ဒီနေ့ ညနေ ၅ နာရီခွဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀ပ်ထက်ပ်လီလာ ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ် ပြီးစီးပါတယ်
သတင်းအပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာ မှာ ဖတ်ရှုနိုင်ပါတယ် (ဓာတ်ပုံများ-ဧရာဝတီ)
-
-
-
ဒီနေ့ ညနေ ၅ နာရီခွဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀ပ်ထက်ပ်လီလာ ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ် ပြီးစီးပါတယ်
သတင်းအပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာ မှာ ဖတ်ရှုနိုင်ပါတယ် (ဓာတ်ပုံများ-ဧရာဝတီ)
-
-
-၂၀၁၁ ခုနှစ်အတွက် မြန်မာစာပေ ဟောပြောပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့၊ ဘို့ဆာဂိုလ် သဘင် ခန်းမမှာ ဇွန်လ ၅ ရက် မနေ့က ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံက ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ ဖြစ်ကြတဲ့ စာရေးဆရာ ဖေမြင့်နဲ့ ကာတွန်းဆရာ အော်ပီကျယ်တို့က ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
(Photo: burmainfokorea.blogspot.com)
ကာတွန်းဆရာ အော်ပီကျယ် (ဝဲ) နှင့် စာရေးဆရာ ဖေမြင့် (ယာ) တို့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: burmainfokorea.blogspot.com)
ဒီအခမ်းအနားမှာ အဓိက ဟောပြောခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ စာရေးဆရာ ဖေမြင့်က RFA ကို အခုလို ပြောပါတယ်။
“ကိုအော်ပီကျယ်၊ သူကတော့ ရေကြည်ရာ မြက်နုရာ ပြောတယ်။ ကျွန်တော် ပြောတာတော့ ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောတယ်ဗျ။ ပြောတော့ ကျွန်တော် စာအုပ်တွေအကြောင်း ပြောတာပေါ့နော်။ စာဖတ်ခြင်းကြောင့် ဘာတွေ ရတယ်ပေါ့ဗျာ။ ဆိုတဲ့ အကြောင်းတွေနဲ့ စာအုပ်တွေရဲ့ လူတွေအပေါ် လွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ၊ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ စာအုပ်တွေ စသဖြင့် အဲလို စာအုပ်တွေအကြောင်းတွေ ကျွန်တော် ပြောတယ်ဗျာ။”
စာပေဟောပြောပွဲ အခမ်းအနားနဲ့အတူ စာအုပ်ပြသ ရောင်းချပွဲနဲ့ စာရေးသူ စာဖတ်သူ ဆွေးနွေးပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့ပြီး၊ မြန်မာစာပေ ပရိသတ် ၃၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူတဦး ဖြစ်တဲ့ ကိုဝင်းပေါ်မောင်က ပြောပါတယ်။
“ပရိသတ်ကတော့ ၃၀၀ လောက် ရှိပါတယ်။ ကျွန်တော်တို့က ဒီမှာတော့ လူငယ်တွေ ဘာတွေကျတော့ အဝေးကြီးဆိုတော့ မလာနိုင်ဘူးပေါ့နော်။ လာတဲ့ ပရိသတ်ကတော့ ဒီ စာပေအပေါ်မှာ စိတ်ဝင်တစား ရှိလို့ကို လာကြတာပေါ့လေ။ တချို့ဆိုလည်း တော်တော် ဝေးဝေးက လာတဲ့လူတွေလည်း ရှိတယ်လေ။ ကျွန်တော်တို့က ဒီမှာ စာအုပ်ပြပွဲလေးလည်း လုပ်တယ်။ စာအုပ် ရောင်းပွဲလည်း လုပ်တယ်။ ရောင်းတဲ့ပွဲလည်း ကုန်ပါတယ်။ စာအုပ်တွေ ဆရာတို့ စာအုပ်တွေဆို အကုန် ကုန်တာပဲ။”
မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ နိုင်ငံခြားမှာ ကျင်းပတဲ့ မြန်မာစာပေဟောပြောပွဲတွေကို သွားရောက် ဟောပြောဖို့ အရင်ကလောက် အခက်အခဲ မရှိတော့တာကြောင့် စင်ကာပူ၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေမှာ သာမက ယူအေအီး ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုအထိ သွားရောက်ဟောပြောနေကြပြီလို့ စာရေး ဆရာဖေမြင့်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၁၀ နှစ်လောက်ကဆိုရင် မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ ပြည်ပကို ထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်လို့ မရတာကအစ အခက်အခဲတွေ အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ အခုတော့ ဒီလို အခက်အခဲတွေ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်တဲ့အတွက် စာရေးဆရာတွေလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကျင်းပတဲ့ စာပေဟောပြောပွဲတွေကို ခပ်စိတ်စိတ် တက်ရောက်လာနိုင်ခဲ့ကြပါတယ်။
အခုနှစ်ပိုင်းတွေမှာဆိုရင် စာရေးဆရာ အောင်သင်း၊ ဆရာ ချစ်ဦးညို၊ ဆရာမ ဂျူး၊ ဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ အော်ပီကျယ်၊ ဆရာ ဖေမြင့်စတဲ့ စာပေနယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဟာ စင်ကာပူ၊ တောင်ကိုရီးယား၊ ယူအေအီး စတဲ့နိုင်ငံတွေမှာ ကျင်းပတဲ့ မြန်မာစာပေ ဟောပြောပွဲတွေကို တက်ရောက် ဟောပြောခဲ့ကြပါတယ်။
ဒီဇာတ်လမ်းအစက ရွေးကောက်ပွဲမတိုင်မီကတည်းက ပျိုးခဲ့ကြတာပါ။ NDF ရဲ့ ဘဏ္ဍာရေးအ၀င်အထွက်ကိစ္စတွေကို ဦးသိန်းညွန့် က မီဒီယာအပေါ် ဖွ လို့ ဆိုပြီး မကြည်မလင်ဖြစ်ကြရာက “ဆွေငြိမ်း”ခေါင်းဆောင်တွေက ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ကော့ကရိတ်ဦးသိန်းညွန့် ကို ပါတီက ထုတ်ပစ်လိုက်တာပါ။ အဲဒီတုန်းက ပြည်ပမီဒီယာတစ်ခုနဲ့ ဒေါက်တာသန်းငြိမ်း အင်တာဗျူးတစ်ခုမှာ ၂၀၁၀ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်အဖြစ် ကြံ့ဖွံ့ ပါတီက၀င်ပြိုင်မယ့် ဇေကမ္ဘာဦးခင်ရွှေဆီက ငွေကြေးထောက်ပံ့မှုကို NDF ပါတီအနေနဲ့ ရယူခဲ့ပါသလားဆိုတဲ့အမေးခွန်းကိ
“ဆွေငြိမ်းတို့ နဲ့ နိုင်ငံရေး တွဲမလုပ်နိုင်ဘူး” လို့ လည်း ဦးသိန်းညွန့် က နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်းကော်မရှင်ရုံးကလည်
အခုလည်း ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်
နိုင်ငံတော်သမ္မတက အစိုးရ၊ အတိုက်အခံသဘောထားမျိုး မထားကြဖို့ ဘယ်လောက်ဘဲ ပြောပြောလွှတ်တော်ထဲမှာ အမတ်နေရာ မဆိုစလောက်သာ ရထားကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိကိုယ်ကိုယ်ဒီမိုကရက်တစ်အတိုက်အခံတွေအဖြစ် သဲသဲကွဲကွဲခံယူထားဖို့ လိုပါတယ်။ အုပ်ချုပ်နေတဲ့ အစိုးရဟာအရင်စစ်တပ်အစိုးရအမွေကို ခံယူထားတဲ့ ကြံ့ဖွံ့ ပါတီအစိုးရလို့ ဘဲ မြင်ပြီး အတိုက်အခံအလုပ်တွေကိုပီပီသသလုပ်ပြဖို့ လိုပါတယ်။ အာဏာရပါတီကတော့ စကားလုံးလှလှပြောမှာဘဲ။ သူ့ နေရာ ၀င် လုမခံရအောင် တခြားပါတီ၊ တခြားအုပ်စုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သွေးဆောင်ဖြားယောင်းမှာပါဘဲ။
သူတို့ပြောသလို ဒီမိုကရေစီအပင်ပေါက်ဘ၀မှာ လွှတ်တော်ထဲက ဒီမိုကရက်တစ် အင်အားစုတွေ သင်းသတ်ခံမထားရဖို့ လိုပါတယ်။အာဏာရပါတီနဲ့အုတ်ရောရောကျောက်ရောရော ဟီးဟီးဟားဟား လုပ်နေရင် မဲဆန္ဒရှင်တွေရဲ့ ဒဏ်ခတ်ခြင်း ခံရပါလိမ့်မယ်။ ရာဇ၀င်ရဲ့ တရားခံဖြစ်သွားလိမ့်မယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကြီးက တမ်းတမြင်ချင်နေတာပါ။
စီးပွားရေးသမား စီးပွားရှာတာ ပုံစံမျိုးစုံသုံးခွင့်ရှိပါတယ်
အခုလည်း ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ယခင်ပြည်ထဲရေးဝန်ကြီးဌာနနေရာကို လေလံအောင်ထားပါတယ်။ ငွေကျပ် ၂၁ဘီလီယံနဲ့ ဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒီနှစ်အစိုးရက လေလံပစ်တဲ့မြေအဆောက်အဦတွေထဲမှာ ဒုတိယတန်ဘိုးအများဆုံးဖြစ်ပြီး ခရိုနီစီးပွားရေးသမားကြီးတြွေ
ကျားဖြူဥက္ကဌမှာ စီးပွားရေးလုပ်ငန်းတွေ အစကတည်းက ရှိထားတယ်လို့ သိရပေမယ့် နိုင်ငံရေးသမားကြီးတစ်ယောက်အနေနဲ့ အစိုးရရဲ့ လေလံမှာ ဒီလောက်များပြားတဲ့ငွေတန်ဘိုးနဲ့ မရ ရအောင်ဝင်ဆွဲသွားတာကတော့ ပါတီဓနအင်အားတောင့်တင်းရေးအတွက် လုပ်ရပါတယ် ဆိုတဲ့ဆင်ခြေ ပေးနိုင်ပေမယ့် ပြည်သူတွေ လက်သင့်ခံဖို့ မလွယ်လှပါဘူး။ လူထုရဲနိုင်ငံရေး ယုံကြည်ကိုးစားမှု ဟာနိုင်ငံရေးသမားတစ်ယောက်အတွက် အသက်သွေးကြောပါ။ သတင်းမီဒီယာသမားတွေအနေနဲ့ လည်းကိုယ့်လူ၊ သူ့ လူ သဘောမထားဘဲ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဘဏ္ဍာရေးရံပုံငွေနဲ့ ရပ်တည်မှုဝင်ငွေတွေကို အခွင့်ရရင် ရသလို ဖော်ထုတ်ပြီး ပြည်သူလူထုကို အသိပေးရပါမယ်။
နိုင်ငံရေးသမားတွေအနေနဲ့ လည်း ငွေရေးကြေးရေးနဲ့ ပက်သက်ရင် ထိန်ဝှက်မထားဘဲ လိုအပ်တယ်လို့ ယူဆတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေကို ထုတ်ဖော်အသိပေးသင့်ပါတယ်။ ငွေတစ်ပဲခြောက်ပြားနဲ့ နိုင်ငံရေးပါတီထူထောင်ပြီး အာဏာနိုင်ငံရေးလုပ်လို့ လည်း မရပါဘူး။ ဒါပေမယ့် ဘာကဘယ်လို၊ ဒါကဘာ့ကြောင့်ဆိုတဲ့ ပွင့်လင်းမြင်သာမှုကို ပြည်သူလူထုက အသည်းခိုက်အောင် ကြိုက်ပါတယ်။
အဲဒီလိုမျိုးတွေကို မဲဆန္ဒရှင်တွေက တွေ့ ချင်ကြတယ်၊ ကြားချင်ကြတယ်၊ မြင်ချင်ကြတယ်။
(ပူးတွဲပါဇယားမှာ VOL 7 NO 2O THE FLOWER NEWS တွင် ဖော်ပြထားသော ပုဂ္ဂလိကပိုင်
ပြုလုပ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်စာရင်း ဖြစ်ပါသည် )
Credit to မြတ်လေးငုံ

၂၀၁၁ ဇွန်လ ၆ ရက်နေ့တွင် ၃၇နှစ်မြောက် အလုပ်သမားအရေးအခင်း နှစပ် တ်လညေ် န့နှင့်  ၇၄-၇၅-၇၆ အကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားတခုအား ရန်ကုန်မြို့ရှိ ၇၄-၇၅-၇၆ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ ၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲ အ ဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း
(ခေါ်) ရွှေတိဂုံအရေးအခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အလုပ်သမား ၊ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါနှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ နီးပါးတက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အ ကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန် အလေးအနက်ထပ်မံတောင်းဆိုသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများ၏ တောင်းဆိုလွှာတွင် ပါဝင်စုပေါင်းလက်မှတ်ရေးထိုးကြကြောင်း သတင်းရရှိသည်။
ထို့ပြင် နှစ်စဉ်ဇွန်လ၆ရက်နေ့ကို၇၄၇၅၇၆အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများနေ့သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်းခေတ်သစ် နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နေ့ကိုသင့်လျော်သည့် နေ့တနေ့သတ်မှတ်ကျင်းပသင့်ကြောင်း အဆိုပြုတင်ပြခဲ့သည်ဟု သိရှိရသည်။
အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သမား နိုင်ငံရေးအကျဉ်းသားဟောင်းကြီးများ နှင့် အခြားနိုင်ငံရေး အကျဉ်းသားဟောင်းကြီးများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည့်အပြင် လက်ရှိအကျဉ်း ထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း ၅ ဦး၏ မိသား စုများ အတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Credit to Naythit
မလုပ်ရဲဘဲ ဟိုအော်ဒီအော်အော်ပြီး ခွင့်မပြုမှန်းသိလျှက်နဲ့ ဆန္ဒပြခွင့်တောင်းတဲ့ မဲမနိုင်အမတ်များကတော့ ဘယ်သွားပုန်းနေတယ်မသိ။ ဒီလူတွေဟာ တကယ့်ခေါင်းဆောင်မဟုတ်ပဲ သတ်ကွင်းကိုတွင်းပို့ဖို့ တွန်းပို့ပေးသူများဖြစ်တယ်ဆိုတာ အားလုံးသတိထားစေချင်ပါတယ်။ ဒီကနေ့လာသူတွေ အဖမ်းမခံရတာ တော်သေးတယ်လို့ပြောရမှာပါ။
Source: အညာနွေတမာမြေ anyarnwaytamarmyay