The Purple Plain 1954Burma Movie03

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954Burma Movie02

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

The Purple Plain 1954 - Burma Movie 01

ပထမဆုံး မြန်မာအမျိုးသမီး ပါဝင်သော အင်္ဂလိပ် ရုပ်ရှင်ဇတ်ကားသီရိလင်္ကာတွင်ရိုက်ကူးပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာ၏ ဇနီးဒေါ်ဝင်းမင်းသန်းပါဝင် သရုပ်ဆောင်ထားသည် ။အမှတ်အရအဖြစ်မျှဝေလိုက်သည် ။

အန်အယ်လ်ဒီရုံးချုပ်က သက်ကြီးပူဇော်ပွဲ

8:33 PM | Posted by Anonymous















မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကင်တာနာသည် မြန်မာအစိုးရသစ်ထံ ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက် စာရေးတောင်းဆိုလိုက်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

Tomas_Ojea_Quintana_AP

ဂျနီဗာတွင်ကျင်းပသည့် ၁၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံ၌ ရှင်းလင်းပြောကြား နေသော မစ္စတာ ကင်တာနာ (ဓာတ်ပုံ - AP)

မစ္စတာကင်တာနာသည် လာမည့် မေလတွင် မြန်မာပြည်သွားရောက်ခွင့်ရရေးအတွက် ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့ရှိ မြန် မာ ကိုယ်စားလှယ်မှတဆင့် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်ထံသို့ စာရေးတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အကယ်၍ ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့ပါက ကင်တာနာအနေနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင်ထိပ်တန်းမှ ဦးဆောင်နေသူများနှင့် တွေ့ဆုံရန်ရှိသကဲ့သို့ အကျဉ်းထောင်များသို့ သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံရန်ရှိကြောင်း၊ ထို့အပြင် ကရင်ပြည်နယ် အပါအ၀င် တိုင်းရင်းသားဒေသများရှိ လူ့အခွင့်အရေးအခြေအနေများကို လေ့လာရန်ရှိကြောင်းလည်း သိရသည်။

“အခုကျမတို့ ရှမ်းပြည်မြောက်ပိုင်းဘက်က ပြည်တွင်းစစ်တွေကြောင့်ဒေသခံ တသိန်းကျော်ဟာ စစ်ပြေးဒုက္ခသည်တွေ အဖြစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေခံနေရတယ်ဆိုတာတွေကိုလည်း ကျမတို့အစီရင်ခံစာထုတ်ထားတယ်၊သူသာ ဗီဇာရရင် ဒါတွေကိုလည်း အသေးစိပ်လေ့လာနိုင်မယ်”ဟု ရှမ်းအမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူ နန်းချန်တောင်း က ဧရာဝတီသို့ပြောသည်။

မစ္စတာကင်တာနာသည် ပြီးခဲ့သည့်မတ်လ အတွင်းက ဂျနီဗာတွင်ကျင်းပသော ၁၆ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံ တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို အစီရင်ခံ တင်ပြခဲ့သည်။

အစီရင်ခံစာတွင် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရေးအပါအ၀င် လူမူရေး၊ ဘာသာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးများချိုးဖောက်ခံနေရမှုများကို တင်ပြထားသည်။ ထို့အပြင် မစ္စတာကင်တာနာက မြန်မာအစိုးရသစ် အနေနှင့် ယခင်နှင့်မတူ အပြောင်းအလဲများ ရှိခြင်းကို ပြသလိုလျှင် လွတ်လပ်မျှတသော စုံစမ်းစစ်ဆေးမှုများကို ဦးစွာ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

“မစ္စတာ ကင်တာနာအနေနဲ့ ဗီဇာလျှောက်ထားတယ်ဆိုတာကတော့ ကောင်းပါတယ်၊ ဗီဇာရမယ် မရဘူးဆိုတာကတော့ မြန်မာအစိုးရသစ်က ဘယ်လောက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မလဲ၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေသလဲ ဆိုတာ အပေါ်မူတည်တယ်လို့ ထင်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“အရင်လူတွေက လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို သိပ်မပြောကြဘူး၊ စစ်အစိုးရနဲ့ပြေလည်ရေးပဲ ပြောကြဆိုကြ တာ၊ သူ့(မစ္စတာကင်တာနာ) လက်ထက်ကျမှ သေသေချာချာ တိတိကျကျ ဖော်ထုတ်လာတာ၊ ဒါကြောင့် အရင် စစ် အစိုးရက မကြိုက်လို့ ဗီဇာ မပေးခဲ့ဘူး၊ အခုအစိုးရဆိုတာကလဲ ဦးသိန်းစိန်တို့ ဒီလူတွေပဲအစိုးရဆိုတော့ ဗီဇာပေးမယ်လို့ ကျနော်တို့က မထင်ဘူး”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မစ္စတာကင်တာနာသည် မြန်မာစစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး မြန်မာ အစိုးရ သစ် အနေနဲ့ စုံစမ်းစစ်ဆေးအရေးယူမှုများကို ပျက်ကွက်ခဲ့ပါက နိုင်ငံတကာက အဆိုပါတာဝန်ကို ယူရမှာဖြစ်ကြောင်း လည်း သတိပေးပြောကြားထားသည်။

မစ္စတာ ကင်တာနာ၏ ၂၀၁၀ ဖေဖော်ဝါရီလ ခရီးစဉ်နောက်ပိုင်း မြန်မာစစ်အစိုးရဟောင်းက ဗီဇာငြင်းပယ်ခဲ့ပြီးနောက် ယခု မြန်မာအစိုးရသစ်တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ဝင်ခွင့်ဗီဇာတောင်းခံခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများတွင် ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကောင်းမွန်သော အစိုးရ တရပ်ဖြစ်စေရေး ပြောဆိုထားသည်။

မစ္စတာကင်တာနာ၏ ပြည်ဝင်ခွင့်ဗီဇာတောင်းခံထားခြင်းအပေါ် မြန်မာအစိုးရသစ်အနေဖြင့် မည့်ကဲ့သို့ ကိုင်တွယ် ဆောင် ရွက်သွားမည်ကိုမူ မသိရသေးပေ။

လူ့အခွင့်အရေးလှုပ်ရှားသူများက အစိုးရသစ်ဟာ အထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပေးခြင်းအားဖြင့် တရားမျှတမှု ရှိခြင်း၊ နိုင်ငံတကာနှင့်အစိုးရသစ်တို့၏ ပိုမိုကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်ခြင်းနှင့် လူ့အခွင့်အရေးအခြေအနေများအတွက် အမှန်တကယ်ပြုပြင်ပြောင်းလဲလိုစိတ်ကို ပြသရာရောက်သည်ဟု ထောက်ပြကြသည်။

နိုင်ငံတကာမှ တောင်းဆိုထားသည့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကို အစိုးရသစ်အနေနှင့် တုံ့ပြန်ရန် နှေးကွေးသည့်အပြင် မကြာမီကပင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပထမဆုံးဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဆက်လက်၍လည်း နိုင်ငံ ရေးနှင့် ဆက်နွယ်သူတချို့အဖမ်းခံကြရသည်ဟု သတင်းများထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးနိုင်ငံများအဆင့်တွင် ရှိနေခဲ့ရာ လူ့အခွင့် အရေး မှတ်တမ်းများ ကောင်းမွန်လာစေရန် မြန်မာအစိုးရသစ်တွင် တာဝန်ရှိသည်ဟု ရန်ကုန်မြို့ရှိ လူ့အခွင့်အရေးတက်
ကြွလှုပ်ရှားသူတဦးက ဧရာဝတီသို့ပြောကြားသည်။

Credit to: ဧရာဝတီ
http://www.irrawaddy.org/bur/index.php/news/6176-2011-04-12-07-56-48

အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ

အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့

အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့





Credit to: အညာနွေတမာမြေ anyarnwaytamarmyay

ဒေါ်အောင်ဆန်းစုကြည်ကအဖွဲ့ချုပ်လူငယ်များကို ရဟန်းခံ။

Monday, April 11, 2011 3:47 PM | Posted by Anonymous

ဒေါ်အောင်ဆန်းစုကြည်ကအဖွဲ့ချုပ်လူငယ်များကို ရဟန်းခံ။


မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ် အဖွဲ့ဝင် ၅ ဦးကို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က
ရဟန်းခံ မင်္ဂလာ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းက
ဗဟန်းမြို့နယ် ရွှေတောင်ကုန်းရပ်ကွက် ပဏ္ဍိတာရာမ ကျောင်းတိုက်တွင...်
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် ၅ ဦးကို ဦးတင်ဦးတို့က
ဦးဆောင်၍ သံဃာတော်များကို ယနေ့ မနက် ၉နာရီက သိမ်ဆင်းလောင်းခြင်း၊
ဆွမ်းကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း

“ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမလုပ်ပြီးတော့ ၅ ပါး၊ ကျန်တဲ့ အလှူရှင်တွေက ၃၅ ပါး
ပေါင်းပြီးတော့ သံဃာအပါး ၄၀ ရဟန်းခံပေးခဲ့ပါတယ်။ သိမ်တက် တရားနာပြီးတော့ NLD ဒု
ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အဖွဲ့ချုပ်ဝင်တွေ၊ တခြား ရဟန်းဒကာ ဒကာမတွေနဲ့
ဆွေမျိုးသားချင်းတွေက သိမ်ဆင်းလောင်းခဲ့တယ်
အဖွဲ့ချုပ်ဝင် လူငယ်များအနက်မှ ၅ ဦးကို ဒုလ္လဘမဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး
ကိုသီဟန်၊ ကိုငြိမ်းမောင် ၊ ကိုသက်အောင်၊ ကိုသက်မင်းသိန်း ၊
ကိုငြိမ်းချမ်းသူတို့ မဲပေါက်ကာ ရဟန်းပြုခွင့် ရခဲ့ကြောင်း သိရသည်။









မြေအောင်းပွေး (ဂါမဏိ)

Gamanii Mole