“NLD အတွက် ၀မ်းနည်းတယ်၊ သူတို့လမ်း သူတို့ ရွေးသွားတာပဲ” (ဒေါ်နော်အုံး လှနှင့် အင်တာဗျူး)

Saturday, November 19, 2011 11:57 AM | Posted by Anonymous

(ဒေါ်နော်အုံး လှ)

NLD ပါတီ မှတ်ပုံတင်သင့် မတင်သင့် စည်းဝေးဆုံးဖြတ်သည့် ၁၈- ၁၁-၂၀၁၁ နေ့တွင် NLD ပါတီရုံးချုပ်ရှေ့တွင် စုဝေးနေသူများအား ဒေါ်နော်အုံးလှက ပါတီမှတ်ပုံမတင်သင့်ကြောင်း သဘောထားထုတ် ပြန်ချက်များ လိုက်လံဝေငှခဲ့သည်။ ၎င်း၏ သဘောထားအမြင်နှင့် ပတ်သက်ပြီး The Messenger ဂျာနယ်က အင်တာဗျူးမေးမြန်းထား ပါသည်။

မေး ။ ။ ဒေါ်နော်အုံးလှက NLD ပါတီ မှတ်ပုံမတင်သင့်ဘူးလို့ သဘော ထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ NLD ပါတီသာ မှတ်ပုံတင်ခဲ့မယ်ဆိုရင် ၁၉၉၀ ရွေးကောက် ပွဲရလဒ်ကို ကိုယ်တိုင် နင်းခြေသလို ဖြစ်မယ်။ NLD ဟာ အမျိုးသား ညီလာခံရော၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ခဲ့တယ်။ ခုလည်း ဒီအတိုင်း ဆက်ရပ်တည်ရမယ်။ NLD အနေနဲ့ ဂုဏ်သိက္ခာထိန်းရမယ်။

မေး ။ ။ NLD က မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲ မ၀င်ဘူးဆိုရင် ဘယ်လိုဆက်ရပ်တည်မလဲ။
ဖြေ ။ ။ NLD ရပ်တည်ခဲ့တာ ၁ နှစ်ကျော်ပြီ။ အစိုးရကိုယ်တိုင်လည်း မဖျက်ရဲဘူး။ ၉၀ ရွေးကောက်ပွဲရလဒ်ကို လည်းမဖျက်ရဲဘူး။ အခုအချိန်မှာ အစိုးရက လွှတ်တော်ခေါ်ပြတယ်။ တကယ်တမ်း နိုင်ငံတကာမှာက အဆင် မပြေဘူး။ နိုင်ငံတကာမှာ အမြင်ကောင်းဖို့ NLD ကို အတင်း လာပူးပေါင်းတယ်လို့ထင်တယ်။ မှတ်ပုံတင်လိုက် ရင် NLD က ၂၀၀၈ အခြေခံဥပဒေအောက်ကို ရောက်သွားမယ်။ ဒါကြောင့် မတင်သင့်ဘူး။

မေး ။ ။ NLD ပါတီအနေနဲ့ မှတ်ပုံတင်ရင် လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားလို့ ရတယ်။ မတင်ဘူးဆိုရင် NLD က နိုင်ငံရေးမှာ ဘယ်လိုအခန်းကဏ္ဍက ပါနိုင်မလဲ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောထားတယ်။ ပါတီက ပြည်သူ့အကျိုးကို ကြည့်ပြီး ပါတီဖြစ် လာတာ။ အခုက ပြည်သူ့အကျိုးကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေက ပြည်သူအကျိုးမရှိတဲ့ ဥပဒေ ဖြစ်နေတယ်။ နံပါတ် ၁၊ နိုင်ငံတော် ဦးဆောင်အခန်းကဏ္ဍမှာ စစ်တပ်ပါတာကို လက်မခံနိုင်ဘူး။ ဒီမိုကရေစီနဲ့ မညီတဲ့ လုပ်ရပ်ကို လက်မခံနိုင်ဘူး။ အချိန်မရွေး အာဏာသိမ်းနိုင်တယ်။ နောက်တခုက ၀န်ကြီးချုပ်တွေက စစ်ရေးအမြင်ရှိရမယ်ဆိုတာကိုလည်း လက်မခံနိုင်ဘူး။။ ၂၀၀၈ အခြေခံဥပဒေ မပြင်သရွေ့ မှတ်ပုံမတင်သင့် ဘူး။

မေး ။ ။ ဒါဆိုရင် NLD အနေနဲ့ ဘယ်လိုအခြေအနေမျိုးရောက်မှ မှတ်ပုံတင်သင့်တယ်လို့ ဒေါ်နော်အုံးလှ ထင် ပါသလဲ။
ဖြေ ။ ။ ၂၀၀၈ ဥပဒေကို အစိုးရက ပြင်ပေးရမယ်။ ပြုသာပြင်သာဖြစ်တဲ့ အခြေအနေမျိုး ဖန်တီးပေးရမယ်။ အဲ ဒီလို အခြေအနေကျမှ မှတ်ပုံတင်သင့်တယ်။

မေး ။ ။ တကယ်လို့ NLD ကလည်း မှတ်ပုံမတင်ဘူး၊ အစိုးရကလည်း ဒီပုံစံအတိုင်းပဲဆိုရင် ဒေါ်နော်အုံးလှတို့ အနေနဲ့ ဘယ်လို ဆက်လှုပ်ရှားသွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ အခြေအနေတွေအပေါ် မူတည်ပါတယ်။ လုပ်နိုင်တဲ့သူတွေလုပ်ခဲ့တယ်။ ဒီလိုပဲ တဖြည်းဖြည်း အဆက် မပြတ် ဆက်ပြီး တိုက်ပွဲဝင်သွားရမယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မန္တလေးမှာ ဖြစ်ခဲ့တဲ့ သံဃာတော် ၅ ပါးရဲ့ ဆန္ဒထုတ်ဖော်မှုအပေါ် ဘယ် လိုမြင်ပါသလဲ။
ဖြေ ။ ။ သံဃာတော်တွေက လုပ်နိုင်သလောက် လုပ်ပေးတာ။ သူတို့ပြောတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ တ ကယ်တောင်းဆိုသင့်တဲ့အရာပဲ။

မေး ။ ။ တကယ်လို့ NLD က မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ရင်ရော ဒေါ်နော်အုံးလှ အနေနဲ့ ဘာဆက်လုပ်ဖို့ ရှိပါသလဲ။
ဖြေ ။ ။ ဒီလိုသာ ဆုံးဖြတ်ခဲ့ရင် NLD အတွက် ၀မ်းနည်းတယ်။ သူတို့လမ်း သူတို့ ရွေးသွားတာပဲ။ အန်တီတို့ ကတော့ ဒီအတိုင်း ဆက်ပြီး ရပ်တည်နေမယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ဒေါ်နော်အုံးလှသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြုလုပ်သော အင်္ဂါဆုတောင်းပွဲများ ကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် NLD ပါတီမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

(မက်စင်ဂျာ ဂျာနယ်ဖေ့စ်ဘွတ်ခ်မှ ...)

Lay Phyu - Keep Goin' (လေးဖြူ − လျှောက်လျှောက်)

11:10 AM | Posted by Anonymous

ABSDF s Statement on NLD Decision

1:15 AM | Posted by Anonymous
ABSDF s Statement on NLD Decision

DPNS Statement on NLD Decision 18-11-11

1:12 AM | Posted by Anonymous
DPNS Statement on NLD Decision 18-11-11

လာမည့်လေးနှစ်တာ အတွင်း ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၈၅သန်းနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ သန်း(၃၀၀)ပေးအပ်သွားမည့် အစီအစဉ်.. ကြေငြာချက်..

Thursday, November 17, 2011 12:25 PM | Posted by Anonymous
လာမည့်လေးနှစ်တာ အတွင်း ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၈၅သန်းနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ သန်း(၃၀၀)ပေးအပ်သွားမည့် အစီအစဉ်.. ကြေငြာချက်..



ဒေါ်စု နှင့် ဒီချုပ် မှတ်ပုံမတင်သင့် ရွေးကောက်ပွဲမဝင်သင့် ရာထူးမယူသင့် ကြောင်း ဦးထွေးမြင့် နဲ့ ဖိုးသံချောင်း တို့သဘောထား

U Htwe Myint & Pho Than Chaung's opinion on Daw Suu & NLD stand

မန္တလေး မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတွေ သတင်း

Tuesday, November 15, 2011 11:02 AM | Posted by Anonymous





မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ

ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ် ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။

၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁ ညိုကြီး

၁။ မန္တလေး သပိတ်မှောက် သံဃာအရေးအခင်းကို သတင်းယူ ဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်းတင် ခြေရာခံခြင်းများ ရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက် တစ်ဦးမှ ပြောကြားပါသည်။

၂။ မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေးတရားများ ဟောပြော တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။ (၃)ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်း ပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။

၃။ ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။

ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။

၎။ ‎"Tomorrow 12 AM, old Masoerein campaign will take part in! Please forward" ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။

ညိုကြီး

သတင်းရေးချိန် - 9:30 PM, 2011, Nov 15
ဖေ့ဘွတ်မှ ကိုညိုကြီးတဂ်ထားတဲ့ သတင်းပါ.. ကိုညိုကြီးအား ကျေးဇူးတင်ပါသည်..။

မန္တလေး သပိတ်မှောက်သံဃာ ငါးပါး နောက်ဆုံးအခြေအနေ နှင့် မန္တလေးအခြေအနေ

3:50 AM | Posted by Anonymous

မန္တလေး သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေးများ ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်းသိရ။
၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရ။

အခုနောက်ဆုံး အခြေအနေအရတော့ ဆန္ဒပြဆရာတော် ငါးပါးဟာ မစိုးရိမ်တိုက်ဟောင်းကျောင်းကို ရောက်ရှိသွားပြီဖြစ်ပြီး အဲ့ဒီဆရာတော်တွေရဲ့ လုံခြုံရေးအတွက်ကိုတော့ ကျောင်းတိုက်ဆရာတော်တွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်းမှတ်တမ်းတင်ခြေရာခံခြင်းများရှိဟု အလိုက်ခံရသူ သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။
ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင်း ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။ ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသဖြင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြသည် ဆို၏။

တပြည်လုံး ထကြွကြ ဖို့  ဘုန်းတော်ကြီးတွေတောင်းဆိုနေပြီ

3:42 AM | Posted by Anonymous

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက် နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။ တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ- ၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now) ၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners) ၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom) ၄။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now) တို့ဖြစ်သည်။ အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက
ရှိသည်။ တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ- ၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now) ၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners) ၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom) ၄။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now) တို့ဖြစ်သည်။ အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက
ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း
ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊
မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ(မီးစက်အတွက်)၊
စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

----------------------------------------------------------------------------------------------------------------------------------------------------------------------
ဆန္ဒပြနေသည့် သံဃာတော် များက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက် အပြည့်အစုံမှာ
"မြန်မာ့ငြိမ်းချမ်းရေးမှ ကမ္ဘာ့ ငြိမ်းချမ်းရေးသို့ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို မြတ်နိုးတော်မူကြသော သံဃာတော်များဦးဆောင်၍ ပြည်သူလူ ထုတစ်ရပ်လုံးက သမ္မတကြီး ဦးသိန်းစိန်အား အောက်ပါအချက်များ ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။

(၁) ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တရား မျှတရေးအတွက် မေတ္တာရှေ့ထားကာ ဆောင်ရွက်ကြရေး၊ ဖမ်းဆီးခံ ခဲ့ရသည့် အကျဉ်းကျနေသော ညီတော်၊ နောင်တော်၊ သံဃာတော်များ နှင့် ကျန်နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊

(၂) တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတိုက်အခံ အင်အားစုများ ပါဝင်သည့် စစ်မှန်သောငြိမ်းချမ်းရေး လုပ်ငန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်။

(၃) လောကပါလ တရားနှင့် အသိပညာ ထွန်းကားရေးအတွက် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရဟန်းတော်များနှင့် စာပေပညာရှင်ကြီးများ ဟောပြောရာတွင် ပိတ်ပင် တားဆီးခြင်း၊ ဟောပြောခွင့်တောင်းခံရခြင်းတို့ကို လုံးဝရပ်စဲပြီး လွတ်လပ်စွာ ဟောပြော ရေးသားခွင့်ပေးရန်၊ မြန်မာပြည် အမြန်ငြိမ်းချမ်း ပါစေ။ ငြိမ်းချမ်းရေးကို လိုလားသော သံဃာတော်များ" ဟူ၍ဖြစ်သည်။