မက်ကိန်း ထုတ်ပြန်ချက် (အင်္ဂလိပ်)

Tuesday, June 7, 2011 4:32 AM | Posted by Anonymous
Press Release McCain

မက်ကိန်း ထုတ်ပြန်ချက် မြန်မာပြန်

4:16 AM | Posted by Anonymous
John McCain Press Release Burmese

မယ်တော်ကျောင်းတွင် သံဃာ ၃၀၀ ကျော်ကို မြန်မာတို့က စုပေါင်းဆွမ်းဆန်စိမ်းလောင်းမည်

3:58 AM | Posted by Anonymous
မယ်တော်ကျောင်းတွင် သံဃာ ၃၀၀ ကျော်ကို မြန်မာတို့က စုပေါင်းဆွမ်းဆန်စိမ်းလောင်းမည်
မိုးမခအထောက်တော်၊ မဲဆောက်
ဇွန် ၇၊ ၂၀၁၁
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ သံဃာ့ဒါန စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို မကြာမီကျင်းပပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားက ၀ိုင်းဝန်းကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ဝါတွင်းကာလအကြို အဖြစ် ဇွန်လ (၁၉)ရက်နေ (တနင်္ဂနွေနေ့)့တွင် ကျင်းပမည့် အဆိုပါ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းပွဲသည် ပထမဆုံးအကြိမ် ၀ိုင်းဝန်းကျင်းပခြင်းဖြစ်ပြီး သံဃာ အပါး ၃၀၀ ကျော် အား ဆွမ်းဆန်စိမ်းနှင့် အခြား လှူဖွယ် ပစ္စည်းမျာ ၀ိုင်းဝန်းလှူဒါန်းကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် သီတင်းသုံးနေသည့် ထိုင်းသံဃာတော်များ၊ မြန်မာသံဃာတော်များသာမက မြန်မာဖက်ခြမ်းမှ သံဃာတော်များကိုလည်း သံဃာ့သမဂ္ဂီဖြစ်ရန် ပင့်ဖိတ် လောင်းလှူကြမည်ဟုလည်း သိရှိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မဲဆောက်မြို့ မယ်တော်ကျေးရွာ မယ်တော်ဆေးခန်းအနီးရှိ ၀ပ်ထိုင်းဝပ်ထနာလန် (မယ်တော်ကျောင်း)တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး သံဃာတော်အရှင်မြတ်များ အမှူးထား၍ ဈေးသူဈေးသားများ၊ စက်ရုံအလုပ်သမားများနှင့် သာရေးနာရေးလူမှုရေး ဘာသာရေး အလုပ်သမားရေး ဆောင်ရွက်နေသူများ အများအပြား ၀ိုင်းဝန်း ကျင်းပကြမည်ဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာပြောင်းရွေ့ အလုပ်သမားများကလည်း ၄င်းတို့၏ ချွေးနည်းစာဖြင့် ဆွမ်းဆန်တဆုပ်၊ ဆေးတမှုတ် ၀ိုင်းဝန်းလှူဒါန်းရန် ကြိုးပမ်းလျက် ရှိပြီး မြန်မာအလုပ်သမား လူတထောင်ကျော် အလုပ်လုပ်နေသည့် ရန်မကင်း စက်ရုံမှ စက်ချုပ် အလုပ်သမလေး တဦးက..
“ သမီးတို့ တတ်နိုင်တဲ့ဖက်က သံဃာတော်တွေကို ရှိသမျှလေးနဲ့ ၀ိုင်းပြီး ကျေးဇူးဆပ်တဲ့ သဘောပေါ့။ တခြားဟာတွေအပြင် အရင် လက်မှတ်မရှိတုန်းက အာဏာပိုင်တွေက ဖမ်းဟဲ့ ဆီးဟဲ့ ဆို ထိုင်းဖက်ခြမ်းကရော မြန်မာဖက်ခြမ်းကပါ ဘုန်းကြီးကျောင်းတွေက ကူညီပေးခဲ့တဲ့ ကျေးဇူးတွေ ရှိတယ်လေ။ ဒါကြောင့် စုပေါင်းပြီး အလှူမဏ္ဍာပ် တခု ထွက်လှူနိုင်ဖို့ ကြိုးစားနေတယ်”
ဟု ဆိုသည်။
ယခုလာမည့် ၁၉ ရက်နေ့ နေ့လည် ၂နာရီတွင် ကျင်းပမည့် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်သံဗျောသံများဖြင့် သာသနာအလံတလူလူ လွှင့်ကာ စည်စည်ကားကားကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသာမက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများလည်း ၀ိုင်းဝန်း လှူဒါန်း ကုသိုလ်ပါဝင်ရန် နှိုးဆော်ထားသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာလူမျိုးစုအားလုံး စုဝေးပြုလုပ်ကြမည့် ပွဲတော်ရက်သည် မြန်မာပြည်၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ်ပြည့် မွေးနေ့လည်း ဖြစ်သည်ကို တွေ့ရသည်။

အို ဘယ့် - - တေးမြုံငှက်



တေးမြုံငှက်
ခိုင်ထူး

မောင်သစ်မင်းရဲ့ ကဗျာကို ကိုရဲလွင်က သံစဉ် ထည့်ပါတယ်။
ဒီသီချင်းကို ခိုင်ထူးက ပထမဆုံး ဆိုခဲ့ပုံပါပဲ။ တေးမြုံငှက် စီးရီးထဲမှာပါ။
နောက်တော့ ခင်ဝမ်းရဲ့ ပန်းခရမ်းပြာ စီးရီးမှာ ဒီသီချင်းကို ထပ်တွေ့ပြန်တယ်။
ဆိုဟန် မတူကြပါ။
ခိုင်ထူးက သူ့ပုံစံအတိုင်း အားမာန်အပြည့်၊ စာသားတွေကို တလုံးချင်း ပီပီသသ ဖြစ်အောင် ဆိုတယ်။
ခင်ဝမ်းကတော့ အားမာန် မထည့်ဘူး။ ခပ်အေးအေး ဆိုတယ်။ ဆွေးဆွေးမြေ့မြေ့ ဆိုတယ်။
အဆိုတော်ကြီး ၂ ယောက်လုံးက သူ့ပရိသတ်နဲ့သူ ခိုင်ခိုင်မာမာ ရှိကြပါတယ်။

youtube မှာ တွေ့ရတဲ့ ဒီစတိတ်ရှိုးက ခိုင်ထူးရဲ့ တကိုယ်တော် တင်ဆက်မှု ဖြစ်ဖွယ် ရှိပါတယ်။ သြစတေးလျရောက် ဗဟိန်းတင် ဆိုတဲ့သူက လွန်ခဲ့တဲ့ ၈ လက တင်ထားတာပါ။ သူတင်ထားတာလို့ သွားကူးယူပြီး ဒီမှာ ပြန် ဖော်ပြနိုင်တဲ့အတွက် သူ့ကို ကျေးဇူး တင်ပါတယ်။

သူ့စာမျက်နှာ http://www.youtube.com/user/baheintin မှာ ဒီတပုဒ်တည်း တွေ့ရပါတယ်။ ခိုင်ထူးပရိသတ် ဖြစ်နိုင်သလို မနေ့က ကွယ်လွန်သွားတဲ့ ဒီသီချင်းကို ရေးသားခဲ့သူ မောင်သစ်မင်းရဲ့ ပရိသတ်လည်း ဖြစ်နိုင်ပါတယ်။
ခံစားကြည့်ကြပါအုံး - ဆရာ့ရဲ့ တေးကဗျာ၊ ကိုရဲလွင်ရဲ့ သံစဉ်၊ ခိုင်ထူးရဲ့ ဆိုဟန် နဲ့ လေးဇီးကလပ်ရဲ့ လက်ရာ။
-
(ဖြည့်စွက်ချက် - လေးဇီးကလပ်ရဲ့ လက်ရာ မဟုတ်ဘူးလို့ စာဖတ်သူ တယောက်က ထောက်ပြပါတယ်။ ဇာလျန်း၊ ပက်ထရစ်တို့တီးဝိုင်းရဲ့ လက်ရာဖြစ်ပါတယ်။)

Credit to Irrawaddy blogspot

မင်းကျော်ခိုင်ရဲ့ အလွမ်းများ

3:34 AM | Posted by Anonymous
မင်းကျော်ခိုင်ရဲ့ အလွမ်းများ

မိုးမခ၊ ဇွန် ၇၊ ၂၀၁၁



ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်နေတဲ့ ကိုဇေယျကြီး လေးစားတယ်ဗျာ …



ဟိုတုန်းက တရံတခါဆီကို သတိရမိတယ် ကိုနေဝင်းရေ …



နေဝင်စောတဲ့ ကိုမောင် …


ကိုရဲ အင်ကြင်းဆောင်နောက်က ညတွေ၊ ခရမ်းပြာညတွေကို လွမ်းတယ်ဗျာ …

Foo Fighters (Live)

3:08 AM | Posted by Anonymous

MTV ရဲ့ ၂၀၁၁ ရုပ်ရှင်ဆုပေးပွဲ

2:59 AM | Posted by Anonymous
မြန်မာပြည်သား ရုပ်ရှင်ကြိုက် ပရိသတ်အတွက် ရည်ရွယ်ပြီး တင်ပြရမယ် ဆိုရင် - တခြား ရုပ်ရှင်ဆုပေးပွဲနဲ့ ပုံစံ မတူဘဲ တမူကွဲပြားစွာ ပေါ့ပေါ့ပါးပါးလေး တင်ဆက်သွားတာကို တွေ့ရပါလိမ့်မယ်။

- အကောင်းဆုံး စကားလုံးဆု (Best Line From a Movie) ကို ကလေး သရုပ်ဆောင် Alexys Nycole Sanchez ပါဝင်တဲ့ Grown Ups ဇာတ်ကား
- ပါးစပ်ဟ သွားရည်ကျအောင် ငေးရတဲ့ဆု (Best Jaw Dropping Moment) ကို ဆယ်ကျော်သက်လေးများ အသဲစွဲ Justin Bieber ရဲ့ Never Say Never ဇာတ်ကား
- အကောင်းဆုံး အနမ်းဆုကို The Twilight Saga: Eclipse ဇာတ်ကားထဲက မင်းသား နဲ့ မင်းသမီး တို့ ဆွက်ခူးခဲ့ကြတယ်။

ဖွင့်ပွဲကို ဟော့ဒီလို ပြောင်မြောက်စွာ ဖွင့်ပါတယ်.....



Credit to Irrawaddy blogspot

မောင်သစ်မင်း နာရေး


တေးရေးဆရာ မောင်သစ်မင်း (၅၈) နှစ်ရဲ့ နာရေး ဒီနေ့ ညနေ ၅ နာရီခွဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀ပ်ထက်ပ်လီလာ ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ် ပြီးစီးပါတယ်
သတင်းအပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာ မှာ ဖတ်ရှုနိုင်ပါတယ် (ဓာတ်ပုံများ-ဧရာဝတီ)

-
-
-

မြန်မာစာပေဟောပြောပွဲ တောင်ကိုရီးယားမှာ ကျင်းပ

2:30 AM | Posted by Anonymous

မြန်မာစာပေဟောပြောပွဲ တောင်ကိုရီးယားမှာ ကျင်းပ

2011-06-06

၂၀၁၁ ခုနှစ်အတွက် မြန်မာစာပေ ဟောပြောပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့၊ ဘို့ဆာဂိုလ် သဘင် ခန်းမမှာ ဇွန်လ ၅ ရက် မနေ့က ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံက ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ ဖြစ်ကြတဲ့ စာရေးဆရာ ဖေမြင့်နဲ့ ကာတွန်းဆရာ အော်ပီကျယ်တို့က ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

(Photo: burmainfokorea.blogspot.com)

ကာတွန်းဆရာ အော်ပီကျယ် (ဝဲ) နှင့် စာရေးဆရာ ဖေမြင့် (ယာ) တို့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: burmainfokorea.blogspot.com)

ဒီအခမ်းအနားမှာ အဓိက ဟောပြောခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ စာရေးဆရာ ဖေမြင့်က RFA ကို အခုလို ပြောပါတယ်။

“ကိုအော်ပီကျယ်၊ သူကတော့ ရေကြည်ရာ မြက်နုရာ ပြောတယ်။ ကျွန်တော် ပြောတာတော့ ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောတယ်ဗျ။ ပြောတော့ ကျွန်တော် စာအုပ်တွေအကြောင်း ပြောတာပေါ့နော်။ စာဖတ်ခြင်းကြောင့် ဘာတွေ ရတယ်ပေါ့ဗျာ။ ဆိုတဲ့ အကြောင်းတွေနဲ့ စာအုပ်တွေရဲ့ လူတွေအပေါ် လွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ၊ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ စာအုပ်တွေ စသဖြင့် အဲလို စာအုပ်တွေအကြောင်းတွေ ကျွန်တော် ပြောတယ်ဗျာ။”

စာပေဟောပြောပွဲ အခမ်းအနားနဲ့အတူ စာအုပ်ပြသ ရောင်းချပွဲနဲ့ စာရေးသူ စာဖတ်သူ ဆွေးနွေးပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့ပြီး၊ မြန်မာစာပေ ပရိသတ် ၃၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူတဦး ဖြစ်တဲ့ ကိုဝင်းပေါ်မောင်က ပြောပါတယ်။

“ပရိသတ်ကတော့ ၃၀၀ လောက် ရှိပါတယ်။ ကျွန်တော်တို့က ဒီမှာတော့ လူငယ်တွေ ဘာတွေကျတော့ အဝေးကြီးဆိုတော့ မလာနိုင်ဘူးပေါ့နော်။ လာတဲ့ ပရိသတ်ကတော့ ဒီ စာပေအပေါ်မှာ စိတ်ဝင်တစား ရှိလို့ကို လာကြတာပေါ့လေ။ တချို့ဆိုလည်း တော်တော် ဝေးဝေးက လာတဲ့လူတွေလည်း ရှိတယ်လေ။ ကျွန်တော်တို့က ဒီမှာ စာအုပ်ပြပွဲလေးလည်း လုပ်တယ်။ စာအုပ် ရောင်းပွဲလည်း လုပ်တယ်။ ရောင်းတဲ့ပွဲလည်း ကုန်ပါတယ်။ စာအုပ်တွေ ဆရာတို့ စာအုပ်တွေဆို အကုန် ကုန်တာပဲ။”

မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ နိုင်ငံခြားမှာ ကျင်းပတဲ့ မြန်မာစာပေဟောပြောပွဲတွေကို သွားရောက် ဟောပြောဖို့ အရင်ကလောက် အခက်အခဲ မရှိတော့တာကြောင့် စင်ကာပူ၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေမှာ သာမက ယူအေအီး ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုအထိ သွားရောက်ဟောပြောနေကြပြီလို့ စာရေး ဆရာဖေမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၁၀ နှစ်လောက်ကဆိုရင် မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ ပြည်ပကို ထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်လို့ မရတာကအစ အခက်အခဲတွေ အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ အခုတော့ ဒီလို အခက်အခဲတွေ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်တဲ့အတွက် စာရေးဆရာတွေလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကျင်းပတဲ့ စာပေဟောပြောပွဲတွေကို ခပ်စိတ်စိတ် တက်ရောက်လာနိုင်ခဲ့ကြပါတယ်။

အခုနှစ်ပိုင်းတွေမှာဆိုရင် စာရေးဆရာ အောင်သင်း၊ ဆရာ ချစ်ဦးညို၊ ဆရာမ ဂျူး၊ ဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ အော်ပီကျယ်၊ ဆရာ ဖေမြင့်စတဲ့ စာပေနယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဟာ စင်ကာပူ၊ တောင်ကိုရီးယား၊ ယူအေအီး စတဲ့နိုင်ငံတွေမှာ ကျင်းပတဲ့ မြန်မာစာပေ ဟောပြောပွဲတွေကို တက်ရောက် ဟောပြောခဲ့ကြပါတယ်။

Source: RFA