သူ့ အရိုးဟာ ကိုယ့်အရိုးမဟုတ်ဘူး

Tuesday, June 7, 2011 2:09 AM | Posted by Anonymous

သူ့ အရိုးဟာ ကိုယ့်အရိုးမဟုတ်ဘူး



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မပြီးပြတ်သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တိုင်တန်းမှုတွေကိုအခုတလောမှာ မြန်မြန်ထက်ထက်ဆုံးဖြတ်ချက်ပေးနေတဲ့အထဲ NDF နှစ်ခြမ်းကွဲအမှုလည်း ပါဝင် ပါတယ်။ သင်္ကန်းကျွန်းဦးသိန်းညွန့် ရှုံးပြီး ဦးခင်မောင်ဆွေတို့ အသာရသွားကြတယ်လို့ ရှုမြင်နေကြပါ တယ်။ ခေါင်းပေါ်က ခမောက်ပြုတ်ပြီး တစ်သီးပုဂ္ဂလအမတ်ဦးသိန်းညွန့် အဖြစ် ကော်မရှင်က အတည် ပြုပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းအစက ရွေးကောက်ပွဲမတိုင်မီကတည်းက ပျိုးခဲ့ကြတာပါ။ NDF ရဲ့ ဘဏ္ဍာရေးအ၀င်အထွက်ကိစ္စတွေကို ဦးသိန်းညွန့် က မီဒီယာအပေါ် ဖွ လို့ ဆိုပြီး မကြည်မလင်ဖြစ်ကြရာက “ဆွေငြိမ်း”ခေါင်းဆောင်တွေက ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ကော့ကရိတ်ဦးသိန်းညွန့် ကို ပါတီက ထုတ်ပစ်လိုက်တာပါ။ အဲဒီတုန်းက ပြည်ပမီဒီယာတစ်ခုနဲ့ ဒေါက်တာသန်းငြိမ်း အင်တာဗျူးတစ်ခုမှာ ၂၀၁၀ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်အဖြစ် ကြံ့ဖွံ့ ပါတီက၀င်ပြိုင်မယ့် ဇေကမ္ဘာဦးခင်ရွှေဆီက ငွေကြေးထောက်ပံ့မှုကို NDF ပါတီအနေနဲ့ ရယူခဲ့ပါသလားဆိုတဲ့အမေးခွန်းကို ဥက္ကဌဦးသန်းငြိမ်း ဖြေရှင်းသွားတာနားထောင်လိုက်ရပါတယ်။

“ဆွေငြိမ်းတို့ နဲ့ နိုင်ငံရေး တွဲမလုပ်နိုင်ဘူး” လို့ လည်း ဦးသိန်းညွန့် က နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်းကော်မရှင်ရုံးကလည်း ပက်သက်ဆက်စပ်သူတွေကို ခုံရုံးဖွဲ့ ခေါ်ယူစစ် ဆေးခဲ့ ပါတယ်။ပြည်ထောင်စုကော်မရှင်က မဆုံးဖြတ်ခင်ကတည်းက ဦးသိန်းညွန့် ကို တစ်သီး ပုဂ္ဂလိအမတ်အဖြစ်အတည်ပြုပေးလိမ့်မယ်လို့  အားလုံးကသဘောပေါက်ပြီးသားပါ။ မီဒီယာတွေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က ခွဲထွက်သွားတဲ့ ပါတီဆိုပြီး NDF ကို ၀ိုင်းဝန်းဝေဖန်ခဲ့ပြီး ငွေရေးကြေးရေးကိစ္စကို တူးဆွထိုးနှက်ကြပါတယ်။ မှန်တယ် မှားတယ်ဆိုတာထက် ဒီလိုသတင်းတွေကို ဖော်ထုတ်ကြ၊ဖတ်ကြရတာ အင်မတန်ကောင်းပါတယ်။

အခုလည်း ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ပါတီတွေက ပြောဆိုနေတုန်း ပါတီခေါင်းဆောင်တစ်ယောက်ဆီက သတင်းတစ်ခု ကြားရပါတယ်။ လာမယ့် ရွေးကောက်ပွဲတွေမှာကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)က သူတို့ ရှမ်းပြည်မှာတင်မကဘဲ မြေပြန့် တွေမှာပါ အမတ်နေရာတော်တော်များများ ၀င်ပြိုင်တော့မယ်လို့ ဆိုပါတယ်။ ဒါကိုလည်း ကျားဖြူပါတီက တာဝန်ရှိသူတစ်ဦးက ပြင်ပမီဒီယာတစ်ခုကို ပြောဆိုသွားတာ နားထောင်လိုက်ရပါတယ်။ လွှတ်တော်နိုင်ငံရေးလောကမှာ သိုးသိုးသန့် သန့် ထွက်လာတဲ့ ကျားဖြူပါတီနဲ့ ပက်သက်ပြီး လျှံကျလာတဲ့သတင်းတွေက အတိုက်အခံနိုင်ငံရေးအုပ်စုအတွက် စိတ်ပျက်စရာပါ။ အထူးသဖြင့် ပြည်တွင်းမှာ အုပ်စုအတောင့်တင်းဆုံးလို့ ခေါ်ရမယ့် (၁၁)ပါတီစုစည်းထားတဲ့ “ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ ”အပေါ် လူထုအနေနဲ့ ရှုမြင်သုံးသပ်မှုတွေအတွက် စိုးရိမ်စရာပါဘဲ။

နိုင်ငံတော်သမ္မတက အစိုးရ၊ အတိုက်အခံသဘောထားမျိုး မထားကြဖို့ ဘယ်လောက်ဘဲ ပြောပြောလွှတ်တော်ထဲမှာ အမတ်နေရာ မဆိုစလောက်သာ ရထားကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိကိုယ်ကိုယ်ဒီမိုကရက်တစ်အတိုက်အခံတွေအဖြစ် သဲသဲကွဲကွဲခံယူထားဖို့ လိုပါတယ်။ အုပ်ချုပ်နေတဲ့ အစိုးရဟာအရင်စစ်တပ်အစိုးရအမွေကို ခံယူထားတဲ့ ကြံ့ဖွံ့ ပါတီအစိုးရလို့ ဘဲ မြင်ပြီး အတိုက်အခံအလုပ်တွေကိုပီပီသသလုပ်ပြဖို့ လိုပါတယ်။ အာဏာရပါတီကတော့ စကားလုံးလှလှပြောမှာဘဲ။ သူ့ နေရာ ၀င် လုမခံရအောင် တခြားပါတီ၊ တခြားအုပ်စုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သွေးဆောင်ဖြားယောင်းမှာပါဘဲ။

သူတို့ပြောသလို ဒီမိုကရေစီအပင်ပေါက်ဘ၀မှာ လွှတ်တော်ထဲက ဒီမိုကရက်တစ် အင်အားစုတွေ သင်းသတ်ခံမထားရဖို့ လိုပါတယ်။အာဏာရပါတီနဲ့အုတ်ရောရောကျောက်ရောရော ဟီးဟီးဟားဟား လုပ်နေရင် မဲဆန္ဒရှင်တွေရဲ့ ဒဏ်ခတ်ခြင်း ခံရပါလိမ့်မယ်။ ရာဇ၀င်ရဲ့ တရားခံဖြစ်သွားလိမ့်မယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကြီးက တမ်းတမြင်ချင်နေတာပါ။

စီးပွားရေးသမား စီးပွားရှာတာ ပုံစံမျိုးစုံသုံးခွင့်ရှိပါတယ်။ ငွေရဖို့  သူက ဘာပေးရပေးရ ပေးမှာဘဲ။နိုင်ငံရေးသမား စီးပွားရှာတဲ့အခါ သူ့ မှာ ပေးစရာဆိုလို့ နိုင်ငံရေးတစ်ခုဘဲရှိပါတယ်။ နုနယ်လွန်းတဲ့ဲ့မြန်မာ့ဒီမိုကရေစီအခင်းအကျင်းမှာ အတော်လေးသတိထားမှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးသမားတွေအ၀ယ်မခံရဖို့ လိုပါတယ်။ ကိုယ့်ပါတီကို ကိုယ် မရောင်းစားကြပါနဲ့ ။ ဒီခေတ်က သတင်းတွေ မြန်မြန်ဆန်ဆန် စီးဆင်းနေတဲ့ခေတ်၊ ငါလုပ်တာ ဘယ်သူမှ မသိဘူး မှတ်နေရင် ကွဲ သွားလိမ့်မယ်။

အခုလည်း ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ယခင်ပြည်ထဲရေးဝန်ကြီးဌာနနေရာကို လေလံအောင်ထားပါတယ်။ ငွေကျပ် ၂၁ဘီလီယံနဲ့ ဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒီနှစ်အစိုးရက လေလံပစ်တဲ့မြေအဆောက်အဦတွေထဲမှာ ဒုတိယတန်ဘိုးအများဆုံးဖြစ်ပြီး ခရိုနီစီးပွားရေးသမားကြီးတွေဖြစ်တဲ့ဦးတေဇ၊ ဦးဇော်ဇော်တို့ တောင် လက်ရှောင်နေခဲ့ရပါတယ်။ အဲဒီလေလံအောင်တဲ့နေရာကို အမြတ်ငွေဘယ်ရွေ့ ဘယ်မျှပေးရင် လက်လွှဲရောင်းချမယ်လို့ လည်း သတင်းတွေကြားရပါတယ်။

ကျားဖြူဥက္ကဌမှာ စီးပွားရေးလုပ်ငန်းတွေ အစကတည်းက ရှိထားတယ်လို့ သိရပေမယ့် နိုင်ငံရေးသမားကြီးတစ်ယောက်အနေနဲ့ အစိုးရရဲ့ လေလံမှာ ဒီလောက်များပြားတဲ့ငွေတန်ဘိုးနဲ့ မရ ရအောင်ဝင်ဆွဲသွားတာကတော့ ပါတီဓနအင်အားတောင့်တင်းရေးအတွက် လုပ်ရပါတယ် ဆိုတဲ့ဆင်ခြေ ပေးနိုင်ပေမယ့် ပြည်သူတွေ လက်သင့်ခံဖို့ မလွယ်လှပါဘူး။ လူထုရဲနိုင်ငံရေး ယုံကြည်ကိုးစားမှု ဟာနိုင်ငံရေးသမားတစ်ယောက်အတွက် အသက်သွေးကြောပါ။ သတင်းမီဒီယာသမားတွေအနေနဲ့ လည်းကိုယ့်လူ၊ သူ့ လူ သဘောမထားဘဲ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဘဏ္ဍာရေးရံပုံငွေနဲ့ ရပ်တည်မှုဝင်ငွေတွေကို အခွင့်ရရင် ရသလို ဖော်ထုတ်ပြီး ပြည်သူလူထုကို အသိပေးရပါမယ်။

နိုင်ငံရေးသမားတွေအနေနဲ့ လည်း ငွေရေးကြေးရေးနဲ့ ပက်သက်ရင် ထိန်ဝှက်မထားဘဲ လိုအပ်တယ်လို့ ယူဆတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေကို ထုတ်ဖော်အသိပေးသင့်ပါတယ်။ ငွေတစ်ပဲခြောက်ပြားနဲ့ နိုင်ငံရေးပါတီထူထောင်ပြီး အာဏာနိုင်ငံရေးလုပ်လို့ လည်း မရပါဘူး။ ဒါပေမယ့် ဘာကဘယ်လို၊ ဒါကဘာ့ကြောင့်ဆိုတဲ့ ပွင့်လင်းမြင်သာမှုကို ပြည်သူလူထုက အသည်းခိုက်အောင် ကြိုက်ပါတယ်။

အဲဒီလိုမျိုးတွေကို မဲဆန္ဒရှင်တွေက တွေ့ ချင်ကြတယ်၊ ကြားချင်ကြတယ်၊ မြင်ချင်ကြတယ်။

အောင်မျိုးထွန်း

၆- ၆- ၂၀၁၁

(ပူးတွဲပါဇယားမှာ VOL 7 NO 2O THE FLOWER NEWS တွင် ဖော်ပြထားသော ပုဂ္ဂလိကပိုင်

ပြုလုပ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်စာရင်း ဖြစ်ပါသည် )

Credit to

ရန်ကုန်မြို့ အင်တာနက်ကဖေး ဆိုင်ရှင်များစည်းကမ်းချက် (၁၂)ချက်ကြောင့် စိတ်ပျက်

2:08 AM | Posted by Anonymous

ရန်ကုန်မြို့ အင်တာနက်ကဖေး ဆိုင်ရှင်များစည်းကမ်းချက် (၁၂)ချက်ကြောင့် စိတ်ပျက်

ရန်ကုန်မြို့တော် အခြေစိုက် အင်တာနက်ကဖေးအချို့ ပိတ်သိမ်းရန် စဉ်းစားလာရကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖေးလုပ်ငန်း အချို့မှ စုံစမ်းသိရှိရသည်။ “ဂိမ်းဆိုင်သက်သက် ပြောင်းဖွင့်မယ်” ဟု ကျောက်တံတား မြို့နယ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာ ဂိမ်းဆိုင် တွဲဖက်ဖွင့်လှစ်ထားသည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ စည်းကမ်းချက်များကို မေလ ၂၃ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင်ထုတ်ပြန်ခဲ့ဖူးသော အချက်များကို စုပေါင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ဆညန) နှင့် အင်တာနက်ဆိုင်များထံမှ စုံစမ်းသိရှိရသည်။

အင်တာနက်ဆိုင်များသို့ လာရောက်သုံးစွဲသူများ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူးလက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ ရယူထားရန် အချက် အပါအဝင် အင်တာနက်ကဖေး(PAC)များ လိုက်နာရန် စည်းကမ်းချက် ၁၂ချက် ထပ်မံထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက PAC များကို အသိပေးကြေညာသွားသည်။

အဆိုပါ စည်းကမ်းချက်များအား PAC လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသူများကို မြန်မာအင်ဖိုတက်ခ်(MIT) တွင် လျှောက်ထားရာမှ ယခုနှစ် သင်္ကြန်အပြီးတွင် ဆညနသို့ လွှဲပြောင်းလိုက်ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် အခြေစိုက် ဆညနရုံးထံမှ စုံစမ်းသိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit to

ဧပြီလကတည်းကထုတ်ခဲ့သည့် မော်နီတာ ဂျာနယ်အထူးထုတ် ဘာအတွက်ကြောင့် အရောင်းသွက်နေဆဲလဲ ?.

2:06 AM | Posted by Anonymous

ဧပြီလကတည်းကထုတ်ခဲ့သည့် မော်နီတာ ဂျာနယ်အထူးထုတ် ဘာအတွက်ကြောင့် အရောင်းသွက်နေဆဲလဲ ?.


စောင်ရေ ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလကထုတ်ဝေခဲ့သော မော်နီတာဂျာနယ် ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ်မှာနှစ်လနီးပါးခန့် ကြာမြင့်လာ ပြီဖြစ်သော်လည်း ရောင်းကောင်းနေဆဲဖြစ်ကြောင်း ဂျာနယ် ရောင်းသူများက ပြောသည်။

အနီရောင်တောက်တောက်မျက်နှာဖုံးဖြင့် ထုတ်ဝေထားသော ၎င်း စာစောင်မှာ မော်နီတာဂျာနယ် အမှတ်စဉ်(၁)မှ (၅၀)အတွင်း ပါရှိပြီး ဖြစ်သော ဗိုလ်ချုပ်နှင့်ပတ်သက်သော ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်လမ်းပေါ်မှ ဂျာနယ်ရောင်းသူတစ်ဦးဖြစ်သော ဦးသိန်းဌေးက စထွက်သည့်နေ့မှ ယခုအချိန်အထိ တစ်ပတ်လျှင် စောင်ရေ ၅၀ ခန့် ရောင်းချ နေရဆဲဖြစ်ကြောင်း ပြောသည်။

"၀ယ်တဲ့သူတွေက အသက်အရွယ်စုံ လူစုံပဲ။ တော်တော်များများက သူတို့ မိသားစုတွေပြဖို့ ၀ယ်တာများတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက ပျောက်နေတာကြာပြီလေ။ ကျွန်တော်တို့မမီလိုက်တဲ့ အကြောင်းအရာတွေ အများကြီးပါတယ်။ "ကျွန်တော့ ကလေးတွေကိုလည်း ပြတယ်။ တချို့ဆို ဗိုလ်ချုပ်ကိုကြားရုံပဲ ကြားဖူးတယ်၊ မမြင်ဖူးကြဘူး။ ခုဆိုရင် လေးကြိမ်မြောက် ရိုက်တာ ထင်တယ်" ဟု အသက် ၅၄ နှစ်အရွယ် ဦးသိန်းဌေး က ပြောသည်။

၎င်းက ဖြန့်ချိရေးမှ တစ်စောင်လျင် ၅၅၀ ဖြင့်ဝယ်ကာ ၁,၀၀၀ ဖြင့် ပြန်လည်ရောင်းချကာ အမြတ်အစွန်းများစွာရကြောင်း ပြောသည်။

ကုန်သည်ကြီးများဟိုတယ် အနီး ဘတ်စ်ကားမှတ်တိုင်တွင် ဂျာနယ်ရောင်း ချနေသော ဦးဌေးလွင်က "ဗိုလ်ချုပ်အကြောင်း တော်တော် လေးကို စုံစုံပါတယ်။ တခြားနေရာတွေမှာ ဒါမျိုးတွေ့ရဖို့ ခက်တယ်။ လူကြီးပိုင်းတွေအ၀ယ်များတယ်။ လူငယ်ပိုင်းတွေရှိပေမယ့် နည်း တယ်။ တစ်ခုရှိတာက ဒါက သတင်းပုံစံ မဟုတ်တော့ အချိန်မရွေးဖတ်လို့ရတယ်။ ဟောင်းမသွားဘူး"ဟုဆိုသည်။

"ကျွန်တော်ကိုယ်တိုင်လည်း အရမ်း ကြိုက်တယ်။ဗိုလ်ချုပ်ဆိုတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ပဲလေ"ဟု အသက်၂၁ နှစ်အရွယ် ဦးသိန်းဌေး၏ သားဖြစ်သူက ပြောသည်။

ပန်းဘဲတန်းမြို့နယ်ရှိ မြသော်တာ စာပေဖြန့်ချိရေး၏ပိုင်ရှင် ဦးမောင်မောင်စန်းကလည်း ဂျာနယ်မထွက်မီ နမူနာပုံစံ မြင်သည့် အချိန်ကတည်းက စောင်ရေ တိုးမြှင့်မှာယူခဲ့ကြောင်း ပြောသည်။ ပုံမှန် တစ်ပတ်လျှင် မော်နီတာစောင် ရေ ၂၀၀ သာရောင်းချရ သော်လည်း အထူးထုတ်အတွက် ယခုချိန်ထိ ၁,၅၀၀ ခန့် ရောင်းချပြီးဖြစ်ကာ အများစုမှာ နယ်ပို့ဖြစ်ကြောင်း ပြောသည်။

"မြ၀တီနှင့် မူဆယ်ကို ၂၀၀၊ ပုသိမ်ကို ၃၀၀ ပို့ပေးရတယ်။ မြိတ်ရောပဲ။ ပုံမှန် အတိုင်းဆိုရင် တစ်ပတ်ကို ၂၅ စောင် လောက်ပဲ ယူကြတာ"ဟု ပြောသည်။

လက်ပွေ့သမားများထံမှ ၀ယ်လိုအားများ တိုးမြင့်လာသော်လည်း ဈေးနှုန်းကို ပုံမှန် ၅၅၀ နှုန်းဖြင့်သာ ရောင်းချပေးကြောင်း ၎င်းက ပြောသည်။

မော်နီတာအထူးထုတ်ကိုသာ သီးသန့် လက်ပွေ့အနေဖြင့် ရောင်းချနေသော ကိုစိုးပိုင်က လွန်ခဲ့သည့်ရက်သတ္တပတ်က စောင်ရေများ ပြတ်တောက်သွားရာ မေလ ၂၆ ရက်နေ့မှ ပြန်လည်ရရှိကြောင်း ပြောသည်။

"တစ်စောင်ကို ကျပ် ၁,၀၀၀ ကနေ ၁,၅၀၀ အထိ လူပေါ်မူတည်ပြီး ရောင်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလယ်က ဗိုလ်ချုပ်ရဲ့ မျက်နှာပြည့်ပုံကို ပလတ်စတစ်လောင်းထားပြီး နံရံမှာချိတ်ထားတယ်။ တခြားပုံတွေကိုလည်း စာအုပ်မျက်နှာဖုံးအနေနဲ့ ချုပ်ထား တယ်"ဟု အသက် ၂၄ နှစ်အရွယ် ကိုစိုးပိုင် က ပြောသည်။

သို့ရာတွင် စထွက်ချင်းတွင် တစ်ရက်လျှင် စောင်ရေ ၃၀ ခန့်ရောင်းချရရာမှ ယခု ၁၅ စောင်ခန့်သာ ရောင်းချရတော့ကြောင်း ၎င်းက ပြောသည်။

မန္တလေးမြို့ရှိ ထွန်းဦးစာပေ ဖြန့်ချိရေး ပိုင်ရှင် ဦးလေးထွန်းဦးကမူ မော်နီတာ အထူးထုတ်မှာ မကြုံဖူးလောက်အောင် အရောင်း အ၀ယ်သွက်ခဲ့သော်လည်း မေ လ ၂၄ ရက်နေ့၌အရောင်းရပ်တန့်လိုက်ပြီဖြစ်ကြောင်း ပြောသည်။

"လူတွေက ဗိုလ်ချုပ်ကို ချစ်ကြခင်ကြတော့ ဗိုလ်ချုပ်ရဲ့ရှားပါးဓာတ်ပုံတွေကို သိမ်းထားချင်ကြတယ်။ အဲဒီမှာလည်း အကုန်လုံး တစ်စုတစ်စည်းတည်းပါတယ်"ဟု ဦးထွန်းဦးက ပြောသည်။ ထိုသတင်းအားမြန်မာတိုင်းဂျာနယ်တွင်ဖော်ပြထားပါသည်.။

Credit to

၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ

2:01 AM | Posted by Anonymous

၂၀၁၁ ဇွန်လ ၆ ရက်နေ့တွင် ၃၇နှစ်မြောက် အလုပ်သမားအရေးအခင်း နှစပ် တ်လညေ် န့နှင့်  ၇၄-၇၅-၇၆ အကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားတခုအား ရန်ကုန်မြို့ရှိ ၇၄-၇၅-၇၆ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအခမ်းအနားသို့ ၁၉၇၄ အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲ အ ဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း

(ခေါ်) ရွှေတိဂုံအရေးအခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းတို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် အလုပ်သမား ၊ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါနှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံ ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ နီးပါးတက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အ ကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန် အလေးအနက်ထပ်မံတောင်းဆိုသည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လိုလားသူများ၏ တောင်းဆိုလွှာတွင် ပါဝင်စုပေါင်းလက်မှတ်ရေးထိုးကြကြောင်း သတင်းရရှိသည်။

ထို့ပြင် နှစ်စဉ်ဇွန်လ၆ရက်နေ့ကို၇၄၇၅၇၆အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများနေ့သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်းခေတ်သစ် နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နေ့ကိုသင့်လျော်သည့် နေ့တနေ့သတ်မှတ်ကျင်းပသင့်ကြောင်း အဆိုပြုတင်ပြခဲ့သည်ဟု သိရှိရသည်။

အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သမား နိုင်ငံရေးအကျဉ်းသားဟောင်းကြီးများ နှင့် အခြားနိုင်ငံရေး အကျဉ်းသားဟောင်းကြီးများအား ထောက်ပံ့ငွေများ ပေးအပ်ကြသည့်အပြင် လက်ရှိအကျဉ်း ထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း ၅ ဦး၏ မိသား စုများ အတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Credit to Naythit

“ဆင်းရဲမွဲတေမှု တိုက်ဖျက်နေတာ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

2:00 AM | Posted by Anonymous

တေးရေးဆရာ မောင်သစ်မင်းရဲ့ နောက်ဆုံးခရီး (ရုပ်သံ) ပေးပို့ - အောင်လွင်မိုး (ဘန်ကောက်)

1:59 AM | Posted by Anonymous

မြို့တော်ခမ်းမရှေ့ ဆန္ဒပြပွဲ မအောင်မြင်

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF မှ ဦးမင်းအောင် (ဗိုလ်တထောင်)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးစိုးကြည် (သန်လျင်) နှင့် ဒလ တသီးပုဂ္ဂလ ဦးဝင်းချို တို့ တီးသာတီးပြီးမမြည်တဲ့ဆန္ဒပြပွဲကို ၀ိုင်းဖို့ဒီနေ့ မြို့တော်ခမ်းမရှေ့လာတဲ့သူတွေကို လူစုခွဲခံရပါတယ်။

ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ၂၀၁၀ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမတ်လောင်း ၄ဦးက နိုင်ငံရေးအကျဉ်းသာလွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုခွင့်တောင်းဆိုထားတာကြောင့် အင်္ဂါဘုရားဖူးအဖွဲ့ အိမ်ရှင်မများအဖွဲ့၊ အလုပ်သမားလယ်သများများကူညီရေးအဖွဲ့ ညွန့်ပေါင်းသမဂ္ဂဖေါ်ဆောင်ရေးအဖွဲ့ဝင်တွေက ဆန္ဒပြဖြစ်ရင်ပူးပေါင်းဖို့ဆိုပြီး မြို့တော်ခမ်းမရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ပါတယ်။ ဒီလိုစောင့်ဆိုင်းနေတုန်း လုံခြုံရေးအရာရှိတွေက လူစုခွဲခိုင်းတာကြောင့် ဆန္ဒပြဖို့ အစီအစဉ်မအောင်မြင်ခဲ့ဘူးလို့သိရပါတယ်။ တကယ်သတ္တိရှိသူတွေကတော့ တကယ်လာကြပါတယ်။


မလုပ်ရဲဘဲ ဟိုအော်ဒီအော်အော်ပြီး ခွင့်မပြုမှန်းသိလျှက်နဲ့ ဆန္ဒပြခွင့်တောင်းတဲ့ မဲမနိုင်အမတ်များကတော့ ဘယ်သွားပုန်းနေတယ်မသိ။ ဒီလူတွေဟာ တကယ့်ခေါင်းဆောင်မဟုတ်ပဲ သတ်ကွင်းကိုတွင်းပို့ဖို့ တွန်းပို့ပေးသူများဖြစ်တယ်ဆိုတာ အားလုံးသတိထားစေချင်ပါတယ်။ ဒီကနေ့လာသူတွေ အဖမ်းမခံရတာ တော်သေးတယ်လို့ပြောရမှာပါ။

Source:

ဆက်ကစားရင်တော့ . . . ပေါင်ရမယ် ဟန်လေး Monday, 30 May 2011 19:42 ကာတွန်း

Thursday, June 2, 2011 11:32 PM | Posted by Anonymous

SYCB Monthly Bulletin for May 2011 (Vol-5, Issue-52)

SYCB Monthly Bulletin for May 2011 (Vol-5, Issue-52)