နော်ဝေ အစုလိုက် အပြုံလိုက် လူသတ်မှု သံသယရှိသူရဲ့ အကြောင်း

Saturday, July 23, 2011 11:55 AM | Posted by Anonymous



နော်ဝေမှာ ၇ ဦးသေတဲ့ ဗုံးခွဲမှုနဲ့ ၈၄ ယောက်သေတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုအတွက် တရာခံအဖြစ် သံသယရှိသူ နော်ဝေနိုင်ငံသား အသက် ၃၂ နှစ်အရွယ် Anders Behring Breivik ကိုတော့ ဖမ်းထားပါပြီ။ သူဟာ ခရစ်ယာန် အခြေခံဝါဒီ ဖြစ်ပြီး လက်ယာအုပ်စုနဲ့ အဆက်အသွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီလူဟာ ဒီပူးပေါင်းလုပ်ကြံမှုကြီးရဲ့ အစိတ်အပိုင်းတခု ဟုတ်မဟုတ် မသိသေးဘူး ရဲက ပြောပါတယ်။ အဲဒီလူကို အခု အကြမ်းဖက်မှု ဥပဒေအရ စစ်ဆေးမေးမြန်းနေပါတယ်။

“ဒီလူဟာ တယောက်တည်း လုပ်သွားတာလား၊ အကူအညီနဲ့လားဆိုတာ မသိသေးပါဘူး။ ကျနော်တို့ သိသမျှကတော့ ဒီလူဟာ လက်ယာအုပ်စုဝင် ခရစ်ယာန် အခြေခံဝါဒီ ဖြစ်တယ် ဆိုတာပါပဲ” လို့ ရဲအရာရှိ ရော်ဂျာ အန်ဒရက်ဆန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ (နော်ဝေ အစိုးရ အရာရှိတွေက အဲဒီ သံသယရှိသူ လူသတ်သမားရဲ့ ဖေ့စ်ဘုတ် အကောင့်ကိုလည်း ကိုးကား ပြောပါတယ်။ ကျနော် ရှာကြည့်ပေမယ့် မတွေ့ရသေးပါဘူး။)

သံသယရှိသူအဖြစ် ဖမ်းဆီးထားသူ

ဒီလူရဲ့ အင်တာနက်ပေါ်က စာတွေအရ သူဟာ မွတ်ဆလင် ဆန့်ကျင်ရေးသမား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလူဟာ လယ်ယာလုပ်ငန်းဆိုင်ရာ စီပွားရှာသူအဖြစ် နော်ဝေ အရှေ့ခြမ်းက ရီနာမှာ မှတ်ပုံတင်ထားတယ်။ ဒါကြောင့် ဒီလူဟာ အမိုနီယမ် နိုက်ထရိတ် တွေ လိုသလောက် ဝယ်လို့ရနေပြီး အဲဒါတွေက ဖောက်ခွဲရေးကိရိယာ လုပ်လို့ ရနေပါတယ်။

အော်စလို ရဲမင်းကြီး ဂျိုဟန် ဖရက်ဒရစ်ဆန်ကတော့ ဒီတိုက်ခိုက်မှုဟာ ဆံပင် ရွှေရောင်၊ မျက်လုံးပြာနဲ့ နော်ဝေ လူမျိုးရင်း ဖြစ်တာမို့ “မအံသြပါ” လို့ ပြောပြီး “ဒီလောက်ဆို ကျနော်တို့ မှန်းလို့ရပါပြီ” လို့ ပြောပါတယ်။

စစ်သားတွေကတော့ ဒီနေ့ အော်စလိုမြို့ပေါ် ရောက်လာပြီး လုံခြုံရေး ယူကြပါတယ်။ အော်စလိုမှာက ဗုံးက တလုံးမက ကွဲတယ်လို့ ယူဆကြပါတယ်။

ကျွန်းပေါ်မှာ အသတ်ခံရသူတွေထဲမှာ အသက် ၁၆ နှစ် အရွယ်တွေလည်း ပါပါတယ်။ သေဆုံးသူတွေ ကျွန်းပေါ်မှာ ပြန့်ကျဲနေတာကြောင့် သေနှုန်းမြင့်လာနိုင်တယ်လို့လည်း ဆိုကြပါတယ်။ (ဧရာဝတီ ပို့စ် ၂ ခုလုံးမှာ ကိန်းဂဏန်းကို update လုပ်ပေးနေပါတယ်)

“ကလေးတွေဟာ သေနတ်နဲ့ လိုက်ပစ်နေတာ မြင်တော့ ရေထဲခုန်ချပြီး ကူးကြတယ်၊ Utoya ကျွန်းက ကုန်းမကြီးနဲ့ ဝေးတယ်။ တချို့က ပုန်းနေကြတယ်။ ကျနော်တွေ့တဲ့သူတွေကို မေးမြန်းကြည့်တော့ စကားမေးမရဘူး။ ကြောက်လွန်းလို့ တုန်နေတယ်” လို့ လေဘာပါတီ အမတ်တဦးက ပြောပါတယ်။

“ပထမတော့ ကုန်းပေါ်မှာ ရှိတဲ့လူတွေကို ပစ်သတ်တယ်။ ပြီးတော့ ရေထဲကလူတွေကိုလည်း ပစ်တာပဲ” လို့ အသက်ရှင်ကျန်ရစ်သူ အသက် ၁၅ နှစ်အရွယ် Elise က ပြောပြပါတယ်။

နော်ဝေ ဝန်ကြီးချုပ် Stolenberg က “ကျနော် ငယ်ငယ်ကတည်းက နိဗ္ဗာန်လို့ ယူဆခဲ့တဲ့ ကျွန်းဟာ ခုတော့ ငရဲ ဖြစ်သွားပါပြီ” လို့ အယောက် ၈၀ ကျော် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ Utoya ကျွန်းနဲ့ ပတ်သက်ပြီး ပြောလိုက်ပါတယ်။

Source: New York Times/ Irrawaddy

Manzullo Releases Video Testimony of Burma's Democracy Leader Aung San Suu Kyi

Tuesday, July 5, 2011 8:06 AM | Posted by Anonymous

Daw Aung San Suu Kyi gives video message to U.S. Congress

Today was the first time that Daw Aung San Suu Kyi was able to address the U.S. Congress.

Earlier this afternoon the U.S. House Subcommittee on Asia and the Pacific held a hearing entitled “Piercing Burma’s Veil of Secrecy: The Truth Behind the Sham Election and the Difficult Road Ahead.”

Daw Aung San Suu Kyi prerecorded a video address for the hearing.





You can read the transcript of her speech – click here

Here is one of the important quotes from her address:

“Professor Quintana has spoken of the need for a commission of inquiry into human rights violations in Burma. I support his call for such a commission, making it quite clear that a commission of inquiry is not tribunal. It is simply a commission of inquiry to find out what human rights violations have taken place and what we can do to ensure that such violations do not take place in the future. I would appreciate everything that is done to help Professor Quintana in his work. Because, unless we respect the work of the Human Rights Rapporteur, I do not think we will be able to make much progress towards the implementation of the resolution of the United Nations Human Rights Council.”

Full testimony of the other witnesses, Dr. Chris Beyrer and Aung Din can be found at the House Committee on Foreign Affairs website http://foreignaffairs.house.gov/112/aun062211.pdf and http://foreignaffairs.house.gov/112/bey062211.pdf

မြန်မာကို ဦးတည်သည့် မြောက်ကိုရီးယားသင်္ဘော တားမြစ်ခံရ



မြန်မာနိုင်ငံသို့ ဒုံးကျည်လက်နက်နှင့် ဆက်စပ်ပစ္စည်များ သယ်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား ကုန်တင်သဘောင်္ တစီးသည် အမေရိကန် ရေတပ်က တားမြစ်သောကြောင့် မိခင်နိုင်ငံသို့ လွန်ခဲ့သည့် ၂ ပတ်ခန့်က လှည့်ပြန် သွားခဲ့ရကြောင်း သိရသည်။

alt

၂၀၀၇ ခုနှစ်က ရန်ကုန်တွင် ဆိုက်ကပ်ထားသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘော (ဓာတ်ပုံ - AFP)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တောင်ဘက် ပင်လယ်ပြင်တွင် M/V Light အမည်ရှိ မြောက်ကိုရီးယားသင်္ဘောကို တာဝေး မိုင် ၃၅၀ ခန့်အထိ ပစ်ခတ်နိုင်သည့် ဝေဟင်ပစ် ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများကို သယ်ဆောင်လာခဲ့ သည်ဟု သံသယရှိ၍ အမေရိကန် ရေတပ် ဖျက်သင်္ဘော McCompbell က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း New York Times ၏ ယမန်နေ့က သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သည့် နေ့သည် မေလ၂၆ ဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် မဟာဗျူဟာမြောက်မိတ်ဘက်နိုင်ငံများအဖြစ် ကြေညာခဲ့ချိန်နှင့်လည်း တိုက်ဆိုင် ခဲ့သည်။ ထို့နေ့မတိုင်ခင်တရက်ကလည်း မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် သည်တရုတ် သမ္မတ ဟူကျင်း တောင် နှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့သေးသည်။

သံသယဖြစ်ဖွယ် သင်္ဘောသည် ဗဟိုအမေရိကတိုက် နိုင်ငံတခုဖြစ်သည့် ဘလစ်ဇ် (Belize) နိုင်ငံ အလံလွှင့်ထူထား သည့်အတွက် တက်ရောက်စစ်ဆေးရန် ခွင့်ပြုချက်ကို အမေရိကန်ရေတပ်က သက်ဆိုင်ရာ နိုင်ငံသို့ တောင်းခံခဲ့သည်။

ဘီလစ်ဇ် နိုင်ငံက ခွင့်ပြုခဲ့ပြီးနောက် အမေရိကန် ရေတပ်ဖျက်သင်္ဘောက အဆိုပါသင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေး ရန် ၄ ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း ၄င်းကုန်တင်သင်္ဘောပေါ်ရှိ မြောက်ကိုရီးယားသင်္ဘောသားများက ခွင့်မပြုခဲ့ပေ။

ထို့နောက် အဆိုပါသင်္ဘောသည် ရှေ့ဆက်မသွားတော့ဘဲ ပင်လယ်ပြင်ထဲတွင် ရပ်တန့်နေခဲ့သည်။ ၄င်းနောက် ရက် အနည်းငယ်အကြာ အမေရိကန် ဂြိုဟ်တုများ၊ ထောက်လှမ်းရေး လေယာဉ်များ၏ စောင့်ကြည့်မှုအောက်တွင် မိခင် ဆိပ် ကမ်း သို့ ပြန်လည်ဆိုက်ရောက်သွားခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရတက်ပြီးနောက် နျူကလီးယား စစ်လက်နက် ပစ္စည်းနှင့် ပတ်သက်ပြီး ပထမဆုံး သံသယဖြစ်စေခဲ့မှုလည်း ဖြစ်သည်။

ယင်း ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် အပါအ၀င် မြန်မာနိုင်ငံကလည်းကောင်း၊ မြောက်ကိုရီးယားနိုင်ငံမှ လည်း ကောင်း၊ သက်ဆိုင်ရာ နှစ်နိုင်ငံနှင့် အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံကလည်းကောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အမေရိကန်ရေတပ်အနေဖြင့် သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘောပေါ်သို့ အင်အားသုံး၍ တက်ရောက်ရှာဖွေမှု မရှိခဲ့ခြင်းမှာ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးကို ရှေးရှု ၍ဖြစ်ကြောင်း အမေရိကန်အရာရှိတဦးကို ကိုးကားပြီး New York Times တွင် ဖော်ပြထားသည်။

မေလ၂၇ ရက်နေ့တွင် အာဆီယံကိုယ်စားလှယ်များသည် ၀ါရှင်တန် ဒီစီသို့ရောက်နေပြီး အမေရိကန် သမ္မတ အိုဘားမား ၏ ထိပ်တန်း နျူကလီးယားဆိုင်ရာအကြံပေးအရာရှိကလည်း ယင်းမြောက်ကိုရီးယား သဘောင်္ပြဿနာကိုရှင်းပြ၍ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ ကိုယ်စားလှယ်များကို နျူကလီးယား လက်နက်ဆိုင်ရာ မပြန့်ပွားရေး ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် ဆွေးနွေးပွဲတွင် အမေရိကန်အရာရှိက မြန်မာနိုင်ငံသို့ ဦးတည်နေသည့် သံသယဖြစ်ဖွယ် မြောက်ကိုရီးယား သင်္ဘော၏ ဓာတ်ပုံထုတ်ပြကာ မြန်မာအပါအ၀င် အာဆီယံကိုယ်စားလှယ်များကို ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုလေးစားလိုက်နာရန် သတိပေးပြောကြား ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်လည်း ပါဝင်ပြီး မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ ဒုံးကျည်နှင့် ဒုံးကျည် ဆိုင်ရာ အစိတ်အပိုင်းများကို ၀ယ်ယူနေသည်ဟူသည့် အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုကာကွယ် ပြောကြားသွားကြောင်း အမေရိကန်အရာရှိကို ကိုးကားပြီး New York Times က ရေးသားသည်။

နျူကလီးယားစမ်းသပ်မှုလုပ်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံ၏ မသင်္ကာဖွယ်ရှိသော ယာဉ်၊ သင်္ဘောများကို အချိန်မရွေး စစ်ဆေးပိုင်ခွင့်ရှိသည်ဟူသည့် ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့ သည်။

၎င်းဆုံးဖြတ်ချက်အရ အမေရိကန်ရေတပ် က ယခုကဲ့သို့ စစ်ဆေးရန်ကြိုးစားခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးကျည်လက်နက်ဆိုင်ရာ နည်းပညာနှင့် နျူကလီးယား ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံ က ၀ယ်ယူရန်ကြိုးစားခဲ့သည့် သံသယများ ယခင်ကလည်းဖြစ်ခဲ့ဖူးသည်။

၂၀၀၉ ခုနှစ်က မြန်မာရေပိုင်နက်ကိုဦးတည်လာခဲ့သော မြောက်ကိုရီးယားသင်္ဘော Kang Nam (1) သည် အမေရိကန် ရေတပ်က နောက်ယောင်ခံ ဖိအားပေးခဲ့ပြီးနောက် မိခင်နိုင်ငံဘက်သို့ ပြန်လည်လှည့်ပြန် သွားခဲ့ဖူးသည်။

၂၀၀၇ ခုနှစ် ဧပြီလတွင်လည်း မြန်မာနှင့်မြောက်ကိုရီးယားနိုင်ငံတို့ ၂ နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ပြီး လပိုင်း အကြာ တွင် မြောက်ကိုရီးယားသင်္ဘောတစီးသည် မြန်မာနိုင်ငံ သီလ၀ါ နိုင်ငံတကာ သင်္ဘောဆိပ်ကမ်းသို့ ဆိုက်ရောက် လာ ခဲ့ဖူးသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကို အမေရိကန်ကလည်း အနီးကပ်စောင့်ကြည့်နေခဲ့ရာ အထူး သဖြင့် တရားမ၀င်လက်နက်နှင့် နည်းပညာ ဖလှယ်သည့်ကိစ္စအပေါ် အထူးအာရုံစိုက်လျက်ရှိသည်။

မကြာသေးခင်က မြန်မာနိုင်ငံသို့လာရောက်ခဲ့သော အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က လည်း မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် မြန်မာနှင့်မြောက်ကိုရီးယားတို့၏ ကန့်သတ်လက်နက် ဆိုင်ရာ သိုသိပ်သောဆက်ဆံရေးကိစ္စများကို ပြောကြားခဲ့ပြီး အမေရိကန်၏ စိုးရိမ်မှုကို ပြသခဲ့သည်။

ထို့အပြင် ဂျွန်မက်ကိန်းက မြန်မာအစိုးရ အနေနှင့်လည်း ကုလသမဂ္ဂ က ချမှတ်ထားသော ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကိုလေးစား လိုက်နာရန်လည်း သတိပေးပြောကြားခဲ့သည်။

မြန်မာအစိုးရဘက်ကလည်း နျူကလီးယားဆိုင်ရာစွပ်စွဲချက်များ မဟုတ်မှန်ကြောင်း ဂျွန်မက်ကိန်းကိုတုံ့ပြန်ပြောဆို ခဲ့သည်။

NYC: Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC


Hello Everyone,

You, your family and friends are warmly invited to attend a very
special birthday event to honor Daw Aung San Suu Kyi - Nobel Peace
Laureate, former political prisoner, and nonviolent pro-democracy
leader of Burma, next Saturday, June 18th.

Daw Suu spent more than 15 years in detention until she was released
on November 13, 2010 and for the very first time in more than seven
years, she will be spending her birthday FREE! This inspirational and
celebratory event is uniquely planned not only to celebrate her 66th
birthday, but to also present an exclusive experience to get to know
"The Lady" at a personal level.

Date: [Saturday, June 18th, 2011]
Time: [4:00pm - 6:00pm]
Location: [Times Square Arts Center, Room 301
300 W. 43rd St, (btwn 8th and 9th Ave)
Manhattan, NY 10036]
(Trains: A, C, E - 42nd St - Port Authority; N,Q,R,1,2,3 - Times
Square - 42nd St.)

Tentative program:
- Opening remarks by Saya Maung Swan Yi, a prominent Burmese poet,
long-term pro-democracy activist, and close friend of Daw Suu
- Poetry readings in Burmese and English
- Sharing of personal experiences and stories by former political
prisoners and friends of Daw Suu
- Video of selected Daw Suu speeches in Burmese and English
- Closing remarks from Elaine Pearson, Deputy Director of Human Rights
Watch's Asia Division

Educational displays will include
- A 40-foot timeline of Daw Suu’s life
- Astounding and rare portraits of Daw Suu by various artists
- Images and biographies of political prisoners, courtesy of
Association for Assistance of Political Prisoners - Burma
(www.aappb.org
)

The event is organized by pro-democracy activists from the Burmese
community and concerned citizens of New York. The event is free and
open to the public. Traditional Burmese appetizers and refreshments
will be served.

The+Voice+7-26

6:40 PM | Posted by Anonymous

AAPP: လစဉ်လေ့လာ သုံးသပ်ချက်

Saturday, June 11, 2011 10:55 PM | Posted by Anonymous

လစဉ်လေ့လာ သုံးသပ်ချက်

ယခုမေလတွင် နိုင်ငံရေးအကျဉ်းသား ၇၇ နှစ်ယောက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ မေလ ၁၆ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်မှ အမိန့်အမှတ်၂၈/၂၀၁၁ ဖြင့် အကျဉ်းသားများအား သေဒဏ်ကျခံနေသူများအား ထောင်ဒဏ် တစ်သက်တစ် ကျွန်းသို့လည်း ကောင်း၊ အခြားအမှုများအား တစ်နှစ်လျှော့ပေါ့ခြင်းအားဖြင့်လည်းကောင်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ဤမည်ကာမတ္တလွတ်ငြိမ်းချမ်းသာခွင့်သည် စစ်မှန်သော နိုင်ငံရေး ဆန္ဒဖြင့် ပေးခြင်း မဟုတ်သည်မှာ ထင်ရှားသော်လည်း အကျဉ်းသား စုစုပေါင်း ၁၄၆၀၀ ယောက်လွတ်မြောက်သည့်အထဲတွင် နိုင်ငံရေးအကျဉ်းသား ၅၈ ယောက်မှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဥပမာအားဖြင့် ကော့ သောင်းထောင်မှ အကျဉ်းသား ၁၁၂ ဦးလွတ်မြောက်သည့်အထဲတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးသားပါဝင်သည်။ လွတ်မြောက်လာသူ အများစုမှာ ၇ နှစ်ထက်နည်း သော ပြစ်ဒဏ် ချမှတ်ခံထား ရသူများဖြစ်ပြီး ထောင်မှလွတ်ရက် နီးနေ သူများသာဖြစ် သည်။ ထိုအထဲတွင် အကျဉ်းထောင်အတွင်း ၂၅ နှစ်ကျော်နေခဲ့ရသူ ကိုစောမြင့်နှင့် ကိုသန်းကျော်တို့ နှစ်ဦးလည်း လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေး အကျဉ်းသား အများစုမှာ နှစ်ရှည်ထောင် ဒဏ်များကို ချမှတ်ခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်မှာ ထောင်ဒဏ် နှစ် ၂၀မှ နှစ် ၅၀ ချမှတ်ခံထားရသည်။ နိုင်ငံရေး အကျဉ်းသား ၅၄ ဦးမှာ ၅၁ နှစ်မှ ၁၀၆ နှစ်အထိ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသား ၉၁ ဦးမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထား ရသည်။

မြန်မာပြည်သမိုင်းတွင် အဆိုးဆုံးဖြစ်သော ဤလွတ်ငြိမ်းချမ်းသာခွင့်သည် နှစ်ရှည်လများ ထောင်ဒဏ်ချခံထားရသော နိုင်ငံရေးအကျဉ်းသားများ အတွက် အဓိပ္ပါယ်မရှိပေ။ ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခံထားရသော ရှမ်းနိုင်ငံရေး ခေါင်းဆောင် ဦးခွန်ထွန်းဦးလို၊ ထောင်ဒဏ် ၁၀၆ နှစ်ချမှတ် ခံထားရသော ဗိုလ်ချူပ်ဆေထင်တို့ လို ထောင်နှစ်ရှည်လများ အကျဉ်းကျခံထားရသော နိုင်ငံရေး အကျဉ်းသားများ အတွက် ယခုလွတ်ငြိမ်းချမ်းသာ ခွင့်သည် ရက်စက်သောလုပ်ရက်ဖြစ်သည်။ ကိုမင်းကိုနိုင် နှင့်ကိုဌေးကြွယ် တို့လို ၈၈မျိုး ဆက်ကျောင်းသားများ ၂၈ ဦးကို ထောင်ဒဏ် ၆၅ နှစ်ကျော်ချမှတ်ခဲ့ သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော မဲမသမာမှု ပေါင်းမြောက် များစွာဖြင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲဖြင့် တက်လာသည့် ဦးသိန်းစိန် စစ်အစိုးရသည် စစ်မှန်သော ပြောင်းလဲမှုလုပ်ဖို့ရန် လုံးဝစိတ်မ၀င်စားပါ။ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး ဆိုးရွားမှုကို ဖြစ်ပေါ်စေသည့် ညင်းပမ်းနှိပ်စက်မှု နှင့်ထောင်တွင်းဆိုးရွား သည့် အခြေအနေများကို လုပ်ဆောင် နေမှုများမှာဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထောင်တွင်းအခြေအနေများ ပိုမိုကောင်းမွန်လာစေရန် တောင်းဆိုသည့်သူများကိုလည်း ဆိုးရွားသည့်ပြစ်ဒဏ်ပေးခြင်းများမှာလည်း ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌအဖြစ်လျှောက်ထားသည်ကို အာဆီယံမှ စဉ်းစား နေချိန်တွင် အေအေပီပီမှ နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရန်၊ လူ့အခွင့်အရေး ကို လေးစား လိုက်နာရန်နှင့် ဒီမိုကရေစီအစိုးရတစ်ရပ်ဆီသို့ဦးတည်သည့် အရေးပါ သည့်ခြေလှမ်းများကို ထပ်ဆင့်လှမ်းနိုင်ရန် နိုင်ငံတစ်ကာမှ ဖိအားများတိုးမြင့် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့သည်။ လှည့်စားလိမ်ညာသည့် လွတ်ငြိမ်းချမ်းသာခွင့် အပေါ်တွင်လည်း အေအေပီပီအနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန် ဆက်လက်တောင်းဆိုသည်။ အေအေပီပီအနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားမဆို လွတ်မြောက်လာသည့်အတွက် ကြိုဆိုပါသည်။ သို့သော် နိုင်ငံရေးနှင့်နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ရာဇ၀တ်မှုများ အဖြစ်လုပ်ဆောင်နေသည့် ဥပဒေနှင့် တရားစီရင်ရေးများ၊ တရားဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားမှာပြန်လည်အဖမ်းခံရမည့် ခြိမ်းခြောက် မှုများနှင့် ရင်ဆိုင်နေရသည်။

WV: Daw Suu's 66th Birthday invitation letter

NYC: Daw Suu's 66th Birthday invitation letter

9:50 PM | Posted by Anonymous

ပြောချင်လွန်းလို့ - တဦးချင်း အမြင်နဲ့ သမိုင်းအမြင်

(ဆရာ မောင်ဝံသ)



(ဆရာ မောင်ဝံသ၏ ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူ ဖော်ပြပါသည်။)

ကျွန်တော် ပြည်ပလေ့လာရေးခရီး မသွားခင် လွန်ခဲ့တဲ့ ခြောက်လကျော်အထိ ပြည်တွင်း ဂျာနယ် မဂ္ဂဇင်းတွေမှာ ပင်တိုင်ဆောင်းပါးတွေ လက်သွက်သွက်နဲ့ အားရပါးရ ရေးခဲ့ပါတယ်။ ပြန်ကြည့်တော့ တစ်ပတ် တစ်ပတ် ဂျာနယ် ရှစ်စောင် ကိုးစောင်လောက်နဲ့ လစဉ်မဂ္ဂဇင်း လေးငါးစောင်လောက်မှာ ပုံမှန်ရေးဖြစ်ခဲ့တာ တွေ့ရတယ်။ ရေးခဲ့တာတွေကို ပြန်ဖတ်တဲ့အခါ အချိန်အခါအလျောက် ရေးသင့်တာတွေကို ရေးခဲ့တာပဲလို့ ပြောနိုင်ပါတယ်။

အခု ခရီးက ပြန်ရောက်လို့ နားနားနေနေ ရှိတုန်း အိမ်မှာရှိနေတဲ့ ဂျာနယ်တွေ တစ်ပုံကြီးကို ၀မ်းသာအားရ မြည်းစမ်းကြည့်ရင်း အရင်လို စာတွေ ပြန်ရေးဖို့ ကီသွင်းနေရတယ်ဗျ။ ဂျာနယ်တွေကလည်း ဖတ်လို့ အလွန်ကောင်းဗျာ။ ပြည်တွင်းသတင်းတွေ၊ ပြည်သူတွေကြားက သတင်းတွေ အရင်ကထက် ပိုစုံအောင် ဖော်ပြလာနိုင်ကြတယ်လို့ သတိထားမိပါတယ်။ ဆောင်းပါးတွေကလည်း ပိုပြီး ပွင့်ပွင့်လင်းလင်း ရေးလာကြတာ တွေ့ရတယ်။ ထူးခြားချက်ကတော့ ဆရာမောင်စူးစမ်း၊ ဆရာသခင်တင်မြ၊ ဆရာ ကိုကိုမောင်ကြီးတို့ဟာ သူတို့ရဲ့ မူလဘူတ ခံယူချက် အမြင်တွေကို စာမျက်နှာတွေပေါ် တင်လာကြတာ တွေ့ရသဗျ။

ပေါ်ပြူလာနယူးစ်ဂျာနယ် (၁၀ မတ် ၂၀၁၁) က “တစ်ခေတ် တစ်ခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ” ခေါင်းစဉ်နဲ့ ဆရာကိုကိုမောင်ကြီးနဲ့ တွေဆုံမေးမြန်းခန်း ဒုတိယပိုင်းကို ကျွန်တော် ဖတ်မိပြီး ပြောချင်တာလေးတွေ ရှိလာပြန်တယ်ဗျာ။

“ရှိလာပြန်တယ်”လို့ ရေးရတာက အရင်တစ်ခါလည်း လျှပ်တစ်ပြက် သတင်းဂျာနယ် (၆ မတ် ၂၀၀၉) မှာ ကိုကိုမောင်ကြီးက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဘာမှားသလဲ” ခေါင်းစဉ်နဲ့ ရေးလို့ ကျွန်တော်က “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မှားခဲ့သလား” ခေါင်းစဉ်နဲ့ သစ္စာဂျာနယ်(True News) မှာ ပြန်ရေး၊ နောက်တော့ ကျွန်တော့်ရဲ့ နိုင်ငံရေးဆောင်းပါးပေါင်းချုပ် “ရှာမှ ရှားတဲ့ နိုင်ငံရေးသမား” (မေ ၂၀၁၀) စာအုပ်မှာ ထပ်မံ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတွေ အတော် သတိထားမိပြီး စိတ်ဝင်စားခဲ့ကြတယ်ဗျ။


အဲဒီဆောင်းပါးတုန်းက ဆရာကိုကိုမောင်ကြီးက လမ်းစဉ်ပါတီက ဆိုရှယ်လစ်လမ်းစဉ်ကို သွားတဲ့အချိန်ဟာ မြန်မာနိုင်ငံဟာ အထွေထွေ ခေတ်နောက်ကျမှုကြီး ဆိုတဲ့ သမိုင်းဘ၀မှာ ရှိနေခဲ့တယ်လို့ ဆိုတယ်။ အတတ်ပညာ နည်းပညာအဆင့်အတန်းတွေ နိမ့်ကျနေသေး တယ်လို့ဆိုတယ်။ လမ်းစဉ်ပါတီ ကေဒါတွေ ညံ့ဖျင်းလို့လို့ ဆိုတယ်။ ကျွန်တော်က အဲဒါတွေကြောင့် မဟုတ်ကြောင်း ငြင်းဆိုတယ်ဗျာ။

လမ်းစဉ်ပါတီကျဆုံးရခြင်းဟာ ဆိုရှယ်လစ်စနစ်ကို တကယ်တမ်း မယုံကြည်သူတွေက လူကြားကောင်းအောင် ဆိုရှယ်လစ်ခဲ့ကြတာကြောင့် ဖြစ်တယ်။ ဆိုရှယ်လစ် ဒီမိုကရေစီဆိုတာ စကားလုံးသာရှိပြီး အောက်ခြေတွေက တင်ပြတာကို နားမထောင်၊ ရေဘူးပေါက်တာ မလိုချင်၊ ရေပါလာ အောင်ယူခဲ့ ဆိုသူတွေရဲ့ ခေါင်းဆောင်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်က တင်ပြခဲ့တယ်။ ကျွန်တော်ရေးခဲ့တာကို ဆရာကိုကိုမောင်ကြီး ဖတ်မိပုံမရဘူး။ အဲဒီနောက်ပိုင်း သူနဲ့ ကျွန်တော် ၃-၄ ခါထက်မနည်း လူချင်းဆုံမိတယ်။ ဘာမှ ပြောသံမကြားဘူး။ ဆရာ့ရဲ့ မျက်စိအခြေအနေကလည်း စာဖတ်လို့ မရလောက်အောင် ဆိုးနေတယ်လို့ သိရတယ်ဗျာ။ ကျွန်တော်က တစ်ချိန်က ကျွန်တော်တို့ ခင်မင်လေးစားခဲ့ရသူတွေကို ချောင်ပိတ် မေးတာမျိုးလဲ မလုပ်ချင်ဘူး။ ဒါကြောင့် ကျွန်တော်က စပြီး မမေးခဲ့ပါဘူး။

အထက်မှာ ကျွန်တော် နာမည်ဖော်ပြခဲ့တဲ့ ဆရာ သုံးယောက်စလုံးဟာ ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေး အင်မတန် ခင်မင် ရင်းနှီးတယ်။ သူတို့က ကျွန်တော့်ကို ချစ်ခင်ကြတာလည်း သိပါတယ်။ ကျွန်တော်ကလည်း သူတို့ အပေါ် ခုထိ ချစ်ခင်တွယ်တာပါတယ်။

ဆရာကိုကိုမောင်ကြီးအပါအ၀င် သူတို့ သုံးယောက်စလုံးဟာ ဦးနေ၀င်းနှင့်လည်း ခင်မင်ရင်းနှီးသူတွေ ဖြစ်ပါတယ်။ ဦးချမ်းအေး (ဆရာမောင်စူးစမ်း) ဆိုရင် တစ်ခါသားမှာ မူးမူးနဲ့ ဦးနေ၀င်းကို ငတုံးငအလို့ ပြောပြီး ချဲခဲ့ဖူးတဲ့အကြောင်း၊ ဦးနေ၀င်းက ဗွေမယူဘဲ အိမ်ပြန်ပို့ခိုင်းကြောင်း ဆရာဦးသက်ထွန်း (အငြိမ်းစားသံအမတ်ကြီး) ရေးခဲ့ဖူးတယ်။

သူတို့တွေ ပုဂ္ဂိုလ်သံယောဇဉ် ကြီးကြတဲ့အကြောင်းတွေ သိရတာ မုဒိတာ ပွားစရာပါ။ ဒါပေမယ့် တိုင်းပြည်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောကြမယ်ဆိုရင်ဖြင့် ပုဂ္ဂိုလ် သံယောဇဉ် ကင်းကင်းနဲ့ ဓမ္မဒိဌာန်ကျကျ ပြောဖို့ ရေးဖို့ လိုမယ်ထင်တယ်ဗျာ။

ခုတော့ အထက် ကိုးကားပါ ပေါ်ပြူလာနယူးစ်က ပြောဆိုချက်တွေမှာ ကိုကိုမောင်ကြီးက-

- ဦးနေ၀င်းသဘောကလည်း ငါဥက္ကဌကြီး၊ ငါသမ္မတကြီး၊ ငါဗိုလ်ချုပ်ကြီးဆိုပြီး ဘယ်တော့မှ ဖင်ခေါင်းမကျယ်ဘူး၊ ဘယ်တော့မှ မာန်မာန မထားဘူး၊ ဘယ်သူ့ကို မဆို ဖက်လဲတကင်း၊ ပွင့်ပွင့်လင်းလင်း၊ ဆဲစရာရှိဆဲ၊ ဆိုစရာရှိဆို၊ ပြောစရာရှိပြော၊ ရယ်စရာရှိရယ်၊ အဲဒီလိုမျိုး ပေါင်းတယ်။ သူနဲ့ပေါင်းရတာ စိတ်ချမ်းသာတယ်။

- တစ်ခေတ်ပြောင်းရင် ကောင်းမှာပဲဆိုပြီး ခေတ်ပြောင်းအောင် သူလုပ်လိုက်တာ၊ ဒီခေတ် ဒီမိုကရေစီခေတ်ကြီး ပြောင်းသွားတာ ဦးနေ၀င်းက လမ်းဖွင့်ပေးလိုက်တာ။ သူကိုယ်တိုင်က မလုပ်ချင်တော့ဘူး။

- အရေးအခင်းမှာ လူထုခေါင်းဆောင်တွေ ညံ့ဖျင်းလို့၊ ဒေါက်တာ မောင်မောင် ကမ်းလှမ်းတာကို လက်ခံလိုက်ရင် ပြီးပြီ၊ လူထု လက် အာဏာရောက်သွားပြီ။ _ _ _ အဲဒီအခွင့်အရေးဟာ အကြီးမားဆုံး အခွင့်အရေး၊ သူတို့ ပထမဆုံး ဆုံးရှုံးတာ။

- ဒုတိယဆုံးရှုံးတာက ဘာလဲဆိုတော့ ရွေးကောက်ပွဲ နိုင်ရဲ့သားနဲ့ ၁^ ၉၀နဲ့ စစ်တပ်က ခေါ်တာကို မယူလိုက်တာ၊ ယူလိုက်ရင် ခုလောက်ဆို သူတို့လက်ထဲ အာဏာ ရောက်နေပြီ...

စတဲ့ အရေးကြီးသော မှတ်ချက်များကို ထုတ်ဖော်ပြောသွား တယ်ဗျ။

သည်အချက်တွေဟာ ဆရာကိုကိုမောင်ကြီးရဲ့ ကိုယ်ပိုင်အာဘော် များ ဖြစ်တယ်။ သူ့ကိုယ်ပိုင်အယူအဆကို သူပြောခွင့်ရှိပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီအချက်တွေဟာ ဘယ်လောက် အတိုင်းအတာအထိ မှန်သလဲ၊ ဘယ်လောက်အထိ လွဲချော်နိုင်သလဲဆိုတာ ထပ်ဆင့် စောကြောသင့်သေးတယ်ထင်ပါတယ်။

သည်လို ပြောကြကြေးဆိုရင် ဆရာတက်တိုး မကွယ်လွန်ခင်က ကျွန်တော့်ကို ပြောဖူးတာမျိုးတွေလည်း ပေါ်ထွက်လာနိုင်တယ်ဗျ။

ဆရာတက်တိုးက-

“ဦးနေ၀င်းဟာ ငါ့အပေါ် အလွန်ကောင်းခဲ့တယ်။ ငါ့ရဲ့ ကျေးဇူးရှင်တစ်ယောက်လို့တာင် ပြောနိုင်တယ်။ ငါ့ကို ညွှန်ကြားရေးဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူး စတဲ့ ရာထူးကြီးတွေ ပေးပြီး ချီးမြှောက်ခဲ့တာပဲ။ ဒါပေမယ့် တိုင်းသူပြည်သားတွေဘက်က စာနာစိတ်နဲ့ ကြည့်ရင် ငါ သူ့ကို ကျေးဇူးမတင်နိုင်တော့ဘူး။ သူ့ကြောင့် တိုင်းပြည်မှာ အင်မတန်မှ နစ်နာခဲ့တယ်” လို့ ပြောခဲ့ပါတယ်ဗျာ။

ဒါကြောင့် အကောင်းဆုံးကတော့ အလားတူ တစ်ဦးချင်း အာဘော်များကို ပေါင်းစုပြီး တိုက်ဆိုင် စစ်ဆေးကာ သမိုင်းပြုစုနည်းနဲ့ ပြုစု မှတ်တမ်းတင်ခြင်းပါပဲ။

အမျိုးသားပညာဝန် ဦးဖိုးကျားရေးတဲ့ ခေတ်မီမြန်မာရာဇ၀င် အကျဉ်းကို ကျောင်းမှာလည်း သင်ခဲ့ရတယ်။ အခုထိလည်း လက်တစ်ကမ်းအမီထားပြီး သတိရတိုင်း ပြန်ဖတ်နေပါတယ်။

“ဤ ရာဇ၀င်ကျမ်းငယ်တွင် ပါဝင်သော များစွာသော အကြောင်း အချက်တို့မှာ ထိုငယ်ရွယ်သူတို့သည် အမှားနှင့်အမှန်၊ အဆိုးနှင့် အကောင်း တို့ကို ခွဲခြားသိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန် ရည်သန် ရေးထားပေသည်။ သို့ကြောင့်လည်း ထိုလူငယ်တို့၏ စိတ်နေသဘောထား၊ အကျင့်စာရိတ္တ ကို ပြုပြင်နိုင်သော နှလုံးရည်ပညာ သို့မဟုတ် ကိုယ်ကျင့်ပညာအတွက်လည်း ပါသွားလေသည်” လို့ ဆရာကြီး ဦးဖိုးကျားရဲ့ စကားချီးမှာ ဖော်ပြထားပါတယ်။

ဆရာကြီးဟာ ရာဇ၀င်ကျမ်းပြု ဆရာတစ်ယောက်ထားရှိရမယ့် ရည်ရွယ်ချက်ကို အရှင်းလင်းဆုံး ပြောပြခဲ့တာ အလွန်ကျေးဇူးများပါတယ်။ “ထိုငယ်ရွယ်သူတို့သည် အမှားနှင့်အမှန်၊ အဆိုးနှင့် အကောင်းတို့ကို ခွဲခြားသိမြင်ရေး၌ များစွာ အကူအညီ ရစေနိုင်ရန်” ဆိုတဲ့ ရည်ရွယ်ချက်ကို နှောင်းခေတ်မှာ စာပေများ ရေးသားနေကြသူတွေ၊ ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောသူတွေအနေနဲ့ ဆက်လက်ကိုင်စွဲထား ကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အနာဂတ် ကို သွားနေကြရာမှာ အတိတ်ကို ပြန် မကြည့်လို့ မဖြစ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေခေတ်က အဖြစ်အပျက်တွေကို ပြန်ကြည့်ပြီး သင်ခန်းစာတွေ ယူကို ယူရမှာပါ။ သမိုင်းကို မုန်းလို့ မဖြစ်ဘူး။ သမိုင်းကို ပစ်ပယ်လို့ မဖြစ်ဘူး။ သမိုင်းကို ပစ်ပယ်တာ သမိုင်းကြောင်း မကောင်းသူတွေပဲ ဖြစ်ပါလိမ့်မယ်။

ယနေ့ခေတ် ရှင်သန်နေကြတဲ့ ကျွန်တော်တို့ဟာ သမိုင်းကို ဖြတ်သန်းနေ ကြတာပါ။ တစ်ခါတရံ ကျွန်တော်တို့ဟာ ကိုယ်တိုင် သမိုင်းဇာတ်ကောင်တွေဖြစ်ပြီး တစ်ခါတရံ ကျွန်တော်တို့ဟာ သမိုင်း ဖြစ်ရပ်တွေရဲ့ သက်သေတွေ ဖြစ်ပါတယ်။

နောင်အနှစ်ငါးဆယ် အနှစ် တစ်ရာ ကြာမြင့်သွားချိန်မှာ ကျွန်တော်တို့ ကြီးပြင်း ရှင်သန်တဲ့ခေတ်ဟာ သမိုင်းထဲ ရောက်သွားပါပြီ။ နှောင်းလူတွေက ကျွန်တော်တို့ရဲ့ သမိုင်းကို ပြန်လေ့လာ ကြလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ခေတ်ရဲ့ စံပေတံနဲ့ ကျွန်တော်တို့ကို တိုင်းတာမှာပဲ။ ဥပမာ ဒီနေ့ခေတ် ကျွန်တော်တို့က ဒီမိုကရေစီစနစ်ကို ဦးထိပ်ထက် ရွက်ပန်ဆင် ထားကာ ဒီမိုကရေစီသာလျှင် အလိုလား အပ်ဆုံး နိုင်ငံရေးစနစ်လို့ ယုံကြည်နေကြပေမယ့် နောင် အနှစ် ၁၀၀ မှာ ရှိနေမယ့် လူသားတွေက သူရဲကောင်း ဘုရင်တစ်ပါးကို စကြ၀တေးမင်းအဖြစ် တင်မြှောက် ကိုးကွယ်ကောင်း ကိုးကွယ်နေကြလိမ့်မယ်။ အဲသလို မဖြစ်ရဘူးလို့ ယနေ့ခေတ် လူသားတွေဖြစ်တဲ့ကျွန်တော်တို့က အမိန့် ပေးလို့ မရပါဘူး။ သေတမ်းစာ ရေးခဲ့လို့ မဖြစ်ပါဘူး။ သူတို့ခေတ် သူတို့အသိဥာဏ် က စေစားရာကို သူတို့ လုပ်ကြမှာပါပဲ။

သို့ပေမယ့် သမိုင်းသင်ခန်းစာ ဆိုတာကိုတော့ ကျွန်တော်တို့က နှောင်းလူတွေအတွက် ချန်ထားခဲ့မှာ ဖြစ်တယ်။ ယူတာမယူတာ သူတို့အလုပ်ပါ။

အလားတူပဲ ယနေ့ခတ် အသက်ရှင်သန်နေတဲ့ ကျွန်တော်တို့ ကလည်း နောက်ကြောင်းကို ပြန်ကြည့်ကြပြီး ကျွန်တော်တို့ ခေတ်ရဲ့ စံပေတံနဲ့ တိုင်းတာ ကြဖို့လိုတယ်။ ကျွန်တော်တို့ ဘိုးဘေးတွေ ဆီက ကောင်းတာတွေကို ယူ၊ မကောင်း တာတွေကို ကျွန်တော်တို့ခေတ်မှာ ထပ် မဖြစ်အောင် ရှောင်ကြဖို့ပဲပေါ့။

မောင်ဝံသ

၁၁ မတ် ၂၀၁၁