ဒီဗွီဘီ မှထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုမျိုးမင်းနိုင် (ကိုနန္ဒ -ခ- ကိုနေထွန်း) မှ တုန့်ပြန်ချက်

Thursday, January 26, 2012 12:40 PM | Posted by Anonymous
ဒီဗွီဘီ သတင်းဌာန မှထုတ်ပြန်သော ငွေကြေးအလွဲသုံးစားမှုအဖြစ် စွပ်စွဲမှုအပေါ် ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုမျိုးမင်းနိုင် (ကိုနန္ဒ -ခ- ကိုနေထွန်း) မှ တုန့်ပြန်ချက်

Myo Min Naing Respond Letter to DVB

ဒီဗွီဘီ သတင်းဌာန ၏ ငွေကြေးအလွဲသုံးစားမှုအပေါ် မှားယွင်းစွာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ပါတ်သက်၍ ပြည်တွင်းနက်ဝပ် ခေါင်းဆောင် ကိုပွကြီး မှပြန်လည်ရှင်းလင်းချက်

12:31 PM | Posted by Anonymous
ဒီဗွီဘီ သတင်းဌာန ၏ ငွေကြေးအလွဲသုံးစားမှုအပေါ် မှားယွင်းစွာ သတင်းထုတ်ပြန်ခဲ့မှုနှင့် ပါတ်သက်၍ ပြည်တွင်းနက်ဝပ် ခေါင်းဆောင်အဖြစ်တာဝန်ရှိသူ ကိုပွကြီး မှပြန်လည်ရှင်းလင်းချက်

Pwa Gyi Letter to DVB

ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်

12:28 PM | Posted by Anonymous
ဒီဗီဘီ သတင်းဌာန၏ ကြေငြာချက်အပေါ် ဘားမားဗီဂျေမီဒီယာ ၏ တုန့်ပြန်ချက်

ဇန်န၀ါရီလ ၂၄ ရက်၊၂၀၁၂

နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) သတင်းဌာနသည် ၂၀၁၂ခုနှစ်၊ဇန်န၀ါရီ ၂၀ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ခုထုတ်ပြန်ခဲ့သည်။ထိုသတင်းထုတ်ပြန်ချက်ထဲတွင် ဘားမားဗီဂျေမီဒီယာ အား သိက္ခာကျစေမည့် အချက်အလက်များ ထည့်သွင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ ရှိရသည်။ ဒီဗီဘီ ၏ စွပ်စွဲချက်များသည် မှားယွင်းပြီး ၊ ကိုယ်ပိုင်မီဒီယာ အားကိုးဖြင့် မီဒီယာကျင့်ဝတ် ချိုးဖောက်ကာ အခြား မီဒီယာတစ်ခု အား နစ်နာအောင် တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ် သည် မီဒီယာ အလွဲသုံးစားလုပ်မှုတစ်ခုဖြစ်ပြီး၊ တဖက် မီဒီယာတစ်ခုကို နစ်နာ အောင် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဘားမားဗီဂျေမီဒီယာ မှ ယုံကြည်သည်။
(၁) ၂၀၀၆နှစ်ကုန်ပိုင်းမှစကာနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် DVB နှင့် ဘားမားဗီဂျေ အဖွဲ့ တို့ သည် ၂၀၁၁ စက်တင်ဘာလတွင် တရားဝင် လမ်းခွဲခဲ့ပြီးဖြစ်သည်။ ဘားမားဗီဂျေ ပြည်တွင်း နက်ဝက်မန်နေဂျာများနှင့် DVB ဒါရိုက်တာ ကိုအေးချမ်းနိုင်တို့ ထိုင်းနိုင်ငံမဲဆောက်မြို့ တွင်မျက်နှာချင်း ဆိုင်တွေ့ ဆုံ အကြေအလည် ဆွေးနွေးပြီးမှ ကျေနပ်ဖွယ်ရာ ကတိက၀တ်များကို ဒီဗီဘီ အနေဖြင့် မပေးနိုင်သဖြင့် ဆက်လက်ပြီး လက်တွဲလုပ်ရန် အခြေအနေမရှိတော့သဖြင့် အားလုံး သဘောတူ လမ်းခွဲ ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခွဲပြီးပြီးချင်း လျှင်ပင် ဒီဗီဘီ ၏ တောင်းဆိုမှုအရ ပြည်တွင်းနက်ဝက်၏ စီမံနိုင်မှု နယ်ပယ် အောက်တွင် ရှိသည့် ဒီဗီဘီ နှင့် သက်ဆိုင်သည့် ရုံးများ၊ ကွန်ပြူတာပစ္စည်းများ၊ကင်မရာများ၊ဗီဒီယို တိတ်များကို ချင်းမိုင်ရုံး တာဝန်ခံ ကိုတိုးဇော်လတ် ထံသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ပြည်တွင်းကိစ္စရပ် များကို ဒီဗီဘီ မှ ၂၀၁၁ သြဂုတ်လ မတိုင်မီကပင် တိုက်ရိုက် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည့် အတွက် ထိုကိစ္စအတွက်ဖြစ်လာသည့် နောက်ဆက်တွဲကိစ္စများ(ဥပမာ-ပစ္စည်းများအား ထိန်းသိမ်း ခြင်း)တို့ အတွက် တာဝန်ရှိသူမှာ ဒီဗီဘီ သာလျှင် ဖြစ်ပါသည်။
(၂)DVB နှင့်လမ်းခွဲပြီးနောက် ဘားမားဗီဂျေအဖွဲ့ အနာဂတ်အတွက် ကိုယ်ပိုင်အွန်လိုင်း မီဒီယာတစ်ခု တည်ထောင်ရန် အဖွဲ့ ဝင် များဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။ကိုယ်ပိုင်မီဒီယာထောင်ရခြင်းရည်ရွယ်ချက် သည်မည်သူ့ ကိုမှ စင်ပြိုင်ထောင်ချင်း မဟုတ်ဘဲ ၊ပြည်တွင်းပြည်ပ သတင်းများကို ပရိသတ်များအချိန်နှင့် တစ်ပြေးညီပိုမိုသိရှိနိုင်စေရန်ဖြစ်သည်။DVB နှင့်ပြဿနာ ရှင်းရှင်းလင်းလင်းဖြစ် စေရန် ငွေကြေးကိစ္စ စွတ်စွဲခံထားရသည့် ကိုမျိုးမင်းနိုင်၊ကိုအောင်မျိုးကျော်တို့ နှစ်ဦးအား ပြဿနာ ဖြေရှင်းမပြီး မချင်း နက်ဝက်တာဝန်ခံများ အဖြစ်မှရပ်စဲထားရန်သဘောတူခဲ့သည်။ ၎င်းတို့ နှစ်ဦးနေရာတွင်နက်ဝက် စတင်တည် ထောင်ရာ မှာပါဝင်ခဲ့သည့် ကိုအောင်ကြီး(ခ)ကိုအောင်သွင်နှင့်၊ကိုအောင်ထွန်း(ခ)ကိုစံ တို့ က အစားထိုး ဆက်လက်ဦး ဆောင်ခဲ့ကြသည်။
(၃)DVB မှစွပ်စွဲနေသောငွေကြေးအရှုပ်အရှင်းကိစ္စသည် စွပ်စွဲသူDVB နှင့်စွပ်စွဲခံရသူကိုမျိုးမင်းနိုင်၊ ကိုအောင်မျိုးကျော်တို့  နှစ်ဘက်အကြားဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စသာဖြစ်ပြီး၊ လက်ရှိ ဘားမားဗီဂျေနက်ဝက်နှင့် လုံးဝပတ်သက်ခြင်းမရှိပါ။
(၄)DVB၏သတင်းထုတ်ပြန်ချက်ထဲတွင်Burma VJ မှတ်တမ်းရှပ်ရှင်ကားအမည်ကို အသုံးပြုပြီး Burma VJ Media Network ဟု ခေါ်သောအဖွဲ့ ကို တည်ထောင်ထားသည် ဟု ရေးသားထားသည်။ ထိုရေးသားချက်လုံးဝမမှန်ပါ။Burma VJ Network မှာလက်ရှိ ဦးဆောင်နေသူ ကိုအောင်ကြီး၊ ကိုအောင်ထွန်း အပါအ၀င် အခြားအဖွဲ့ သားများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အတွင်း ထောင်ကျခံ သက်စွန့် ဆံဖျား ဗီဒီယို ရိုက်ကူးခဲ့ကြသူများဖြစ်သည်။ထို ဗီဒီယိုအရုပ်များဖြင့်လည်း အော်စကာဆု ဆန်ကာတင် စာရင်းဝင် ဘားမားဗီဂျေ မှတ်တမ်း ရုပ်ရှင်ကားကို ဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့အရေးကို ကမ္ဘာက ပိုမိုသိရှိစေရန် ကူညီလုပ်ဆောင် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗီဒီယို ဂျာနယ်လစ် အဖြစ် ထဲထဲဝင်ဝင် ပါဝင်ပက်သက် သတင်းယူခဲ့သူ များ မှ ဘားမားဗီဂျေ အမည်အား အများအကျိုးအတွက် အသုံးပြုခြင်းကို ဒီဗီဘီ အနေ ဖြင့် ဝေဖန်ကန့် ကွက်ပိုင်ခွင့် မရှိပါ။

(၅) DVB နှင့်သက်ဆိုင်သည့် အသုံးပြုနိုင်သည့် မှတ်တမ်း ဗီဒီယို၊ဓါတ်ပုံနှင့် အခြားအရေးကြီး သတင်းအချက် အလက် များအား ပြန်လည် အပ်နှံထားပြီး ဖြစ်သဖြင့် ဘာမားဗီဂျေမီဒီယာ ၏ လက်ရှိ မှတ်တမ်းရုပ်ပုံများ၊သတင်းအချက်အလက်များမှာ နက်ဝက်ကိုယုံကြည်သဖြင့် ပေးပို့ လာသော သတင်းထောက် များနှင့် ပြည်သူ့ သတင်းထောက်များ၏ ထည့်ဝင်ကူညီမှုသာ ဖြစ်ပြီး ဒီဗီဘီ အနေဖြင့် သက်ဆိုင်နေသေးကြောင်း တစုံတရာ ပြောဆိုခွင့်မရှိပါ။ ဘားမားဗီဂျေ ၏ အင်တာနက် စာမျက်နှာ များတွင်လည်း ထို အရုပ်များကိုအကျိုးအမြတ် အတွက် မဟုတ်ဘဲ လွတ်လွတ်လပ်လပ် သုံးနိုင်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။
DVB ၏စွပ်စွဲထုတ်ပြန်ချက်များသည် စွပ်စွဲခံရသူများနှင့်သာ ပြစ်မှုကျုးလွန်ခြင်းရှိ/မရှိ ဥပဒေ အ ကြောင်းအရဆောင်ရွက်ရန်သာဖြစ်သည်။ပြစ်မှုကြောင်းအရဆိုပြီး သတင်းထုတ်ပြန်ချက်ထဲတွင် ဘားမား ဗီဂျေ မီဒီယာနာမည် ကို ထည့်သွင်းပုတ်ခတ် ပြောဆိုဖို့ မသင့်ပါ။ ထိုသို့ ပြောဆိုခြင်းသည် မီဒီယာအားကိုးဖြင့် အခြား မီဒီယာတစ်ခုက အသရေဖျက်ခြင်းသာဖြစ်သည်။ပြည်သူ့ ဝန်ထမ်း တီဗီ(PBS-Public Broadcast Service)အဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် ဆိုသည့် မီဒီယာကြီး တခုကို လိုသလို အသုံးချပြီး မိမိတို့ဝန်ထမ်းအချင်းချင်းပြန်လှန် မေးမြန်းကာ မီဒီယာ ငယ် တခုကို ရပ်တည်ခွင့် မရရန် ကြိုးပမ်းနေခြင်းသည် လွတ်လပ်ပွင့်လင်းလာမည့် မြန်မာ့ မီဒီယာ လောက အတွက်လည်း ရှေ့ နမိတ်မကောင်းနိုင်သလို မြန်မာစာနယ်ဇင်းလောက တွင်လည်း သမိုင်း အမည်းစက်ဖြစ်မည် ဖြစ်ပါသည်။
ထို့ ကြောင့် ဘားမားဗီဂျေမီဒီယာ နက်ဝက် ကို လည်းကောင်း၊ လက်ရှိ ဘားမားဗီဂျေ အဖွဲ့ ဝင် များကို လည်းကောင်း ထိခိုက်နစ်နာစေရန်၊ ဂုဏ်သတင်း ကျဆင်းစေရန် ရည်ရွယ် လုပ်ဆောင်နေသည့် လုပ်ရပ် အားလုံးကို ချက်ချင်းရပ်တန့် ရန် ဘားမားဗီဂျေ မီဒီယာ မှအပြင်းအထန် သတိ ပေးလိုက် သည်။ ဘားမားဗီဂျေမီဒီယာ အနေဖြင့် ဒီဗီဘီ ၏ အသရေ ဖျက်မှု နှင့် မီဒီယာကျင့်ဝတ် ချိုးဖောက်မှု များအပေါ် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း နှင့် နိုင်ငံတကာ မီဒီယာများ မှ တဆင့် ထုတ်ဖော် ပြောဆိုခြင်း အပါအ၀င် သင့်တော်သောနည်းလမ်းများဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ဘားမားဗီဂျေမီဒီယာနက်ဝက်(BurmaVJ Media Network)

အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ကိုအောင်ကြီး(အင်္ဂလန်) +447760411510
ကိုအောင်ထွန်း (ထိုင်း) +66880113187

http://www.burmavjmedia.net/%E1%80%92%E1%80%AE%E1%80%97%E1%80%AE%E1%80%98%E1%80%AE-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8F-%E1%80%B1%E1%81%BE%E1%80%80%E1%81%BF%E1%80%84%E1%80%AC%E1%80%81/#.Tx0vo-y43m8.facebook

ဒီဗွီဘီ ငွေကြေးအရှုတ်တော်ပုံ ဇတ်လမ်း ကို ဒီဗွီဘီ ဒု ညွန်ချုပ် ကိုခင်မောင်ဝင်း နှင့် ကိုသန်းဝင်းထွဋ် အင်တာဗျူး

12:14 PM | Posted by Anonymous

လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများစာရင်း (ဇန္န၀ါရီ ၁၄ နံနက် အထိ စုဆောင်းရရှိသမျှ)

Saturday, January 14, 2012 1:26 AM | Posted by Anonymous
Released-PPs-272-List-on-14-01-2012

ပုဒ်မ ၄၀၁ အဓိပ္ပါယ်ဖွင့်ဆိုချက်

1:24 AM | Posted by Anonymous
Definition of 401 (Bur)

သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ သဘောထားထုတ်ပြန်ချက်

1:17 AM | Posted by Anonymous
သမ္မတ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ သဘောထားထုတ်ပြန်ချက်

AAPP Statement on Jan 12 Amnesty

ဇန်န၀ါရီ ၁၁ ရက်နေ့ည ကေအန်ယူငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲ (ရုပ်သံ)

Thursday, January 12, 2012 6:20 AM | Posted by Anonymous

မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက်

6:02 AM | Posted by Anonymous
မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက်

"အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံေ၇းလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။
မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။