
(အင်းစိန်ထောင်)
ဒုတိယအကြိမ် လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ မျိုးဆက်သစ်တွေထဲမှာ အကျဉ်းကျခံရသူတွေအတော်များ တဲ့အတွက် ထောင်အတွေ့အကြုံတွေ အများကြီးသိရပါတယ် စာအုပ်တွေကတဆင့်လည်း ဖတ်ရဖူးပါတယ်။ ကဗျာဆရာကြီး ဦးတင်မိုး နှုတ်ထွက်စကား က နေ မစိုးရိမ်ဆရာတော်ဘုရား ကြီးအထိအောင် ထောင်အတွေ့အကြုံတွေမျိုးစုံကို နားထောင်ရဖူးပါတယ်။ ကျောင်းသားငယ် တွေကစပြီး ဆရာတော်တွေအထိ ဒီမိုကရေစီမြတ်နိုးသူတွေတော်တော
အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီအစိုးရအောက်မြန်မာနိုင်
နယ်ချဲ့ကိုလိုနီခေတ်ကထောင် နဲ့ ဦးနုဒီမိုကရေစီခေတ်ကထောင် ကို ယှဉ်ကြည့်ကြပါစို့။ ပါလီမန်အစိုးရ ခေတ်တုန်းက ၅ (ည) နဲ့အဖမ်းခံရတဲ့ ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်တဲ့ လူထုဦးလှ၊ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်း နဲ့ လေထီးဦးအုန်းမောင် တို့ထောင်ကျခဲ့ပါတယ်။ ထောင်ကျခဲ့ကြပေမဲ့ သူတို့အတွက် ထောင်ထဲမှာ စာကြည့်တိုက်ရှိတယ်။ စာဆိုတော်နေ့တွေတောင် ကျင်းပခွင့်ရကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး ထောင်ထဲမှာ စာဆိုတော်နေ့ တွေတောင် ကျင်းပနိုင်ခဲ့ကြတယ်ဆိုပါတယ်။ သတင်းကျွတ်ပွဲ တန်ဆောင်တိုင်ပွဲလို အခါကြီးရက်ကြီးတွေမှာ ထောင်အာဏာပိုင်တွေ နဲ့ ညှိနှိုင်းပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေ စုပေါင်းပြီးကပြတဲ့ ပြဇတ်တွေ၊ အငြိမ့်တွေလည်း ထောင်ထဲမှာ ပျော်ပျော်ပါးပါး ကပြနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေအတွက်ထောင်ထဲမှာ လူမှုရေးလုပ်ငန်းတွေ အပင်ပန်းခံလုပ်ကိုင်ခဲ့တဲ့လူထု
(နာမည်ကျော်သာယာဝတီထောင်ဘူးဝကို ၃.၁.၂၀၁၂ နေ့ကတွေ့ရပုံ)
အခုတော့ ဒီအကြောင်းတွေဟာ ယုံတမ်းစကား တွေလို့ ထင်မှတ်ရပါတယ်။ ဦးသန်းစိန် အစိုးရလက်ထတ် အကျဉ်းသားဘဝ နဲ့ တခြားစီဖြစ်နေပါပြီ။ ပျော်ပွဲရွှင်ပွဲတို့ အားကစားပွဲတို့ဆိုတာ ဝေးလို့ နေ့ထူးနေ့မြတ်တွေမှာ ကိုယ့်ဖာသာကိုယ် ဥပုသ်စောင့်တာတောင် အာဏာပိုင်တွေ က နိုင်ငံရေးလုပ်တယ် စွတ်စွဲပြီး ဝိုင်းဝန်းထိုးကြိတ်ကြပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ဖို့ နေနေသာသာ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၊ကုလသမဂ္ဂလူ့အခွင်
တိုင်းတပါးသားတွေ ကိုယ့်နိုင်ငံကို ကျွန်လာပြုတာတောင် တိုင်းတပါးသားက မြန်မာ့ နိုင်ငံရေးသမားတွေကို တလေးတစားတန်ဖိုးထား တာ အထင်းသားမြင်ရနိုင်ပါတယ်။ နိုင်ငံဟာ ဒီမိုကရေစီရခါစ ဦးနုအစိုးရလက်ထက်မှာ လည်း နိုင်ငံရေးသမားတွေကို အဆင့်အတန်းရှိရှိ ဆက်ဆံခံရပါသေးတယ်။ စစ်အစိုးရတက်ပြီး ၁၉၆၂ ကစပြီး စစ်ဗိုလ်တွေဟာ နိုင်ငံရေးသမားတွေကိုကို အာဏာပြိုင်ဘက်လို သဘောထားလာရုံမက ရန်သူလိုပါ နှိပ်ကွပ်လာတာ တွေ့ရှိရပါတယ်။ဒီမိုကရေစီကိုပေး
နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာဘယ်လောက်ရှိသလဲ ဆိုတာလည်း အာဏာကိုင်တွေ ဘယ်တော့မှ ပြောလေ့ပြောထ မရှိပါဘူး။ စစ်အုပ်စုတွေက ယုံကြည်အကျဉ်းသား လို့မသတ်မှတ်ပေမဲ့ လုံခြုံအကျဉ်းသား၊ သီးသန့်အကျဉ်းသား စသဖြင့် ဘယ်လိုခေါ်ဆိုခေါ်ဆိုစေကာမူ " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " "နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" " နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာရှိပါတယ်" ။
"ယုံကြည်နိုင်ငံရေးအကျဉ်းသားအြ
မကြာခင်ကလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆယ် ဂဏန်းပဲ ပါတဲ့အပေါ် ပြည်သူအများရဲ့ စိတ်ပျက်သံတွေ၊ လွတ်ငြိမ်းချမ်းသာခွင့် လို့တောင် မသပ်မှတ်နိုင်ဘူး စသဖြင့်ဝေဖန်ထောက်ပြကြပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့သူတွေ ရှိနေသရွှေ့ ဦးသိန်းစိန် အစိုးရအနေနဲ့ လွတ်လပ်ပြီး၊ ဒီမိုကရေစီ ကျင့်သုံးနေပြီလို့ မြန်မာနဲ့ကမ္ဘာကို ပြောဖို့ မသင့်တော်ပါဘူး။ ဘယ်သူမှလည်းလက်ခံမှာ မဟုတ်ပါဘူး။ ဦးသိန်းစိန်အစိုးရအဖို့ အရပ်သားအစိုးရဖြစ်နေတာမို့ နိုင်ငံရေးအကျဉ်သားတွေကို ပြန်ပေးဆွဲထားသလိုမျိုး အရင် စစ်အုပ်စုတွေဖြစ်တဲ့ နဝတ နအဖတွေလို ဆက်လက်ထိမ်းသိမ်းချုပ်နှောင်မထာ
နိုင်ငံသားချင်း အချင်းချင်း ဘာဖြစ်လို့ အမုန်းပွါးနေတော့မှာလဲ။ ထောင်တံခါးတွေဖွင့် သံခြေချင်းတွေ လက်ထိပ်တွေဖြုတ် ပြီး ပြည်သူပြည်သားတွေ စိတ်ချမ်းသာမဲ့ မင်္ဂလာနေ့တွေ ဖန်တီးလိုက်ပါ တော့လားဗျာ။
နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ထောင်ထဲ မှာ ကောင်းကောင်းမွန်မွန်နေရတယ်။ စားရတယ်။ လွယ်လွယ်သဘောပေါက်ထားကြတဲ့ အချို့လူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အကျဉ်းကျခံနေကြရတာကို သိရှိဖို့လိုတယ်။ စစ်အာဏာရူးတွေ ဖမ်းချင်သလိုဖမ်း၊ တပ်ချင်တဲ့ပုဒ်မတပ်၊ ရက်ရက်စက်စက် စစ်ကြောရေးတွေဝင်ပြီး ရိုက်နှက်ဝန်ခံခိုင်း၊ စိတ်တိုင်းကျ နှစ်တွေနဲ့ထောင်ချပစ်၊ မိဘတွေနဲ့ဝေးရာထောင်တွေထဲထည့်၊ လိုအပ်ရင် လိုအပ်သလို ပုဒ်ထီး ပုဒ်မတွေ အသစ်ထပ်ရေးဆွဲပြဌာန်း ပြီး အရေးယူ၊ ထောင်တွေထဲမှာ လူ့ဂုဏ်သိက္ခါပျက်အောင် အထိလုပ်ပစ်၊ အစားအစာလုံလောက်အောင်မပေး၊ ကျမ္မာရေး လုံးဝဂရုမစိုက် စတာတွေနဲ့ စစ်အုပ်စုအာဏာတည်မြဲရေး ကို လုပ်ဆောင်ခဲကြ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ နုနယ်လှတဲ့ဘဝတွေကို ရင်းပြီး သူတို့တွေတိုက်ပွဲဝင်နေကြတယ်ဆို
ခွတ်ဒေါင်းကျောင်းသားတွေရဲ့ ရိုးသားမွန်မြတ်တဲ့ သမိုင်းစဉ်ကို ဂုဏ်ပြုကြပါစို့။
နိုင်ငံချစ်စိတ် အရင်းခံနဲ့ ဘဝတွေရင်းပြီး တိုက်ပွဲဝင်နေကြသူတွေ အားလုံးကို မမေ့ကြပါနဲ့။ သူတို့အားလုံးဟာ နိုင်ငံ့ မိတ်ဆွေတွေ မျိုးချစ်တွေဖြစ်ကြပါတယ်။ သူတို့ ကျေးဇူးတို့မမေ့ကြဘူး။
နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ဖို့သင့်လုပ်အားဖြင့် ဂုဏ်ပြုပါဝင်ကြပါစို့။
နိုင်ငံရေးအကျဉ်းသားတွေကိုယ်တို
ဘာလဲဟဲ့ လူ့ငရဲ (ဆရာကြီး ဦးဝင်းတင်) စာအုပ်
လူရှင်သင်္ချိုင်း (ကိုနေလင်း) စာအုပ်
http://www.scribd.com/doc/
လေးစားစွာဖြင့်
ဇော်ဝင်း
ခေတ္တ (မဲဆောက်)
မှတ်ချက်။ ။ ဆရာ ဦးအောင်ခင် ရဲ့ ဆောင်းပါးတွေကို ကိုးကားရေးသားထားတယ်။










