အသိတရားရှိသူတွေ သီလရှင်လေးကို ရိုသေဂါဝရပြုနေကြတာ ကြည်နူးစရာပါ

Tuesday, January 10, 2012 12:39 AM | Posted by Anonymous

အသိတရားရှိသူတွေ သီလရှင်လေးကို ရိုသေဂါဝရပြုနေကြတာ ကြည်နူးစရာပါ

ငါကွ ငါကွ သိန်းစိန် တဲ့ကွ တစိန်ပဲ ရှိတယ် (ဒေါ်စုရှိရင် ငါကြိုက်တာလုပ်လို့ရတယ် မြေလျှိုး မိုးပျံလို့ရတယ်ကွ)

Tuesday, January 3, 2012 8:45 PM | Posted by Anonymous
ငါကွ ငါကွ သိန်းစိန် တဲ့ကွ တစိန်ပဲ ရှိတယ် (ဒေါ်စုရှိရင် ငါကြိုက်တာလုပ်လို့ရတယ် မြေလျှိုး မိုးပျံလို့ရတယ်ကွ)

အမေ့ ကျမျက်ရည်

8:43 PM | Posted by Anonymous

အမေ့ ကျမျက်ရည်





ထောင်ထဲကသား ကို ထောင်ပြင်က စောင့်နေတဲ့အမေ

( ထောင်ထဲကသား ကို ထောင်ပြင်က စောင့်နေတဲ့အမေတွေ ရဲ့ ကျမျက်ရည်တွေကို ဦးသိန်းစိန်တို့ခံစားနိုင်ကြပါစေ)

“နိုင်ငံရေးအကျဉ်းသားများ မလွတ်သေးသမျှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အပါအ၀င် ဘာရုပ်ရှင်မှ မရိုက်ကူး မပါဝင်လိုတော့ပါ” (ဇာဂနာ)

8:42 PM | Posted by Anonymous
“နိုင်ငံရေးအကျဉ်းသားများ မလွတ်သေးသမျှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အပါအ၀င် ဘာရုပ်ရှင်မှ မရိုက်ကူး မပါဝင်လိုတော့ပါ” ဟု Maung Thura ဖေ့စ်ဘွတ်ခ်တွင် ဇာဂနာ ရေးသားထား






ကျနော့်သူငယ်ချင်းတွေဟာ ဆိုမာလီ ပင်လယ်ဓားပြတွေလက်ထဲ ရောက်နေသလိုပဲလို့ ပြောခဲ့မိတာ ရုပ်သိမ်းပါတယ်။ ပင်လယ်ဓားပြတွေက ကတိတည်တယ်ဗျ။ ခုလုပ်ရပ်ကတော့ ကတိသစ္စာပျက်ယွင်းခြင်းပဲ။ ယုန်ကောင်ငုံလို့ ယုန်ရုပ်ရေးလည်း မယုံရေးချ မယုံ (ဇာဂနာ)

အမေရိကန် သန်းကြွယ်သူဌေး George Soros မယ်တော်ဆေးခန်း သို့ လာရောက်

8:41 PM | Posted by Anonymous

ဇန်န၀ါရီ ၃ရက်။ ရွှေသိုက်တော

အမေရိကန်နိုင်ငံမှ ပရဟိတအလှူရှင်တဦးဖြစ်သည့် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ် (George Soros) သည် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသရှိ လူမှုအဖွဲ့အစည်းများ၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း သို့ ယနေ့နံနက်တွင် လာရောက်လေ့လာခဲ့သည်။


ဂျော့ဆိုးရော့စ်နှင့်အဖွဲ့ကို မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင် အပါအ၀င် ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများက နယ်စပ်တွင် ၎င်းတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ဒေါက်တာစင်သီယာမောင်က “ဒီနယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေအနေတွေကို သူ လာလေ့လာ တာ ဖြစ်တယ်။ သူပြောတာက ဒီနယ်စပ်ဒေသမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ အနေအထားတွေနဲ့ ဘယ်လိုဆက်စပ်ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို လာရောက်လေ့လာတာလို့ ကျမတို့ကို ပြောပါတယ်။ ကျမတို့ကလည်း လက်ရှိနယ်စပ်က အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။”ဟု ပြောသည်။


ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့မှ မိခင်နှင့် ကလေး ကျန်းမာရေးအစီအစဉ် တာဝန်ခံ နော်သောသီဖောက ယနေ့ဆွေးနွေးပွဲ၌ ဂျော့ဆိုးရော့စ်က လက်ရှိနယ်စပ်တွင် မြန်မာ့အရေးအတွက် ၎င်းတို့ အကူအ ညီများ ပေးနေသည့်ကိစ္စများနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်ပေး ပြောဆိုမှုများမရှိဟု ဆိုသည်။


အသက် ၈၁နှစ်အရွယ်ရှိ ဂျော့ဆိုးရော့စ်သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ရေးအတွက် အစဉ်တစိုက် ငွေကြေးအကူအညီများ ထောက်ပံ့ပေးနေသူလည်း ဖြစ်သည်။


မြန်မာ့ဒီမိုကရေစီရေးနှင့် ပညာရေးအတွက် ၎င်းထူထောင်ထားသည့် Open Society Institute (OSI) အဖွဲ့က နှစ်စဉ် အမေရိ ကန်ဒေါ်လာ ၂သန်းခန့် ထောက်ပံ့ ကူညီပေးလျှက်ရှိသည်။


ဂျော့ဆိုးရော့စ်သည် မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကာ သမတဦးသိန်းစိန် အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

အလားတူ ယခုလ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ သည်ဟု သိရသည်။

Credit: Karen Information Center

http://www.kicnews.org/?p=9182


၂၀၁၂ နှစ်သစ်ကူး

Friday, December 30, 2011 10:32 PM | Posted by Anonymous

၂၀၁၂ နှစ်သစ်ကူး

၂၀၁၁ ကို နှုတ်ဆက်

၂၀၁၂ နှစ်သစ်ကို ခုန်ကူး

လူ နဲ့ လူချင်း အပြတ်ရှင်းပြီး အမုန်းဖန်ဆင်း မေတ္တာကင်းတဲ့

နှစ်ဟောင်းတွေကျော်ခွပြီး နှစ်သစ်မှာ ပျော်ရွှင်ကြပါစို့

ရဲတခွန်တွေ လေမှာမြူး လွတ်လပ်မှုအောင်သံကျူးလို့

မြန်မာပြည်သူတွေအပေါင်း ဒီမိုကရေစီအောင်ပန်းဆွတ်နိုင်ကြပါစေ။

လူထုကိုချစ် လူထုကချစ်ကြရတဲ့

ကာချုပ်ကြီးဦးတင်ဦး နဲ့ လူထုခေါင်းဆောင်အန်တီစု

ဦးဝင်းတင် နဲ့ ကိုကျော်သူ

ဟာသဝိဇ္ဇာ ဇာဂနာ နဲ့ ရှမ်းခေါင်းဆောင်ခွန်ထွန်းဦး

မြန်မာနိုင်ငံရဲ့ မဟာအင်အား

အမှန်တရား ရဲ့ တန်ဆောင်တွေ

မြန်မာ့ရာဇဝင်မှာ စာတင်ဂုဏ်ပြုထိုက်သမို့

အဝေးကနေ ဂါဝရပြု ဦးခိုက်လိုက်ပါရစေ။

ကျောင်းနံရံတဝိုက် ဒေါင်းအလံပြန်စိုက်ကြမယ်ဆိုတဲ့

ပြည်ပကျွန် စစ်ကျွန် ဘယ်ကျွန်မှ မခံလိုတဲ့

ကိုမင်းကိုနိုင် နဲ့ ကျောင်းသားမျိုးဆက်အပေါင်း

အချုပ်အနှောင်ကအမြန်လွတ်ကြစေ

အိုးဝေတေးသံ တညံညံနဲ့ အများအကျိုး ခါးချိုးလုပ်ကြတာမို့

သင်တို့ရဲ့ ခိုင်ကျည်တဲ့စိတ်ဓါတ် ကို

နှစ်သစ်မှာဒေါင်းလံထူပြီး ဦးခေါင်းညွတ်လိုက်ပါတယ်။

ရဲဘော်တို့

နှစ်ဟောင်းက နှောင်းအတိတ်ကိုတွေးပြီး

ပင့်သက်တွေ ဝေ သက်ပြင်းတွေချမနေနဲ့တော့။

အလှူလုပ် ကြေးစည်ထု အမျှဝေ

သာဓုမခေါ်နိုင်သေးသူတွေအတွက် ......

အမှားကို အမှန် မလုပ်နိုင်သူတွေအတွက်

မတရားကို တရားအဖြစ် မလုပ်နိုင်သူတွေအတွက်

အမဲကို အဖြူ မလုပ်နိုင်သူတွေအတွက်

နှစ်သစ်မှာ ငါတို့ အစွမ်းကုန် ညီညွတ်ကြပါစို့ ။

နှစ်သစ်မှာညီညွတ် လက်ရှေ့တန်းလို့ လက်သီးဆုတ်

အားမန်အပြည့်နဲ့ အနာဂတ်ကို ရှေးရှူ့ကြ လော့

ညစ်ထပ်ထပ်ကောင်းကင်ဟာ ကြည်လင်လှပ အလင်းသောက်လို့

ညကောင်းကင်အိုဟာ မိုးသောက်ချိန်ရောက်ရတော့မှာမလွဲပါ။

ဇော်ဝင်း

(ခေတ္တ- မဲဆောက်)

၂၀၁၂ ကြိုဆိုဂုဏ်ပြုကဗျာ

ရွှေည၀ါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေထုတ်ဖယ်ဖို့ စီစဉ်နေတဲ့အပေါ် ကြေငြာ တောင်းဆိုချက်

Thursday, December 15, 2011 12:49 PM | Posted by Anonymous
Protect Shwe Nya War Sayardaw Gyi

(ရွှေည၀ါ ဆရာတော်ကြီး)


ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယက ဆရာတော်) ဘဒ္ဒန္တပညာသီဟ (ရွှေည၀ါ ဆရာတော်ကြီး)

"အမျိုးနဲ့ဘာသာ၊ သာသနာအတွက် ဘ၀တစ်ခုလုံး ထိုးကျွေးဖို့ ၊ ဘယ်တော့မှ ၀န်မလေးဘူး။ ကြုံလာစမ်း လောကဓံ အညံ့မခံ ငါ့အားမာန်နဲ့ အမြဲတမ်းပဲ ရှင်သန်နေမယ် မိုးပေါ်တက်မယ့် မီးပုံးပျံဆိုတာ မိုင်းဒဏ်လောက်တော့ ခံနိုင်ရမယ်" (ရွှေည၀ါ ဆရာတော်ကြီး)

"ဟီလာရီကလင်တန်နဲ့ တွေ့ဆုံခဲ့လို့လား၊ အမျိုးသားနေ့ အောင်ပွဲ ကျင်းပဖို့ လက်ခံခဲ့လို့လား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ တောင်းလို့လား၊ ဘာကြောင့်မှန်းမသိဘဲ လေး၊ ငါး၊ ခြောက်ရက် ရှိနေပြီ၊ ဘုန်းကြီး ဘ၀တခုလုံးကို အပြောင်းအလဲ ဖြစ်စေမယ့် ဖိအားတွေပေးနေတယ်။ ဘုန်းကြီး ဘ၀ တသက်တာ လုပ်ခဲ့သမျှ အခြေအနေတွေကို ဖျက်ဆီးမယ့် ဖိအားမျိုးတွေ ရင်ဆိုင် နေရတယ်”..... (ရွှေည၀ါ ဆရာတော်ကြီး)

“အဲဒီလို ရင်ဆိုင်ရလို့လည်း ဘုန်းကြီး စိတ်ဓာတ်မကျဘူး၊ မျက်နှာမပျက်ဘူး၊ ငါ့ဘ၀ ပျက်ချင် ပျက်ပစေ၊ လုပ်သင့် လုပ်ထိုက်တာ၊ အမှန်တရားအတွက် စွန့်လွှတ်မယ်ဆိုတဲ့ စိတ်မျိုးဘုန်းကြီးမှာ အပြည့်ရှိတယ်” (ရွှေည၀ါ ဆရာတော်ကြီး)၁၀.၁၂.၂၀၁၁

ခေါင်းဆောင်များ မလွတ်လျှင် မှတ်ပုံမတင်ဟု တိုင်းရင်းသားပါတီများပြော

Saturday, November 19, 2011 12:18 PM | Posted by Anonymous
ခင်ဦးသာ


ထောင်ဒဏ် (၉၃) နှစ် ချမှတ်ခံထားရပြီး ပူတာအိုထောင်တွင် ရောက်ရှိနေသည့် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် ယနေ့ ဆုံးဖြတ်ခဲ့သော်လည်း တိုင်းရင်းသား ပါတီများကမူ မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စ မစဉ်းစားသေးဟု ခေါင်းဆောင်များက ပြောသည်။

NLD ပါတီ၏ ဆုံးဖြတ်ချက်အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကြိုဆိုကြောင်း၊ အစိုးရ အနေဖြင့်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ အချက်တချို့အား ပြင်ဆင်ပေးသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံ၏ ပြုပြင်ရေးကိစ္စသည် အရေးကြီးကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များ က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF)၊ ဇွန်မီးအမျိုးသား ကွန်ဂရက် (ZNC) စသည့် ပါတီများအနေဖြင့် ဖမ်းဆီးခံထားရသည့် တိုင်းရင်းသား ခေါင်းဆောင်များ မလွတ်မချင်း ပါတီမှတ်ပုံတင်ရေးကိစ္စကို ဆိုင်းငံ့ထားမည်ဟု သိရသည်။

“UNA အဖွဲ့ထဲက ဦးခွန်ထွန်းဦး အပါအ၀င် ခေါင်းဆောင်တချို့ဖမ်းထားချိန်မှာ ကျနော်တို့က မှတ်ပုံတင်လိုက်ရင် သူတို့ကို ပြစ်ပယ်ထားရာ ရောက်မှာပေါ့၊ ဒီပုဂ္ဂိုလ်တွေ အားလုံးလွတ်လာတာနဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စတွေကို ဆွေးနွေးကြမှာပါ” ဟု
MNDF ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၁၂ ခု စုပေါင်း၍ SNLD ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့သော မဟာမိတ်အဖွဲ့ ဖြစ်သည်။

ပြည်တွင်း၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် သိသာသောပြောင်းလဲမှု မတွေ့ရသေးကြောင်း၊ ဖမ်းဆီးထားသော တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များ အားလုံးကို လွှတ်ပေးပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် လိုအပ်နေသည်ဟု SNLD ပြောခွင့်ရ ဦးစိုင်းလိတ် က ပြောသည်။

ထိုပုဂ္ဂိုလ်များသည် တိုင်းပြည်နှင့် ပြည်သူလူထု တိုးတက်ရေးအတွက် မိမိတို့၏ ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခြင်းကြောင့် အကျဉ်းချခံနေရသူများ ဖြစ်၍ တိုင်းပြည်တိုးတက်ရေး လုပ်ဆောင်နေသော အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးစိုင်းလိတ်က “ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့ မလွတ်မချင်း SNLD က ပါတီမှတ်ပုံတင်ဖို့ မစဉ်းစားဘူး” ဟု ဆိုသည်။

ALD ပါတီသည်လည်း မှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စများ ဆုံးဖြတ်ရန် အချိန်ယူစဉ်းစားရဦးမည် ဖြစ်ကြောင်း ALD ခေါင်းဆောင် ဦးအေးသာအောင် က ပြောသည်။

၎င်းက “NLD ပါတီမှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာက သူတို့ ကိစ္စပါ၊ ကန့်ကွက်စရာ မရှိပါဘူး၊ ကျနော်တို့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စ အတွက်တော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးမှုတွေ အများကြီးလုပ်ဖို့ ရှိပါသေးတယ်” ဟု ဆိုသည်။

NLD အပါအ၀င် ၉၀ ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးပါတီများအနက် တချို့သည် ဖျက်သိမ်းခံခဲ့ရပြီး၂၀၁၀ ရွေးကောက်ပွဲ အတွက် မှတ်ပုံမတင်ခဲ့သော ပါတီအားလုံး တရားမ၀င်တော့ကြောင်း ယခင် နအဖ စစ်အစိုးရက ကြေညာခဲ့သည်။

NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲအား ရွှေဂုံတိုင် ကြေညာချက်ထုတ်ပြန်၍ သပိတ်မှောက်ကာ ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း မလုပ်ခဲ့ပေ။

ထိုကြေညာချက်၌ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အားလုံးပါဝင်နိုင်ရေး တို့ကို ဆောင်ရွက်ပေးမှသာ ရွေးကောက်ပွဲ ၀င်မည်ဟု ပါရှိသည်။

NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများ စုပေါင်းဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်လည်း ဖြစ်သည်။

NLD ၏ ယနေ့ ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး ပါတီမှတ်ပုံတင်၍ ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အားလုံးတွင် ယှဉ်ပြိုင်သွားမည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

“အခုလို ဆုံးဖြတ်လိုက်တာဟာ ပြည်သူလူထုအတွက် ဖြစ်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။