Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)


အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchellနှင့် အဖွဲ့သည် ၁၁.၉.၂၀၁၁ တနင်္ဂနွေနေ့ နံနက် (၈း၃၀) နာရီအချိန်၌ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့် အောင်နှင့် အလုပ်အမှုဆောင်များအား တွေ့ဆုံခဲ့ကြသည်။

နာရေးကိစ္စ အ၀၀အား (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာဒါနအဖြစ် အင်္ဂလိပ်စာ သင်တန်းများ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချမှုများအား လိုက်လံကြည့်ရှု လေ့လာခဲ့ရာ အခြေခံ အင်္ဂလိပ်စာ သင်တန်းသူ ကလေးငယ်လေးမှ နှုတ်ဆက်စကား ပြောကြားခဲ့ပြီး Mr. Derek Mitchell မှ “မင်္ဂလာပါ … တွေ့ရတာဝမ်းသာပါတယ်” ဟု မြန်မာလို ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သုခအလင်း စာကြည့်တိုက်သို့ ၀င်ရောက်လေ့လာကာ အင်္ဂလိပ်စာပေ စာအုပ်များအား ထပ်မံ၍ လှူဒါန်းပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။
ယင်းနောက် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ သွားရောက်လေ့လာရာ လူနာနားနေဆောင်တွင် လူနာများအား နှုတ်ဆက်စကား ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအတွင်းရှိ ဆေးကုသဆောင်များနှင့် မျက်စိခွဲစိတ်ခန်းဆောင် အခန်းအား လည်း ၀င်ရောက်လေ့လာကာ ချီးမွမ်းစကားများ ပြောကြားသွားခဲ့သည်။ ထို့အပြင် နာရေးနှင့် ပတ်သက်သည့် Cool Box၊ အခေါင်းများနှင့် နိဗ္ဗာန်ယာဉ်များကို လေ့လာခဲ့ပြီးနောက် နံနက် (၉း၃၀) နာရီအချိန်တွင် နှုတ်ဆက်စကား ပြောကြားကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)

Weekly+Eleven+6 51

11:06 PM | Posted by Anonymous

The+Voice+7-40

11:06 PM | Posted by Anonymous

၂၀၁၂ ဂင်းနက်စ်မှတ်တမ်း စာအုပ်

Friday, September 16, 2011 9:49 AM | Posted by Anonymous
၂၀၁၂ ခုနှစ် Guinness World Records စာအုပ်ကို ၅၇ ကြိမ်မြောက် ယခုနှစ် ထုတ်ဝေခဲ့ရာ တမူထူးခြား ဆန်းဆန်းပြားပြားများ စုစည်းဖော်ပြထားသည်။

ကြိုးခုန်နေကြသော ခွေးများ
ဂျပန်နိုင်ငံမှ ‘Super Wan Wan Circus’ အမည်ရှိ ဆပ်ကပ်မှ ခွေး ၁၃ ကောင်သည် တစ်ပြိုင်နက်တည်း ကြိုးခုန်နိုင်ကြသည်။

လက်သည်းအရှည်ဆုံး အမျိုးသမီး
အမေရိကန်ပြည်ထောင်စုရှိ Las Vegas တွင်နေထိုင်သော ခရစ် ဝေါတန် အမည်ရှိအမျိုးသမီး သည် သူမ၏ လက်သည်းမှာ ၁၀ ပေ ၂ လက်မ (309.8 cm) ဘယ်ဖက် လက်သည်း နှင့် ၉ ပေ ၇ လက်မ (292.1 cm) ညာဖက် လက်သည်း အသီးသီးစီရှည်ကြသည်။

အလွန်ပျော့ပြောင်းသော ခန္ဓာကိုယ်ပိုင်ရှင်
ခန္တာကိုယ်တွင် အရိုးမရှိဘူးလား ဟုတောင်အောင့်မေ့မိသည်။ Skye Broberg အမည်ရှိ နယူးဇီလန်နိုင်ငံသူလေး က သူ၏ ခန္တာကိုယ်ကို တန်းနစ်ရိုက်တံ အတွင်းသို့ဆံအောင်ဝင်ပြနိုင်ခြင်း ခရီးဆောင် သေတ္တာငယ်အရွယ်ရှိသော သေတ္တာထဲသို့ အေးဆေးစွာ ဝင်ပြခဲ့သည်။

အပေါက်အများဆုံး လူသား
၄၅၃ အပေါက်ဖောက်ထားသော ဂျာမနီမှ ကွန်ပြူတာ အင်ဂျင်နေရာ ဝေါ့ဘူးကော့လ် Rolf Buchhol

လျှာအရှည်ဆုံး ကလေးမ
လျှာရှည်လား မရှည်လား သိချင်ရင် အောက်က youtube video လေးမှာ သူပြောပြထားပါလိမ့်မယ်။

TG


အင်းလေးကန် နှင့် ယူရိုမော်ဒယ်

အရှေ့တောင်အာရှရဲ့အမွေအနှစ် အင်းလေးကန်ကြီးမတိမ်ကောရအောင်ယခုထိန်းသိမ်းနေပါပြီ။

ယခုနှစ်ရဲ့မိုးရေချိန်ကတော့ စံချိန်မီပါပဲ။ရိုးသားကြတဲ့အင်းသားများဟာ

ဗမာမျိုးနွယ်စုဝင် မြန်မာနိုင်ငံသားများဖြစ်ကြပါသည်။

အင်းသားတို့ ရိုးရာတစ်ခုဖြစ်သော လှေကိုခြေထောက်ဖြင့် လှော်ခတ်ခြင်း သည်လည်း ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ရိုးရာဖြစ်သည်။

ယခုဓာတ်ပုံများသည် အင်းလေးကန်မှ အင်းသားများ နှင့် ယူရိုမော်ဒယ်တို့၏ ဓာတ်ပုံများသာ ဖြစ်သည်။

ယခု ဓာတ်ပုံများကို အင်းလေး ကြောင်ခုန်ကျောင်း (သို့) ငါးဖယ်ကျောင်း ဟု အမည်ရသော ဘုန်းကြီးကျောင်းမှ ကူးယူဖော်ပြထားသည်ဟု သိရပါသည်။

ဧဒင်ဥယျာဉ်မှ ကိုးကားဖော်ပြသည်။

အင်းလေးဒေသထွက် ခြောက်သိန်းတန် ကြာချည်ဂါဝန် နှင့် ယူရိုမော်ဒယ်

လှေပေါ်မှ ယူရိုမော်ဒယ်

အင်းသားများ၏အားမာန်

နှီးဆွမ်းချိုင့်နှင့် ယူရိုမော်ဒယ်


Credit: Thazin Htet Moe Facebook page

တိုက်စိုးရဲ့ ဧရာဝတီ

Tuesday, September 13, 2011 11:27 PM | Posted by Anonymous


ဧရာဝတီ…..။

သူ့ကမ်းပါတွင်
လယ်ယာလုပ်သား ၊ စီးပွားတည်ဆောက်
တို့ ပြည်မောက်ခဲ့ ။ ။

သူ့ကမ်းပါးတွင်
ဘုရားပုထိုး ၊ မိုးစွင့်တည်ဆောက်
တို့ ပြည်မောက်ခဲ့။ ။

သူ့ကမ်းပါးတွင်
ထီးများ နန်းများ ၊ငွားငွားတည်ဆောက်
တို့ ပြည်မောက်ခဲ့။ ။

မင်းနေပြည်များ
သူ့ကမ်းပါးတွင် ၊ ဟိုနား ပေါ်လိုက်
ပျောက်သွားလိုက်နှင့် ၊ လှိုင်းရိုက်လောကဓံ
မမြဲပြန်လည်း ၊ ငွေလျှံမြနှစ်
ဧရာမြစ်ကား ၊ နှစ်ပေါင်းထောင်သောင်း
သိန်းသန်းညောင်းလည်း ၊ အားကောင်းစွာပင် စီးဆင်းဆဲ ။ ။

အံ့မောင်
တိုက်စိုး ၏ ဧရာဝတီ စာအုပ် စာမျက်နှာ (၄၅) မှ ကူးယူဖေါ်ပြသည်။

(2.9.2011) RFA လွတ်လပ်တဲ့အာရှအသံ လူထုနှင့်ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ်အမေးအဖြေကဏ္ဍ

11:27 PM | Posted by Anonymous
B0902assk by Zaw Win 1

(2.9.2011) RFA လွတ်လပ်တဲ့အာရှအသံ လူထုနှင့်ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ်အမေးအဖြေကဏ္ဍ

(စ)

မေးသူ။ ။မလွင်မာအေး၊ အမေရိကန်နိုင်ငံ။

မေးခွန်း။ ။မင်္ဂလာပါ အမေစုရှင့်။ ကျမနာမည် လွင်မာအေးလို့ခေါ်ပါတယ်။ ယခု ကျမ အမေရိကမှာနေ

ပါတယ်ရှင့်။ အခု ဦးမင်းကိုနိုင်အပါအဝင် ၈၈-ကျောင်းသားခေါင်းဆောင် နိုင်ငံရေးအကျဉ်းသား များ မလွှတ်ပေးပ၊ဲ အခုလိုပြည်ပရောက်နေသူတွေကို ပြန်ခေါ်ဖို့လုပ်တာ လက်ခံစရာ မရှိပါဘူးရှင့်။ မြန်မာပြည် တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးသမားများ၊ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ ယခုအစိုးရသစ် တွေ့ဆုံဆွေးနွေးပြီး သိသာထင်ရှားတဲ့ အပေါင်းလက္ခဏာအဖြေတစ်ခုရရှိမှသာ ကျမတို့ အိမ်ပြန်ရဲမှာ ဖြစ်ပါ တယ်ရှင့်။ အဲဒါကြောင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုအတွက် အမေစု တစ်ခုခု ကြိုးစားပေးပါရှင့်။

အဖြေ။ ။အမေတစ်ယောက်တည်းတင်မကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသားတွေ

လွတ်မြောက်ဖို့အတွက် ကြိုးစားဆောင်ရွက်နေတာ ဆယ်စုနှစ် နှစ်ခု ကြာလာပါပြီ။ ဆက်ပြီး တော့လည်း ထိရောက်နိုင်မယ့်နည်းတွေ စဉ်းစားပြီး ကြိုးစားသွားမှာပါ။ အမေတို့နိုင်ငံမှာ ပြဿနာတွေကို တစ်ခုခြင်း ခွဲပြီးကြည့်လို့ မရပါဘူး။ ဆက်စပ်မှုတွေကိုလည်း ထည့်ပြီးတော့၊ တွက်ပြီးတော့ အကောင်းဆုံး အဖြေကို တစ်စိုက်မတ်မတ် ရှာရပါတယ်။ မလွယ်ပေမယ့် လုပ်သင့်တဲ့အလုပ်ဆိုတော့ လုပ်ရကျိုးနပ်ပါတယ်။

မေးသူ။ ။ကိုဇော်ဝင်း၊ အမေရိကန်နိုင်ငံ။

မေးခွန်း။ ။ ဟုတ်ကဲ့ အန်တီ။ ကျနော် ရှစ်လေးလုံးမျိုးဆက် ကျောင်းသားတစ်ယောက်ပါ။

ကျနော် နယူးယောက်က မေးခွန်းမေးနေတာပါ။ ကျနော်တို့ဗမာပြည်မှာ ၁၉၈၈- လူထု အရေးတော်ပုံကြီးဖြစ်ခဲ့တဲ့အချိန်မှာ အစိုးရဖွဲ့ဖို့ အခြေအနေတွေအကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပါတယ်။ ပထမဦးဆုံး နိုင်ငံဝန်ကြီးချုပ်ဟောင်း ဦးနုကနေ စဉ်ပြိုင်အစိုးရဖွဲ့တာ မအောင်မြင်ခဲ့ပါဘူး။ အဲဒါဟာ ဘယ်အချက်တွေ ကြောင့်ပါလဲ။ တစ်ခါ ၁၉၉၀-ရွေးကောက်ပွဲ နိုင်တဲ့ကာလမှာ အဲလိုအခြေအနေကောင်း အခြေအနေတစ်ရပ်မှာ အန်တီသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်နိုင်ခွင့် လွတ်လွတ်လပ်လပ် အပြင်မှာရှိခဲ့တယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးဆောင်ပြီး အစိုးရဖွဲ့သွားနိုင်ဖို့ အခြေအနေများ ရှိပါသလား။ ပြီးတော့တစ်ခါ ၂၀၁၀-ရွေးကောက်ပွဲဆိုပြီးတော့ အခုလက်ရှိ အစိုးရလုပ်တဲ့အချိန်အခါမှာလည်း အန်တီကို သူတို့က အကျယ် ချုပ်ချထားတဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ အရပ်သားအစိုးရဆိုပြီးတော့ ဖွဲ့သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီတော့ အန်တီသာ တကယ်လို့ အပြင်မှာရှိမယ်ဆိုရင် ဘယ်နည်းဘယ်ပုံ ဖြစ်သွားနိုင်သလဲဆိုတဲ့ သဘော ထားအမြင်ကို သိပါရစေခင်ဗျာ့။ ပြီးတော့ခင်ဗျာ့ မြန်မာနိုင်ငံ အနာဂတ်အတွက် ဒီမိုကရေစီအစိုးရတစ်ရပ်ဖွဲ့ဖို့ရာ တကယ်လို့များ ပေါ်ပေါက်လားခဲ့တယ်ဆိုရင် ဖွဲ့သင့်တဲ့ အချိန်၊ ဖွဲ့သင့်တဲ့နိုင်ငံရေးလိုအပ်ချက်တွေနဲ့၊ အဲဖွဲ့သင့်တဲ့ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုများရှိသလဲဆိုတာ အန်တီအနေနဲ့ ရှင်းပြပေးပါခင်ဗျာ့။

အဖြေ။ ။သမိုင်းသုတေသီ၊ နိုင်ငံရေးသုတေသီတွေဟာ အတိတ်ကအဖြစ်အပျက်တွေကို အမျိုးမျိုးသုံး

သပ်ပြီး အဖြေအမျိုးမျိုး ရကြပါတယ်။ အဖြစ်အပျက်တစ်ခုကို အမြင်အမျိုးမျိုးပါပဲ။ ဘယ်လို အခြေအနေ၊ ဘာဖြစ်ခဲ့လို့ရှိလို့ရှိရင် ဘယ်လိုတော့ဖြစ်မှာပဲဆိုတာက နောက်ဆုံးတော့ အမြင်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဇော်ဝင်းမေခွန်းတွေက အဖြေအမျိုးမျိုးရှိနိုင်တဲ့ မေးခွန်းတွေပါ။ နောက်ဆုံးအပိုင်းနဲ့ပဲ ပတ်သက်လို့ဖြေပါရစေ။ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် လွတ်လပ်တဲ့နိုင်ငံရေးအခင်းအကျင်းက ဖြစ်ပေါ်လာတဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေကတဆင့် ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရမျိုး ပေါ်ပေါက်နိုင် မယ်ဆိုရင် ဒီမိုကရေစီ အစိုးရတစ်ခုပေါ်ပေါက်လာနိုင်မယ်လို့ ယူဆလို့ရပါတယ်။

မေးသူ။ ။မသီတာနိုင်၊ အမေရိကန်နိုင်ငံ။

မေးခွန်း။ ။မင်္ဂလာရှိသောနေ့ပါ အန်တီ။ သမီးက မေရီလန်းမှာနေနေတဲ့ သီတာနိုင်ပါ။ အဲ မေးခွန်းလေး

တစ်ခုမေးချင်လို့ပါအန်တီ။ အဲ အဲဒါကတော့ မြန်မာလူမျိုးတွေဆိုတာ နှစ်ယောက်ပေါင်းမိရင် သုံးဖွဲ့ကွဲတယ်ဆို ပြီးတော့ ညီညွတ်မှုမရှိတဲ့နေရာမှာ နာမည်ကြီးတတ်ပါတယ် အန်တီ။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူ တာရှိနိုင်ပေမယ့် မြန်မာတွေ စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တာပဲဖြစ်ဖြစ် အကွဲအပြဲမဖြစ်ဖို့ဆိုရင် ဘယ်လိုအခြေခံစိတ်မျိုးနဲ့ တစ်ဦးကိုတစ်ဦး ဆက်ဆံသင့်ပါသလဲရှင်။ ဥပမာ သီးခံစိတ်၊ နားလည်းခွင့်လွှတ်စိတ် တို့ဆိုတာတွေကရော ဘယ်အတိုင်းအတာအထိ ထားသင့်ပါသလဲရှင်။ ကျေးဇူးတင်ပါ တယ် အန်တီ။ ကျန်းမာပါ စေအန်တီ။

အဖြေ။ ။သီးခံစိတ်တို့၊ နားလည်စိတ်တို့ဆိုတာ လူလူချင်းဆက်ဆံရေးမှာ အများကြီးပြေလည်မှုတွေ

ဖြစ်စေပါတယ်။ ဒါပေမယ့် ကွဲတယ်၊ ပြဲတယ်ဆိုတာ မနာလိုစိတ်ကြောင့်ဖြစ်တာတွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေကတော့ စိတ်လုံခြုံမှုနဲ့ဆိုင်တယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြည့် ဝတဲ့သူတွေဟာ တစ်ခြားလူတွေကို မနာလိုမှုဖြစ်ခဲပါတယ်။ဒီလို ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ စိတ်လုံခြုံမှုတွေရှိဖို့က လူမှုအတိုင်းအဝိုင်း တန်ဖိုးထားတွေ၊ ကလေးတွေကို ပြုစုပျိုးထောင်ပုံတွေအပေါ်မှာမှုတည်ပါတယ်။ တစ်နည်း အားဖြင့် ဆိုရလို့ရှိရင်တော့ မွေးကတည်းက လုပ်ယူရမယ့်ကိစ္စတွေဖြစ်ပါတယ်။

မေးသူ။ ။မသူသူဝင်း၊ ဗြိတိန်နိုင်ငံ။

မေးခွန်း။ ။မင်္ဂလာပါအမေ ဒေါ်အောင်ဆန်းစုကြည်ရှင်။ သမီးကတော့ အင်္ဂလန်နိုင်ငံက မြန်မာ့အရေးကို

လှုပ်ရှားနေသူ တစ်ဦးဖြစ်ပါတယ်အမေ။ သမီးအမေ့ကို မေးချင်တာလေးက သမ္မတဦးသိန်းစိန် နဲ့အမေ တွေ့ဆုံခဲ့မှုအပေါ် ပြည်သူတွေက ကောင်းမွန်သောတိုးတတ်ပြောင်းလဲမှုလို့ ရှုမြင်ခဲ့ကြပါတယ်အမေ။ အမေ့အနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုလိမ့်မယ်လို့ သမီးယုံကြည်မိ ပါတယ်။ တစ်ခါ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်နဲ့ RFA ရေဒီယိုအင်တာဗျူးမှာ ဒီနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို ဒေါ်အောင်ဆန်းစုကြည်ကသာ အာမခံချက်ပေးမယ်ဆိုရင် ဖြစ်နိုင်ခြေရှိ ပါတယ်လို့ ပြောသွားပါတယ်အမေ။ အမေ့အနေနဲ့ ဘယ်လိုမျိုးအာမခံချက်တွေပေးမှ ဒီနိုင်ငံရေးအကျဉ်းသား တွေ လွတ်မြောက်နိုင်မယ် ဆိုတာ သိချင်ပါတယ်ရှင်။ အမေကျန်းမာပါစေ။

အဖြေ။ ။အခုအမေ သမ္မတဦးသိန်းစိန်နဲ့ တစ်ကြိမ်ပဲတွေ့ရပါသေးတယ်။ ဝမ်းမြောက်ကျေနပ်ရကြောင်း

ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလိုကနဦး တွေ့ဆုံ အမြင်ခြင်း ဖလှယ်တဲ့အနေအထားမှာ ဘာတွေဘယ်လိုပြောခဲ့တယ်ဆိုတာကို ထုတ်ပြန်ဖို့ အချိန် မဟုတ်သေးပါဘူး။ ဒါကို သမီးတို့နားလည်ပေးစေချင်ပါတယ်။ ဒေါက်တာနေဇင်လတ်ပြောတဲ့ ကိစ္စနဲ့ ပတ်သက် လို့တော့ ကာယကံရှင်ကိုပဲ မေးတာက ပိုပြီးတော့ ဆီလျှော်ပါလိမ့်မယ်။

မေးသူ။ ။မနီလာအောင်၊ ဗြိတိန်နိုင်ငံ။

မေးခွန်း။ ။မင်္ဂလာပါ အန်တီဒေါ်အောင်ဆန်းစုကြည်ရှင်။ ကျမကတော့ မြန်မာ့အရေးလှုပ်ရှားနေတဲ့

မနီလာအောင် ဖြစ်ပါတယ်ရှင်။ အန်တီရှင့် တရုတ်ပြည်က သူ့စီးပွားရေးလိုအပ်ချက်အရ ဆည်တွေဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကြောင့် ယခုအခါ တရုတ်ပြည်ရဲ့ မြစ်ဝါမြစ်ကြီးဟာ သေဆုံးသွားခဲ့ရပါပြီ။ ကျမတို့ ဧရာဝတီမြစ် ဟိုးအထက်ပိုင်းမှာလည်း တရုတ်ပြည်ကဆည်တွေဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ်လို့ သိရပြီး ဧရာဝတီမြစ်ကြီးဟာ ကောသွားနိုင်ပါတယ်။ ဒီဧရာဝတီမြစ်ကို မှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေအနေနဲ့လည်း အလုံးလိုက်အခက်ခဲတွေ တွေ့လာနိုင်သလို၊ မိုးခေါင် ခြင်း၊ ရေရှားခြင်းစတဲ့ သဘာဝဘေး အန္တရာယ်များလည်း ပိုမိုကျရောက်လာနိုင်ပါတယ်။ ဒီကထွက်လာမယ့် လျှပ်စစ်ဓာတ်အားတွေကတော့ အားလုံးနီးပါး တရုတ်ပြည်ကိုသာ တင်ပို့မယ်လို့လည်း သိရပါတယ်။ ဒီလိုမျိုး နောင်မျိုးဆက်ပေါင်းများစွာ ဆိုးကျိုးများဖြစ်လာစေမယ့် ဒီဆည်တွေမဆောက်အောင်၊ ဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများနားလည်အောင်၊ ပြည်သူတွေသိအောင် ဘယ်လိုမျိုးလုပ်ရပါမလဲရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

အဖြေ။ ။ဘယ်လိုကိစ္စမျိုးမဆို အများပြည်သူသိစေချင်ရင် အများပြည်သူရဲ့နားကိုရောက်စေမယ့် နည်း

လမ်းတွေကိုသုံးရမှာပါ။ အန်တီတို့လည်း ဧရာဝတီမြစ်ကာကွယ်စောင့်ရှောက်ရေး ပန်ကြားလွှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ မနီလာတို့လည်း တတ်နိုင်သမျှ ပညာပေး၊ သတင်းဖြန့်ရေးတာဝန်တွေကို ထမ်းဆောင် စေချင်ပါတယ်။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

(ဆုံး)

စက်တင်ဘာလ ၂ ရက်နေ့ အစီအစဉ်

“Hey Exiles ! Come on back There’s lots of space!”

Sunday, September 11, 2011 11:42 PM | Posted by Anonymous

But when they bite it makes me cry!

10:06 PM | Posted by Anonymous

But when they bite it makes me cry!

Friday, September 9, 2011
HARN LAY / THE IRRAWADDY |