ကမ္ဘာ့အကြမ်းမဖက်နေ့မှာ ရန်ကုန်က အကြမ်းမဖက်အဖွဲ့က ဗိုလ်ချုပ်မှူးကြီးထံစာပို့

Sunday, October 3, 2010 11:48 AM | Posted by Anonymous
(ဒီမိုကရက်တစ်မြန်မာ့အသံ)

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်

11:34 AM | Posted by Anonymous
တင်ဦး Wednesday, August 04, 2010 စစ်သည်တော် စာမျက်နှာ
(ဧရာဝတီ)

ကျနော် စစ်တပ်ထဲ စဝင်တုန်းက အသက် ၁၆ နှစ်ပြည့်ပြီးလို့ ၁၇ နှစ်ထဲမှာ၊ စစ်ကြီးဖြစ်တော့ အထက်တန်း ရောက်နေပြီ။ အမျိုးသား အထက်တန်း ကျောင်းက အထက်တန်း ကျောင်းသားပေါ့။

အမျိုးသားကျောင်းက ဆိုတော့လည်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နေတာပဲ။ ဆရာကြီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်နဲ့ လခ မယူဘဲ သင်ကြားပေးကြတဲ့ ဆရာကြီးတွေ ဆိုတော့ ဒီကျောင်းသားတွေကို စေတနာ သက်သက်နဲ့ မျိုးချစ်စိတ် ထက်သန်အောင်သင်ပေးတယ်။ ပြီးတော့ တိုင်းပြည်ကလည်း ကျွန်ဘဝကနေ လွတ်မြောက် ရမယ် ဆိုတာတွေက ငယ်ငယ်တည်းက ကျနော်တို့ ခေါင်းထဲမှာ သိပ်ပြီးတော့မှ ဝင်နေကြတာပေါ့ဗျာ။

U-Tin-Oo-sm
သူရ ဦးတင်ဦးသည် မြန်မာ့တပ်မတော်ထဲတွင် အနှစ် ၃၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ဗမာ့ရိုင်ဖယ် တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင်အမှုထမ်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင် ဦးနေဝင်း လက်ထက် ၁၉၇၆ ခုနှစ်တွင် ဦးတင်ဦးကို ဗိုလ်ချုပ်ကြီးအဖြစ်မှ တာဝန်ရပ်စဲ အငြိမ်းစားပေးခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည်။ ယခုအခါ ၈၃ နှစ်အရွယ်ရှိပြီဖြစ်သော ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။ (ဓာတ်ပုံ - life.com)
စစ်တပ်ထဲ ရောက်တော့ ဗိုလ်ချုပ် အောင်ဆန်းတို့က လွတ်လပ်ရေး အတွက် ဦးဆောင်ပြီး လုပ်တယ်၊ ကျနော်တို့ တွေလည်း လွတ်လပ်ရေး အတွက် လုပ်နေတယ် ဆိုတော့ ပျော်တာပေါ့ဗျ။ အဲဒီချိန်မှာ ဘယ်လိုဟာမျိုး တွေ့တွေ့ ရင်ဆိုင်မယ် ဆိုတဲ့ စွန့်စားချင်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိတယ်၊ ဒါပေမယ့် စစ်အတော အတွင်းဆိုတော့ အစစအရာရာ ရှားပါးတာပေါ့။

ကျနော်တို့ရှိတဲ့ စစ်တပ်ထဲမှာလည်း ရှားပါးတာပဲ၊ စားရသောက်ရတာ ငတ်တာပဲ၊ ငတ်တယ်ဆိုပေမယ့် ဆန်တော့ ရှိတာ ပေါ့ဗျာ။ ငါးပိ၊ ငါးခြောက်၊ ဆားတွေလည်း ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ကျန်တဲ့ ဆေးနဲ့ ပတ်သက်တာတွေ ကတော့ အင်မတန် ဆင်းရဲတာပေါ့။ ဖိနပ်တွေ၊ ဦးထုပ်တွေကအစ ဆင်းရဲတာ။

သို့သော်လည်းပဲ ကျနော်တို့ကတော့ ဒီ လွတ်လပ်ရေးကို အောင်မြင်အောင် လုပ်မယ်၊ ကျနော်တို့ လူငယ်တွေကို ပြည်သူ ပြည်သားတွေက အားကိုးတကြီး ဖြစ်နေတော့ ပျော်တာပေါ့။ အရင်ကတည်းက စစ်တပ်ထဲမှာ ဘာခံစားခွင့်ရမယ်၊ ဘာ ရမယ်၊ ညာရမယ် ဆိုတာကို လုံးဝစိတ်ကူးပြီး လာကြတာ မဟုတ်ဘဲနဲ့ စစ်သင်တန်းကိုတက်ခဲ့တာ။ ပင်ပန်းသော်ငြား လည်း ဒီလိုလုပ်နေရတာကို ဂုဏ်ယူတယ်ပေါ့ဗျာ။ လွတ်လပ်ရေးအတွက် လုပ်နေတာ၊ စစ်တိုက်ဖို့အတွက် တပ်ထဲ ဝင်တာ ဆိုတော့ ဂုဏ်ယူတာပေါ့။

အဲဒီခေတ်တုန်းကတော့ ဂျပန်ခေတ် စစ်တက္ကသိုလ်ဖွင့်တယ်၊ ဒါပေမယ့် ခုခေတ်လိုတော့ သိပ်ပြီး ပြည့်ပြည့်စုံစုံကြီး မဟုတ်ဘူး ပေါ့ဗျာ၊ ကျောင်းသားတွေအနေနဲ့ ဂျပန်စာကို ဦးစားပေးသင်ရတယ်။ နောက် စစ်ပညာနဲ့ ပတ်သက်လို့လည်း ကောင်းကောင်းသင်ရတယ်။ နောက်ပြီးတော့ သမိုင်းတို့၊ ပထဝီတို့ စသည်ဖြင့်ပေါ့။ ခေတ်ပညာကိုတော့ ဂျပန်တွေက ပို့ချတာပေါ့။

လေ့ကျင့်ခန်းလည်း ဆင်းရတယ်၊ စာလည်း ကျက်ရတာပေါ့။ စာကျက်ရတာကတော့ အခုခေတ်လို အကန့်အသတ်နဲ့ အများကြီး ကျက်ရတာမျိုးတော့ မဟုတ်ဘူး။ အစားအသောက်ကတော့ သိပ်ဆင်းရဲတယ်၊ ဆန်ဆိုရင် ဆန်လုံးတီးပေါ့။ မနက်ကို ဆန်ပြုတ်ကလေး တခွက်၊ နေ့ခင်းကျတော့ ထမင်း တပန်းကန်နဲ့ ဟင်းက ကန်စွန်းရွက်ပြုတ်၊ နောက် ပဲပင်ပေါက် ပြုတ်၊ ချဉ်ပေါင်ရွက်ပြုတ်၊ ခဝဲသီးပြုတ်၊ ဘူးသီးပြုတ်၊ အပြုတ်တွေချည်းပဲ၊ ဆီလေး ဘာလေး နည်းနည်းပါးပါး ပါတယ်။ ပါတယ် ဆိုတာလည်း ဟန်လေးပဲ ပါတာပါ။ အဲဒီလိုပဲ တောက်လျှောက်နေခဲ့ရတယ်။ ဒါပေမယ့်လည်း အဲဒါကို ပျော်တယ် ဗျာ။

ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ လွတ်လပ်ရေးအတွက် လုပ်တာပဲ ဆိုပြီး ပျော်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ခေါင်းထဲမှာလည်း ဘာရရမယ်၊ ညာရရမယ် စိတ်ကူးကလည်း မရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေါင်းဆောင်ပြီး ဟောတဲ့ တရားကလည်း ပင်ပန်းမယ့်တရား၊ ကြမ်းတမ်းတဲ့ တရား၊ လူစဉ်မမီ ဖြစ်နိုင်တဲ့ တရား၊ သေနိုင်တဲ့ တရား၊ တိုက်ပွဲကျနိုင်တဲ့ တရား၊ အဲဒီဟာတွေကလွဲလို့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူးလို့ ဒီလိုတွေ ပြောသော်ငြားလည်း တို့ဆီ လွတ်လပ်ရေး ရမှာမို့လို့ ပျော်တယ်၊ ဒါပဲ။

စစ်ထဲဝင်မယ်ဆိုတော့ ကျနော့်အမေ ကျနော့်ကို ဘူတာရုံကို လိုက်ပို့တယ်ပေါ့ဗျာ။ ပုသိမ်မှာပေါ့၊ ပုသိမ် ဘူတာရုံကို လိုက်ပို့တယ်။ နောက် အမေ့ကို ကျနော် ကန်တော့တယ်ဗျာ။ ကန်တော့ပြီးတော့ ကျနော် မျက်ရည်ကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဖူးဘူးကိုးဗျ။ ဒါပေမယ့် ကျနော့်အမေက မျက်ရည် မကျဘူးဗျ။ အဲဒီမှာ အမေက မေးတယ် ဘာလို့ မျက်ရည်ကျတာလဲတဲ့။ သေရင်မြေကြီး ရှင်ရင် ရွှေထီး၊ နောက် စစ်တိုက်ရမှာ ကြောက်ရင် ပြန်မလာနဲ့၊ ပြန်လာရင် အမေရှက်တယ်တဲ့။

ဒါပဲ သူပြောတာ၊ အဲဒီစကားပဲ ကောင်းကောင်းမှတ်မိသေးတယ်။ တပ်ထဲက အဖြစ်အပျက်တွေကတော့ တပုံတခေါင်း ကြီးပဲ။ လေ့ကျင့်ခန်း ဆင်းတုန်းကလည်း ကြုံဖူးတာပဲ၊ တိုက်ပွဲ ဖြစ်တုန်းကလည်း ကြုံဖူးတာပဲ၊ ပြင်းပြင်းထန်ထန် တိုက်တုန်းကလည်း ကြုံဖူးတာပဲ။ နိုင်ငံခြားတပ်တွေ၊ ကေအန်ယူ တွေနဲ့ တိုက်တုန်းကလည်း ကြုံရတယ်။ နတ်မြစ်ဝ ပေါ်မှာ တခါတည်း ကျနော်တို့က သူတို့ ကျူးကျော်နယ်ကို ပြန်တိုက်ပြီး သိမ်းရတာတွေလည်း လုပ်ခဲ့ရတာပဲ၊ အများကြီးပဲဗျာ။

အရင်က တပ်မတော်ဆိုတာနဲ့ အခုခေတ် တပ်မတော်ဆိုတာက တော်တော်ကြီးကို ကွာသွားပြီဗျ၊ တွေးတာ ခေါ်တာ လုပ်တာ ကိုင်တာကအစ ကွာသွားပြီ။ ကျနော် တပ်ရင်းမှူး ဘဝတုန်းကဆို မိုးကုတ်မှာ တာဝန်ထမ်းဆောင်ဖူးတယ်။ မိုးကုတ် ဧရိယာမှာ သောင်းကျန်းသူတွေ ဆက်ကြေးမယူနိုင်အောင်ပေါ့။ မိုးကုတ်က ချမ်းသာတယ် မဟုတ်လား။ အဲဒီက ဆက်ကြေးရရင် သိပ်တောင့်သွားမှာဆိုတော့ ကျနော်တို့ ကာကွယ်ရမယ့် တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်မှာ တပ်သားအားလုံးက အဲဒီက ကျောက်စိမ်း၊ ပတ္တမြား ကိစ္စနဲ့ ပတ်သက်တာတွေ ဘာမှ စိတ်ဝင်စားမှု မရှိဘူးလို့ ကျနော်တို့ မြင်တာပဲ။ ကျောက်တွေနဲ့ ပတ်သက်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာလည်း တခုမှ စိတ်မဝင်စားဘူး။ လိုလည်း မလိုချင်ဘူး၊ လိုချင်တဲ့စိတ်လည်း မရှိဘူး။

ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည့်စုံတယ်ဗျ။ ရိက္ခာတို့၊ ဘာတို့၊ ညာတို့ ထောက်ပံ့မှု စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အခါကတော့ တပ်ရင်းမှူးလောက် ဖြစ်ပြီဆိုရင် လိုလေသေးမရှိဘူး၊ ပြည့်စုံတဲ့အခါကျတော့ ဒါတွေနဲ့ ပတ်သက်ပြီး ခေါင်းထဲမဝင်ဘူး။ တိုတိုပြောရရင်တော့ဗျာ၊ ကိုယ့်အတွက် လုပ်ဖို့ဆိုတာကို ခေါင်းထဲမှာမရှိဘူး။ အဲဒါ ကိုယ့်အတွက် လုပ်ရမှာ ရှက်တယ်၊ အဲဒီလို ဖြစ်တာပဲ။

နောက်ထပ် ဥပမာပေါ့ဗျာ။ ပြောင်းဖူးခူးစားတာတို့၊ ဟင်းရွက်ခူးစားတာတို့ဆိုရင် ကျနော်တို့က အဲဒီပြောင်းဖူး ချိုးစားတဲ့၊ ဟင်းရွက်ခူးစားတဲ့ ကောင်တွေကို အဲဒီမှာ သူတို့စားတဲ့ ပြောင်းဖူးတို့ ဟင်းရွက်တို့ရဲ့ တန်ဖိုး ပြန်ပေး၊ တပြားမှ မတန်ရင်တောင် ပြန်ပေးရမယ်။ ကုန်ကုန်ပြောမယ်ဗျာ။ သိပ်ပြီးမှ ဆာလွန်းအားကြီးလို့ ကြက်ကို ရိုက်သတ် ချက်စားတာတောင် အဲဒီပိုင်ရှင်ဆီကို ကြက်ရဲ့တန်ဖိုး ကြေကြေလည်လည် ကျေနပ်တဲ့အထိ ပေးခိုင်းတယ်ဗျ။ သူမပေးနိုင်လို့ရှိရင်တောင် သူ့မှာပါတဲ့ လက်စွပ်တို့၊ ဆွဲကြိုးတို့ ပါတာပေးခဲ့။ ဒီလိုမျိုး အမိန့် ပေးပြီးတော့ လူထုကို နစ်နာအောင် မလုပ်ခဲ့တဲ့ဟာမျိုး များတယ်ဗျ။ ပြည်သူလူထုဆီက ယူဖို့ဆိုတာ ဝေးရော။

တပ်မတော်မှာ ပါတဲ့သူအားလုံး စစ်သားကအစ ဟို ဗိုလ်ချုပ်ကြီးအထိ သူ့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ သင်ထားတာကို တကယ့် သူရဲကောင်း တယောက်အနေနဲ့ ပြည်သူပြည်သားရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ရိုးရိုးသားသား ကာကွယ်ပြီးတော့ ပြည်သူသည်အမိ၊ ပြည်သူသည်အဘ၊ ဆိုတဲ့ဟာမျိုးနဲ့ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း နေပြီး တော့ ပြည်သူတွေ အားလုံးချစ်တဲ့၊ တနည်းအားဖြင့်ဆိုရင် ပြည်သူတွေအားလုံး ကြိုက်တဲ့၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်မျိုးကို ပြန်လိုချင်တယ်။

ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို ဘာကိုမှလုပ်ပေးစရာမရှိဘူး။ တခုတော့ရှိတယ်၊ ရွေးကောက်ပွဲတို့၊ ဘာတို့ ကျလို့ရှိရင်တော့ ကိုယ်ကြိုက်တဲ့သူကို လျှို့ဝှက် မဲပေးတာ ပေးလိုက်၊ ရတယ်။ ဒါပေမယ့် ကိုယ်က အသုံးချပြီးတော့၊ အသုံးချခံပြီးတော့ ကိုယ်ကျိုးအတွက် လုပ်တာမျိုးကတော့ မလိုလားအပ်ဘူး။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တုန်းကတော့ ရွှေထီး ဆောင်းရတဲ့ သဘောပေါ့ဗျာ။ အစစ အရာရာ လစာနဲ့ ထောက်ပံ့မှုတွေက ကျနော်တို့အတွက် ပြည့်စုံ နေတဲ့အတွက် ဘာမှ မပူရဘူး။ အေးချမ်းတာပေါ့လေ။ အခု အရပ်သားဘဝ ရောက်တော့ ပြည်သူလူထုရဲ့မေတ္တာ ခိုလှုံရတာပေါ့။ အေးချမ်းတယ်လို့မှတ်တယ်။ ကျနော်က အဲဒါလေးပဲ။ ပြည်သူသည် ဆင်းရဲရင် ဆင်းရဲခြင်း၊ ချမ်းသာရင် ချမ်းသာခြင်း၊ ငါတတ်နိုင်တဲ့ဘက်ကလုပ်ပေးမယ်။ အဲဒါပဲ။

အခု ကာကွယ်ရေးဦးစီးချုပ်ကို ကျနော် ပြောချင်တာ သွားပြောလိုက်ရင် သူစိတ်ဆိုးမှာပေါ့ဗျာ။ သူတို့က ကျနော့်ရဲ့ အောက်က တာဝန်ထမ်းဆောင်ခဲ့တာ ဆိုတဲ့ဟာကိုတော့ ကျနော်မပြောပါဘူး။ ကျနော့်စိတ်ထဲမှာ သူတို့က တချိန်တုန်းက ကျနော့်လုပ်ငန်းကို အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးတဲ့ လုပ်ဖော်ကိုင်ဖက် တွေလို့ပဲ မှတ်ပါတယ်။ အဲဒီလို စိတ်ထားနဲ့ပဲ ဆက်ဆံချင်တာပါ။

ကာကွယ်ရေး ဦးစီးချုပ်ကို ပြည်သူတွေက ချမှတ်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကျနော်ရိုသေလေးစားတဲ့ ဗိုလ်ချုပ် ကျော်ဇော တို့လိုမျိုး တပ်မှူးကောင်းတွေ ဖြစ်စေချင်တာပါပဲ။

စစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ အိုင်ယာလန် နိုင်ငံ ၁၂ နိုင်ငံမြောက်နိုင်ငံအဖြစ် ထောက်ခံ

11:09 AM | Posted by Anonymous
(ဒီမိုကရက်တစ်မြန်မာ့အသံ)

လဲ တော့ လဲ တယ်

Friday, October 1, 2010 12:11 AM | Posted by Anonymous

ဒီဗွီဘီ သတင်းများ




http://burmese.dvb.no
နအဖ နှင့် အက်စ်အက်စ်အေ တိုက်ပွဲဖြစ်ပြန်ပြီ

အေကေတီ ၃ဝ စက်တင်ဘာ ၂ဝ၁ဝ - ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ ရှမ်းပြည်တပ်မ တော် အက်စ်အက်စ်အေ တပ်မဟာ ၁ နဲ့ နအဖတပ်တွေအကြား တိုက်ပွဲထပ်ဖြစ်ပါတယ်။ သီပေါမြို့နယ် နမ့်ကျန်ဒေသဘက်မှာ ဖြစ်တဲ့ ဒီတိုက်ပွဲမှာ ထိခိုက်မှုအခြေအနေကို တော့ မသိရသေးပါဘူး။ ဒီလ ၁၄ ရက်နဲ့ ၂ဝရက်တုန်းကလည်း အက်စ်အက်စ်အေ၊ တပ်မဟာ ၁ နဲ့ နအဖ တပ်တွေ တိုက်ပွဲဖြစ်ခဲ့သေးတာမို့ ရက်သတ္တသုံးပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့တာပါ။ ဒီလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် အက်စ်အက်စ်အေနဲ့ နအဖ အကြား ၁၉၈၉ ခုနှစ်က သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း ပျက်သွားပြီဆိုတာ နှစ်ဖက် လုံးက သဘောထားနေပြီလို့ အက်စ်အက်စ်အေသတင်းရက်ကွက်က သိရပါတယ်။

--------------------------------------------------------------------------------------------

ပါတီများ စည်း±ုံးရေး စတင်လှုပ်ရှား

နန်းခမ်းကယောက် ၃ဝ စက်တင်ဘာ ၂ဝ၁ဝ - ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မယ့် နိုင်ငံရေးပါတီတွေက စည်း±ုံးရေး လုပ်ငန်းတွေ စလုပ်နေပါပြီ။ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုနဲ့ ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့ရဲ့ လှုပ်ရှားမှုတွေကို တင်ပြလိုက်ပါတယ်။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) က ရန်ကုန်တိုင်းမှာ စည်း±ုံးရေး စတင် နေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

တနိုင်ငံလုံးရှိ ပါတီကိုယ်စားလှယ်အားလုံးဟာ စည်း±ုံးရေးလုပ်ငန်းအတွက် ပြီးခဲ့တဲ့တ နင်္ဂနွေနေ့မှာ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအ ဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဝင်ပြိုင်မယ့် ဦးသုဝေက စည်း±ုံးရေးအခြေအနေကို ပြောပြ ပါတယ်။ “မော်တော်ကားတစီးပေါ်မှာ အလံတွေကပ် ပိုစတာတွေ ကပ်၊ ထောင်ပြီးတော့ စာရွက် တွေဝေတယ်၊ ကျနော်တို့ရဲ့စာစောင်တွေကို လိုက်ရောင်းတယ်။ မြို့သူမြို့သားတွေက လှိုက် လှိုက်လှဲလှဲ ကြိုဆိုတာကို တွေ့ရပါတယ်။ အားလုံးလည်း ဝမ်းသာအားရနဲ့ အားရကြပါတယ်။ အင်မတန်ပဲ စိတ်ဝင်စားတာ တွေ့ရပါတယ်။

“အစိုးရ ကြံ့ခိုင်ရေးတို့ဘာတို့ကလည်း လှုံ့ဆော်တာပေါ့၊ ကြံ့ခိုင်ရေး လုပ်လေ၊ ကြံ့ခိုင် ရေးကို မဲမပေးချင်ဘူးဆိုတဲ့လူထုက များလေလေ၊ နှစ်ဘက်အပြိုင်ပေါ့။ ကျနော်တို့ကလည်း ကိုယ့်ရဲ့လှုပ်ရှားမှုကို အစိုးရပါတီတရပ်ကလည်း သူတို့ဟာသူတို့ လုပ်နေတော့ လူထုကလည်း စောစောတုန်းက စိတ်မပါဘူးဆိုတဲ့ လူတွေတောင်မှ အားလုံးက ပြိုင်ဖို့ ကြည့်ချင်တယ်၊ သူတို့ လည်း ပါချင်တယ်ဆိုတဲ့ သဘောမျိုးတွေ ဖြစ်လာတယ်။” သူတို့သွားလေရာကို စရဖ(စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့)က ကားတစီးနဲ့ လိုက်ကြည့် တာ တွေ့ရတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။ အန်ဒီအက်ဖ်(အမျိုးသားဒီမိုကရေစီအင်အားစု)ပါတီကလည်း ပါတီစည်း±ုံးရေး၊ လက် ကမ်းစာစောင်ဖြန့်ဝေမှု၊ လှုပ်ရှားမှုတွေ စတင်နေပြီလို့ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင် ဆွေက ပြောပါတယ်။ “အန်ဒီအက်ဖ် ကျနော်တို့တံဆိပ်နဲ့အင်္ကျီ±ိုက်ပြီးတော့ လူကြားထဲကိုလာပြီးတော့ အသံတိတ်ပေါ့ဗျာ ဝတ်ကြပြီးတော့ ဒါ လှုပ်ရှားမှုပေါ့ဗျာ အဲ့ဒါတော့လုပ်ပါတယ်။ တယောက် ချင်းတယောက်ချင်းပေါ့ဗျာ၊ ဟိုလူကဒီလူကပေါ့။ တီရှပ်အရှေ›မှာ ‘ခမောက်ဘေးမှာ အမှန်ခြစ် ပြည်သူ့အတွက်ဘဝသစ်’ ဆိုပြီးတော့ ခမောက်ပုံနဲ့ အမှန်ခြစ်တဲ့ဟာလေးကို တွဲပြီး±ိုက် ထားပါတယ်။ အဲဒီပုံလေးတွေကို ဝတ်ထားတာတွေ့ရပါတယ် လူငယ်ခြောက်ယောက် ခုနစ် ယောက်ပေါ့။”

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အန်ဒီအက်ဖ်ရဲ့ တောင်ဒဂုံမြို့နယ်±ံးခန်းကို ဒီနေ့ ဖွင့်လှစ်တယ်လို့လည်း ပြောပါတယ်။ အန်ဒီအက်ဖ်ပါတီကို ရန်ကုန်တိုင်းတင်မက ချင်းပြည်နယ် မတူပီနဲ့ ရှမ်းပြည်နယ် ကျိုင်း တုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းခတ်၊ မိုင်းလား စတဲ့ဘက်က ပြည်သူတွေလည်း ထောက်ခံအား ပေးနေကြပြီလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီကတော့ ရှမ်းပြည် နယ်မြောက်ပိုင်း တန့်ယန်းမှာ မြို့နယ်±ုံးကို ဒီလ ၂၅ ရက်က ဖွင့်လှစ်ပါတယ်။ ၂၇ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ›ပိုင်း ကျိုင်းတုံမှာ ခ±ိုင်±ုံးဖွင့်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးလုပ်ပေါင်းက ပြောပါ တယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တန့်ယန်းဘက်က ကျေးရွာတွေဆီ မရောက်နိုင်သေးဘူးလို့ ဦးလုပ်ပေါင်းက ပြောပါတယ်။ “ဒီလကုန်တော့ သွားဖို့တော့ ကြိုးစားပါတယ်၊ အဆင်ပြေမလား၊ အဆင်မပြေဘူးလားဆို တော့ မိုးပေါ်မှာမူတည်တာပေါ့။ မိုးရွာရင်တော့ ဘယ်လိုမှသွားလို့မရမှာမဟုတ်ဘူး။ ±ုံးဖွင့်ပွဲ တော့ အားလုံး ကျေးရွာတိုင်းတော့ လာပါတယ်။ ခြေကျင်တော့ လာကြတာပေါ့။”

---------------------------------------------------------------------------------------------------

တစညပါတီ ဦးဟန်ရွှေ ဆက်သွယ်မေးမြန်းချက်

တစညပါတီ ဦးဟန်ရွှေ ဆက်သွယ်မေးမြန်းချက် ထက်အောင်ကျော် ၃ဝ စက်တင်ဘာ ၂ဝ၁ဝ - အခုတဆက်တည်း တနိုင်ငံလုံး အတိုင်းတာနဲ့ တစညပါတီရဲ့ ရွေးကောက်ပွဲဝင်ရေး နောက်ဆုံးအခြေအနေကို တင်ပြလိုပါတယ်။ လွှတ်တော် ၃ ရပ်နဲ့ တိုင်းရင်းသားလူမျိုးစုအတွက် ကိုယ်စားလှယ် ၉၉၉ ဦးတင်တဲ့အနက် ၄ ဦး အပယ်ခံရကြောင်း၊ ကြံ့ခိုင်ရေးပါတီဟာ သူတို့ရဲ့ မဟာမိတ်မဟုတ်ဘဲ òပိင်ဘက်ပါတီသာ ဖြစ်တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက ပြောပါတယ်။ “ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးနဲ့ တိုင်းဒေသကြီးက ကိုယ်စားလှယ် သုံးဦးက ပယ်ခံရတယ်၊ ဒါကြောင့်မို့ လေးယောက် အပယ်ခံရတဲ့အတွက် လောလောဆယ် ကျနော်တို့ ပါတီက ၉၉၅ ဦးရှိပါတယ်။ အယူခံပါ မရပါဘူး။ ပြန်ကျလာပါတယ်။” ကိုယ်စားလှယ်က ၉ဝဝ ဆိုတော့ အန်ကယ်တို့ ပါတီဝင်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ ပြောလို့ ရလားခင်ဗျာ၊ “ကျနော်တို့က ၁၉၈၈ ခုနှစ် ပါတီစထူထောင်စဉ် နောက်ပိုင်းမှာ လမ်းစဉ်ပါတီက ဆက်ပါလာတဲ့ ပါတီဝင်အင်အားတွေ ရှိပါတယ်၊ အဲတော့ ၁၉၉၁ ခုနှစ်ကနေ စပြီးတော့ ပါတီဝင် အင်အားတိုးချဲ့တာ မလုပ်ရဘူး ဆိုပြီးတော့ ကျနော်တို့ ကော်မရှင်ကနေပြီးတော့ ည¸န်ကြားချက် ထုတ်ထားတာ ရှိပါတယ်။ အဲဒီအရဆိုရင် ကျနော်တို့က ၅ သိန်း လောက်ရှိပါတယ်။ သို့သော် ပြန်ဖွင့်ပြီးတဲ့နောက်ပိုင်းမှာ အသစ် ပြန်မှတ်ပုံတင်ပြီးတော့ တိုးချဲ့ဆောင်ရွက်ဖို့ လုပ်တဲ့အခါကျတော့ ပါတီဝင်အင်အား ၂ သိန်းလောက် ကျနော်တို့ ရပါတယ်။ အားလုံးပေါင်းဆိုရင် ပါတီဝင်အင်အား ၇ သိန်းလောက် ရှိပါတယ်။” အခုအန်ကယ် အပါအဝင် နယ်တွေမှာ စည်း±ုံးဟောပြောမှု အခြေအနေတွေ လောလောလပ်လပ် ရှိလား၊ ဘယ်လိုအခြေအနေ ရှိလဲခင်ဗျာ။ “လောလောဆယ်တော့ ကျနော်တို့ ဒီမှာ အောက်ပိုင်း မိုးက မပြတ်သေးဘူး ဖြစ်နေတယ်၊ အခု ဒီတရက်နှစ်ရက်မှာပါ ခုနလိုပဲ မိုးတွေရွာတာကြောင့် လူထုစည်းဝေးပွဲတို့ လုပ်ဖို့ဆိုတာ သိပ်အခြေအနေ မပေးသေးပါဘူး။ အောက်တိုဘာထဲမှာ မိုးပါးသွားရင်တော့ လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေတွေ ရှိလိမ့်မယ်လို့ ထင်ပါတယ်။” အခြားပါတီတွေကို မေးကြည့်တော့ သူတို့နယ်တွေ စည်း±ုံးရေးဆင်းတာ ၇ ရက်ကြိုတင်ရတာ အဆင်မပြေလို့ ±ုံးလည်းမရှိဘူး အိမ်တွေမှာပဲ အကျဉ်းချုံးလုပ်ရတယ် ပြောတယ်၊ ဒါပေမယ့် ကြံ့ခိုင်ရေး ပါတီကျတော့ ဖုန်းကြီးကျောင်းတို့္စကဘူငခ မေနေ မှာ လုပ်ရတယ်လို့ ပြောတယ်၊ ဆိုလိုတာက တန်းတူ အခွင့်အရေး မရဘူးလို့ ပြောကြတယ်။
-----------------------------------------------------------------------------------------------

ထိုင်းဝန်ကြီးချုပ် မြန်မာစစ်အစိုးရကို သွားတွေ့မည်

၃ဝ စက်တင်ဘာ ၂၁ဝ၁ဝ - ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝဟာ ပထမဆုံး မြန်မာ ပြည်ခရီးစဉ်အဖြစ် အောက်တိုဘာ ၁၁ ရက်မှာ နေပြည်တော်ကိုသွားဖို့ ပြင်ဆင်ထား တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရွေးကာက်ပွဲအပြီးမှာ ဘာဆက်လုပ်မလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို ဘယ်လိုဆက်ကိုင်တွယ်မ လဲ၊ နှစ်နိုင်ငံနယ်စပ်က တိုင်းရင်းသားတွေအရေး စတဲ့ကိစ္စတွေကို ဆွေးနွေးဖွယ်ရှိတယ် လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရွန်က ပြောပါတယ်။ မြန်မာပြည်မှာ ပေါ်ပေါက်လာမယ့် အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ ဘယ်လိုရှိမလဲ၊ မြန်မာပြည်မှာ ထိုင်းနိုင်ငံရဲ့ရင်းနှီးမြ‡ုပ်နှံမှု အလားအလာ စတာတွေကိုလည်း လေ့လာမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

-----------------------------------------------------------------------------------------------------

ကေအိုင်အိုကားကို နအဖ စစ်တပ်က ဖမ်းဆီးထား

အေးနိုင် ၃ဝ စက်တင်ဘာ ၂ဝ၁ဝ - ကချင်ပြည်နယ် ဖားကန့်အခြေစိုက် နယ်မြေခံစစ်တပ်က ကေအိုင်အေ(ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်) တပ်မဟာ ၂ လက်အောက် ခံ တပ်ရင်း ၆ ပိုင် ကားတစီးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကေအိုင်အေနဲ့ နီးစပ် သူက ပြောပါတယ်။ မနေ့က မွန်းတည့်ချိန်လောက်မှာ မြစ်ကြီးနားကိုအသွား လုံးခင်းအလွန် လေ တင်ဂိတ်က တားမြစ်သိမ်းဆည်းတာဖြစ်ပြီး ကားမောင်းသူကို ဖမ်းဆီးထိန်းသိမ်းထား တယ်လို့ ကေအိုင်အေ တပ်ရင်း ၆ နဲ့နီးစပ်သူတဦးက ပြောပါတယ်။ အခုဖမ်းထားတဲ့ ကားနံပါတ် ၂ခ/၃၇၂၄ ခဲရောင် နှစ်ခန်းတွဲ ဟိုင်းလတ်ကားကို မောင်းနှင်သူမှာ ယူဆောင်နေကျ စာရွက်စာတမ်းတွေ ပါပါရက်နဲ့ ဖမ်းဆီးတဲ့ အ ကြောင်းရင်းကို မသိရသေးပါဘူး။ ဖမ်းဆီးသူက ဖားကန့်က ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီးအေးမြင့်ထွန်းဖြစ်ပါတယ်။ ဒီကားကို စခန်းမှာ သိမ်းထားပြီး ကားမောင်းသမားကို စရဖ(စစ်ဖက်ရေးရာလုံ ခြုံရေးအဖွဲ့±ုံး)မှာ ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ နအဖက သတင်းမထုတ်ပြန်သလို ကေအိုင်အိုပြောခွင့် ရသူတွေနဲ့ တိုက်±ိုက်ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းဆန်တဲ့ ကေအိုင်အေနဲ့ နအဖအကြား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ရေးစောင့်ကြည့်အသင့်ပြင်ဆင်မှုတွေ၊ ရိက္ခာလမ်းကြောင်း တားဆီးမှုတွေ ဖြစ်ပွားနေပါတယ်။
-----------------------------------------------------------------------------------------------
နအဖ ဝန်ကြီးချုပ်က ဟန်ပြအတုအယောင် ဆေး±ုံကို ဖွင့်လှစ်ပြ

နော်နိုရင်း ၃ဝ စက်တင်ဘာ ၂ဝ၁ဝ - နအဖ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် လပွတ္တာမြို့နယ် မှာ ဖွင့်လှစ်ပေးသွားတဲ့ ဆေး±ုံဟာ အတုအယောင်ပါလို့ ဆေး±ုံနဲ့နီးစပ်သူ ဒေသခံ တွေက ပြောပါတယ်။ ဒီလ ၂၈ မှာ ဝန်ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဧရာဝတီတိုင်း နာဂစ်မုန် တိုင်းဘေးသင့်ဒေသက ပြန်လည်ထူထောင်ရေးအခြေအနေတွေကို လှည့်လည်ကြည့် ±ှုရာမှာ လပွတ္တာမြို့ကို သွားရောက်ပြီး သုံးမိုင်မြို့သစ် ခုတင် ၂ဝဝ ဆေး±ုံကို သွား ရောက် ဖွင့်လှစ်ပေးတယ်လို့ စစ်အစိုးရသတင်းစာမှာ ဒီနေ့ဖော်ပြပါတယ်။ ဒီဖွင့်ပွဲမတိုင်ခင်မှာ မြို့နယ်အာဏာပိုင်တွေက လပွတ္တာမြို့နယ် ပြည်သူ့ ဆေး±ုံက ဆေးပစ္စည်းကိရိယာတွေနဲ့ လူနာတွေကို ခုတင် ၂ဝဝ ဆေး±ုံကို ပြောင်း ရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “လူနာတွေကို တရက်ကြိုရွှေ့ပြီးတော့ လူနာတယောက်ကို တသောင်းပေး ပါ့မယ်ဆိုပြီး ပြောပြီးတော့ ရွှေ့ခဲ့တာ။ လူနာအရေအတွက် လိုသေးတဲ့အတွက် လူ နာစောင့်တွေကိုတောင်မှ လူနာအဖြစ်ပြဖို့ဆိုပြီးတော့ တခါ ထပ်ခေါ်ရသေးတယ်။” ဝန်ကြီးချုပ်နဲ့အဖွဲ့ ခုတင် ၂ဝဝ ဆေး±ုံကို ဖွင့်လှစ်ပေးသွားပြီး အဲဒီသတင်းကို စစ်အစိုးရမီဒီယာတွေမှာ ဖော်ပြလိုက်ပါတယ်။ အဲဒီဆေး±ုံမှာ ယာယီရွှေ့ထည့်ထားတဲ့ လူနာတွေနဲ့ ဆေးပစ္စည်း ကိရိယာ တွေကိုတော့ မူလ မြို့နယ်ဆေး±ုံကြီးကို ပြန်ရွှေ့သွားပြီဖြစ်လို့ ခုတင် ၂ဝဝ ဆေး±ုံ သစ်မှာ ဘာမှမရှိတော့ဘူးလို့လည်း မြို့ခံက ပြောပါတယ်။ “အခု ဦးသိန်းစိန်ပြန်လည်းသွားရော ဟိုဘက်ကနေ ပြောင်းရွှေ့ထားတဲ့ ပစ္စည်း ပစ္စယတွေလည်း လပွတ္တာကိုပြန်ရွှေ့တယ်။ လူနာတွေလည်းပြန်ရွှေ့။ လူနာ တွေကတော့ ခုတင် ၂ဝဝ ဆေး±ုံကိုရွှေ့တုန်းကတော့ တသောင်းပေးပါ့မယ် ပြောပြီး တော့ တသောင်းမပြောနဲ့ တပြားမှ မရခဲ့ပါဘူးလို့ လူနာရှင်တဦးက ပြောပါတယ်။” ခုတင် ၂ဝဝ ဆေး±ုံသစ်ရဲ့ လက်ငင်းအခြေအနေနဲ့ ခုလို အတုအယောင် ဟန်ပြ ဆေး±ုံဖွင့်တဲ့အတွက် ပြည်သူတွေနစ်နာပုံကိုလည်း ဒေသခံက ပြောပါတယ်။ “ခုချိန်ထိ ပစ္စည်းပစ္စယလည်း မရှိဘူး။ ဆရာဝန်တွေကလည်း လပွတ္တာ မြို့ ပေါ်မှာပဲ ရှိကြတယ်။ ဟိုမှာတော့ ဘာမှမပြီးသေးတာ။ အဆောက်အဦးက ပြီးမှ မ ပြီးသေးတာ။ တချို့အဆောက်အဦးတွေဆို ပြတင်းပေါက်တွေတောင် ပြည့်ပြည့်စုံစုံ မတပ်ရသေးပါဘူး။ ကိရိယာတန်ဆာပလာတွေလည်း မရှိပါဘူး။ အဲဒီလို လုပ်လိုက် တဲ့အတွက် ကျနော်တို့မြို့အနေနဲ့ ဘာနစ်နာလဲဆိုတော့ æ ကျနော်တို့ ဒေသခံ ပြည်သူတွေအတွက် ကုစားစရာ ခုတင် ၂ဝဝ ဆေး±ုံကြီး ရှိနေပြီလို့ အပေါ်လူကြီး တွေက သိတာလေ။ တကယ်တမ်း သွားတဲ့အခါကျရင် ဘာမှမရှိတဲ့အတွက် ကျနော် တို့ နာဂစ်ဒေသက ပြည်သူတွေအဖို့ရာ နစ်နာပါ။” ဝန်ကြီးချုပ် ဦးသိန်းစိန် လပွတ္တာကို အရင်တခေါက် ရောက်စဉ်တုန်းက လည်း ဒေသခံအာဏာပိုင်တွေက မြောင်းမြမြို့နယ်ဆေး±ုံနဲ့ ပုသိမ်မြို့နယ် ဆေး±ုံတို့ က ပစ္စည်းကိရိယာတွေနဲ့ လူနာတွေကို ခုတင် ၂ဝဝ ဆေး±ုံမှာ ရွှေ့ထည့်ထားပြီး ပြသခဲ့ဖူးတယ်လို့လည်း မြို့ခံက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်မေး မြန်းလို့ မရသေးပါဘူး။

-----------------------------------------------------------------------------------------------

ဘုရားသုံးဆူ၌ နအဖတပ်ကို ကေအန်အယ်အေက တိုက်ခိုက်၍ ၂ ဦးကျဆုံး

နော်နိုရင်း ၃ဝ စက်တင်ဘာ ၂ဝ၁ဝ - နအဖ စစ်တပ်ကို ကေအန်အယ်အေက ဘုရားသုံးဆူမှာ တိုက်ခိုက်လို့ နအဖဘက်က တဦးကျဆုံးတယ်လို့ ကေအန်အယ်အေ တပ်မဟာ ၆ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်ထွန်း ဦးဆောင်တဲ့ တပ်ရင်း ၃ ရင်းပါ တပ်ဖွဲ့ဟာ ဘုရားသုံးဆူအခြေစိုက် ခလရ ၃၂ နဲ့ တပ်ချင်းလဲဖို့ လာချိန်မှာ ကေအန်အယ်အေ(က ရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း ၁၆ တပ်ခွဲ ၂ က မနေ့မနက်ပိုင်း မှာ ခြုံခိုတိုက်ခိုက်တာလို့ တပ်မဟာ ၆ က ဗိုလ်ကြီးစောထဲနေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့နေရာကတော့ ဘုရားသုံးဆူမြို့နဲ့ ၁၆ မိုင်လောက်ဝေးတဲ့ အပလုံနဲ့ မြိုင်သာယာရွာကြားက တောင်ကျောတခုမှာဖြစ်ပါတယ်။ ဒီလ ၂ဝ ရက်တုန်းကလည်း လှိုင်းဘွဲ့မြို့နယ်မှာ နအဖစစ်တပ်နဲ့ ကေအန်အယ် အေ တိုက်ပွဲဖြစ်ပြီး နအဖဘက်က ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာ နအဖနဲ့ ကေအန်အယ်အေ တိုက်ပွဲတွေဖြစ်ပွားနေပြီး စက် တင်ဘာ ၂၁ ရက်တုန်းကတော့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အ ဖြစ် တရက်တာ အပစ်အခတ်ရပ်စဲဖို့ ကေအန်ယူ(ကရင်အမျိုးသားအစည်းအ±ုံး)က ကြေညာခဲ့ပါတယ်။

-------------------------------------------------------------------------------------------------

ပဲခူးတွင် ပေါက်ကွဲမှုဖြစ်

အေးနိုင် ၃ဝ စက်တင်ဘာ ၂ဝ၁ဝ - ၁- ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ကြီး ၈၊ ဘုရားသုံးဆူ ကျေးရာ ရယက(ကျေးရွာအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ)±ုံးမှာ မနေ့ည ၉ နာရီလောက်တုန်းက ဗုံးတလုံးပေါက်ကွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရယက±ုံးထဲမှာ ပေါက်ကွဲတဲ့ ဒီဗုံးဒဏ်ကြောင့် ရယက±ုံးနံရံ ပွင့်ထွက်သွားပြီး လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့လည်း သွားကြည့်တဲ့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတချို့ကတော့ ±ုံးထဲမှာ ဗုံးပေါက်တာမဟုတ်ဘဲ ±ုံးဘေးမှာ ပေါက်ကွဲတာ လို့လည်း ပြောပါတယ်။ ဒီဗုံးဟာ ဘယ်သူ့လက်ချက်ဆိုတာ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ပဲခူး မြို့နယ်အေးချမ်းသာယာရေးအဖွဲ့နဲ့ ရဲတပ် ဖွဲ့တို့ကိုတော့ ဆက်သွယ်လို့မရသေးပါ ဘူး။

------------------------------------------------------------------------------------------------

အစိုးရ±ုပ်သံမှ အပယ်ခံရသူများစာရင်းတွင် ရခိုင်တိုင်းရင်းသားပါတီ ပါဝင်

နန်းခမ်းကယောက် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - ရွေးကောက်ပွဲအတွက် အစိုးရ±ုပ်သံမှာ လူထုကို ဟော ပြောဖို့ တင်လိုက်တဲ့ စာမူနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပြောပါတယ်။ စာမူကို အခုလ ၂၈ ရက်နေ့က ပယ်ချလိုက်တာဖြစ်ပြီး၊ ဒုတိယအကြိမ်တင် ဖို့ စာမူကို ပြင်ဆင်နေတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။ စာမူကို ဘာကြောင့်ပယ်တယ်ဆိုတာ မသိရပေမယ့် ပယ်နိုင်တယ်လို့ ထင်ရတဲ့အ ချက်တချို့ကို ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။ “ကျနော်တို့ တင်တဲ့ဥစ္စာက ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့က ပါတီနဲ့ ပတ်သက်တဲ့အရာကို မိတ်ဆက်ပေးမယ်၊ ကျနော်တို့ ရခိုင်လူမျိုးတွေ ဖြတ်သန်းလာ ခဲ့ရတဲ့ သမိုင်းကြောင်းလေးတွေကို တင်ပြချင်တယ်လေ၊ ပြီးခါမှ ဘာကြောင့် ဒီရွေး ကောက်ပွဲကို ဝင်ရသလဲဆိုတဲ့အကြောင်းရင်းလေးကို သုံးချက်လောက် ထောက်ပြ ထားတာရှိတယ်။ “နောက် ပြည်ထောင်စုနဲ့ပတ်သက်လို့ ဘာကြောင့် စစ်မှန်တဲ့ ပြည်ထောင်စု ကို လိုချင်သလဲဆိုတဲ့ ၁၉၄၇ ကနေ ၂ဝဝ၈ အထိပေါ့ဗျာ æ တိုင်းရင်းသားတွေ ဘာ ကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုကို တောင်းသလဲဆိုတဲ့ ပြည်ထောင်စုမူနဲ့ပတ်သက် လို့ ရခိုင်တွေရဲ့သဘောထားပေါ့၊ အဲဒီနောက်မှာ ပြည်ထောင်စုနဲ့ပတ်သက်လို့ ဖွံ့ဖြိုး အောင်ပေါ့နော်။ “နောက် æ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ လုပ်ငန်းစဉ်များဆိုတဲ့ ကဏ္ဍလေး တွေပါ၊ အဲဒီဟာလေးတွေမှာ နည်းနည်းလေး စကားလုံးအသုံးအနှုန်းတွေက တင်း ကျပ်တာ ရှိကောင်းရှိမယ်၊ အဲဒီတော့ အကုန်လုံး ၇ မျက်နှာကို သူတို့ဘောင်အတိုင်း ပြင်ပြီး စစ်ဆေးပြီးကာမှ ပို့ထားတာပါ၊ ဘယ်လိုမူကို လက်ခံမလဲပေါ့၊ သိပ်ပြီးတော့ ကျနော်တို့လိုချင်တဲ့အချက်တွေ ပြောခွင့်မရရင်လည်း ကျနော်တို့က မပြောဘဲ ပြန် လာမှာပါ။” မူလအစီအစဉ်အတိုင်းဆိုရင် ±ုပ်သံဟောပြောမှုကို အောက်တိုဘာလ ၆ ရက်နေ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အလားတူ မနက်ဖြန်မှာ အစိုးရ±ုပ် သံက ထုတ်လွှင့်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ သူတို့ရဲ့ စည်း±ုံးရေးသီချင်းတွေကိုထည့်ဖို့ ±ုပ်သံညွန်ချုပ်က တားမြစ်တယ်လို့ သိရပါတယ်။ ၁၅ မိနစ်သာ ထုတ်လွှင့်ချက်မှာ အချိန်ပိုနေတာကြောင့် ရှမ်းဘာသာနဲ့ သီ ဆိုထားတဲ့ စည်း±ုံးရေးသီချင်းကိုထည့်ဖို့ တောင်းဆိုခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး အဲဒီ ပါတီက ပါတီဝင်တဦးက အခုလို ပြောပါတယ်။ “ဥက္ကဋ္ဌကနေပြီးတော့မှ စည်း±ုံးရေးနဲ့ ပတ်သက်ပြီးတော့မှ ၁၅ မိနစ်အချိန် ပေးပါတယ်၊ ပေးတဲ့အချိန်မှာ ၁၅ မိနစ်မပြည့်လို့ရှိရင် ပိုတဲ့အချိန်မှာ သီချင်းတွေကို လွှင့်ဖို့ ရှမ်းဘာသာနဲ့ အားလုံး စီစဉ်ထားပြီးပါပြီ၊ တကယ်လွှင့်မယ့် အခါကျတော့ ရှမ်းဘာသာနဲ့မဟုတ်ဘဲနဲ့ မြန်မာဘာသာပြန်ပြီးမှ လွှင့်ဖို့အတွက် ညွှန်ချုပ်က ညွှန် ကြားပါတယ်။ “ဒီနေရာကျတော့ ကျနော်တို့ ရှမ်းတိုင်းရင်းသားတွေကျတော့ တောအုံ ကြားမှာကျတော့ မြန်မာစကားမတတ်တဲ့လူတွေ အများကြီးရှိပါတယ်၊ အဲဒီပုဂ္ဂိုလ် တွေကျတော့ ကျနော်တို့က သူတို့ကိုသီချင်းနဲ့ အသိပေးရတာပေါ့လေ၊ စည်း±ုံးလှုံ့ ဆော်ရတာ နည်းနည်းလေး အခက်အခဲတွေ့သွားတာပေါ့။” အလားတူ တခြားတိုင်းရင်းသားတွေကလည်း သူတို့ရဲ‹ ဘာသာစကားအ လိုက် ထည့်ချင်ပေမယ့် ညွန်ချုပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။ အခုလ ၂၃ ရက်နေ့ စာမူအပယ်ခံရတဲ့ ဦးရဲထွန်းရဲ့ ၈၈-မျိုးဆက်ကျောင်း သားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီနဲ့ ဦးအေးလွင်ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီတို့ကတော့ ဒုတိယအကြိမ် စာမူကို ပြန်ပြင်ပြီး တင်လိုက်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက် ရသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးနေမျိုးဝေရဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီနဲ့ ဦးသိန်းဌေး ဦး ဆောင်တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီတွေကတော့ အစိုးရ±ုပ်သံမှာ မဟော မ ပြောတော့ဘူးလို့ ပြောဆိုထားပါတယ်။

-------------------------------------------------------------------------------------------------

ရခိုင်ဆရာတော် ဦးပညာစာရကို ထောင်ဒဏ်ချ

နန်းခမ်းကယောက် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - ရခိုင်ပြည်နယ်၊ စစ်တွေòမိ့ ဗုဒ္ဓြွဝိဟာရကျောင်းတိုက်က ရခိုင်ဆရာတော် ဦးပညာစာရကို စစ်အစိုးရက ထောင်ဒဏ် ၈ နှစ်နဲ့ ၃ လ အမိန့်ချ လိုက်တယ်လို့ သိရပါတယ်။ စစ်တွေòမိ့ ဒုတိယ ခ±ိုင်တရားရုံးက ဒီကနေ့မှာ အမိန့်ချလိုက်တာဖြစ်ပြီး၊ နိုင်ငံခြားငွေကိုင်ဆောင်မှု၊ ညစ်ညမ်းမှု၊ သာသနာတော်ညိ‡ုးနွမ်းမှု၊ ပစ္စည်းအလွဲသုံးမှု နဲ့ စည်ပင်အက်ဥပဒေအတွက် ဒဏ်ငွေကျပ်တစ်သောင်း သီးခြားစီကျခံဖို့ ဒုတိယ ခ±ိုင်တရားသူကြီး ဒေါ်ဝါဝါထွန်းက အမိန့်ချမှတ်ခဲ့ပါတယ်။ အခုလို အရှင် ဦးပညာစာရကို ထောင်မိန့်ချတဲ့အပေါ် စိတ်မကောင်း ဖြစ်မိ တယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခုလို ပြောပါတယ်။ “ဦးပညာစာရ ပြောကြားချက်လေးတွေတော့ ရှိသွားတာပေါ့၊ ကျနော်က အဲဒီဟာနဲ့ ပတ်သက်လို့ မဖတ်ရသေးဘူး၊ ကျနော်တို့ကလည်း အခု ပွင့်ပွင့်လင်း လင်းပြောရရင် ဆရာတော်ဘုရားနဲ့ ပတ်သက်လို့ အခုလို ၈ နှစ် ၃ လ လောက်ကျ တယ်ဆိုတာစိတ်မကောင်းဘူးပေါ့၊ အစီရင်ခံစာလည်း အသေးစိတ်ဖတ်နေပါတယ်။” အရှင်ဦးပညာစာရဟာ သက်တော် ၅၇ နှစ်ရှိပြီး၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက် က ဖမ်းဆီးခံရတာပါ။ ဆရာတော်ဟာ ရခိုင်ယဉ်ကျေးမှုသမိုင်းတွေကို ပြုစုရေးသား နေတဲ့ သမိုင်းသုတေသီတဦးဖြစ်ပါတယ်။ ဒါ့ပြင် မိဘမဲ့ကလေးတွေကိုလည်း ကျွေးမွေးပြုစုစောင့်ရှောက်နေတာပါ။ ဆရာတော်ကို အာဏာပိုင်တွေက ဖမ်းဆီးပြီးနောက်ပိုင်း အာဏာပိုင်တွေက ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်ပြီး၊ မိဘမဲ့ကလေး ၁၅ဝ ကျော်ကိုလည်း အစိုးရပိုင် လူမှုဝန်ထမ်းဦးစီးဌာနကို ပို့ဆောင်ထားပါတယ်။

----------------------------------------------------------------------------------------------
ရွေးကောက်ပွဲကိစ္စ နအဖ နိုင်ငံခြားရေးဝန်ကြီး ပြောစကား မမှန်

ခင်နှင်းထက် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ‘နအဖ’ စစ်အစိုးရ နိုင်ငံခြား ရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ပြောဆိုချက်ဟာ မဟုတ်မှန်ပါဘူးလို့ ရွေးကောက်ပွဲဝင်မယ့် ပါတီတခုနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ပါတီတခုတို့က တုံ့ပြန်ပြောကြားပါ တယ်။ ဝန်ကြီး ဦးဉာဏ်ဝင်းက ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ နိုဝင် ဘာ ၇ ရွေးကောက်ပွဲမှာ ပါတီ ၃၇ ခုက ကိုယ်စားလှယ်လောင်း ၃,ဝဝဝ ကျော် ပါဝင် ယှဉ်òပိင်မှာဖြစ်လို့ အားလုံးပါဝင်ခွင့်ရှိတာ ထင်ရှားတယ်လို့ ပြောသွားပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ ‘နအဖ’ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ် ဝင်းရဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ အခုလို တုံ့ပြန်ပြောကြားပါတယ်။ “အရေအတွက်ကို သူကပြောနေတာ၊ အရည်အချင်းကို သူကမပြောဘူး၊ ပါဝင် ယှဉ်òပိင်တာ သုံးထောင်မကလို့ တသောင်းဖြစ်ဖြစ် အရည်အချင်းမရှိရင် အားလုံးပါဝင် နိုင်မှုမရှိဘူး၊ အရဆကသအိးပ္ပာယ်က æ အားလုံးဆိုတာ နိုင်ငံရေးလုပ်နေတဲ့ လူတွေအားလုံး ပါဝင် နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်၊ သူက ဒါကိုလုံးဝမပြောပဲနဲ့ အရေအတွက်ပြော တယ်၊ ဒါကအများနဲ့ နိုင်ငံတကာသိချင်တဲ့ဟာကို တိုက်±ိုက်အဖြေမပေးဘူးလို့ ကျနော် အဲဒီလိုပဲသဘောရပါတယ်။” ဒီရွေးကောက်ပွဲကိုဝင်မယ့် အန်ဒီအက်ဖ်(အမျိုးသားဒီမိုကရေစီအင်အားစု) ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကလည်း အားလုံးပါဝင်ခွင့်ရတဲ့ရွေးကောက်ပွဲ မဟုတ်ပါဘူး လို့ ထောက်ပြပါတယ်။ “တကယ်တမ်းကျတော့ေူ ငညခူကျငလန (အားလုံးပါဝင်ခွင့်) မဖြစ်ဘူးလို့ ပြောလို့ ရပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ များတာများတာပဲလေ များတိုင်း အားလုံးလို့ တော့ ပြောလို့မရဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ အများဆုံး ပါဝင်နေတာက တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တစည ပါတီပဲ။ “ကျန်တာတွေကတော့ တကယ်များများစားစား ဝင်နိုင်လောက်အောင်လည်းပဲ စည်း±ုံးဖို့ အချိန်မရဘူးလေ၊ ပါတီတွေအနေနဲ့ဆိုရင်လည်း ဒါက အားလုံး ကျေကျေနပ် နပ်နဲ့ အားလုံး ပါဝင်နိုင်တယ်ဆိုတဲ့အဆင့်မျိုး မရောက်ခဲ့ဘူး၊ နောက်တခုကလည်းပဲ ဒီ နိုင်ငံရေးပြစ်မှုနဲ့ အထဲမှာ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေဆိုရင်လည်း ဘာပဲပြောပြော သူတို့ကိုလည်းပဲ ဒါက ပါဝင်ခွင့်ပေးသင့်တယ်လို့ ယူဆပါတယ်။” အန်ဒီအက်ဖ်ဟာ ပါတီစည်း±ုံးရေး ဆင်းရာမှာလည်း ရွေးကောက်ပွဲကော်မရှင် က ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် လွတ်လွတ်လပ်လပ် ဆောင်ရွက် ခွင့်မရဘူးလို့လည်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။ ‘နအဖ’ နိုင်ငံခြားရေးဝန်ကြီးကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်း±ုံး ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီ æ ပြည်သူတွေလည်း သူတို့အတွက် အကျိုးðပ မယ့် ကိုယ်စားလှယ်လောင်းတွေကို စိတ်óကိက်ရွေးချယ်နိုင်ဖို့ ဒီမိုကရေစီအခွင့်အလမ်း တွေရကြမယ် æ စသည်ဖြင့် ကုလသမဂ္ဂမှာ ပြောသွားပါတယ်။ ဒါ့အပြင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေ ကျင်းပခဲ့ဖူးတဲ့ အတွေ့အóကံအရ ခု ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပသွားမယ်လို့ ပြောသွားပါသေးတယ်။ ဒီပြောကြားချက်နဲ့ပတ်သက်လို့ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက နိုင်တာ ±ှုံးတာနဲ့ အောင်မြင်တာနဲ့ မတူပါဘူးလို့ ပြောကြားပါတယ်။ “ကျနော်တို့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြေ‡ာက်ပွဲပြီးရင် နိုင်တဲ့လူရှိမယ်၊ ±ှုံးတဲ့လူရှိမယ်၊ ဒါပေမယ့် ရွေးကောက်ပွဲတခု အောင်မြင်တယ်ဆိုတာ ပြည်သူလူထုတွေ အားလုံး ပါဝင်ဆောင်ရွက်တဲ့အခြေအနေမျိုး၊ နောက် æ မဲဆန္ဒရှင်အများပါဝင်တဲ့ အခြေ အနေမျိုးကျမှသာ အောင်မြင်တယ်လို့ ကျနော်တို့ ပြောလို့ရမယ်၊။” ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ထားပါတယ်။ Ð
ာသမန
-----------------------------------------------------------------------------------

ပြည်ခိုငှ်ုဖိုးပါတီဝင်ကို တစညပါတီဝင်များက တရားစွဲ

အေးနိုင် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - တိုင်ရင်းသားစည်းလုံးညီညွတ်ရေးပါတီဝင်တချို့က ပြည် ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တဦးကို မနေ့က ပဲခူးတိုင်း သာယာဝတီမြို့ နယ်မှာ တရားစွဲလိုက်ပါတယ်။ ပဲခူးတိုင်း သာယာဝတီမြို့နယ် အောက်လက်ပန်ကုန်းအုပ်စု၊ မျောက်ဝါးလေး ရုံ ကျေးရွာက ကြံ့ဖွံ့ပါတီဝင်တဦးက တစည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ တီ) စည်းရုံးရေးမှူးတွေက ရွာက ပါတီဝင်ကတ်အတွက် သုံးမယ့် ရဆကသအားတ်ပုံတွေကို လု ယူခဲ့တဲ့ ကိစ္စကို မြို့နယ်တရားရုံးမှာ မနေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီလ ၁၉ ရက်နေ့ည ရှစ်နာရီခွဲလောက်မှာ ကျေးရွာကြံ့ဖွံ့ပါတီဝင်တဦးက သူတို့ပါတီ စည်းရုံးရေးမှူး လူငယ်တွေထံကနေ ရဆကသအားတ်ပုံတွေ လုယူပြီး မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူးကို ပေးပို့ခဲ့ပုံနဲ့ တရားစွဲဆိုတဲ့အထိ ဖြစ်ခဲ့ပုံကို တစည ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း ဦးစန်းသွင်က ပြောပြပါတယ်။ “ကြံ့ခိုင်ရေး လူငယ်စည်းရုံးရေးမှူးဖြစ်တဲ့ စန်းဝင်းဆိုတဲ့ လူငယ်ကို သွားပြီး တော့ ပြမိတော့ ငါ့ကိုပေးဆိုပြီး သိမ်းထားတယ်၊ သူက မြို့နယ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး အတွင်းရေးမှူး ကိုသိန်းဇော်ကို သွားပေးလိုက်တယ်၊ ပြန်တောင်းတဲ့အခါကျတော့ သူက မပေးနိုင်ဘူး။ တို့ကြံ့ခိုင်ရေးက နိုင်လည်းနိုင်မှာ မင်းတို့အဖွဲ့က နိုင်ရင်လည်း ရှုံးမှာပဲ တို့သာ အနိုင်ရမှာ မင်းတို့ကောင်တွေ တိုင်းရင်းသားပါတီက ကောင်တွေ တို့အနိုင်ရရင် ဘာဖြစ်မယ် ညာဖြစ်မယ်လို့ ကြိမ်းမောင်းတယ်။ “ကျနော်တို့လူငယ်တွေက နောက်နေ့ကျ ကျနော်တို့ဆီ ရောက်လာတော့ ကျနော်တို့က ခရိုင်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်ကို စာတင်လိုက်တယ်၊ တင်ပြီး တော့ ဒီကလေးက ရဆကသအါးတ်ပုံတွေ ပြန်မရတဲ့အတွက် ကျနော် ၃ဝ ရဲစခန်းကို အမှု ဖွင့် ခိုင်းလိုက်တယ်၊ ပြည်သူ့ရဲတွေက အဲဒီ ဆင်းသွားပြီးတော့မှ အဲဒီရဆကသအါးတ်ပုံ ဘယ်မှာလဲ ဘာညာတောင်းတဲ့အခါကျတော့ သူတို့က မြို့နယ်ကြံ့ခိုင်ရေး အတွင်းရေးမှူး ဆီမှာ အပ်ထားတယ် အဲဒါ သွားယူ၊ သူက ကြိုက်တဲ့လူ သွားယူပေါ့လေ ကျနော်တို့ အဖွဲ့ က ကောင်လေးတွေ ပြောတာကတော့၊ မင်းတို့ပါတီကကောင်တွေ ဂရုမစိုက်ဘူး ဘာညာပေါ့ ဆဲလားဆိုလား လုပ်တော့ လူငယ်တွေကလည်း ဥပဒေအရပဲ ရှင်းမယ် ဆိုပြီးတော့ အခုတော့ ကျနော်တို့ အဲဒီကိစ္စက မနေ့ကတုန်းက ကျနော်တို့ သာ ယာဝတီ မြို့နယ်တရားရုံးကို တရားစွဲတင်ပို့တယ်၊ ရဆကသအါးတ်ပုံအယူခံရတဲ့ လူငယ်တွေက တရားစွဲထားတာ၊ ရဆကသအါးတ်ပုံတွေကလည်း ကြေမွသွားတာကိုး သူတို့ လုပ်ထားတာ။” ဒီလုပ်ရပ်နဲ့ ပတ်သက်လို့လည်း ဦးစန်းသွင်က မင်းမဲ့စရိုက်အဖြစ် မှတ်ချက် ပြုပါတယ်၊ “ကျနော်တို့ပါတီကတော့ အစကတည်းက ကျနော်တို့ရဲ့ မူဝါဒလမ်းစဉ် သ ဘောတရားတွေနဲ့ ပြည်သူကြားမှာ ချပြပြီးတော့ ကျနော်တို့က စည်းရုံးမယ်၊ ပြည် သူတွေရဲ့ သဘောပေါက်၊ ကျန်တဲ့ ပါတီတွေက သူတို့ရဲ့ မူဝါဒလမ်းစဉ်တွေကို ချပြ ပြည်သူတွေကြားမှာ ဒီလိုပဲ သိက္ခာရှိရှိ၊ သမာရဆကသအိးရှိရှိနဲ့ စည်းရုံး၊ ဥပဒေဘောင် အတွင်း က စည်းရုံးရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ အဲဒီလို လုပ်တာကတော့ မင်းမဲ့စရိုက် နည်းနည်းဆန်တယ်လို့ ကျနော်တို့က ထင်တာပေါ့။” ပဲခူးတိုင်း သာယာဝတီမြို့ ကြံ့ဖွံ့ အောင်နိုင်ရေးကော်မတီကလည်း လက်ပံ တုန်းကျေးရွာက ကျောင်းထိုင်ဆရာတော်ကို ငွေလှူမယ် ပါတီကိုမဲထည့်ဖို့ ရွာသား တွေကို စည်းရုံးပေးလို့ တောင်းဆိုခဲ့လို့ ပြဿနာ တက်ခဲ့ပါသေးတယ်။ မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေက ကြံ့ဖွံအောင်နိုင်ရေးအတွင်းရေးမှူး ဦးစံ မင်းက လက်ပံကုန်းကျေးရွာက မဟာစေတီလကျောင်းတိုက်က ဆရာတော်ကို ငွေ လှူတာဟာ ရွာသားတွေကို ကြံ့ခိုင်ရေးပါတီမဲထည့်ဖို့ မဲဝယ်တာလို့ ပြောလို့ ပြဿ နာ တက်ခဲ့တာလို့ သာယာဝတီမြို့ခံတဦးက ပြောပါတယ်။ “လက်ပံတုန်းရွာက မဟာစေတီလှ ကျောင်းတိုက်မှာရှိတဲ့ ဆရာတော် ဦး ဆန္ဒရကို ကြံ့ခိုင်ရေးက လူ ၃ ယောက် သွားလျှောက်တယ်၊ ဖုန်းဖိုး ၂ သိန်းလှူပါ့မယ်၊ လာယူပါလို့ ပြောတယ်၊ အခု ပိုက်စံပါမလာသေးဘူး။ အိမ်ကို ၂ ယောက်လာခဲ့ပါ ပေးလိုက်ပါ့မယ် ဆိုပြီးတော့၊ အဲဒီ ၂ ယောက်သွားတော့ ဒီပိုက်ဆံမယူခင် မင်းတို့ကို ငါပြောလိုက်မယ်တဲ့ မင်းတို့ ဘုန်းကြီးကို ပြောလိုက်ပါ အဲဒီဟာက မင်းတို့ရွာက မဲကို ငါတို့ ဝယ်တာလို့ ပြောလိုက်တယ်။ အဲဒါနဲ့ ဘုန်းကြီးက စိတ်ဆိုးတယ်။ အဲဒီ ပိုက်ဆံမယူနဲ့ ဆိုပြီး ကော်မရှင်ကို သွားတိုင်တာ၊ ကော်မရှင်ကနေ ခေါ်ပြီး အဲဒီလူကို ဝမ်နင် ပေးလိုက်တယ်။” သာယာဝတီမြို့နယ်တွင်းမှာ တခြားနိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းရင် ကော်မရှင်ထံ တင်ကြို ခွင့်ပြုချက်တောင်းရပြီး ဟောပြောပွဲတွေမှာ ရဲတွေက ဗွီဒီယို ကင်မရာတွေနဲ့ မှတ်တမ်း တင်နေတာကြောင့် လာရောက်သူဦးရေ နည်းပါးတဲ့ အ ကြောင်းနဲ့ ကြံ့ဖွံ့ပါတီကတော့ အဆီးအတားမရှိ စည်းရုံးရေး ဆင်းနေတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။ Ð
ာသမန
-----------------------------------------------------------------------------------

ရှမ်းပြည်နယ်ထဲမှာ ဘိန်းစိုက်နေဆဲဟု ရှမ်း မူးယစ်စောင့်-ကည့်ရေးအဖွဲ‹က ဆို

၂၉ စက်တင်ဘာ ၂ဝ၁ဝ - ဘိန်းတိုက်ဖျက်ရေး လုပ်နေပါတယ်လို့ မြန်မာစစ်အစိုးရ က နေ့စဉ်ကြေညာနေပေမယ့် ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ ခုမှာ ၄၆ ခုက ခုချိန်ထိ ဘိန်းစိုက်နေဆဲ ဖြစ်တယ်လို့ ရှမ်း မူးယစ်စောင့်ကြည့်မှုအဖွဲ့က ပြောဆို လိုက်ပါ တယ်။ ဘန်ကောက်ရှိ နိုင်ငံခြားသတင်းဆရာများ အသင်းတိုက်မှာ ပြုလုပ်တဲ့ ဟောပြောပွဲအတွင်း အစီရင်ခံစာ ရေးသားသူ စပ်ခွန်းဆိုင်က အခုလို ပြောသွား တာပါ။ ဒါ့အပြင် သူကဆက်ပြီး စစ်အစိုးရဟာ ဘိန်းပပျောက်ရေးအစား ဘိန်းကို နိုင်ငံရေးလက်နက် တခုအဖြစ် အသုံးချနေတယ်။ အထူးသဖြင့် တိုင်းရင်းသား လက် နက်ကိုင်တွေကို တိုက်ဖို့ အကြောင်းပြချက်အဖြစ် ဘိန်းကို အသုံးချနေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ ဝ လက်နက်ကိုင်အဖွဲ့ကို မူးယစ်ဆေး အရဆကသအိးက ထုတ်တဲ့အဖွဲ့အဖြစ် စွပ်စွဲ နေရာကနေ ခုချိန်မှာတော့ ဝ နဲ့ စစ်အစိုးရအကြား အဆင်မပြေတဲ့အတွက် တခြား ပြည်သူ့စစ်အဖွဲ့တွေကို စစ်အစိုးရက မွေးမြူနေတယ်။ မူးယစ်ဆေးနဲ့ မကင်းတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေဟာ အခု နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ အစိုးရပါတီကို ကိုယ်စားပြုပြီး ဝင်ပြိုင်ဖို့ ပြင်နေတယ်လို့ လည်း စပ်ခွန်းဆိုင် က ပြောပါတယ်။ သူထောက်ပြသူတွေထဲက အရဆကသအိးက ၂ ဦးကတော့ ကြံ့ခိုင်ရေးပါတီကိုယ်စား လှယ်အဖြစ် ဝင်ပြိုင်ဖို့ ပြင်နေတဲ့ ပန်းသေး ကျော်မြင့်နဲ့ ဦးမြင့်လွင်တို့ ဖြစ်တယ်လို့ စပ်ခွန်ဆိုင်းက ပြောဆိုကြောင်း ဘန်ကောက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။ Ð
ာသမန
-----------------------------------------------------------------------------------

ယုဇနကုမ္ပဏီက ဟူးကောင်းချိုင့်ဝှမ်း၌ လယ်သိမ်းမြ တရားစွဲသော်လည်း မထူး

အောင်ဇော်ထက် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ယုဇန ကုမဏီက လယ်ယာတွေ သိမ်းယူမှုကို ဒေသခံလယ်သမားတွေက တရားစွဲထားပေမယ့် အကြောင်းမထူးသေးဘူးလို့ သတင်းရရှိပါတယ်။ မြန်မာထိပ်တန်းသူဌေးတဦးဖြစ်တဲ့ ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက လယ်ယာစီမံ ကိန်းတွေအတွက် ဟူးကောင်းချိုင့်ဝှမ်းက ဒေသခံတွေရဲ့ လယ်ယာတွေကို ၂ဝဝ၈ ခုနှစ် ကတည်းက သိမ်းယူခဲ့တာလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။ မြို့နယ်အာဏာပိုင်တွေကို တိုင်တန်းခဲ့ပေမဲ့ အကြောင်းမထူးတာကြောင့် ဒီနှစ် ဇူလိုင်မှာ ဒေသခံလယ်သမားတွေစုပေါင်းပြီး ယုဇနကုမ္ပဏီကို ကချင်ပြည်နယ် တရား±ုံးမှာ တရားစွဲခဲ့ပါတယ်။ တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး လယ်သမားတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဒေသခံလယ်သမားတဦးက ပြောပါတယ်။ ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ရဲ့ စာရင်းအရ ၂ဝ၁ဝ ဖေဖော်ဝါရီအထိ မိသားစု ၁၆၃ စုကို အာဏာပိုင်တွေက အရဆကသအးမ္မ ရွှေ့ပြောင်းခိုင်းခဲ့ပြီး မပြောင်းတဲ့ လယ်သမားတွေရဲ့ အိမ်တွေကို ယန္တရားတွေနဲ့ ဖြိုဖျက်ပစ်ဖို့ ကြိုးစားခဲ့သေးတယ်လို့လည်း သိရပါတယ်။ (ဒီသတင်းကို ဒီဗွီဘီ ±ုပ်မြင်သံကြားမှာ ကြည့်±ှုနိုင်ပါတယ်။) Ð
ာသမန
-----------------------------------------------------------------------------------

မြန်မာ့ရွေးကောက်ပွဲနှင့် ဒုက္ခသည်အရေး အိန္ဒိယ၌ ဆွေးနွေး

ခင်မောင်လတ် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - ‘လာမယ့်ရွေးကောက်ပွဲရလဒ်နဲ့ နယူးဒေလီရောက် မြန်မာ ဒုက္ခသည်များအခြေအနေ’ ခေါင်းစဉ်နဲ ဆွေးနွေးပွဲနဲ့ သတင်းစာရှင်းလင်းပွဲ ကို နယူးဒေလီ ပရက်စ်ကလပ်မှာ ဒီလ ၂၇ ရက်က ကျင်းပပါတယ်။ ချက်နိုင်ငံအခြေစိုက် ဘားမားစင်တာ(ပရာ့)နဲ အိန္ဒိယအခြေစိုက် ဘားမား စင်တာ(ဒေလီ)တို့ ပူးတွဲပြီး ကျင်းပတဲ့ ဒီအခမ်းအနားမှာ အိန္ဒယနိုင်ငံဆိုင်ရာ ချက် သံအမတ် မီလိုစလဗ် စတာဆစ် တက်ရောက်ပြီး အမှာစကား ပြောကြားပါတယ်။ “မြန်မာပြည်မှာ ဒီမိုကရေစီရေးအတွက်ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေချိန်မှာ မြန်မာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ချက်ရီပတ်ဘလစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ ဘားမာစင်တာ(ပရာ့)နဲ့ ဘားမားစင်တာ(ဒေလီ) တို့လို အစိုးရမဟုတ်တဲ့အဖွဲ့တွေကတဆင့် အကူညီတွေပေးသွားမှာပါ”လို့ မီလိုစ လဗ် စတာဆစ်က ပြောသွားပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမား ၂ဝ ကျော် တက်ရောက်ပြီး အိန္ဒိယ အစိုးရနဲ့ သတင်းဌာနတွေအပြင် ဥရောပနဲ့ အမေရိကနိုင်ငံတွေ အပါအဝင် ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာကအလှူရှင်တွေလည်း တက်ရောက်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ၊ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေရဲ့ ရှေ›ရေး၊ မြန် မာ့လူ့အခွင့်ရေးအခြေအနေ စတဲ့အရေးတွေကို ဆွေးနွေးကြပါတယ်။ (ဒီသတင်းကို ဒီဗွီဘီ ±ုပ်မြင်သံကြားမှာ ကြည့်±ှုနိုင်ပါတယ်။) Ð
ာသမန
-----------------------------------------------------------------------------------

စီးပွားရေးသတင်းများ æ ကုန်တင်ကားများ ရပ်နားထား

ရွှေအောင် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - ကုန်ကားတွေ တန်ပိုပြေးဆွဲရင် အရေးယူမယ် ဆိုတာ ကြောင့် တချို့ကုန်ကားပိုင်ရှင်တွေက ကားမဆွဲတော့ဘဲ ရပ်ထားလိုက်ကြတယ်လို့ ကားအုံနာတဦးက ပြောပါတယ်။ “တရက်နေ့မှာ ၁၂ ဘီးနဲ့ ပက်သက်လို့က ၂၅ တန်ဆိုတော့ ကားရဲ့ အ လေးချိန်က ၁၅ တန်၊ ကုန်က ၁ဝ တန်ပဲဆိုတော့ ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ ကား ပိုင်းကတော့ သက်သာတာပေါ့။ ဒါပေမယ့် ဘယ်သူသွားထိလည်း ဆိုတော့ စားသုံး သူပဲ ထိခိုက်မှာလေ။ ကျနော်တို့ မြင်ရသလောက်ပေါ့။ သူတို့က အကြောင်းပြတာ ကတော့ လမ်းတံတားတွေက ကားတွေကြောင့် ပျက်တယ်ဆိုပြီးတော့ ပြောတာ ကိုး။ ဒါပေမယ့် လမ်းတံတားကြေးတွေက မကျတော့ ကျနော်တို့က အခုလောလော ဆယ် ကားတွေ ရပ်ထားရတယ်။” ဆောက်လုပ်ရေးဝန်ကြီးဌာနာက ၂၅ တန်အထက် ပိုမတင်ရဘူးလို့ စာဝေ ထားတယ်၊ မလိုက်နာရင် ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံရမယ့်အကြောင်း စာထဲ မှာ ပါတယ်လို့လည်း ပြောပါတယ်။ အရင် ကုန်ကားတွေက ကုန်တန်ချိန် ၅၂ တန် လောက် တင်နေကြတာပါ။ ရှေ့လဆန်း ၁ ရက်နေ့ကစပြီး မလိုက်နာတဲ့ကားတွေ အရေးယူမယ်ဆိုတော့ ကုန်တင်တာလည်းမကိုက်၊ အဖမ်းလည်း မခံချင်ကြတာနဲ့ ကားအုံနာတွေက ခုလို ကားပြေးတာကို ရပ်လိုက်ကြတာဖြစ်ပြီး ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်နေ ကြတာပါ။ ရန်ကုန် ဘုရင့်နောင်ပွဲရုံတန်းမှာတော့ လောလောဆယ် တန်ပိုကားကိစ္စနဲ့ ပတ်သက်ပြီး ဂယက်ရိုက်တာ မရှိသေးပါဘူး။ တာချီလိတ်၊ ဘားအံစတဲ့ နယ်စပ်òမိ့တချို့မှာ လိုင်စင်မဲ့ကားတွေကို သက် ဆိုင်ရာက လိုက်ဖမ်းနေပြန်ပါပြီ၊ လိုင်စင်လုပ်ပေးတာကို အခုလ ၂၃ ရက်နေ့က စ ပိတ်လိုက်ပြီးတဲ့နောက် တရက်နှစ်ရက် အတွင်းမှာပဲ ခုလို ဖမ်းဆီးတာတွေ လုပ် လာတာပါ။ အဖမ်းခံရတဲ့ ကားတွေက ရန်ကုန်ကလာပြီး လိုင်စင်လုပ်တဲ့ကားတွေဖြစ်ပြီး ကားရော ကားပိုင်ရှင်ကိုပါ ဖမ်းတာ ဖြစ်ပါတယ်။ တရက်တည်း လေးငါးစီး အဖမ်းခံကြရပြီး၊ အထူးသဖြင့်တော့ လမ်းပေါ် သွားလာနေတုန်း ဖမ်းတာပါ။ ဘားအံòမိ့မှာတော့ ဖမ်းတဲ့အဖွဲ့က လိုင်စင်မဲ့ကားတွေ စီးပြီး လိုက်ဖမ်းနေတာလို့ òမိ့ခံတဦးက ပြောပါတယ်။ Ð
ာသမန
-----------------------------------------------------------------------------------

ဖောက်ခွဲမှုစွပ်စွဲချက်ဖြင့် လူ ၁၂ ကို ထောင်ဒဏ်များချမှတ်

ခင်နှင်းထက် ၂၉ စက်တင်ဘာ ၂ဝ၁ဝ - ဖောက်ခွဲမှုတွေလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာ ဏာပိုင်တွေက ဖမ်းထားတဲ့ အမျိုးသမီးတဦး အပါအဝင် ကိုကျော်ဇင်လင်း၊ စောနေထူး စတဲ့ ၁၂ ဦးကို ထောင်ဒဏ် အနည်းဆုံး ၈ နှစ်ကနေ ၂၃ နှစ်အထိ အသီးသီးချမှတ် လိုက်ပါတယ်။ အင်းစိန်ထောင်တွင်းမှာ ±ုံးထိုင်တဲ့ မြောက်ပိုင်းခ±ိုင်တရား±ုံး တရားသူကြီး ဦးအုန်းသွင်က ဖောက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊ လက်နက်ကိုင်ဆောင်မှု စတဲ့အမှုတွေနဲ့ စီရင်ချက်ချလိုက်တာလို့ မိသားစုတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ထောင်ဒဏ်အပြစ်ပေးခံရသူတွေ æ စောနေထူး (ထောင်ဒဏ် ၂၃ နှစ်) ကိုကျော်ဇင်လင်း (ထောင်ဒဏ် ၁၉ နှစ်) ကိုကျော်လင်းအောင် (၂၁ နှစ်) ကိုဇော်မင်း (ထောင်ဒဏ် ၁၅ နှစ်) ကိုကျော်ဝင်းစိန် (ထောင်ဒဏ် ၁၅ နှစ်) ကိုကျော်မိုးဦး (ထောင်ဒဏ် ၁၃ နှစ်) ကိုသန်းနိုင် (ထောင်ဒဏ် ၈ နှစ်) ကိုခင်မောင်အေး (ထောင်ဒဏ် ၈ နှစ်) ကိုနိုင်လင်း (ထောင်ဒဏ် ၈ နှစ်) ဒေါ်သန်းသန်းမြ (ထောင်ဒဏ် ၅ နှစ်) ကိုကျော်ဝင်းဆန်း (ထောင်ဒဏ် ၈ နှစ်) ကိုကျော်စွာဝင်း (ထောင်ဒဏ် ၈ နှစ်) ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဖောက်ခွဲမှုတွေလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီ ၁၂ ဦးကို အာဏာပိုင်တွေက မင်္ဂလာဒုံမြို့နယ် ကုန်းဒလဘောင်ဘက်မှာ ဒီနှစ်ဆန်းတုန်းက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

----------------------------------------------------------------------------------------------

သတင်းကိစ္စနှင့် စပ်လျဉ်း၍ ဒီဗွီဘီကို အရေးပေါ်ဆက်သွယ်နိုင်ပါ၏

သတင်းကိစ္စနှင့် စပ်လျဉ်း၍ ဒီဗွီဘီကို အရေးပေါ်ဆက်သွယ်နိုင်ပါ၏ မုန်တိုင်းနောက်ဆက်တွဲအရေး၊ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၂ဝ၁ဝ ၌ ကျင်းပမည်ဆိုသော ရွေးကောက်ပွဲ စသည့် မြန်မာပြည်အရေးများနှင့် ပတ်သက်၍ ဒီဗွီဘီ ကို အရေးပေါ်ဆက်သွယ် အသိပေးပြောကြားနိုင်ပါ၏။ ၄၇ ၂၂ ၈၆ ၈၄ ၇၈ (ဤနံပါတ်ကို ဆက်သွယ်ပါက ပြောသူ၏အသံကို တယ်လီ ဖုန်း အသံဖမ်းစက်က ဖမ်းယူထားမည်ဖြစ်ပါ၏။ လိုတိုရှင်း တမိနစ်ခန့် ပြောထားနိုင်ပါ ၏။) �ုံးချိန်အတွင်း အောက်ပါနံပါတ်တို့ကို ဆက်သွယ် သတင်းပေးနိုင်ပါ၏။ ၄၇ ၂၂ ၈၆ ၈၄ ၇၃ ၄၇ ၂၂ ၈၆ ၈၄ ၈၃ ၄၇ ၂၂ ၈၆ ၈၄ ၇၂ ၄၇ ၉၇ ၁၅ ၅ဝ ၇၄
ာသမန
-----------------------------------------------------------------------------------

ဂြိုလ်တုစလောင်း ဒီဗွီဘီ ရေဒီယို

ဂြိုလ်တုစလောင်း ဒီဗွီဘီ ရေဒီယို အသံလွှင့် အစီအစဉ် ကို မနက်ဖြန် တနင်္လာနေ့ကစပြီး နေ့စဉ် အချိန်စမ်းသပ်တိုးချဲ့ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ထုတ်လွှင့်မဲ့ အချိန်ကတော့ မြန်မာစံတော်ချိန် နေ့လည် (၂) နာရီတိတိကနေ ညနေ (၄၊၃ဝ) အထိ တကြိမ်၊ မြန်မာစံတော်ချိန် ညနေ (၅၊၃ဝ) ကနေ ည (၉) နာရီ ဒီဗွီဘီ ပုံမှန် အသံလွှင့်အစီအစဉ် ထုတ်လွှင့်ချိန်အထိ စမ်းသပ်တိုးချဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ ဤနူန်အေမ ၁ဝ - ဗစ်အေမ ၁ဝ ၼ (ခ) ၇၆ ဒသမ ၅ ဒီဂရီ အရှေ့ဖက်ံသမငဖသညအေူ ဖက်ခြမ်း ၃၈၄ဝ မီဂါဟတ် ဆန်ဘော်ရိတ် ၂၇၅ဝဝ ဗွီဒီယိုပစ် ၂ဝဝ၈ အော်ဒီယိုပစ် ၃ဝဝ၈ ပီစီအာပစ် ၂ဝဝ၈ လတ်တလော ကြိုတင် ဖမ်းယူနိုင်ဖို့ ဒီဗွီဘီရုပ်သံလှိုင်းကို အခုလောလောဆယ် နေ့စဉ် အချိန်ပြည့်ထုတ်လွှင့်ပေး လျှက်ရှိပါတယ်။








DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ

10:44 PM | Posted by Anonymous
စိုင်းဇွမ်ဆိုင်း Tuesday, September 28, 2010
(ဧရာဝတီ)

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။


dvb_bu

DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

dvb_bu“ဗမာပြည်ထဲမှာ အရိုက်နှက်ခံ၊ ထောင်ကျခံပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အန္တရာယ်ကြားထဲက သတင်းပို့နေတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြု ခံရတာပါ။ ဆု ရတာ၊ မရတာက တပိုင်းပါ။ ဒါပေမယ့် အခုလိုမျိုး အသိအမှတ်ပြု ခံရတယ်ဆိုတော့ ဝမ်းလည်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။

နိုဗဲလ်ဆုအတွက် နောက်ထပ် အမည်စာရင်းတင်သွင်းခံရသော အဖွဲ့အစည်း တခုဖြစ်သည့် Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဟာ့ပ်ဗီကင်က DVB သတင်းဌာနသည် သတင်းလွတ်လပ်ခွင့်မရှိသော မြန်မာနိုင်ငံမှ သတင်းများကို လွတ်လပ်စွာ ထုတ်လွှင့်ပေးနေသည့် သတင်းဌာနတခု ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

PRIO သည် အာဖဂန်နစ္စတန်နိုင်ငံမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လှုပ်ရှားခဲ့သောကြောင့် ယခုကဲ့သို့ အမည်စာရင်း တင်သွင်းခံရခြင်း ဖြစ်သည်ဟု ၎င်း ဒါရိုက်တာက နော်ဝေအခြေစိုက် သတင်းစာများသို့ ပြောဆိုထားကြောင်း Views and News from Norway သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ၁၉၉၁ ခုနှစ်တွင် နိုဗဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ်တွင် ဆုချီးမြှင့်ခံရသူမှာ လက်ရှိ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဖြစ်သည်။

၂၀၁၀ နိုဗဲလ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသူ ၂၃၇ ဦးရှိပြီး ၎င်းတို့တွင် အဖွဲ့အစည်း ၃၈ ခု ပါဝင်ကြောင်း၊ ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမှုသည် ယခင်နှစ်များနှင့် ယှဉ်လျှင် အရေအတွက် အမြင့်ဆုံး ဖြစ်ကြောင်း နော်ဝေနိုင်ငံ အခြေစိုက် နိုဗဲလ် ကော်မတီမှ ဒါရိုက်တာဖြစ်သူ မစ္စတာ ဂီယာ လန်ဒီစတက်က ကြေညာထားသည်။

ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုများအတွက် အမည်စာရင်းတင်သွင်းခံရသူများတွင် ဇင်ဘာဘွေနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ မော်ဂင် ချန်ဂရိုင်း၊ တရုတ်နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘို၊ ဗီယက်နမ်နိုင်ငံမှ ဘုန်းတော်ကြီး သစ်ခ်ကွမ်ဒိုး တို့ပါဝင်ကြောင်းလည်း သိရသည်။

၁၈၃၃ ခုနှစ်တွင် ဖွားမြင်ခဲ့သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဗဲလ် သည် ဒိုင်းနမိုက်၊ မြေမြုပ်မိုင်း တို့ကို ထုတ်လုပ်ကာ ချမ်းသာ ကြွယ်ဝလာသူဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် စစ်ပွဲများကိုဆန့်ကျင်သူများ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများတို့ကို ထောက်ပံ့ချီးမြှင့်ရန် စီစဉ်ခဲ့သည်။

အဲဖရက် နိုဗဲလ်သည် ငြိမ်းချမ်းရေး၊ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ သက်ရှိသဘာဝနှင့် သက်ဆိုင်သော ဇီဝကမ္မဗေဒ (Physiology) စသည့် နယ်ပယ်များ၌ ကျွမ်းကျင်သူများကို ဆုချီးမြှင့်မည့် အစီအစဉ်များပါဝင်သော သေတမ်းစာ တစောင်ကို ၁၈၉၅ ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ် ရေးသားခဲ့သည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်မပျက် ချီးမြှင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နိုဗဲလ်ဆု ချီးမြှင့်ခံရသူ များမှာ ကြက်ခြေနီ အဖွဲ့ကို စတင်တည်ထောင်သူ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်နှင့် ပထမဆုံး ပြင်သစ်ငြိမ်းချမ်းရေး လူမှုအသိုင်းအဝန်း (First French Peace Society) ကို တည်ထောင်သူ ဖရက်ဒရစ် ပက်စီ တို့ဖြစ်ကြသည်။

DVB သတင်းဌာနမှ သတင်းထောက်များ အဓိက လှုပ်ရှားခဲ့ကြသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအကြောင်း ရိုက်ကူးထားသည့် Burma VJ အမည်ရ ရုပ်သံမှတ်တမ်းသည်လည်း ယမန်နှစ် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိ ရောက်ရှိခဲ့သည်။

ရွေးကောက်ပွဲပြီးလျှင် ဒေါ်စုကို ပြန်လွတ်ပေးမည်ဟု ဆို

4:28 PM | Posted by Anonymous
ရွေးကောက်ပွဲပြီးလျှင် ဒေါ်စုကို ပြန်လွတ်ပေးမည်ဟု ဆို
AFP သတင်းဌာန
စက်တင်ဘာ ၃၀၊ ၂၀၁၀

ယမန်နှစ် သြဂုတ်လတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် သက်တမ်း ၃ နှစ် တိုးမြှင့်ခဲ့သည်။ သို့သော်လည်း “ကောင်းမွန်စွာ နေထိုင်လျှင်” ၁ နှစ်ခွဲအကြာတွင် ပြန်လွတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့် ထုတ်ခဲ့သည်။ ဓာတ်ပုံမှာ ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီး မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးမည်ဟု အရာရှိများက ယနေ့ ပြောလိုက်သည်။

နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိများက ပြောသည်။

“ရွေးကောက်ပွဲလည်း ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာမယ် ဆိုတော့ ကျနော်တို့အတွက်တော့ နိုဝင်ဘာလက အရေးကြီးတယ်၊ အလုပ် များလိမ့်မယ်” ဟု မြန်မာအရာရှိ တဦးက AFP ကို ပြောသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်မှာ နိုဝင်ဘာ ၇ ရက်နေ့ ဖြစ်သည်။

လွတ်မြောက်လာမည့်နေ့မှာ ထိုနေ့ပင် ဖြစ်ကြောင်း တခြား မြန်မာအရာရှိ တဦးက ပြောဆိုသည်။ “ဥပဒေအရ သူ အဲဒီနေ့ လွတ်မှာပါ” ဟု သူက ဆိုသည်။

စစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ အီးယူ အဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံ ၁၁ နိုင်ငံမြောက်နိုင်ငံအဖြစ် ထောက်ခံ

4:10 PM | Posted by Anonymous

တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား

3:13 PM | Posted by Anonymous

တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား

ရဲရင့် / ၃၀ စက်တင်ဘာ ၂၀၁၀

(ခေတ်ပြိုင်)
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဒေသအတွင်း နအဖလက်အောက်ခံတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အရေးပေါ်တပ်လှန့်ထားသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

၎င်းက “ဒီလ (၂၄) ရက်နေ့ကစပြီး တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နဲ့ (၂၀၃) တပ်ရင်းတွေ ကျနော်တို့နယ်ထဲမှာလာပြီး တပ်စွဲထားတယ်။ ဒီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထားပါတယ်” ဟု ပြောသည်။

နအဖတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲထားသည့် ဒေသမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ တပ်မဟာ (၇) ဒေသ မဲ့စလေနှင့်လယ်ပေါ်ဟဲအရပ်တွင် ဖြစ်သည်ဟု တပ်မဟာမှူးက ပြောသည်။

အဆိုပါဒေသတွင် နအဖတပ်များ၊ နယ်ခြားစောင့်တပ်များ၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကရင်နယ်ခြားစောင့်တပ်ရင်းများသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၀ဲကလိကျေးရွာရှိ လေ့ကျင့်ရေးကျောင်းတွင် မွန်းမံသင်တန်း တက်နေသဖြင့် ထိုတပ်ရင်း (၂) ရင်းက ယာယီလုံခြုံရေးယူထားခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်မှ အရာရှိတဦးကမူ “ဗမာဘက် ကမ်းနဖူးမှာ ဗမာတပ်ရင်း (၂) ရင်းက တပ်စခန်းတွေ၊ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အခန့် ဆောက်နေတာဆိုတော့ သူတို့ဒီနေရာမှာ အမြဲတပ်စွဲမယ့် အနေအထားရှိတယ်။ ဒီဒေသမှာ မကြာခင် တိုက်ပွဲကြီးတွေ ပြန်ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဂျော်နီက “နအဖ၊ ဒီကေဘီအေ၊ ကရင်နယ်ခြားစောင့်တပ်၊ ဘယ်တပ်ပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်မှာ စစ်ရေးပြင်ဆင်မှုတွေ အရန်သင့်ပဲ” ဟု ပြောသည်။

ယခင်လ (၁၈) ရက်မှစ၍ ကရင်နယ်ခြားစောင့်တပ်များ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း ကေအန်အယ်လ်အေ တပ်မဟာ (၇) သို့ ကရင်နယ်ခြားစောင့်တပ်မှ အရာရှိအရာခံ အကြပ်တပ်သားများနှင့် မိသားစုဝင် (၁၅၀) ခန့် လက်နက်ခဲယမ်းမီးကျောက် အလက် (၈၀) ခန့်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသ၌ ပျှမ်းမျှတလလျှင် တိုက်ပွဲကြီးငယ် (၅) ကြိမ်ခန့် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိသည့် ဒေသဖြစ်သည်ဟု သိရသည်။