ဂျပန်ပြည်သူများသို့ ပေးပို့တဲ့ ကဗျာစာအုပ် ဂျပန်ပြည်သူများအတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ

Friday, April 8, 2011 12:12 AM | Posted by Anonymous

ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ၊ ဘဘဦးဝင်းတင်ရဲ့ ကဗျာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ပြည်သူများသို့ ပေးပို့တဲ့ ကဗျာစာအုပ်ပါ အမှာစာ...

ဂျပန်ပြည်သူများသို့..

၁၁.၃.၂၀၁၁ သောကြာနေ့က ဂျပန်နိုင်ငံတွင် ငလျင်နှင့် ဆူနာမီလှိုင်း လှုပ်ခတ်တိုက်ခိုက်မှုကြောင့် ဂျပန်ပြည်သူပြည်သားများ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးသွားသည်သာမက နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်ခဲ့ ကြရပါသည်...။

ဂျပန်ပြည်သူ ပြည်သားများ ခံစားရသော စိတ်ခံစားမှုနှင့်အတူ ကျွန်မတို့ NLD အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တကွ မြန်မာပြည်သူ ပြည်သားများကလည်း ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်..။

သဘာဝဘေးအန္တရာယ်သည် ဂျပန်နိုင်ငံတွင်သာမက.. မြန်မာနိုင်ငံတွင်လည်း မတ်လ(၂၄)ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်းရှိ လွယ်မွေ တာချီလိတ် ဒေသကို အခြေပြု၍ ငလျင်တစ်ခု လှုပ်ခတ်သွားသည့် အတွက် လူဦးရေ (၂၀၀)ခန့် သေကြေ ပျက်ဆီးခဲ့ပါသည်..။

ဤသို့သော အဖြစ်မျိုးကို မိမိတို့နိုင်ငံသားများ ကိုယ်တိုင် ခံစားရပါသဖြင့် ငလျင်နှင့် ဆူနာမီ ဘေးအန္တရာယ်များ၏ ဒဏ်ခံခဲ့ကြရသော ဂျပန်ပြည်သူ ပြည်သားများအတွက် ပိုမို၍ ကိုယ်ချင်းစာခဲ့မိပါသည်..။

ဤဖြစ်ရပ်များ အပေါ်တွင် စိတ်ဓာတ်၊ သတ္တိ၊ ဇွဲ၊ ဝိရီယများဖြင့် တွန်းလှန် အံတုနိုင်သော ဂျပန်နိုင်ငံသားတို့၏ အားမာန်များကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါသည်..။

ဤသို့ ဂုဏ်ပြုသည့် အထိမ်းအမှတ်ဖြင့် သဘာဝဘေးအန္တရာယ် ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရသည့် ဂျပန်ပြည်သူ ပြည်သားများကို ရည်စူး၍ ဤကဗျာစာအုပ်ငယ်ကို ထုတ်ဝေအပ်ပါသည်...။


အောင်ဆန်းစုကြည်
၂၇.၃.၂၀၁၁
ဒီကဗျာလေးကတော့ ကမ္ဘာ့ကဗျာနေ့ မှာ ဟံသာဝတီ ဘဘဦးဝင်းတင်မှ မြန်မာနှင့် ဂျပန်ပြည်က ပြည်သူ/သားတွေအတွက် ရေးလိုက်တဲ့ ဂျပန် ဟိုက္ကူကဗျာလေးပါ။

လူ-စက်-မြို့-မြိုဝါး

ဟီရိုရှီးမား ဗုံးဝင်စား

ဆူနာမီ နဂါး

ငတ်-မွဲ-ကန်း ပိပြား

ကင်ပေတိုင်ဆိုး ခေတ်ထွန်းကား

ဘိရုမာ ခြောက်ခြား

ဘ၀တူတွေပဲ

အာဏာငရဲ လှိုင်းငရဲ

ဒို့ စာနာ ကြေကွဲ။

ဒီကနေ့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ငလျင်ဒဏ်နှင့် ဆူနာမီရေလှိုင်းဒဏ်သင့် ဂျပန်ပြည်သူများအတွက် ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ် ကဗျာရွတ်ပွဲ သတင်းဓာတ်ပုံတွေပါ..။ အမေစုရဲ့ ဂျပန်ပြည်သူတွေအတွက် စာကိုတော့ ပြန်လည် ရေးသား တင်ပြလိုက်ပါတယ်..။ ဘဘဦးဝင်းတင် ကဗျာကို ပေးပို့လာသူ ညီငယ်နဲ့ ဓာတ်ပုံများအတွက် ညီမငယ်အား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ
Source: DEMO WAIYAN

မြန်မာအတွက် အထူးကိုယ်စားလှယ် အမေရိကန် ခန့်မည်

Monday, April 4, 2011 12:40 PM | Posted by Anonymous
(Mr. Derek J.Mitchell )
မြန်မာအတွက် အထူးကိုယ်စားလှယ် အမေရိကန် ခန့်မည်အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမေရိ ကန် နိုင်ငံ အာရှနှင့် ပစိဖိတ်ရေး ဆိုင်ရာ ဒု လက်ထောက် ကာကွယ်ရေးဝန်ကြီး Mr. Derek J.Mitchell ကို ခန့်ထား မည်ဖြစ်ကြောင်း သိရသည်။

No Easy Road စာအုပ်ရေးသားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသီဟရာဇာနှင့် အင်တာဗျူး

No Easy Road

(နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ အတွေ့အကြုံတွေကို No Easy Road ဆိုပြီး စာအုပ်ရေးသားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသီဟရာဇာကို ဧရာဝတီ အဖွဲ့သားတွေ တွေ့ဆုံမေးမြန်း ရိုက်ကူးခဲ့တဲ့အထဲက စိတ်ဝင်စားဖွယ်ရာ ပြန်လည်ပြောပြချက် တချို့ကို ဒီနေရာမှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။)

ကျနော် ပထမဦးဆုံး အဖမ်းခံရတာ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့။ စက်တာဘာ ၅ ရက်နေ့မှာ ၇၅ ကျပ်တန်တွေ သိမ်းတယ်ဆိုပြီးတော့ မဆလ က ကြေညာတယ်။ ကျနော်တို့ စက်တင်ဘာ ၆ ရက်မှာ ကန့်ကွက်စာတွေတင်တယ်။ ကျောင်းသား ၂၁ ယောက်လက်မှတ်ထိုးတယ်။ အထူးသဖြင့် RIT က များတယ်၊ စက်မှုကျောင်းသားတွေပေါ့။

၇ ရက်နေ့မှာ ကျနော်တို့ အဖမ်းခံရတယ်။ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်။ အဲဒီကနေပြီးတော့ ၁၉၈၈ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြန်လွတ်တယ်။ မတ်လမှာ ဖုန်းမော် ကျဆုံးသွားတယ်။ ၁၆ ရက်နေ့ တံတားနီ အရေးတော်ပုံဖြစ်တယ်။ ၁၇ ရက်နေ့မှာ ကျနော် ထပ်အဖမ်းခံရတယ်။ ရာဇူးထဲမှာပဲ၊ ပင်မ တက္ကသိုလ်ထဲမှာ အဖမ်းခံရတယ်။


အဲဒီကနေ တခါ ဆဲဗင်း ဇူလိုင်မှာ ပြန်လွတ်တယ်။ ပြန်လွတ်ပြီးတော့ ကျနော်တို့ ထောင်ကျခဲ့တဲ့လူတွေ အကုန်လုံးက ရွှေတိဂုံဘုရားမှာ တွေ့ကြပြီးတော့ ရှေ့ဆက်ပြီး နိုင်ငံရေးလုပ်တော့မယ်ပေါ့။ ဒီမဆလ အစိုးရပြုတ်အောင် ချကြမယ်ပေါ့။ ၈၈ ကြီးဖြစ်လာတယ်။

အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းတာက ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့။ နဝတ ပေါ့၊ သူတို့ကိုယ်သူတို့ နာမည်ပေးပြီးမှာ သိမ်းတယ်။ အဲတုန်းက ဗိုလ်ချုပ်မှူးကြီးစောမောင်။ သူတို့အာဏာသိမ်းပြီးတော့ ကျနော်တို့ ဒီဘက်ထွက် ပြေးတယ်။ ထွက်ပြေးတော့ ကျနော် ဘန်ကောက်ရောက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် မိသားစုနဲ့အတူ နေတယ်။

နောက် နယ်စပ်ဘက်ပြန်လာပြီးတော့ ABSDF ရဲ့ ကျောင်းသား တပ်မတော် ထူထောင်တော့ ကျနော် အဖွဲ့ဝင်ဖြစ်လာတယ်။ အဲဒီကနေ ကျနော် အထူးသင်တန်းတွေ တက်တယ်။ ပြည်တွင်းကို ဝင်လိုက်ထွက်လိုက်နဲ့။ ABSDF တာဝန်နဲ့ ကျနော်သွားနေတာ လျှို့ဝှက် စာရွက်စာတန်းတွေ သယ်သွားတယ်။ ဆိုတော့ ဟိုကနေ ပြန်ပြီးယူလာတာတွေ ရှိတယ်။ အဲဒီလိုနဲ့ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကျနော်ကို ဖမ်းမိသွားတယ်။ ကျနော့်ဆီမှာ သေနတ်ပါတယ်။ လက်ပစ်ဗုံး တလုံးလည်း ရှိတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖမ်းပြီးတော့ စစ်ကြောရေးမှာ တောက်လျှောက်နေလိုက်တာ မတ်လ ၇ ရက်နေ့မှာ ကျနော့်ကို တရားရုံး ခုံရုံး တင်လိုက်တယ်။ သေဒဏ်ချလိုက်တယ်။ အဲဒီအချိန်မှာ သီရိလင်္ကာက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒေါက်တာ ဝါပိုလာ ရာဟုလာ၊ တောင်အဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၊ အဲဒီ ဘာသာရေးခေါင်းဆောင်တွေ၊ တခြားအဖွဲ့အစည်းတွေ အကုန်လုံးက ကွပ်မျက် ခြင်းမပြုဖို့ နအဖကို မေတ္တာရပ်ခံကြတယ်။

အဲဒီလိုနေရင်းနဲ့ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်။ နအဖရဲ့ အမျိုးသား ညီလာခံ စတော့မယ်။ အဲဒီအထိမ်းအမှတ်နဲ့ ပေးလိုက်တော့ ကျနော် သေဒဏ်ကနေ အနှစ် ၂၀ ပြောင်းသွားတယ်။ ကျနော် ကုလသမဂ္ဂနဲ့ တခြားမီဒီယာတွေကို စာထုတ်တာကို မိသွားတဲ့ အတွက် ၁၉၉၄ ခုနှစ်မှာ ကျနော့်ကို စစ်ခွေးတိုက်ထဲ ထည့်လိုက်တယ်။ ပြစ်ဒဏ်တိုက်ထဲ။ အဲဒီကနေ ကြိုးတိုက်ထဲ ပြန်ထည့်။

ကြိုးတိုက်ကနေ ထောင်ပြောင်းတယ်။ ထောင်ပြောင်းတော့ ကျနော် တောင်ငူထောင်ကို ရောက်သွားတယ်။ ၁၉၉၄ ခုနှစ်။ ၁၉၉၇ ရောက်လာတော့ နဝတ ကနေ နအဖ နာမည်ပြောင်းတယ်။ ဒီဇင်ဘာ ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးတယ်။

ကျနော်ကိုလည်း ထောင်အာဏာပိုင်တွေက တရားဝင် အသိလာပေးတယ်။ ကျနော် အနှစ် ၂၀ ကနေ ၁၀ နှစ် ဖြစ်သွားတယ်။ ၂ လ အကြာ၊ ဖေဖော်ဝါရီလ၊ အဲဒီမှာ ကျနော်နဲ့အတူ သေဒဏ်ကျခဲ့တဲ့ တခြားအမှုတွေလည်းပါတယ်။ ရာဇဝတ်မှုတွေလည်း အကုန်လုံးလွတ်သွားကြတယ်။

ကျနော်အလှည့်ရောက်လာတော့ ဗဟိုထောက်လှမ်းရေးအမိန့်နဲ့ ၁၀ ကနေ အနှစ် ၂၀ ပြန်ချတယ်လို့ တရားမဝင် ပြောတယ်။ တရားမဝင် ကြေညာတယ်။ ဟိုဘက်မှာ ခံစားခွင့် ရှိတယ်။ ဒီဘက်မှာ တရားမဝင် တိတ်တိတ်ကလေး ထောင်ထပ်ချတယ်။ နှစ်ပြန်တိုးတယ်။ အဲဒါ မကျေနပ်လို့ ကျနော် အစာငတ်ခံ ဆန္ဒပြတယ်။ ၈ ရက်ကြာတယ်။

အဲဒီ အကြောင်းကြောင့် ကျနော့်ကို တောင်ငူထောင်ကနေ ကလေးထောင်ကို ပို့လိုက်တယ်။ ကြားမှာ မန္တလေးမှာ ၃ ည အိပ်ရတာတို့၊ မုံရွာထောင်မှာ ၁ ည အိပ်ရတာတို့ ရှိတာပေါ့လေ။ ကလေးထောင်မှာနေရင်းနဲ့ ငှက်ဖျားကလည်း တော်တော်ဆိုးတယ်ဗျ၊ ဝန်ထမ်းတွေပါသေတာ။

၂၀၀၂ ခုနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တယ်။ အဲဒီအချိန်မှာ ကျနော်ထောင်ထဲမှာ။ အဲဒီကာလမှာ ICRC ကို ဝင်ထွက်ခွင့်ပြုနေတယ်။ ကျနော်တို့နဲ့ တွေ့ခွင့်ပေးပြီးတော့ သူတို့ Register လုပ်တယ်။ ကျနော်တို့ အဲဒီကာလမှာတောင်မှ ထောင်အာဏာပိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကြားမှာ ပြဿနာတွေ အများကြီး ရှိတယ်။ နောက်ဆုံး ကျနော်တို့ မခံနိုင်တော့ အစာငတ်ခံ ဆန္ဒပြတယ်။ အခု ဒီဘက်ရောက်နေတဲ့ NLD-LD ကိုမြင့်ထွန်း ပါတယ်။ အတူတူ အစာငတ်ခံ ဆန္ဒပြတာ ၂၁ ရက်ကြာတယ်။ တော်တော်လေးကို ခံကြရတာပေါ့။

အဲဒီအကြောင်းကြောင့် ကျနော်ကို ထောင်ထပ်ပြောင်းတယ်။ ဒီတခါပြောင်းတော့ အဖော်မပါတော့ဘူး။ ဘယ်နိုင်ငံရေးအကျဉ်းသားမှ မရှိတဲ့ထောင်၊ အိန္ဒိယနယ်စပ်ကနေ ထိုင်းနယ်စပ်ပို့လိုက်တယ်။ မိုင်းဆတ်ထောင်ကို ပို့လိုက်တယ်။ ကျနော့်တယောက်တည်း။

မိုင်းဆတ်ထောင် မရောက်ခင် တောင်ကြီးထောင်မှာ ၂၅ ရက် ထားပြီးတော့ Special Torture ပေးတယ်။ ညဉ်းပန်းနှိပ်စက်မှု။ အဲဒီအချိန်မှာ အခု ချင်းမိုင် မှာရှိနေတဲ့ ကိုအောင်လတ်တို့ ဘာတို့ တောင်ကြီးထောင်မှာရှိတယ်။ သူတို့ကို အကုန်တွေ့တယ်။ သူတို့ witness ပဲ။ ICRC ဝင်ထွက်နေတဲ့ အချိန်မှာတောင် နှိပ်စက်မှုတွေ လုပ်တယ်။ အိပ်စရာမရှိဘူး။ စားစရာမရှိဘူး။ အဲလိုဘာတခုမှ မပေးတဲ့အပြင် ကျနော်ထောင်ပြောင်းတော့ ကျနော့်ထောင်ဝင်စာ မရှိဘူး။

မိသားစုကို ကျနော်သေပြီးလို့ ကျနော်ကို သပိတ်သွတ်ပြီးပြီ၊ အဲဒီအတွက် ထောင်ဝင်စာ မရှိတော့ဘူးဆိုပြီး ကျနော့် မိသားစုလာတော့ လိမ်ပြောတယ်ဗျာ။ ဒီလူမရှိတော့ဘူး၊ သီဟ ဒီထောင်မှာ မရှိတော့ဘူး၊ ကြိုက်တဲ့နေရာမှာ သွားရှာဆိုပြီး မိသားစုက တခြားနေရာမှာသွားရှာ၊ နောက်ဆုံး သေပြီလို့ ဆုံးဖြတ်ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာအရ ကျနော်ကို ဈပန ဘာညာ လုပ်ပြီးပြီ။

အဲဒီကနေပြီးတော့ ကျနော် ၂၅ ရက် Torture ပေးပြီးတော့ တောင်ကြီးကနေ မိုင်းဆတ်ကို ပြောင်းတယ်။ အဲဒီရက်ကို ကျနော်မှတ်မိတယ်။ ၂၀၀၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ကျနော်ကို မိုင်းဆတ်ထောင်ကို ရောက်တယ်။ အဲဒီမှာ ဘာမှမလုပ်တော့ဘူး၊ အဖော်လည်း မရှိတော့ဘူး။ တိုက်ခန်း ၄ ခန်းနဲ့ သီးသန့်တလုံးရှိတယ်။ ဘယ်သူနဲ့မှ ဆက်သွယ်ပြောဆိုလို့ မရတော့ဘူး။ ကျနော်တယောက်တည်းပဲ။ အဲ ၄ ခန်း စလုံး ကြိုက်တဲ့ အခန်းနေလို့ရတယ်။ အဲဒီမှာ ကျနော် ၂၀၀၂ ကနေ ၂၀၀၈ လွတ်တဲ့အထိ ကျနော် နေခဲ့ရတယ်။

ကျနော့်နဲ့ အမှုတွဲမှာ ၁ တရားခံ ကျနော် အရင်ဆုံးလွတ်ပြီး ကျန်တဲ့လူတွေက မလွတ်တဲ့လူတွေရှိသေးတယ်။ ဖြစ်ပုံက ခင်ညွန့် ထောက်လှမ်းရေးတွေ ထောင်ကျ၊ ပြုတ်ပြီးဖြစ်တဲ့အချိန်၊ နောက်တက်လာတဲ့လူတွေက မသိတော့ဘူးတဲ့။ ဘာကြောင့်မို့လဲဆို အရေးကြီးတဲ့ ဖိုင်တွေ အကုန်လုံးကို အရင်ထောက်လှမ်းရေးတွေ ဖျက်ဆီးသွားလို့တဲ့။ ပြောမယ်ဆိုရင် နအဖအနေနဲ့ ကျနော်က မလွှတ်သင့်တဲ့လူ။ ဒါပေမယ့် ကျနော့်ကို လွှတ်လိုက်တယ်။

စက်တင်ဘာ ၂၃ ရက်နေ့ ၂၀၀၈ ခုနှစ်မှာ ကျနော့်ကို လာပြောတယ်၊ ကျနော့်ကို လွှတ်ပြီဆိုတဲ့အကြောင်း။ ကျနော် ပထမတော့ မယုံဘူးလေ။ ဒါပေမယ့် နောက်ဆုံးတော့ တကယ်ဖြစ်နေတယ်။ ဒါပေမယ့် ကျနော် ရန်ကုန်ပြန်စရာ မရှိဘူး။ လေယာဉ်မရှိဘူး။ အင်္ဂါနေ့ဖြစ်နေတယ်။

နောက်ဆုံး ကြာသပတေး ရောက်လာ၊ လေယာဉ် Cancel ဖြစ်တယ်ဆိုတော့ ကျနော်က မနေနိုင်တော့ဘူး။ သောကြာနေ့ မနက်မှာ မိုင်းဆတ်ကနေ တာချီလိတ်ကို ပို့တယ်။ ရန်ကုန် Airway နဲ့ ကျနော့်ကို ပို့လိုက်တယ်။ ရန်ကုန်ရောက်တဲ့အခါမှာ နောက်ရက်မှာ စနေနေ့ပေါ့။
သောကြာနေ့မှာ ကျနော် ရန်ကုန်ရောက်တယ်။ ကျနော့် သမီးလေးကို ကျနော်မမြင်ဖူးဘူး။ ၁၈ နှစ်ပြည့်တော့မှာ အဲဒီအချိန်မှာ။ သမီးက အောက်တိုဘာ ၁ ရက်နေ့မွေးတာ။ ကျနော် စက်တင်ဘာ ၂၃ လွှတ်တော့ သမီးမွေးနေ့ ကပ်နေပြီ။ ကျနော်ရောက်တော့ ကျနော့် အမျိုးသမီး ဆုံးသွားပြီဆိုတာ အဲဒီကျမှ ကျနော်သိရတယ်။

သမီးက ကျနော်နဲ့ အရမ်းစိမ်းတာဗျာ။ သမီးလေးက ကျနော် ဇနီးဘက်က မိသားစုနဲ့ အတူနေတယ်။ သမီးဆီက ပြန်လာတဲ့အခါကျတော့ အိမ်မှာ ထောက်လှမ်းရေးတွေ ရောက်နေပြီ။ အေးလွင်ဆိုတာ ၈၈ ကျောင်းသား။ နအဖ နဲ့ပေါင်းတယ်။ သူနဲ့ ပူးပေါင်းဖို့၊ ဆောင်းပါးတွေ ရေးဖို့၊ ကျနော်မှားတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် မှားယွင်းတဲ့အကြောင်း၊ နအဖ ကြင်နာတဲ့အကြောင်းတွေ ကျနော့်ကို ရေးခိုင်းတယ်။

အဲဒါဆို ကျနော့်ကို အခန်းတို့ဘာတို့ ကားတို့ဘာတို့ အကုန်ပေးမယ်။ စီးပွားရေးသာလုပ်၊ နိုင်ငံရေးမလုပ်နဲ့၊ လုပ်ရင်းလည်း သူတို့နဲ့ ပေါင်းလုပ်၊ လုပ်ပေးမယ်။ အဲဒါကို ၁၄ ရက်တိတိ ကျနော်အိမ်ကိုလာပြီး ၂ ပတ်လောက် ပြောတယ်။ ကျနော်က မလုပ်နိုင်ဘူးလို့ ငြင်းတဲ့အချိန်မှာ အဲဒါဆိုရင် ခင်ဗျားက နိုင်ငံရေးဆက်လုပ်မှာလား၊ တခြားလူနဲ့ ပေါင်းမှာလားလို့ မေးတယ်။ အဲဒါ ကျနော့်ကိုယ်ပိုင်အခွင့်အရေး၊ ကျနော်လုပ်ချင်လုပ်မယ် မလုပ်ချင်မလုပ်ဘူး။ ခင်ဗျားတို့ ဖမ်းချင်ဖမ်း၊ မဖမ်းရင်နေလို့ ပြောလိုက်တယ်။ ဒါနဲ့ သူတို့ နောက်နေ့မလာတော့ဘူး။

အဲဒီနောက် ကျနော် NLD ရုံးကို သွားတယ်။ NLD ရုံးက တာဝန်ရှိတဲ့လူနဲ့ သွားတွေ့တယ်။ အဲအချိန်မှာ မင်းကိုနိုင်အပါအဝင် ဌေးကြွယ်တို့ ထောင်မကျသေးဘူး၊ တရားရုံး ရင်ဆိုင်နေတဲ့အချိန်။ ကျနော်က လွတ်ခါစအချိန်၊ ဘာမှလုပ်လို့မရဘူး။ တချို့သူငယ်ချင်းတွေက ပြေးနေရတယ်၊ ပုန်းနေရတယ်။

အဲဒါ နောက်ဆုံး တနေ့ကျတော့ ကျနော့်ကို ကိုယ်ထိလက်ရောက် ရန်ရှာဖို့အထိ ဖြစ်လာတယ်။ ဖြစ်လာတော့ ကျနော်လည်း အဲဒါတွေ အကုန်လုံးကို ဘီဘီစီ၊ ဗီအိုအေ၊ RFA မီဒီယာတွေကို အကုန်ပြောတယ်။ ကျနော် တခုမှ မချန်ထားဘူး။ ဒီလို ကျနော်ဖြစ်နေတာဆိုတာကို ပြောပြတယ်။ အခြေအနေက ပိုဆိုးတယ်။ နောက်ဆုံးမှာ သူငယ်ချင်းတွေရော၊ ပါတီက တာဝန်ရှိတဲ့လူတွေကရော လစ်တော့၊ ထွက်ပြေးတော့၊ မဟုတ်ရင် ဒုက္ခရောက်တော့မယ်ဆိုပြီး နောက်ဆုံးမှာ ထိုင်းရောက်တယ်။

ထိုင်းရောက်တော့ UNHCR ရှိတယ်ဆိုလို့ သွားတယ်။ မထူးခြား၊ မထူးခြား။ ကျနော့်ကို အတွေ့တောင်မခံဘူး။ ၁၆ ကြိမ်မြောက်မှာ ကျနော်တွေ့ခွင့်ရတယ်။ ၂ နာရီလောက် နားထောင်တယ်။ သူတို့ ဘာမှ လုပ်မပေးနိုင်တဲ့အကြောင်းနဲ့ စောင့်ပါ၊ ကျနော် ဘယ်သူဘယ်ဝါဆိုတာ သိပါတယ်၊ စောင့်ပါဆိုပြီး ဒီကနေ့အထိ စောင့်လိုက်တာ ဘာမှမထူးခြားဘူး။

ကျနော် Identity ပျောက်နေတယ်။ Stateless ဖြစ်နေတယ်။ နိုင်ငံမဲ့နေပြီ။ ကျနော် နိုင်ငံရေးဆက်လုပ်မယ်။ အဲဒါပါပဲ။ ကျနော့်ဇာတ်လမ်းပါပဲ။

၂၁ ရာစုခေတ်ကြီးထဲမှာ မြန်မာပြည်ကထောင်က အရက်စက် အယုတ်မာဆုံးနဲ့၊ အကောက်ကျစ်ဆုံး အထူးသဖြင့် နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တဲ့နေရာ၊ အသေသတ်တဲ့နေရာတခုပါပဲ။

Source: Irrawaddy

ines-International-Nuclear-and-Radiological-Event-Scale

Sunday, April 3, 2011 10:02 AM | Posted by Anonymous

Japan Radiation Could Stay Awhile

10:02 AM | Posted by Anonymous
Japan Radiation Could Stay Awhile

ခေတ်သစ် လူမိုက်များစာရင်း

5:54 AM | Posted by Anonymous
ဧပြီလ (၁) ရက်နေ့ ကနေ စတင်ပြီး “April Fool Day” မှာ မြန်မာပြည်ကို အရူးတွေ နောက်ပုံစံတစ်မျိုးနဲ့  ဆက်ပြီး ဒုက္ခပေးပါဦးမယ်။

ပြည်ထောင်စုအစိုးရအဖွဲ့  ။


နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်

ဒုတိယသမ္မတများ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း။

ပြည်ထောင်စုဝန်ကြီးများ။

ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး)၊ ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန)၊ ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)၊ ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)၊ ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီးဌာန)၊ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန)၊ ဦးကျော်စွာခိုင် (အမှတ်(၁)စက်မှုဝန်ကြီးဌာန)၊ ဦးစိုးသိန်း၊ (အမှတ်(၂)စက်မှုဝန်ကြီးဌာန)၊ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး)၊ ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊ ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)၊ သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)၊ ဦးခင်ရီ၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊၊ ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ဦးသိန်းညွန့် (သမ္မတရုံးဝန်ကြီးဌာန)၊၊ ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန)။

ပြည်ထောင်စုဒုဝန်ကြီး။

(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊

(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊

(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊

(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊

(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊

(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊

(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)၊

(၈ ) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊

(၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊

(၁ဝ ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)၊

(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊

(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊

(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)၊

(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊

(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)၊

(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)၊

(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)၊

(၁၈ ) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)၊

(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂ဝ ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)၊

(၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)၊

(၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)၊

(၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂၄) ဦးသန့်ရှင်း (ဒုတိယြုန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊

(၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)၊

(၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊

(၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊

(၂၈ ) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊

(၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊

(၃ဝ ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊

(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊

(၃၂) ဒေါ် သန္တာခင် (ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)၊

(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)၊

(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)၊

(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)၊

(၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)၊

(၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊

(၃၈ ) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊

(၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)။

လူသတ်အဖွဲ့  နအဖ (နွားအဖွဲ့ ) ကနေ အခု ပြောင်းလိုက်တာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ (ပထစ) တစ်မျိုးပြောရရင်တော့ ပိုးထိုး (လောက်) စားအဖွဲ့ ဘဲ ဖြစ်ပါတော့တယ်။

ကိုနစ်နေမန်း ဘလော့ခ်မှကူးယူပြီး ပြန်လည်တင်ပြပါသည်။

2011 India ThanGyatt

5:17 AM , | Posted by Anonymous
ဒီမိုကရေစီအင်အားစုတွေစီစဉ်တဲ့ ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်

နွေဦးရဲ့ဂီတသံ ဥသြတွန်ကျူး လတန်ခူးရောက်တိုင်း ကြားနေကြ သံချပ်သံကို နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက မိဘပြည်သူတွေရင်ထဲရောက်အောင် ရင်ဖွင့်ဟစ်ကြွေးလိုက်ပါပြီ။

Thangyatt_Complete

ဧရာဝတီမဂ္ဂဇင်း

Friday, April 1, 2011 7:00 PM | Posted by Anonymous
irrawaddy-emag

ဒု ကာကွယ်ရေးဦးစီးချုပ်သစ် အဖြစ် ဗိုလ်ချုပ်စိုးဝင်းကို ရွေးချယ်

Monday, March 28, 2011 2:03 PM | Posted by Anonymous

ဒု ကာကွယ်ရေးဦးစီးချုပ်သစ် အဖြစ် ဗိုလ်ချုပ်စိုးဝင်းကို ရွေးချယ်

2011-03-28

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာခင် ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ် စိုးဝင်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် စစ်ရုံးချုပ်နဲ့ နီးစပ်သူတွေက RFA ကို မတ်လ ၂၇ ရက် မနေ့က ပြောကြားပါတယ်။

(Photo: AFP)

နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူထားတဲ့ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှဲအပ်ဖို့ လျာထားတဲ့သတင်းကို RFA ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

အခု ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူလာခဲ့တဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို လျာထားခံရတဲ့ ဗိုလ်ချုပ် စိုးဝင်းဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ဆင်း ဖြစ်ပါတယ်။

သူဟာ လက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့ (၆) အဖွဲ့မှူး တာဝန်ယူထားသူဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူလာခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူးသစ်အတွက် ဗိုလ်ချုပ် စိုးဝင်းနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် လှဌေးဝင်းတို့ နှစ်ဦးထဲက တဦးကို ရွေးချယ် ပေးအပ်ဖို့ မူလကတည်းက ရည်ရွယ်ထားတာ ဖြစ်တယ်လို့ မြန်မာ့စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော က ပြောပါတယ်။

“သူ့နာမယ်တော့ စောစောတုန်းက အစောဆုံး ထွက်လာတာ သူ့နာမယ်ပဲ ဒု-ချုပ်အနေနဲ့။ နောက် ကိုမင်းအောင်လှိုင် တပ်ချုပ် ဖြစ်တယ်ဆိုတာ ထွက်လာတယ်။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို မရွေးချယ်ပဲ သူ့ထက် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် နောက်ကျတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လျာထားလိုက်တဲ့အတွက် မကျေလည်မှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ မကြာခင်က သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

လောလောဆယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ကို တရားဝင် အာဏာလွှဲပြောင်းမဲ့ နေ့ရက်ကို အခါပေးဆရာတွေနဲ့ တိုင်ပင်ပြီး ချီတုံချတုံ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်က နောက်ဆုံးရရှိတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အာဏာလွှဲပြောင်းပွဲကို ဧပြီလ ၁ ရက်နေ့ မတိုင်ခင် အခု ရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Sources: RFA ; http://www.rfa.org/burmese/news/general_soe_win_assigned_at_key_post-03282011132922.html