန်းကလေးကို ကြိုက်တဲ့နေရာမှာတောင် ရုပ်ချောတဲ့
မိန်းကလေးကို မကြိုက်ဘူး ဆရာ။ ပိုက်ဆံရှိတဲ့မိန်းကလေး ၊ ဂုဏ်ရှိတဲ့
မိန်းကလေးကို ကြိုက်တယ်
မိန်းမယူရင် အဲဒီမိန်းမဟာ ကိုယ့်ထက်ဂုဏ်အဆင့်အတန်းတို့ ပိုက်ဆံတို့
ရှိရမယ်တဲ့။ ကိုယ့်ထက်ဂုဏ်လည်း နိမ့်ကျတယ်။ ပိုက်ဆံလည်း မရှိဘူးဆိုရင်
ကိုယ့်ဘက်က အနာကြီးပဲတဲ့။ကိုယ်ကလည်းတစ်သက်
ပိုက်ဆံမရှိရင်နေ။ ဂုဏ်မရှိရင်နေ ။
ရုပ်ချောရမယ်။အသင့်အတင့်သဘောကော
ကွန်ပျူတာနဲ့ တွက်လို့မရဘူး ဆရာ။
နှလုံးသားနဲ့ တွက်မှရတာ"
"ဒီတော့ ခင်ဗျားက စိတ်ကူးယဉ်တယ်လို့ ဆိုချင်တာပေါ့"
"စိတ်ကူးယဉ်တာလား။ နှလုံးသားရှိတာလားတော့ မပြောတတ်ဘူး ဆရာ။
ကျွန်တော်နဲ့ ကျွန်တော့ သူငယ်ချင်း "တင်သန်း" တို့က အဲဒီလိုကွာတာ။ သူက
ကျွန်တော့် ဆီကို စာတွေဘာတွေမေးပြီး ဆယ်တန်းအောင်သွားတယ်။ ကျွန်တော်က
သူ့ကိုစာတွေပြပြီး ဆယ်တန်းမှာ ကျကျန်ခဲ့တယ်။ ကျတာကလည်း တစ်ခါမဟုတ်ဘူး။
အကြိမ်ကြိမ်၊ ဒီတော့ ကျွန်တော့အဖေက ကျွန်တော့်ကို အထင်သေးတာ
သဘာဝကျပါတယ်။ အဖေ့အပြစ် မဟုတ်ပါဘူး"
" ခင်ဗျားက စာလည်းတော်တယ် ။ အသင့်အတင့်လည်း ကြိုးစားတယ် ဆိုရင်
ဘာဖြစ်လို့ စာမေးပွဲ မအောင်တာလဲ"
ကိုစိုးမြင့်သည် သူ့ခေါင်းကို ကုတ်နေသည်။
စကားလုံးရှာနေသည်လား။ပြောသင့် မပြောသင့် ချိန်ဆနေသည်လား မဆိုနိုင်။
“တစ်မျိုးပဲဆရာ။ ကျွန်တော်က တက္ကသိုလ်တွေဘာတွေ သိပ်နေချင်တာ
မဟုတ်ဘူး။ အေးလေ ကျွန်တော်လိုကောင်က ဒီလိုအခြေအနေ ဒီလိုစကားမျိုးပြောတော့
စပျစ်သီးချဉ်တယ်လို့ ပြောတာမျိုး ထင်ကြမှာပေါ့။ တကယ်တော့ ကျွန်တော်က
တက္ကသိုလ်မှာထက် ဘ၀တက္ကသိုလ်ကြီးထဲမှာ နေချင်တာ။ ဂေါ်ကီလိုပေါ့ ဆရာရယ်။
ဂေါ်ကီက လူ့ဘ၀ကြီးဟာ လူရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးလို့ ပြောခဲ့တယ်
မဟုတ်လား။ အဲဒီမှာ လူတွေနဲ့နေမယ်။ စာအုပ်တွေဖတ်မယ်။ ပြီးတော့
ကျွန်တော်ဖြစ်ချင်တာ က စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဖြစ်ချင်တာ၊
ဖြစ်နိုင်ရင်တော့ တဂိုးတို့လို သခင်ကိုယ်တော်မှိုင်းတို့လို
တော်စတွိုင်းတို့လို စာရေးဆရာကြီး ကဗျာဆရာကြီး
ဖြစ်ချင်တာ။ အဲဒီ ဆရာကြီးတွေဟာ ဘာအတန်းမှ အောင်ခဲ့ကြတာ မဟုတ်ပါဘူး။
ဘားနတ်ရှောကိုပဲ ကြည့်မလား။ ဂေါ်ကီ ကိုပဲ ကြည့်မလား။ ဂျွန်ကိ
ကိုကြည့်ဦးမလား။
ရှယ်လီကို ကြည့်ဦးမလား။ရှိတ်စပီးယားကြို
အောင်ခဲ့ကြလို့လဲ ။ မတ်တွန်းဆိုရင် မစ္စစပီမြစ်တစ်ရိုး သင်္ဘောပေါ်မှာ
စူကာနီ လုပ်ခဲ့ရတာ။ သင်္ဘောသား လှေထိုးသမား လုပ်ခဲ့ရတာ။ ဂေါ်ကီလည်း
ဒီအတိုင်းပဲ။ ဒါပေမဲ့ ကျောင်းမနေခဲ့ရပဲနဲ့ သူတို့တစ်တွေဟာ ကမ္ဘာကျော်
စာရေးဆရာကြီးတွေ ဖြစ်လာခဲ့ကြတာပဲ မဟုတ်ဘူးလား။ ဆရာ စဉ်းစားကြည့်လေ။
ဘယ်လောက် ဆန်းသလဲ။
တက္ကသိုလ်ကို မနေခဲ့ဖူးတဲ့ ရှိတ်စပီးယားနဲ့ ဘားနတ်ရှောတို့ရဲ့ စာတွေကို
တက္ကသိုလ်ပါမောက္ခတွေက ခွဲခြမ်းစိတ်ဖြာပြီး သင်ပြနေရပြီ မဟုတ်လား။
ဒါကြောင့် စာမေးပွဲ မအောင်ရင်လည်း အရေးမကြီးပါဘူး ။ အောင်မြင်တဲ့
စာရေးဆရာတစ်ယောက်ဖြစ်အောင် လုပ်မယ်လို့ ကျွန်တော် မျှော်မှန်းခဲ့တာ”
ီ ကျွန်တော်က သူ့စကားများကို နားထောင်ရင်း ပြုံးသည်။
“ဒီတော့”
“ဒီတော့ ကျွန်တော် စာမေးပွဲကျတယ်။ အိမ်ကလည်း ကျွန်တော့်ကို
ဆက်ပြီးကျောင်းမထားနိုင်တော့ဘူး
ထမင်းမကျွေးနိုင်တော့ဘူးဆိုပြီး အိမ်က နှင်ချလိုက်တယ် ဆရာ”
“ဒီအတွင်းမှာ ခင်ဗျားက စာရေးဆရာဖြစ်အောင် ဘယ်လိုကြိုးစား
အားထုတ်မှုတွေကို လုပ်ခဲ့သလဲ”
“ကျွန်တော် စာတွေဖတ်တယ်ဆရာ။ စာအုပ်ကတော့ ကျွန်တော့်ရှေ့
ရောက်လာတဲ့စာအုပ်ကို ၀ါးစားသလို ဖတ်ပစ်တာပဲ။ ၀တ္ထု စာအုပ်ရော၊
ကျမ်းစာအုပ်ရော၊
သတင်းစာရော၊ မဂ္ဂဇင်းရော။ ကျွန်တော်က ပုံနှိပ်စာလုံးကို မြင်ရရင်
ပျော်နေတာဆရာ။ ကျောင်းမှာတုန်းကလည်း ကျွန်တော်ကျောင်းစာတွေထက်
အပြင်စာတွေကို ဖတ်တာပဲ။ ဒါကြောင့်မို့ ကျောင်းမှာ မြန်မာစာ
စာစီစာကုံးရေးရင် အင်္ဂလိပ်စာ စာစီစာကုံးရေးရင် ကျွန်တော့်စာစီစာကုံးက
ထိပ်ဆုံးမှာရှိတယ်။ မကြာခဏဆိုသလို
ကျွန်တော့် စာစီစာကုံးကို အကောင်းဆုံးဆိုပြီး ဆရာက အတန်းထဲမှာ
ဖတ်ဖတ်ပြတယ်။ တစ်ခါ ကျွန်တော် မှတ်မိသေးတယ် ဆရာ။ ဂျွန်ကိစီရဲ့
လာဘယ်ဒိန်းဆမ်မာစီဆိုတဲ့ ကဗျာ၊ အေ ဗျူးတီဖူး လေဒီ ၀ှစ်သောက် မာစီ A
Beartiful Lady Without Mercy ဆိုတဲ့ ကဗျာ ၊ အဲဒီခေါင်းစဉ်ကို မြန်မာလို
ပြန်ရမယ်လို့ ဆိုတော့ ကျွန်တော်က
အသနားမဖက်သော မိန်းမချောဆိုပြီး ဘာသာပြန်ပေးလိုက်တယ်။ အင်္ဂလိပ်စာသင်တဲ့
ဆရာကြီးက ကျွန်တော့်ကို ချီးကျူး လို့မဆုံးဘူး။ထားပါ ဆရာ။
ကျွန်တော့်ကိုယ် ကျွန်တော် ကိုယ်ရည်သွေးရာ ရောက်နေပါလိမ့်မယ်။
ကျွန်တော်ဆိုလိုချင်တာက ကျောင်းမှာတုန်းကရော ကျောင်းပြင်ရောက်တဲ့ အခါမှာ
ရော ကျွန်တော် အပြင်စာတွေကို အကုန်ဖတ်တယ်။ အင်္ဂလိပ်စာကိုလည်း
ဦးထွန်းငြိမ်း အဘိဓာန်ရှေ့မှာချပြီး ဖတ်တယ်။ ရှေးမြန်မာဂန္တ၀င်တွေ၊
ပျို့ကဗျာတွေဆိုရင်လည်း
ကျွန်တော်ဖတ်တာပဲ။ ကိုယ်သဘောကျတဲ့ စာပိုဒ်တွေတွေ့ရင် မှတ်စုစာအုပ်ကလေးနဲ့
ကူးထားတယ်။ ပျင်းရင် အားရင် တခြားစာအုပ်ဖတ်စရာမရှိရင် အဲဒီမှတ်စုစာအုပ်က
လေး ကိုပဲ ကျွန်တော် လျှောက်ဖတ်နေတာပဲ”
“ ရှေးမြန်မာဂန္ထ၀င်တွေထဲက ဘာတွေကို ဖတ်သလဲ”
ကိုစိုးမြင့်သည် မြန်မာကျမ်းစာတွေအမည်ကို ကြောင်းကြောင်းပြေး
နေအောင်ရွတ်သွားသည်။
“ စွယ်စုံ ကျော်ထင်၊ ပကိဏ္ဍကဒီပနီ၊ သမန္တေစက္ခုဒီပနီ၊ ကိုးခန်းပျို့၊
မာဃဒေ၀ လင်္ကာသစ်၊ သူဇာပျို့၊ဘုံခန်းပျို့၊စကာြးေ
ငါးရာ့ငါးဆယ်တို့၊
ဇာတ်ကြီး ဆယ်ဘွဲ့တို့၊ ရာဇ၀င်ကျော်တို့၊ ဦးကုလားရာဇ၀င်တို့၊
အရေးတော်ပုံငါးစောင်တွဲတို့....
ကျွန်တော် လက်ကာပြရသည်။
“ဒါတွေကို ဘယ်မှာတွေ့ လို့ ဖတ်တာလဲ”
“ကျွန်တော်တို့ ဆရာတော်ကျောင်းမှာ စာကြည့်တိုက်ကောင်းကောင်း
ရှိတယ်လေ ဆရာ။ ဆရာတို့ကို တစ်ညနေကျမှ လိုက်ပို့ရဦးမယ်။
အဲဒီမှာဆရာတော်ပျံလွန်တော်
မူသွားတော့လည်း တပည့်တွေက ဆရာတော်ကို ဂုဏ်ပြုတဲ့အနေနဲ့
ဆရာတော်အထိမ်းအမှတ် စာကြည့်တိုက်ကို ဆက်လုပ်ခဲ့ကြတယ်။ မြန်မာစာအုပ်၊
အင်္ဂလိပ်စာအုပ်၊ ပေ ပုရပိုက် တော်တော်စုံတယ် ဆရာ။”
“ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးခဲ့တာ
ဒီစာကြည့်တိုက်ကြီးပဲ ဆရာ။ တကယ်ပြောတာ။ လူလားမြောက်အောင် ကျွေးမွေးတယ်
ဆိုတာ စကားဥပမာ
တင်စားပြောတာမဟုတ်ဘူးဆရာ။ တကယ့်အဖြစ်။”
“ကျွန်တော့်ကို အဖေက အိမ်က နှင်ချလိုက်တော့ ကျွန်တော့်မှာ
စားစရာမရှိဘူး။ နေစရာမရှိဘူး။ ဘာအလုပ်အကိုင် ဘာဝင်ငွေမှလည်း မရှိဘူး။
ဒီတော့
ကျွန်တော် ဘယ်ကိုသွားနေရသလဲဆိုတော့ ဆရာတော်ရဲ့ ကျောင်းကိုသွားနေတယ်။
ဆရာတော့်ကျောင်းက တောရကျောင်း ဆရာ။ မြို့ပြင်ဘက် အင်ကြင်းတောတွေ၊
ဒဟပ်တောတွေ ကြားက တောရကျောင်းဘေးမှာလည်း ရေကန်ကြီးနဲ့
တောရကျောင်းဆိုပေမယ့် ဆရာတော်က မြန်မာပြည်တစ်ဝှန်းက တပည့်တပန်း ဒကာ။
ဒကာမတွေများတော့ လှူမယ့် သူပေါတယ်။ ဆွမ်းကွမ်းအတွက် မပူရဘူး။ ဆရာတော်ကို
ပရိယတ္တိကိုသာ အားထုတ်ပါ။ ကျန်တဲ့ပစ္စည်းလေးပါးကိစ္စကို တပည့်တော်တို့
တာဝန်ယူပါ့မယ်ဆိုတဲ့ ဒကာ ဒကာမ တွေက မြန်မာပြည်အနှံ့အပြားမှာ ပေါမှပေါ။
ဆရာတော်ကလည်း အင်မတန် ကိစ္စနည်းတယ်။သူ့မှာကျောင်းဆောင်
့သူပေါ်လာရင် မလှူနဲ့တဲ့။ သူ့မှာ ဆွမ်းကွမ်းကိစ္စ ပြည့်စုံပြီးသားတဲ့။
တခြားရှားပါးတဲ့ ရဟန်းတော်များ၊ချို့တဲ့တဲ့
ရဟန်းတော်များကိုသာလှူကြတဲ့။သူ့
သီတင်းသုံးစရာ အရိပ်အာဝါသရှိပြီး ဆွမ်းကွမ်းပြည့်စုံပြီ။ သူဆောက်ချင်တဲ့
စာကြည့်တိုက်တစ်ခုလည်း ကျောင်းဝင်းထဲမှာ ဆောက်နိုင်ခဲ့လို့ စာအုပ်စာတမ်း၊
လောကီလောကုတ္တရာ ကျမ်းတွေလည်း ပြည့်စုံပြီ။ ဒါကြောင့်မို့ သာသနာသုံးရပ်ကို
ပြန့်ပွားအောင် အားထုတ်နေကြတဲ့ တခြား ရဟန်းတော်များကိုသာ လှူကြ၊
အဲဒီလို ရဟန်းတွေ မြန်မာပြည်အနှံ့အပြားမှာ ရှိတယ်လို့ အမြဲဟောတော်
မူလေ့ရှိတယ်။
ကျွန်တော်က အဲဒီဆရာတော်ရဲ့ ကျောင်းမှာ သွားနေတော့
ကျွန်တော့်အဖို့လည်း စားဖို့သောက်ဖို့ မပူရတော့ဘူးပေါ့ ဆရာ။ မနက်တိုင်ရင်
ဆွမ်းခံလိုက်တယ်။ ဒါမှမဟုတ် ဆိုင်းထမ်းကလေးနဲ့ မြို့ထဲလည် ပြီး
ဆွမ်းဟင်းလျာခွက်တွေ သိမ်းတယ် ။ အဲဒီတော့ ကျွန်တော်
ဆယ်တန်းကျောင်းသားအရွယ် ဆရာ။ ဆယ်တန်းကို နှစ်ခါ သုံးခါ ကျပြီးနေပြီ။
ငယ်ငယ်လေးကတည်းက ကျွန်တော် ကျောင်းမှာပဲနေပြီး
ဆရာတော်ကျောင်းမှာပဲ ဘုန်းကြီးကျောင်း သားလုပ်၊ ဆရာတော်ကျောင်းမှာပဲ
ကိုရင်ဝတ်သင်္ကန်းဆည်းခဲ့တော့ ကျွန်တော့အဖို့ အဲဒီကျောင်းဟာ
နေရာသစ်မဟုတ်တော့ဘူးလေ။ ဒီအထဲမှာ ဆရာတော်ကျောင်းဆိုတာလည်း ကျွန်တော်တို့
တစ်သက် လုံး နေ့တိုင်း ရောက်နေတဲ့ နေရာ။
မရောက်ဘဲရှိပါ့မလား ဆရာ။ ဆရာတော့် ကျောင်းတိုက်မှာ စာအုပ်တွေ
ပြည့်စုံတဲ့စာကြည့်တိုက် ကြီးကလည်းရှိနေတာကိုး။ ဒီတော့ ဆရာတော်
မရှိတဲ့နောက်မှာလည်း မြို့က ဆရာတော်ရဲ့ တပည့်တွေ ကဆက်ပြီး
ပြုစုပျိုးထောင်လို့ ကျွန်တော့်ရဲ့ စာကြည့်တိုက်ကြီးဟာ ကျွန်တော်တို့
အနီးတစ်ဝိုက်၊ မြေလတ် တစ်ဝိုက်မှာ နာမည်ကျော်ခဲ့တယ် မဟုတ်လား။ ဒီတော့
ကျွန်တော့အဖို့ ဆရာတော်ရဲ့ စာကြည့်တိုက်၊ ဆရာတော်ရဲ့ကျောင်းဟာ
ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးတယ်လို့ ပြောတဲ့နေရာမှာ အသိပညာ
တိုးလာအောင် လုပ်ပေးတဲ့နေရာတင် မကတော့ဘူး။ ကျွန်တော့်အသက်နဲ့ခန္ဒာကိုယ်
အိုးစား မကွဲအောင် ကျွေးမွေးခဲ့တဲ့ကျောင်း။
အဲဒီမှာ ကျွန်တော့်ကို စာကြည့်တိုက်မှူးခန့်တယ် ဆရာ။ လခကတော့
မရပါဘူး။ စာကြည့်တိုက်မှာ ပဲ နေရာပေးပြီး စာကြည့်တိုက်ကပဲ ကျွေးထားတယ်။
စာကြည့်တိုက်က ကျွေးတယ်ဆိုတာထက် ဆရာ တော်ရဲ့ နေရာမှာ ကျောင်းထိုင်တဲ့
ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ဦးပဉ္ဖင်းတွေက ကျွေးထားတာ ဆိုပါတော့။
အဲဒီမှာ ကျွန်တော့်အလုပ်က စာအုပ်ဝယ်ရတယ်။ စာအုပ်တွေကို သိမ်းရတယ်။
ပျက်စီးတဲ့ စာအုပ်တွေကို ပြန်ချုပ်ရတယ်။ စာအုပ်ငှားရတယ်။
ပြန်မလာတဲ့စာအုပ်တွေကို လိုက်တောင်းရတယ်။ အားရင် စာဖတ်တယ်။
နောက် အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်တတ်လာတယ်။ အဲဒီမှာရှိတဲ့
ဦးပဉ္ဖင်းတွေလည်း သီရီ လင်္ကာတို့၊ ဗာရာဏသီတို့၊ ကာလကတ္တားတို့မှာ နေလာတဲ့
ကိုယ်တော်တွေ ရှိတယ်။ တစ်ပါးက ကိုလံဘို တက္ကသိုလ်က အင်္ဂလိပ်စာ
မဟာဝိဇ္ဖာဘွဲ့အောင်လာတဲ့ ကိုယ်တော်၊ တစ်ပါးက ဗာရာဏသီ တက္ကသိုလ်က
သင်္သကရိုက်ဘာသာနဲ့ အောင်လာတဲ့ကိုယ်တော်၊ တစ်ပါးက ကာကတတ္တားတက္ကသိုလ်တစ်ခုက
ပါဠိဂုဏ် ထူးနဲ့ အောင်လာတဲ့ကိုယ်တော်၊ ဗာရာဏသီတက္ကသိုလ်က အောင်လာတဲ့
ကိုယ်တော်လေးက သင်္သက ရိုက်တင်မကဘူး။ ဗြဟ္မတို့ ပြာကရိုက်တို့ စတဲ့ အိန္ဒိယ
ရှေးဟောင်းဘာသာတွေ ကိုလည်း တတ်တယ်ဆရာ။
ပြာကရိုက်ကတော့ အင်္ဂလိပ်လို ပရိကရစ်ခေါ်မှာပေါ့ ဆရာ။ အဲဒီ
ကိုယ်တော်က ပါဠိသင်ပေးလို့ ဆန်ကျမ်း၊ သဒ္ဒါကျမ်း တွေကိုလည်း
ကျွန်တော်ကောင်းကောင်းဖတ်နိုင်
အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်လာနိုင်တယ် ဆရာ။ ဖြစ်တည်မှုပဓာန ၀ါဒတို့၊
မော်ဒန်ဝါဒတို့ နည်းနည်းပါးပါး တွေ့ဖူးတယ် ။ မြန်မာမဂ္ဂဇင်းတွေ၊
ဝတ္ထုတွေမှာလည်း နည်းနည်းပါးပါး တွေ့ဖူးရာစပြီး ဟိုမေးသည်မေးနဲ့ သိလာတာပါ
ဆရာ။ မေးလို့ရတာကလေးကို မှတ်စုနဲ့ ချရေး၊ တစ်ယောက်ပြောတာနဲ့
တစ်ယောက်ပြောတာကို တိုက်ဆိုင်ညှိနှိုင်းကြည့်၊ ဒီလိုနဲ့ တဖြည်းဖြည်း
အသိပညာကလေးတွေကို ပုရွက် ဆိတ်များ မိုးတွင်းအစာစုသလိုဖြည်းဖြည်းချ
စုဆောင်းလာခဲ့တာပါ ဆရာ။ စနစ်တကျတော့ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့၊
ဂီတသမားများလိုပေါ့ ဆရာရယ်။ ဆရာနဲ့သင်တဲ့ဂီတသမားနဲ့ ဆရာနဲ့မဟုတ်ဘဲ
ကိုယ့်ဘာ သာ ဟိုခေါက်သည်ခေါက်နဲ့ တက်တဲ့ဂီတသမား ကွာသလိုတော့ ရှိမှာပေါ့။
ဒါပေမဲ့ မတတ်နိုင်ဘူး ဆရာ။ ကိုယ်က ဆရာနဲ့သင်နိုင်တဲ့ အင်အားမှ
မရှိဘဲကိုး။ ဒီတော့ လက်အထားအသို ၊ အလုံးအတွဲအဖက်၊ စည်းဝါးအယူအဆတို့မှာ
စနစ်မကျ ဘာမကျတော့ ရှိမှာပေါ့။ ဒါပေမဲ့ ပညာဆိုတာ ယူတတ်ရင် တက္ကသိုလ်
ရောက်မှ မဟုတ်ဘူး။ ဘယ်နေရာမဆို ရနိုင်တယ်လို့တော့ ကျွန်တော်
ယုံသွားတယ်ဆရာ”
“နို့.........နေပါဦး။ ခင်ဗျား အိမ်ထောင်ကျ ပုံကကော”
ကိုစိုးမြင့်က ရယ်သည်။
“ကျွန်တော် ဗန်းမော်တင်အောင်ဇာတ်လိုက်နဲ့ တူတယ်ဆရာ။ ကျွန်တော်က
ဘုန်းကြီးကျောင်း သား၊ ဆွမ်းဟင်းခွက်တွေ လည်သိမ်းရင်း ကျွန်တော့်ဇနီးနဲ့
တွေ့တာပဲ။ လူချင်း မျက်မှန်းတန်းမိနေတာ တော့ ကြာပါပြီ။
ကျောင်းတုန်းကတည်းကပါ။ ကျွန်တော်ကတော့ အတန်းကြီးတာပေါ့လေ။ တစ်တန်း
လား၊နှစ်တန်းလား ကြီးတယ်။သူ့အဖေက ပန်းထိမ်ဆရာ။ သူ့ကိုတွေ့တော့
ကျွန်တော်စိတ်ဝင်စားသွား တယ်။ ဒါနဲ့ ကျွန်တော်က ဗန်းမော်တင်အောင်
ဇာတ်လိုက်လိုပဲ စကားပြောတယ်။ ကိုယ့်မှာ အချစ်ကလွဲလို့ တခြားဘာမှ
ပိုင်ဆိုင်တာ မရှိဘူးတို့ ဘာတို့ပေါ့ ဆရာရယ်။ အဲ့ဒီတုန်းက
ငယ်တုန်းဆိုတော့ ဒီလိုစကား တွေက သိပ်ပြီး ပြောလို့ကောင်းတာကိုး
ဆရာရဲ့။ဒါနဲ့ သူကလည်း ဒီစကားတွေကြားပြီး ကျွန်တော့်ကို သဘောကျသွားတာပဲ။
သူမကြားဖူးတဲ့ စကားလုံးတွေကို ကြားရ၊ သူမဖတ်ဖူးတဲ့ ရည်းစားစာမျိုးတွေ
ဖတ်ရတော့ သူ သဘောကျသွားတာပေါ့ ဆရာ။ စကားလုံးဟာ လူကို
တော်တော်ဖမ်းစားတယ်နော် ဆရာ။
နောက်တော့ ကျွန်တော်နဲ့သူ မြို့တစ်မြို့ကို ထွက်ပြေးကြတယ်
ဆရာ။မြို့ကြီးတစ်မြို့ ဆိုပါတော့။ ကျွန်တော်တို့မှာ ပိုက်ဆံ ဘာရှိမှာလဲ
ဆရာ။ ပါလာတာကလေး ရောင်းချစားတာ ကုန်သွားတော့ ကျွန်တော် အလုပ်လိုက်ရှာတယ်။
နောက်ဆုံးတော့ ဘာအလုပ်မှ မရဘူး။ ဒါနဲ့ ဆိုက်ကားအုံနာတစ်ယောက်ဆီသွားပြီ
ကျွန်တော် ဆိုက်ကားနင်းတယ်။ ကျွန်တော်က စာတွေသိပ်အဖတ်များသွားလို့လား
မသိဘူးဆရာ။ ပိုက်ဆံ ကို သိပ်မလိုချင်ဘဲ ဖြစ်သွားတယ်။
ဆိုက်ကားနင်းလို့ရရင် ကျွန်တော်တို့လင်မယားအတွက် နေ့ဖို့ညစာ လောက်ရင်
ကျွန်တော် ဆိုက်ကားဆက်မနင်းတော့ဘူး။ ဆိုက်ကားအုံနာဆိုတော့
အံ့အားကြီးကိုသင့်လို့။ ဆိုပါတော့ ဆရာ။ ကျွန်တော်ဆိုက်ကားကို ငှားခနဲ့
နင်းရင်လည်း ကျွန်တော်က ငှားခကို မှန်မှန်ပေးတယ်။ ဆိုက်ကားကို
ကိုယ်ပိုင်ပစ္စည်းလိုရိုသေတယ်။ သူက ကျွန်တော့်ကို ဆုကြေးတို့ဘာတို့ပေးရင်
ကျွန်တော်မ ယူဘူး။ ကျွန်တော်တို့မှာ လုံလောက်ပါတယ် ဆိုပြီး
ကျွန်တော်ငြင်းခဲ့တာချည်းပဲ။ အကူအညီဆိုတာ ပေးတိုင်း လက်မခံချင်ဘူး ဆရာ။
လိုအပ်မှ လက်ခံလို့ကောင်းတာ။
ကျွန်တော်ဆိုက်ကားသမား စဖြစ်တာ အဲဒီကနေ ဖြစ်တာပဲဆရာ။
သူ့အိမ်ကလည်း သူ့ကို အမွေပြတ်လို့ ပြောတယ်။ ကျွန်တော်ကလည်း ဒီတင်
ပိုခံပြင်းပြီး ဆိုက်ကားနင်းပြီး ရှာကျွေးမယ်ဆိုပြီး မခံချင်စိတ်နဲ့
ရှာကျွေးလာခဲ့တာပဲ။ မြို့ပြန်ရောက်တော့လည်း ကျွန်တော် ဆိုက်ကားပဲ နင်းတယ်
ဆရာ။ အခြားအလုပ်ကလည်း မရဘူး။ ကျွန်တော်က ၁၀ တန်းမှမအောင်တာ
ဘယ့်နှယ့်လုပ် အလုပ်ရမှာလဲ ဆရာ။ ပြီးတော့ တချို့ကလည်း သနားလို့
ဒီကောင်စာကလေးပေကလေး တတ်တယ်ဆိုပြီး အစိုးရ အလုပ်မဟုတ်တဲ့
လခစားအလုပ်တွေမမှာ ကျွန်တော့်ကို ခန့်တယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်ခဲ့ဘူး
ဆရာ။ ဆိုက်ကားနင်းရတာကို ပျော်သွားပြီး ပင်တော့ပင်ပန်းတာပေါ့ ဆရာရယ်။
ဒါပေမယ့် ဘယ်လောက်လွတ်လပ်တယ် ထင်သလဲ။ အေးလေ......ဆရာကတော့
စာရေးဆရာ ဆိုတော့ နားလည်မှာပါ။ ကိုယ့်အထက်မှာ ခယ၀ယ လုပ်ရမယ့်သူ
လည်းမရှိ။ ကိုယ့်ဘေးမှာ ကိုယ့်ကို ချောက်တွန်းမယ့် ပြိုင်ဘက်တွေလည်း
မရှိ၊ ကိုယ့်အောက်မှာ ကပ်ဖားပြီး အရေးရှိရင် အဆင်းတွန်းမယ့်
အောက်လက်ငယ်သားလည်း မရှိ။ ရုံးတက်နောက်ကျလို့ အဆူခံရမှာ ၊
အငြိုငြင်ခံရမှာကိုလည်း မစိုးရိမ်ရ။ ကျွန်တော် ပြန်ချင်တဲ့အချိန်
ပြန်လို့ရတယ်။ ကျွန်တော် ထွက်ချင်တဲ့အချိန်ထွက်လို့ရတယ်။
အငတ်သာခံနိုင်မယ် ဆိုရင် တစ်နေ့လုံးနားလို့လည်း ရတယ်။
ကျွန်တော့်မိန်းမကလည်း ကျွန်တော့်ကို နားလည်တယ်။
ကျွန်တော်တို့သားအမိ သားအဖလေးယောက် ဘာမှ မပူရဘူး။ မိန်းမက
အိမ်ဆိုင်ကလေးထွက်တော့ ကျွန်တော်ဆိုက်ကားထွက်မနင်းရင်
စားတော့စားနေရတာပါပဲ။ ကျွန်တော်ကလည်း စိတ်နည်းနည်းညစ်ရင်၊ ဒါမှမဟုတ်
စာအုပ်ဖတ်စရာ ကောင်းကောင်းရှိရင်၊ ဒါမှမဟုတ် ဆရာတို့လို စာရေးဆရာတွေလာရင်
စာပေဟောပြောပွဲတို့ ဘာတို့လုပ်ရင် ဆိုက်ကားမနင်းတော့ဘူး ဆရာ။
အဲဒီအလုပ်တွေနဲ့ပဲ အချိန်ကုန်တော့တာပဲ။
တစ်နေ့က ကျွန်တော့သူငယ်ချင်းနဲ့ တွေ့တယ် ဆရာ။ ကျောင်းတုန်းက
ကျွန်တော့်ဆီကို စာလာမေးပြီး ဆယ်တန်းအောင် ၊ကောလိပ်ရောက်
နောက်အရာရှိဖြစ် သွားတဲ့ သူငယ်ချင်း၊
ဘာဖြစ်လို့လဲတော့မသိဘူး။သူအမှု
သတင်းကြားလိုက်ရတယ်။ ခုမှ ပြန်တွေ့တာ။ ကိုယ့်လူတော်တော် ကြီးကို
ကျသွားတာပဲ ဆရာ။ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးမှာ ဆံပင်တွေကလည်း
တစ်ခေါင်းလုံးဖွေးလို့ ။ လူကလည်း ကျန်းမာပုံ မရဘူး ။ သူ့ကြည့်လိုက်ရုံနဲ့
ဒီလူဟာ စိတ်သောကရောက်စရာတွေနဲ့ ကြုံနေရတဲ့လူမှန်း ချက်ချင်းသိနိုင်တယ်။
သူက ကျွန်တော့်ကိုကြည့်ပြီး မင်းကတော့ အရင်တုန်းကလိုပဲနော်တဲ့။
နည်းနည်းဝလာ တာကလွဲလို့ ဘာမှမပြောင်းလဲဘူး။ ဆင်းသာ ဆင်းရဲတယ်။ မင်းက
ငါ့ထက်သာပါတယ်ကွာတဲ့။ မင်းစိတ်ကူးယဉ် အိပ်မက်တွေထဲမှာပဲ နေတုန်းဆိုတော့
မင်းကငါ့ထက်ပိုပြီး စိတ်ချမ်းသာတာပေါ့ ကွာတဲ့။
ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောလိုက်ပါဘူး။
အမှန်ကတော့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာ နေတဲ့သူဟာ
ကျွန်တော်မဟုတ်ဘူး ဆရာ။ သူရယ်။ သူ့မှာ ဘာကြီးဖြစ်လာအောင်လုပ်မဟဲ့၊
ညာကြီးဖြစ်အောင် လုပ်မဟဲ့။ ပညာတွေ ဘယ်လောက်တောင် သင်မဟဲ့။ သားသမီးတွေကို
ဘယ်လိုထားမဟဲ့ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ တစ်လျှောက်လုံး
နေလာခဲ့တာ။ အဲဒီ စိတ်ကူးယဉ် ဆပ်ပြာပူဖောင်းတွေလည်း ကွဲသွားရော။
သူ့မှာလည်း ဘ၀ကြီးတစ်ခုလုံး ပြိုလဲသွားတော့တာပါပဲ။
ကျွန်တော်က စိတ်ကူးဆပ်ပြာပူပေါင်းထဲမှာ မနေဘူး။ ဘ၀ထဲမှာ နေတာ။
စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တော့
ရှိခဲ့ဖူးတာပေါ့လေ။ ဒါပေမဲ့ ကိုယ်က ဖြစ်ခွင့်မကြုံလို့ မဖြစ်ထိုက်လို့
မဖြစ်လာတာပဲလို့ သဘောထားနိုင်တယ်။ ပြီးတော့ အဓိကကျွန်တော့်မှာ
စိတ်ချမ်းသာမှုရှိတယ်။
စိတ်ချမ်းသာမှုဆိုတာ ဘာလဲ ဆရာ။ ကိုယ်လုပ်ချင်တာတွေကို
လုပ်နေရပြီး ကိုယ်မလုပ်ချင်တာတွေကို မလုပ်ဘဲနေရတာ အဲဒါဟာ လောကမှာ
စိတ်ချမ်းသာစရာ အကောင်းဆုံးလို့ ထင်တယ်ဆရာ။ ကိုယ်မလုပ်ချင်တာ တွေကို
လုပ်ရပြီး ကိုယ်လုပ်ချင်တာတွေကို တစ်ခုမှ မလုပ်ရတာ
အဲဒါလောက်စိတ်ဆင်းရဲစရာကောင်းတာ လောကမှာ မရှိဘူး ထင်တယ်ဆရာ။ ကျွန်တော်
မှားရင် ခွင့်လွှတ်ပါ´
(ကလျာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၁)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန် Mainichi သတင်းစာ ဆောင်းပါး

2011-01-02
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့လ က ဂျပန် မိုင်နိချိသတင်းစာ သတင်း ထောက်နဲ့ တွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်အထိ မပြတ်ရေးသားခဲ့တဲ့ မြန်မာပြည်က ပေးစာများ (Letters from Burma) ဆောင်းပါးကဏ္ဍ ကို ဆက်လက်ရေးသားမယ့်အကြောင်း ပြောဆိုခဲ့ အပြီး မနေ့က ဇန်န၀ါရီလ ၁ ရက်နေ့ထုတ် သတင်းစာ မှာ ပထမဆုံးဆောင်းပါး ဖော်ပြခဲ့ပါတယ်။
နှစ်တနှစ်ရဲ့ အစဟာ ပြန်လည်ဆန်းသစ်ခြင်း၊ ပြန်လည် ခွန်အားဖြည့်ခြင်း၊ ရှေ့လုပ်ငန်းစဉ်အတွက် ဦးတည်ချက်တွေ ချမှတ်ခြင်းနဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်လည်အောက်မေ့ခြင်း စတဲ့ကိစ္စတွေ ဆောင်ရွက်ကြရတဲ့ ကာလ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်ကို ပြန်ကြည့်ရင် အလဟဿဖြစ်ပြီး လုံးလုံး ပျောက်ပျက်သွားစရာ အမှတ်တရ အဖြစ်အပျက် အသေးလေးတွေ ပြန်တွေ့ရတာ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းတရက်နေ့ကို ဘယ်လို ကုန်ဆုံးခဲ့သလဲ ဆိုတာ မမှတ်မိတော့ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆောင်းပါးအစမှာ ရေးသားထားပါတယ်။
ဒါပေမယ့် စိတ်သက်သာစရာ အခြေအနေတော့ မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။ အိမ်ပြင်တဲ့အလုပ်ကို ၂၀၀၉ ဒီဇင်ဘာလကတည်းက စခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စည်ပင်သာယာက အမိန့်နဲ့ ပြင်ဆင်တာကို ရပ်ထားလိုက်ရတယ်လို့ ရေးသားထားပါတယ်။
“ကျမ ရှေ့နေတွေက စည်ပင်သာယာအမိန့်ကို ပြန်ပြင်ပေးဖို့ ကြိုးစားကြပါတယ်။ အဲဒီ အချိန်ကာလအတွင်း ဂျပ်စက္ကူ ပုံးခွံတွေ အများကြီးကာထားရတဲ့ အခန်းတွေ၊ အမျိုးအမည် မခွဲနိုင်ဘဲ စောင်ထူထူနဲ့ ပတ်ထားရတဲ့ ပစ္စည်းတွေ၊ ပစ္စည်း အပြည့်အသိပ် ထည့်ထားရတဲ့ ခရီးဆောင်အိတ်တွေနဲ့ ယိုင်လုလု စာအုပ်ပုံတွေ ကြားထဲမှာ ကျမ လပေါင်းများစွာ နေခဲ့ရပါတယ်
“စာအုပ်စင်ကြီးတလုံး၊ စားပွဲအိုတွေနဲ့ ပုံပန်းမကျ အထုပ်အပိုးတွေ ကြားထဲမှာ ရှိနေတဲ့ အိပ်ယာပေါ်က ကြည့်ရင် အချပ်လိုက် ကွာနေတဲ့ အိမ်ခေါင်မိုး အစအနတွေကို ကောင်းကောင်း မြင်နေရပါတယ်။ ပျက်စီးလာနေတဲ့ အိမ်ခေါင်းမိုး အစအနတွေကို ကြည့်ရင်း ယိုယွင်းခြင်းနဲ့ ပျက်စီးခြင်းတို့ရဲ့ သဘောသဘာဝ အကြောင်း ကျမ လေ့လာ သုံးသပ်နေခဲ့ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးမှာ ၂၀၁၀ ရဲ့ ပထမ ၄ လတာ ကာလဟာ ရုပ်ပိုင်းဆိုင်ရာ ပင်ပမ်းဆင်းရဲ ဖြစ်ရတာတင် မကဘဲ စိတ်ပိုင်းဆိုင်ရာမှာလည်း တင်းတင်းကြပ်ကြပ် နေထိုင် လှုပ်ရှားရတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
မနှစ်က အင်းစိန်ထောင် တရားရုံးမှာ ချမှတ်ခဲ့တဲ့ စီရင်ချက် ပြစ်ဒဏ်ကို အယူခံတင်ဖို့အတွက် ရှေ့နေတွေက အခါအားလျှော်စွာ လာရောက်တွေ့ဆုံ ဆွေးနွေးကြပြီး၊ ဥပဒေရေးရာ လုပ်ငန်းစဉ်ကို စိတ်ဝင်စားမိခဲ့သလို အလွန် အတွေ့အကြုံ ရင့်ကျက်တဲ့ ရှေ့နေကြီးတွေဆီက အတွေ့အကြုံတွေကို လေ့လာ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။
ရှေ့နေကြီးတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥပဒေရေးရာ အထောက်အကူပြု ကော်မတီနဲ့ ပတ်သက်လို့ အထူး ဂုဏ်ယူမိကြောင်း၊ သူတို့ဟာ တရားဥပဒေ စိုးမိုးရေးနဲ့ မြန်မာနိုင်ငံတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အခွင့်အရေး ကာကွယ်ပေးရေးတွေအတွက် ၁၉၉၅ ကတည်းက ကြိုးစား လုပ်ဆောင်နေကြသူတွေ ဖြစ်ကြောင်း၊ အဲဒီအထဲက ရှေ့နေဦးဥာဏ်ဝင်းဆီက မိမိ နေအိမ်အပြင်ဘက် နိုင်ငံရေးလောကမှာ ဖြစ်ပျက်နေတာတွေကို သိရှိခွင့် ရခဲ့သလို ပါတီရဲ့ ဆုံးဖြတ်ချက်ချရေး လုပ်ငန်းစဉ်တွေမှာ အတိုင်းအတာ တခုအထိ ပါဝင်ခွင့် ရခဲ့ကြောင်းလည်း ရေးသားထားပါတယ်။
မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ နှစ်ဖြစ်တဲ့ အဲဒီကာလဟာ ကိုယ်ရေးကိုယ်တာ ကျန်းမာရေး အခြေအနေကို ထည့်စဉ်းစား ပြောဆိုဖို့ ဆိုတာထက် အသိပညာပိုင်းမှာ စိမ်ခေါ်ချက်တွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးပါတယ်။
မြန်မာနှစ်ကူးချိန်ဖြစ်တဲ့ ဧပြီလလယ်မှာပဲ တရားရုံးက အိမ်ကို ဆက် ပြင်ဆင်ဖို့ အမိန့်ချပါတယ်။ အဲဒီ နောက်ရက်မှာပဲ အုပ်စုဖွဲ့ ရောက်လာတဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ဝင်တဲ့ ဆူညံသံတွေက တအိမ်လုံး ပျံ့ သွားခဲ့တယ်လို့ ဆိုပါတယ်။
“လုပ်စရာတွေက အများကြီး ရှိနေပါသေးတယ်။ အဓိက ကတော့ အိမ်ခေါင်မိုး ပြင်ဖို့ပါ။ နှစ်ပေါင်းများစွာ မုတ်သုန်မိုး ရွာတဲ့လတွေမှာ ကျမအိပ်ခန်း အနှံ့ အိပ်ယာရွှေ့ရ၊ ရေဇလုံနဲ့ ရေပုံးတွေ ရွှေ့ရနဲ့ ခေါင်မိုးက မိုးရေ ယိုပေါက်တွေက ကျလာတဲ့မိုးကနေ မွေ့ယာနဲ့ လူကို မိုးမစို ကာမိဖို့ ကြိုးပမ်းခဲ့ရတာဟာ စစ်ဘုရင် ကစားကွက်မှာ ကစားကွက် ရွှေ့ရသလိုပါပဲ။ အခုတော့ ခေါင်မိုးကို လုံအောင် လုပ်ကြရပါပြီ။
နောက်နှစ်တွေမှာ မိုးရွာတာကို ဥပေက္ခာ ပြုနိုင်တော့မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာလို ဆိုရင်တော့ ခေါင်မိုးလုံတယ် ဆိုတာ လုံခြုံမှုရှိတဲ့ နိမိတ်ပုံပါပဲ။ ခေါင်က မိုးလုံတယ်ဆိုတာ ထိပ်ဆုံးအဆင့်က လုံခြုံစိတ်ချရပြီး တံစက်မြိတ် အောက်ခြေအထိ စိတ်ချနိုင်တယ်ဆိုတဲ့ သဘောပါ”
ပြင်ဆင်တယ်၊ အသစ် ပြုပြင်တယ်ဆိုတာ အနာဂတ်အတွက် ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီး စိတ်ချလက်ချ ဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီထက် ပို အရေးကြီးတာက ဒီအိမ်ပြင်တာကနေ ရလာတဲ့ လူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းက ရုပ်ဝတ္ထုပစ္စည်းတွေက ပေးတဲ့ လုံခြုံရေးထက် ပိုအရေးကြီးလှပါတယ်။ အိမ်ပြင်တဲ့ ၅ လခန့်မှာ နေ့စဉ်လိုလို အိမ်ပြင်ရာမှာ ပါဝင်တဲ့ လက်သမားတွေရဲ့ ဘ၀နဲ့ စိုးရိမ်ကြောင့်ကြမှုတွေ အကြောင်း သိခွင့်ရခဲ့သလို မြန်မာနိုင်ငံက အလုပ်သမားထုရဲ့ အခက်အခဲနဲ့ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ၊ သူတို့ မျှော်လင့်တာတွေနဲ့ တောင့်တတာတွေကို ရဖို့ ဘယ်လို ကြိုးစားရမလဲ ထင်ထင်ရှားရှား မြင်ခဲ့ရတယ်လို့လည်း ရေးပါတယ်။
ဒါ့အပြင် အာဏာပိုင်တွေနဲ့ နေ့စဉ်ဆိုသလို လုံခြုံရေးကိစ္စ ဆွေးနွေး၊ အလုပ်သမားနဲ့ ပစ္စည်း အသွင်းအထုတ် လုပ်ဖို့ နေ့စဉ် အပေးအယူလုပ်တဲ့ ကိစ္စတွေ ဆောင်ရွက်ရတဲ့အတွက် အခက်အခဲဆိုတာ ခိုင်လုံတဲ့ ကြောင်းကျိုး ဆင်ခြင်မှုနဲ့ ပျော့ပျော့ပြောင်းပြောင်း ရှိမယ်ဆိုရင် နှစ်ဘက် ပူးတွဲ ဖြေရှင်းလို့ရတယ်ဆိုတာ တွေ့မြင်ခဲ့ရလို့လည်း ရေးသားထားပါတယ်။
၂၀၁၀ ပြည့်နှစ်ဟာ သူမ အိမ်ကို အများကြီး တိုးတက်အောင် ပြင်ခွင့်ရလိုက်ပေမယ့် ပြည်သူအားလုံးရဲ့ နိုင်ငံအတွက်တော့ ဘာတွေ ပြင်ဆင်နိုင်ခဲ့ပါပြီလဲ၊ ဒီကိစ္စက ပိုပြီး အရေးကြီးတဲ့ ကိစ္စဖြစ်ပြီး နောင် ပြောပြပါဦးမယ်လို့ ရေးပါတယ်။
အနှစ် ၂၀ တိုင်တိုင် Mainichi သတင်းစာရဲ့ ပံ့ပိုးမှုနဲ့ ခင်မင်မှုတွေကို လေးစား တန်ဖိုးထားတဲ့ အနေနဲ့ ဆောင်းပါးနိဂုံးမှာ ဟိန္ဒူ ဝေဒဂါထာ တပုဒ်ကို အခြေခံထားတဲ့ အိန္ဒိယပညာရှင် ကာလီဒါသရဲ့ အရုဏ်ဦးကို ဦးညွတ်ခြင်း ကဗျာထဲက စာသားတချို့နဲ့ အဆုံးသတ်ထားပါတယ်။ ဒီကဗျာက ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် အထူး အရေးပါခဲ့ပြီး သူ့အတွက် အတွေးအမြင်၊ အသိဥာဏ်ပညာတွေ ပေးခဲ့တဲ့ ကဗျာဖြစ်တယ်လို့ ရေးသားထားပါတယ်။
မနေ့ဆိုတာ တခြား ဘာမှမဟုတ်၊ အိပ်မက်တခုမျှသာ။
မနက်ဖြန်ဆိုတာလည်း အတွေးအမြင်တခုပါ။
ဒါပေမယ့် ဒီနေ့ကတော့ ကောင်းမွန်တင့်သင့်စွာ ရှင်သန်ရပါမယ်။
မနေ့ ဆိုတာကို ပျော်ရွှင်ခြင်းအိပ်မက် တခုအဖြစ် ဖန်တီးပြီး မနက်ဖြန်တိုင်းကို မျှော်လင့်ခြင်း အတွေးအမြင်တခု အဖြစ် တည်ဆောက်ရပါမယ်။
ဒါ့ကြောင့် ဒီလို ဒီကနေ့ကို ရဖို့ ထိန်းသိမ်း ရှင်သန်ရပါမယ်။
Credit to RFA : http://www.rfa.org/burmese/news/assk_resumes_contributing_articles_in_mainichi_newspapaer-01022011093752.html
ဝီကီလိခ်တည်ထောင်သူရဲ့ စာအုပ်နှစ်အုပ် ပေါင်တစ်သန်း စာချုပ်ချုပ်
Tuesday, 28 December 2010 23:26 မောက္ခ နိုင်ငံတကာသတင်း
ဂျူလီယန်အာဆန်းက ၀ီကီလိခ်နဲ့အတူ သူ့ကိုယ်တိုင်ရေး အတ္ထုပ္ပတိအကြောင်း စာအုပ်ထုတ်ဝေဖို့ အမေရိကန်နဲ့ ဗြိတိန် စာအုပ်ကုမ္ပဏီကြီးနှစ်ခုနှင့် ပေါင်တစ်သန်းကျော် ဖိုး စာချုပ်ချုပ်ဆိုလိုက်သည်။ စာအုပ်နှစ်အုပ်ကို ၂၀၁၁
တွင် Random House စာအုပ်ကုမ္ပဏီမှ ဖြန့်ချီသွားမည် ဖြစ်သည်။
ဝီကီလိခ်မှတဆင့် အမေရိကန်သံတမန် လျှို့ဝှက်ကေဘယ်လ် သိန်းချီဖွင့်ချခဲ့ပြီး၊ လိုင်ပိုင်းဆိုင်ရာ ပြစ်မှုဖြင့် စွတ်စွဲခံထားရသူ ဂျူလီယန်က Knopf-US imprint of Random House ကုမ္ပဏီနှင့် ပေါင် ၅၂၀,၀၀၀ (ဒေါ်လာ ၈၀၀,၀၀၀) သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ နောက်တစ်အုပ်ကို ဗြိတိန် အခြေစိုက် Canongate စာအုပ်ကုမ္ပဏီနှင့် ပေါင် ၃၂၅,၀၀၀ စာချုပ်ချုပ်လိုက်သည်။
ဂျူလီယန်အာဆန်းက သူ့အတ္ထုပ္ပတိကို အမြန်ရေးမည် ဖြစ်ပြီး၊ နိုင်ငံတကာကို စာအုပ်ဖြန့် ရောင်းချပြီးရင် ယခု ပေါင် ၁.၁ သန်း (ဒေါ်လာ ၁.၇ သန်း) ထက် ပိုမိုရရှိဦးမည်ဟု ဗြိတိန် သတင်းစာများက ဖော်ပြသည်။ “ဒီစာအုပ်ကို မရေးချင်ပါဘူး။ ဒါပေမဲ့ လုပ်ရပါမယ်။ ကျနော့်အမှုကို ရင်ဆိုင်ဖို့ ပေါင် ၂၀၀,၀၀၀ ကုန်ကျပါမယ်။ ကျနော့် လုံခြုံရေး ကာကွယ်ဖို့နဲ့ ၀ီကီလိခ် ဆက်ရပ်တည်ဖို့တွေ ရှိနေပါတယ်” ဟု ဂျူလီယန်က Sunday Times သတင်းစာကို ပြောခဲ့သည်။
ဝီကီလိခ် လုပ်ငန်းအတွက် ကုန်ကျစရိတ်မှာ နောက်ဆုံး လျှို့ဝှက်သတင်းများဖြန့်ပြီးနောက် သုံးဆ ပိုကုန်ကျမည်ဟု သူက ပြောသည်။ အမေရိကန် NGO များနဲ့ လုပ်ငန်းရှင်အချို့ရဲ့ ထောက်ပံ့မှု လုံးဝ ဖြစ်တောက်ခံလိုက်ပြီ ဖြစ်သည်။ မကြာမီက Bank of America, Master Card, Visa, PayPal တို့မှလည်း ငွေကြေးလည်ပတ်ဖို့ လုံးဝ ရပ်ဆိုင်းပစ်ခဲ့သည်။ နာမည်ကျော် ဆွစ်ဘဏ်ကလည်း သူ့ဘဏ်စာရင်းကို ပိတ်ပစ်ခဲ့သည်။
ဂျူလီယန်အာဆန်းမှာ ၁၉၉၇ ခုနှစ်က Underground အမည်ရှိ စာအုပ်ကို ရေးခဲ့ပြီး ဘတ်ဆဲလား မဖြစ်သော်လည်း၊ ကွန်ပျူတာ ဟတ်ကာသမားများ လက်စွဲစာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။ နောက်ပိုင်း ထိုစာအုပ်ကို ရုပ်ရှင်ရိုက်ခဲ့သည်။
သတင်း The New Yorker
လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်
လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်
၁။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ အား လွတ်လပ်သောလမ်းသို့  ပို့ ဆောင်ခဲ့သော ငါတို့ ၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။
၂။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ြ
၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။
၎။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့ လဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်ဆိုင်ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။
၅။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ ၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။
၆။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။
၇။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။
၈။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ ငါတို့ နိုင်ငံနှင့် ငါတို့ ၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။
၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့်တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။ ဤ - ငါတို့ ၏ သစ္စာအဓိဋ္ဌာန်မှန်သည့်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံေ
(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက်ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံးကြသူများ အလွန်ရှားပါးကြပါသည်။
ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လုံးဝဖေါ်ပြပေးခြင်း မရှိပါ။ အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလားဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။
မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မအာဏာရူးနအဖများထံမှ အရပြန်လည်ယူဆောင်ကြဖို့  တစ်မျိုးသားလုံ ပြည်သူတစ်ရပ်လုံး တော်လှန်တိုက်ပွဲဝင်ကြပါစို့ ။
မြန်မာနိုင်ငံသူနိုင်ငံသားများ
DKBA တပ်သားတစ်ဦး စနက်တံဖြုတ်ပြီးသား လက်ပစ်ဗုံးကိုင်ပြီး မဲဆောက် UNHCRရုံးရှေ့ ဆန္ဒပြ
ယနေ့  နံက် ၇း၂၅ နာရီကျော်တွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။
ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်းမိပါသည
ဆန္ဒပြ ရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့် တပ် (BGF) အဖြစ် အတင်းစေခိုင်းခံ
သည့်ကိစ္စများ အပေါ်မကြေနပ်သလို
ဆန္ဒပြသည့် ပုံစံမှာ ထိုင်းဆိုင်ကယ်တ
လက်ပစ်ဗုံးနှစ်လ
ဆိုင်ကယ်ပေါ်တွင်
ဆန္ဒပြမှု ကိုဖြေရှင်းရန် အတွက် ထိုင်းအရာရှိကြီ
လုံးနှင့် မြို့ တော်ဝင်မှ အစ စနစ်တကျကိုင်တွယ
ပတ်ဝန်းကျင် မှ စိုးရွံထိပ်လန့် နေကြသော်လည်း မည်သည့်ရည်ရွယ်ခ
ချက်ချင်းမသိကြ သေးပေ။
ထိုင်း ရဲအရာရှိများ တပ်ဖွဲ့ ဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျစည်းရုံး
ဆန္ဒပြ ရဲဘော်မှာ လက်ပစ်ဗုံး စနက်တံ အား ထိုင်းအရာရှိမှစ
ပြမှု ကို ရန့် တန့် စေခဲ့ပြီး ဆန္ဒပြရဲဘော်၏တော
ခဲ့သည်။ တောင်းဆိုချက်(သ
(၁)၂၀၁၀ ရွေးကောက်ပွဲ ကတရားမမျှတဘူး
(၂)DKB အား နယ်ခြားစောင့်အတ
(၃)(BGF)နယ်ခြား
(၄)မြန်မာပြည်နိ
ထို့ အပြင် ထိုင်းအရာရှိမျာ
ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်
လိုပါက ပြန်ခိုင်းမည်ဆိ
မြန်မာပြည် ၏ လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဥ
ဤ လူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနား
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ
