ines-International-Nuclear-and-Radiological-Event-Scale
ခေတ်သစ် လူမိုက်များစာရင်း
ပြည်ထောင်စုအစိုးရအဖွဲ့  ။
နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်
ဒုတိယသမ္မတများ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်း။
ပြည်ထောင်စုဝန်ကြီးများ။
ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး)၊ ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ၀ဏ္ဏကျော်ထင်ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန)၊ ဦးခင်မောင်မြင့် (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)၊ ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)၊ ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီးဌာန)၊ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန)၊ ဦးကျော်စွာခိုင် (အမှတ်(၁)စက်မှုဝန်ကြီးဌာန)၊ ဦးစိုးသိန်း၊ (အမှတ်(၂)စက်မှုဝန်ကြီးဌာန)၊ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး)၊ ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)၊ ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)၊ ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)၊ သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)၊ ဦးခင်ရီ၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊၊ ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)၊ ဦးသိန်းညွန့် (သမ္မတရုံးဝန်ကြီးဌာန)၊၊ ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန)။
ပြည်ထောင်စုဒုဝန်ကြီး။
(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊
(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)၊
(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊
(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)၊
(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊
(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)၊
(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)၊
(၈ ) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊
(၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)၊
(၁ဝ ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)၊
(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊
(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊
(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)၊
(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊
(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)၊
(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)၊
(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)၊
(၁၈ ) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)၊
(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)၊
(၂ဝ ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)၊
(၂၁) ဦးသိန်းအောင် (ဒုတိယဝန်ကြီး အမှတ်(၁) စက်မှု ဝန်ကြီးဌာန)၊
(၂၂) ဦးမျိုးအောင် (ဒုတိယဝန်ကြီး အမှတ်(၂) ဝန်ကြီးဌာန)၊
(၂၃) သူရဦးသောင်းလွင် (ဒုတိယဝန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊
(၂၄) ဦးသန့်ရှင်း (ဒုတိယြုန်ကြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)၊
(၂၅) ဦးစိုးအောင် (ဒုတိယဝန်ကြီး စွမ်းအင် ဝန်ကြီးဌာန)၊
(၂၆) ဦးမြင့်ဇော် (ဒုတိယဝန်ကြီး အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊
(၂၇) ဦးအောင်သန်းဦး (ဒုတိယဝန်ကြီး အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန)၊
(၂၈ ) ဦးအေးကြူ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊
(၂၉) ဦးဘရွှေ (ဒုတိယဝန်ကြီး ပညာရေး ဝန်ကြီးဌာန)၊
(၃ဝ ) ဒေါက်တာ ဒေါ်မြမြအုန်းခင် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊
(၃၁) ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး ကျန်းမာရေး ဝန်ကြီးဌာန)၊
(၃၂) ဒေါ် သန္တာခင် (ဒုတိယဝန်ကြီး ယဉ်ကျေးမှု ဝန်ကြီးဌာန)၊
(၃၃) ဒေါက်တာ မောင်မောင်ဌေး (ဒုတိယဝန်ကြီး သာသနာရေး ဝန်ကြီးဌာန)၊
(၃၄) ဒေါက်တာကိုကိုဦး (ဒုတိယဝန်ကြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန)၊
(၃၅) ဦးကျော်ကျော်ဝင်း (ဒုတိယဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ဝန်ကြီးဌာန)၊
(၃၆) ဦးအေးမြင့်ကြူ (ဒုတိယဝန်ကြီး အားကစား ဝန်ကြီးဌာန)၊
(၃၇) ဦးဟန်စိန် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊
(၃၈ ) ဦးချန်မောင် (ဒုတိယဝန်ကြီး မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊
(၃၉) ဦးခင်မောင်အေး (ဒုတိယဝန်ကြီး မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)။
လူသတ်အဖွဲ့  နအဖ (နွားအဖွဲ့ ) ကနေ အခု ပြောင်းလိုက်တာကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ (ပထစ) တစ်မျိုးပြောရရင်တော့ ပိုးထိုး (လောက်) စားအဖွဲ့ ဘဲ ဖြစ်ပါတော့တယ်။
ကိုနစ်နေမန်း ဘလော့ခ်မှကူးယူပြီး ပြန်လည်တင်ပြပါသည်။
2011 India ThanGyatt
နွေဦးရဲ့ဂီတသံ ဥသြတွန်ကျူး လတန်ခူးရောက်တိုင်း ကြားနေကြ သံချပ်သံကို နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက မိဘပြည်သူတွေရင်ထဲရောက်အောင် ရင်ဖွင့်ဟစ်ကြွေးလိုက်ပါပြီ။
Thangyatt_Complete
ဒု ကာကွယ်ရေးဦးစီးချုပ်သစ် အဖြစ် ဗိုလ်ချုပ်စိုးဝင်းကို ရွေးချယ်
ဒု ကာကွယ်ရေးဦးစီးချုပ်သစ် အဖြစ် ဗိုလ်ချုပ်စိုးဝင်းကို ရွေးချယ်
2011-03-28
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြာခင် ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်အတွက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ် စိုးဝင်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် စစ်ရုံးချုပ်နဲ့ နီးစပ်သူတွေက RFA ကို မတ်လ ၂၇ ရက် မနေ့က ပြောကြားပါတယ်။
(Photo: AFP)
နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားတခုတွင် တက်ရောက်သော ဗိုလ်ချုပ်ကြီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူထားတဲ့ ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှဲအပ်ဖို့ လျာထားတဲ့သတင်းကို RFA ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
အခု ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူလာခဲ့တဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို လျာထားခံရတဲ့ ဗိုလ်ချုပ် စိုးဝင်းဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ဆင်း ဖြစ်ပါတယ်။
သူဟာ လက်ရှိ အထူးစစ်ဆင်ရေးအဖွဲ့ (၆) အဖွဲ့မှူး တာဝန်ယူထားသူဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်အထိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူလာခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူးသစ်အတွက် ဗိုလ်ချုပ် စိုးဝင်းနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် လှဌေးဝင်းတို့ နှစ်ဦးထဲက တဦးကို ရွေးချယ် ပေးအပ်ဖို့ မူလကတည်းက ရည်ရွယ်ထားတာ ဖြစ်တယ်လို့ မြန်မာ့စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော က ပြောပါတယ်။
“သူ့နာမယ်တော့ စောစောတုန်းက အစောဆုံး ထွက်လာတာ သူ့နာမယ်ပဲ ဒု-ချုပ်အနေနဲ့။ နောက် ကိုမင်းအောင်လှိုင် တပ်ချုပ် ဖြစ်တယ်ဆိုတာ ထွက်လာတယ်။”
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို မရွေးချယ်ပဲ သူ့ထက် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် နောက်ကျတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လျာထားလိုက်တဲ့အတွက် မကျေလည်မှုတွေ ပေါ်ပေါက်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ မကြာခင်က သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
လောလောဆယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ကို တရားဝင် အာဏာလွှဲပြောင်းမဲ့ နေ့ရက်ကို အခါပေးဆရာတွေနဲ့ တိုင်ပင်ပြီး ချီတုံချတုံ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်က နောက်ဆုံးရရှိတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အာဏာလွှဲပြောင်းပွဲကို ဧပြီလ ၁ ရက်နေ့ မတိုင်ခင် အခု ရက်ပိုင်းအတွင်း ကျင်းပမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Sources: RFA ; http://www.rfa.org/burmese/news/general_soe_win_assigned_at_key_post-03282011132922.html
တာလေမြို့ ငလျှင်လှုပ်ပြီး အခြေနေများ
အိဂျစ်တော်လှန်ရေးသမား လုပ်နည်းကိုင်နည်း
ဒီမိုး၊ ဒီလေ၊ ဒီဌာနနဲ့ ...

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် (ဓာတ်ပုံ - Myanmar Climate Chang Watch)
ဧရာဝတီ Thursday, 24 March 2011 15:17 အင်တာဗျူး
ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့်အတူ မြန်မာ့ရာသီ ဥတုသည်လည်း ယခုနှစ်ပိုင်းများအတွင်း ဖောက်ပြန်မှုများစွာ ရှိလာသည်။ ရာသီဥတုများ ဖောက်ပြန်လာမှုကြောင့် မြန်မာနိုင်ငံသားများအား ရာသီဥတုဖြစ်စဉ်များကို အချိန်မီလျင်မြန်စွာ အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်ရေးအတွက် မိုးလေ၀သနှင့်ဇလဗေဒ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမို အခရာ ကျလာတော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ (မိုး/ ဇလ) ဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ်မေးမြန်းထားသည်။
ဒေါက်တာထွန်းလွင်သည် ၁၉၆၅ ခုနှစ်မှ စတင်ကာ မိုးလေ၀သဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၀န်ထမ်းဘ၀တွင် အစိုးရ ပညာတော်သင်ဆုဖြင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (မိုးလေ၀သ) ကို ရရှိခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် (အကြံပေးအရာရှိ) ရာထူးမှ အငြိမ်းစားယူခဲ့ပြီးနောက် ထိုင်းနိုင်ငံ AIT တွင်ဖွင့်လှစ်ထားသော RIMES (Regional Integrated Multi-hazard Early Warning System) ၏ နည်းပညာအကြံပေး အဖြစ်လည်းကောင်း၊ Consultant အဖြစ် MRCS, CARE Myanmar, Action Aid Myanmar, Eco Dev, NAG တို့တွင်လည်းကောင်း၊ Resource Person အဖြစ် ICHARM (Japan), EGRESS, World Vision Myanmar, Global Green အပါအ၀င် တခြားသော NGOs၊ INGOs များတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆုံးရှုံးနစ်နာနိုင်မှု လျော့ပါးရေး လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ကာ Myanmar Climate Change Watch အမည်ရှိ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ကို လွှင့်တင်၍ မိုးလေ၀သနှင့် သက်ဆိုင်သော သတင်းများ၊ ဆောင်းပါးများကို ရေးသားလျက်ရှိသည်။
မေး ။ ။ ၀န်ထမ်းဘ၀တုန်းက မိုး/ဇလ သတင်းတွေ တင်ပြရတာနဲ့ အခု ကိုယ်ပိုင်ဝဘ်ဆိုက်မှာ ရေးသားတင်ပြရတာ ဘယ်လို ကွာခြားသွားတယ်လို့ ခံစားရပါသလဲ။
ဖြေ ။ ။ အများကြီးကွာသွားတာပေါ့ဗျာ။ အရင်က ၀န်ထမ်းဆိုတော့ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေ လိုက်နာရတာပေါ့။ ကိုယ့်အထက်မှာ ရှိတာပေါ့။ ကိုယ့်အထက်ကလူရဲ့ ခွင့်ပြုမှုတို့၊ အတည်ပြုမှုတို့ လိုတာပေါ့။ ဒါတွေကို အလုပ်သဘောအရ မလုပ်မနေ လုပ်ရတာပေါ့။ အခုကျတော့ တယောက်တည်း လုပ်လို့ရပြီး အပေါ်မှာလည်း တင်ပြစရာမရှိတော့ လွတ်လပ် သွားတာပေါ့။ အဓိက ကွာခြားတာကတော့ လွတ်လပ်မှုပါပဲ။
မေး ။ ။ အငြိမ်းစားဘ၀မှာ မိုးလေ၀သ ခန့်မှန်းချက်တွေ ဆက်ထုတ်ပေးနေနိုင်အောင် ဘယ်လို အကိုးအကားတွေ၊ ကိရိယာတွေကို ကိုင်တွယ် သုံးစွဲနေပါသလဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော့်ရဲ့ အတွေ့အကြုံရယ်၊ မိုးလေ၀သနဲ့ ပတ်သက်တဲ့ ပညာတွေ ရရှိအောင် သင်ပေးလိုက်တဲ့ ဖလော်ရီဒါ တက္ကသိုလ်က ဆရာတွေရဲ့ သင်ကြားမှုတွေရယ်ကို ပြန်လည် အသုံးပြုနေရတာပါပဲ။ အခု ကျနော် လက်ရှိလုပ်နေတဲ့ ၀က်ဘ်ဆိုက် ခန့်မှန်းချက်တွေအတွက် သုံးနေရတဲ့ ကိရိယာကတော့ အင်တာနက်ပါပဲဗျ။ အင်တာနက်မှာ ဖော်ပြထားတဲ့ သတင်း အရင်းအမြစ်တွေ (source of information) ကို အခြေခံပြီးတော့ ကျနော် တတ်ကျွမ်းထားတဲ့ ပညာနဲ့ မြန်မာနိုင်ငံမှာတော့ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ခန့်မှန်းရတာပေါ့။
မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာ ရေးထားတဲ့ မိုးလေ၀သဆိုင်ရာ ဆောင်းပါးထဲမှာ မိုးတိမ်တောင်၊ လေဆင်နှာမောင်းနဲ့ စိုက်ဆင်း လေပြင်းဖြစ်စဉ်တွေကို ကမ္ဘာမှာ လက်ရှိတိုင်းတာ နေသလို စကေးအသေးစိတ် တိုင်းတာနိုင်ဖို့အတွက် ရေဒါ တိုင်းတာချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါတွေကို မြန်မာပြည်မှာ တပ်ဆင်နိုင်ဖို့ ၁၉၉၇ ခုနှစ်ကတည်းက ကြိုးပမ်းနေခဲ့တာ အခုထိပဲလို့ ရေးထားတာ တွေ့ရပါတယ်။ ဘယ်လိုအခက်အခဲတွေကြောင့် အခုထိ အသုံးမပြုနိုင်သေးတာလဲ သိချင်ပါတယ်။
ဖြေ ။ ။ အဓိကကတော့ နှစ်ပိုင်းပေါ့။ တပိုင်းကတော့ အထောက်အကူပြု ကိရိယာ အားနည်းတဲ့အပိုင်းပေါ့။ ဥပမာ ဆိုကြပါစို့။ လူတွေက လေဆင်နှာမောင်း ခန့်မှန်းလို့ရလား၊ မိုးတိမ်တောင်ကို မပြောနိုင်ဘူးလားဆိုပြီး မေးလာရင် နည်းပညာပိုင်း အရတော့ ပညာရှင်တွေက ပြောနိုင်တာပေါ့ဗျာ။ ဒါပေမယ့် ဒါတွေနဲ့ပတ်သက်ပြီး ဘယ်အချိန်လောက်မှာ အင်အား ဘယ်လောက်နဲ့ ၀င်လာနိုင်တယ် ဆိုတာကို အနီးစပ်ဆုံး ပြောဖို့အတွက် အထောက်အကူပြု ကိရိယာတွေ လိုတယ်ပေါ့။
အထောက်အကူပြု ကိရိယာဆိုတာလည်း ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ မိုးလေ၀သဆိုင်ရာ ရေဒါ လိုတာပါပဲ။ ရေဒါကလည်း အမျိုးမျိုးရှိတာပေါ့။ ရေဒါရဲ့ တိုင်းထွာနိုင်စွမ်းအပေါ် မူတည်ပြီး သူတိုင်းထွာနိုင်တဲ့ အ၀န်းအ၀ိုင်း အတွင်းမှာတော့ အပ်ကျတာကအစ မြင်နိုင်တာပေါ့။ အခုအချိန်အထိတော့ ကျနော်တို့ဆီမှာ ရေဒါကောင်း တခုမှကိုမရှိဘူး။ အရင်တုန်းကတော့ ကျောက်ဖြူမှာ မုန်တိုင်းကြည့် ရေဒါ တခုရှိပါတယ်။ ၁၉၇၄ ခုနှစ်က ထုတ်တဲ့ ရေဒါပါ။ တပ်ဆင်တာကတော့ ၁၉၇၆ ခုနှစ် လောက်မှာလို့ ထင်ပါတယ်။ ကျနော်တို့ မိုး/ဇလ က လူတွေလည်း ရိုရိုသေသေ သုံးပါတယ်။ ဒါပေမယ့် ကာလကြာလာတော့ ပျက်စီး ယိုယွင်းလာတဲ့အတွက် အပိုပစ္စည်းထည့်ဖို့ လိုလာလို့ လိုက်ရှာတော့ မရတော့ဘူးဗျ။ မိုဒယ်လ်က အောက်နေပြီကိုး။ ဆိုတော့ ဒီရေဒါကြီးကို ဒီအတိုင်း ထားလိုက်ရတာပေါ့။ အဲဒီကတည်းက ကျနော်တို့လည်း ရေဒါသစ်ပြန်ရရေး ကြိုးစားကြပါတယ်။ ကျနော်တို့ရဲ့ ရရာ ရကြောင်းကလည်း အကူအညီတောင်းတဲ့ အစီစဉ်နဲ့ပဲ တောင်းကြရတာပေါ့။ ကမ္ဘာ့ မိုးလေ၀သအဖွဲ့ချုပ်ရဲ့ စေတနာအလျောက် ထောက်ပံ့တဲ့အစီစဉ်က တောင်းတဲ့အခါကျတော့ မရခဲ့ဘူးဗျာ။ ပြောရရင် ကျနော်တို့ အလှူရှင် ရှာလို့ မရဘူးပေါ့။ မရတော့လည်း ရေဒါ မတပ်နိုင်ဘူးပေါ့။ လိုရင်းကတော့ ဒါပါပဲဗျ။
မေး ။ ။ ရေဒါတွေ တပ်မယ်ဆိုရင် ဘယ်လောက် ကုန်ကျနိုင်ပါသလဲ။ ဘာကြောင့် အစိုးရက မတပ်နိုင်သေးတာလဲ။
ဖြေ ။ ။ ရေဒါကတော့ အမျိုးအစား မျိုးစုံရှိပါတယ်။ ကျောက်ဖြူမှာ ရေဒါပြန်တပ်မယ်၊ အဆောက်အအုံနဲ့ ၀န်ထမ်း အိမ်ရာတွေလည်း ပါမယ်ဆိုရင် ကျနော်တို့ တွက်ထားတာ ဒေါ်လာ ၇ သန်းလောက် ကုန်ကျပါမယ်။ အလုပ်အပေါ်မှာ မူတည်ပြီး တပ်မယ်ဆိုရင်တော့ ဒေါ်လာ လေး၊ ငါးသောင်းနဲ့လည်း တပ်လို့ရပါတယ်။ ဘာ့ကြောင့် မတပ်သေးတာလဲ ဆိုတာတော့ ကျနော် ဖြေရမယ့် မေးခွန်းမဟုတ်လို့ မဖြေတတ်ပါဘူး။
မေး ။ ။ ပြည်တွင်းမှာ အင်တာနက် မြန်နှုန်းက တခါတရံမှာ အလွန်အမင်းကို ကျဆင်းသွားတတ်တယ်လို့ သုံးစွဲသူတွေက ပြောကြပါတယ်။ ဆရာလည်း အင်တာနက်အသုံးပြုပြီး မိုးလေဝသ ခန့်မှန်းမှုတွေကို ၀က်ဘ်ဆိုက် တင်နေရတာဆိုတော့ အခက်အခဲ မကြုံရဘူးလား။
ဖြေ ။ ။ ဒီလိုကတော့ ကြုံရပါတယ်။ ကောင်းလိုက်၊ မကောင်းလိုက်ပေါ့ဗျ။ နည်းနည်း ညံ့သွားတဲ့ အခါတွေမှာ အခက်အခဲ တွေ့တာပေါ့။ ဒီမှာသုံးလို့ အဆင်ပြေတဲ့အချိန်က လူသုံးနည်းတဲ့ အချိန်တွေပေါ့ဗျာ။ ဒါကြောင့် အင်တာနက်ကောင်းကောင်း သုံးချင်ရင် ည ၁ နာရီကျော်မှ သုံးရတာမျိုးတွေလည်း ရှိပါတယ်။ မိုးလင်းတဲ့အထိ အလုပ်လုပ်ရပါတယ်။ လုံးဝ သုံးမရတော့ဘူး ဆိုရင်လည်း မြန်နှုန်းမြင့်ရတဲ့ ဆိုင်တွေမှာ သွားသုံးရတာတွေ ရှိတယ်။ မြန်နှုန်းမြင့်အင်တာနက် ရတဲ့ စင်တာတွေကို သွားသုံး ရတာတွေလည်း ရှိပါတယ်။ အဲဒီလို mobile user လုပ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ မိုး/ဇလ သတင်းတွေကို အချိန်မီ ထုတ်ပေးနိုင်အောင်တော့ ကျနော်လည်း ကြိုးစားပါတယ်။ လုံးဝ မရတော့ဘူး ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။
မေး ။ ။ မြန်မာနိုင်ငံရဲ့ ရာသီဥတု ဖြစ်စဉ်တွေက အခုနောက်ပိုင်းမှာ တော်တော်ဆိုးဆိုးရွားရွား ဖောက်ပြန်လာတာ တွေ့ရပါတယ်။ ရာသီဥတု ပြန်လည်ကောင်းမွန်လာဖို့ ဘာတွေ လုပ်သင့်တယ်လို့ ထင်မြင် မိပါသလဲ။
ဖြေ ။ ။ အဲဒါကတော့ သိပ်တော့ မလွယ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာ့ရာသီဥတုကိုက ဖောက်ပြန်လာတာကိုး။ ဒါပေမယ့်လည်း လက်လျော့ရမယ်တော့ မဟုတ်ဘူးပေါ့လေ။ အများဆုံး တတ်နိုင်တာကတော့ သစ်ပင်ပြန်စိုက်တဲ့ အလုပ်ပေါ့ဗျာ။ ဒီအလုပ်ကိုပဲ ဦးစားပေး လုပ်နေကြရမှာပါပဲ။ ကမ္ဘာမှာတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လေ့လာထားတာ ရှိပါတယ်။ ဘယ်ရပ်ဝန်း (sector) က ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေအပေါ် အဓိက အကျိုးသက်ရောက် စေသလဲ ဆိုတာပါ။ ဥပမာ စိုက်ပျိုးရေးလား၊ စက်မှုလုပ်ငန်းလား၊ သစ်တောပြုန်းတီးတာလား၊ လူဦးရေတိုးမှုကြောင့်လား စတဲ့ ရပ်ဝန်းတွေအပေါ် မူတည် တွက်ချက်ထားတာ ရှိပါတယ်။
ကဏ္ဍအသီးသီးကနေ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို လေ့လာတဲ့အခါ ပေါ်ထွက်လာတဲ့ ရလဒ်ကတော့ ရာသီဥတု ပြောင်းလဲမှုအတွက် အဓိကကျတဲ့ အကြောင်းအရာဟာ တိုင်းပြည်တပြည်ရဲ့ ဂျီဒီပီ လို့ ထွက်လာပါတယ်။ ဂျီဒီပီ ဆိုတာတော့ သိကြတဲ့ အတိုင်းပဲ နိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး ညွှန်းကိန်းတခုပါပဲ။ ဒီအပေါ် မူတည်ပြီး ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ် စေနိုင်တယ်လို့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
မေး ။ ။ တချိန်တုန်းက ပင်လယ် မှောင်ခိုလှေတွေဟာ မိုး/ဇလ ၀န်ထမ်းတွေနဲ့ ပေါင်းပြီး ပင်လယ်မှာ မုန်တိုင်းရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထုတ်ခိုင်းတယ်၊ အဲဒီသတင်းပေါ်ထွက်လာလို့ အစိုးရ ကင်းလှည့်ရေယာဉ်တွေ ကမ်းကပ် ရပ်နားထားချိန်မှာ မှောင်ခိုလှေတွေ ထွက်လေ့ရှိတယ်ဆိုပြီး ပြောကြတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ပြောပြနိုင်ပါမလဲ။
ဖြေ ။ ။ ကျနော့်ဘက်ကတော့ လုံးဝ ငြင်းဆိုပါတယ်။ ဒီလိုအဖြစ်မျိုးတွေ မရှိခဲ့ပါဘူး။ ကျနော်တို့ မိုး/ဇလ ဌာနအနေနဲ့ အဲဒီလိုလုပ်လို့ လုံးဝကို မရနိုင်ပါဘူး။ မိုး/ဇလ ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကို မသိတဲ့သူတွေ ရမ်းသမ်းပြောတာပဲ ဖြစ်ပါလိမ့်မယ်။ မိုးလေ၀သ ခန့်မှန်းချက် သတင်းတွေကို အရင်ကတော့ ရန်ကုန်ရုံးချုပ်က ထုတ်တာပါ။ အခုတော့ နေပြည်တော်ပေါ့နော်။ မိုးလေ၀သ သတင်းတွေကို တဦးတယောက်က ထုတ်လို့မရပါဘူး။ ကျနော်တို့ အဖွဲ့အစည်းနဲ့ ထုတ်ရတာ ဖြစ်ပါတယ်။
မေး ။ ။ ၂၀၀၈ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ် ဖြစ်စဉ်ကို ပြန်တွေးလိုက်မယ်ဆိုရင် ဆရာ ဘယ်လိုများ ခံစားရပါသလဲ။
ဖြေ ။ ။ နာဂစ်ဖြစ်စဉ်ကို ပြန်တွေးလိုက်ရင်တော့ မချင့်မရဲတော့ ဖြစ်တာပေါ့ဗျာ။ မချင့်မရဲဖြစ်တယ်ဆိုတာက နာဂစ်က ဒီနေရာမှာ ဒီလို ဖြစ်တော့မယ်ဆိုတာ ကျနော် ၅ ရက်လောက် ကြိုသိနေတာပဲလေ။ ဒါပေမယ့်လို့ ကျနော်တို့အားလုံးက အတွေ့အကြုံ မရှိကြတာရယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ အရေးတယူ မရှိတာရယ်၊ အထင်သေးတာလည်း ပါတယ်ပေါ့လေ။ ဒီလိုကြီး အထိတော့ မဖြစ်လောက်ဘူးဆိုပြီး ထင်ခဲ့ကြတာလည်း ပါတယ်ပေါ့လေ။ အားလုံးပါပဲ။ ဘယ်သူကြောင့်ရယ်လို့ အပြစ်မပြောပါဘူး။ ပထမဆုံးအကြိမ် ဆိုတော့ ပေးဆပ်မှုက ကြီးတာပေါ့။ တခြားနိုင်ငံတွေမှာလည်း ပထမဆုံးအကြိမ်တော့ ဒီလို ဖြစ်လေ့ရှိပါတယ်။ လောလောဆယ်တော့ ကျနော့် ခေါင်းထဲမှာ ရှိနေတာက နောက်တကြိမ် ထပ်မဖြစ်ဖို့ပါပဲဗျာ။ နောက်တကြိမ် မဖြစ်ဖို့ဆိုတာက ကျနော်တို့ ဖြည့်ဆည်းသင့်တာ ဖြည့်ဆည်းရမယ်။ ပြုပြင်သင့်တာ ပြုပြင်ရမယ်။ ပိုကောင်းအောင် လုပ်သင့်တာ လုပ်ရမယ်။ နာဂစ်က ပေးသွားတဲ့သင်ခန်းစာတွေကို လေ့လာပြီး အကောင်းဆုံး ပြင်ဆင်ကြဖို့ လိုပါတယ်။ ။
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ