SYCB Felicitation Letter to 50th Anniversary of Kachin Revolution Day

Friday, February 4, 2011 4:32 AM | Posted by Anonymous

မိုးကြိုးသတင်းစဉ် အမှတ်စဉ် (၁၁၄)

4:00 AM | Posted by Anonymous

State Media Sept Media Monitoring Report -oct 06

3:52 AM | Posted by Anonymous

Private & Exile Media's Report on Burma (Sept-oct 0611)

3:33 AM | Posted by Anonymous

Memo98: Monitoring of the media coverage prior to 7 November elections in Burma 2nd Report

3:28 AM | Posted by Anonymous

မတရားဆုံးမတရားမှုများ ၂၀၁၀ရွေးကောက်ပွဲ

3:25 AM | Posted by Anonymous

မလေးရှားရောက် မြန်မာများအတွက် အကြီးကျယ်ဆုံး ဂီတပွဲတော် ကျင်းပ

3:12 AM | Posted by Anonymous



မလေးရှားရောက် မြန်မာများအတွက် ပထမအကြိမ် အကြီးကျယ်ဆုံး ဂီတပွဲတော်ကြီးတရပ်ကို မနက်ဖြန် စတင်ကျင်းမည်ဟု သိရသည်။

Iron Cross (IC) တေးဂီတဝိုင်း၊ အင်ပါယာ တီးဝိုင်းအပါအဝင် တခြားသော တီးဝိုင်း ၄ ဝိုင်းနှင့် ဂီတ နယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင် ၅၂ ဦးတို့သည် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စင်ကာပူနိုင်ငံများသို့ သွားရောက် ဖျော်ဖြေကြမည် ဖြစ်သည်။

“၃ ရက်နေ့ကျရင် မဟာနန်း ဆိုင်အတွက် ကွာလာလမ်ပူမှာ ဖျော်ဖြေမယ်။ ၄ ရက်နေ့ကျရင် မောရှမ်းဆိုင် နဲ့ ၅ ရက်နေ့ ကျ ရင်တော့ စင်ကာပူမှာ သွားဖျော်ဖြေမယ်။ အဆိုတော်တွေက အရမ်းများတော့ မြန်မာပြည်မှာ မကျန်တော့တဲ့ သဘော ဖြစ်သွား တာပေါ့” ဟု အဆိုတော် ရေဗက္ကာဝင်းက ပြောသည်။

star_concert550

မလေးရှားတွင် ကျင်းပမည့် ဂီတပွဲတော် ကြော်ငြာ

မလေးရှားနိုင်ငံ မဟာနန်း စီးပွားရေးလုပ်ငန်းစုမှ ကြီးမှူး ကျင်းပသော ရာစုသစ်၏ ကြယ်ပွင့်များ ဂီတပွဲတော် တွင် အင်ပါယာ၊ Lazy Club၊ AURORA၊ အလင်္ကာဝတ်ရည် နှင့် ဟစ်ပ်ဟော့ပ် တေးဂီတ၀ိုင်းများဖြင့် မြန်မာသံ အဆိုတော်များ အပါအဝင် အဆိုတော် ၅၂ ဦးတို့က ဖျော်ဖြေကြမည်ဟု သိရသည်။

“နဂိုကတည်းက ဒီလို ပွဲကြီး စီစဉ်ပြီး မလေးရောက် မြန်မာတွေအတွက် လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ တရုတ်နှစ်သစ် ကူးနဲ့ ဒီက ပိတ်ရက်နဲ့ တိုက်ဆိုင်သလို အဆိုတော်တွေကလည်း ဟိုဘက်မှာ ပွဲတွေ ဘယ်သူမှ လက်ခံထားတာ မရှိတော့ အဆင်ပြေသွားတာပါ” ဟု မဟာနန်းစီးပွားရေး လုပ်ငန်းစုမှ မစန်းစန်းငယ်က ပြောသည်။

အဆိုပါ ပွဲသည် မြန်မာ အဆိုတော် ၅၀ ကျော် ပါဝင်သောကြောင့် ပထမဆုံးမလေးရှားနိုင်ငံရောက် မြန်မာများအတွက် အကြီးကျယ်ဆုံး ကျင်းပမည့် ပွဲဖြစ်သည် ဟု သိရသည်။

၎င်းနှင့်အပြိုင် မလေးရှားနိုင်ငံရှိ မောရှမ်း စားသောက်ဆိုင်မှ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့တွင် နာမည်ကြီး IC တီးဝိုင်းနှင့် ပင်တိုင်အဆိုတော်များ ဖြစ်ကြသော လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်း တို့အပြင် မေခလာ၊ ကော်နီ၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ သဇင်၊ L ဆိုင်းဇီ၊ N ကိုင်ရာ၊ ရေဗက္ကာဝင်း တို့ ပါဝင်သည့် 8 Lady Show ပွဲ ကိုလည်းကျင်းပမည် ဖြစ်သည်။

“မိုးဟေကို ကို ဧည့်သည် အဆိုတော်အနေနဲ့ ဖိတ်ထားတယ်။ မလေးမှာ ပွဲတွေကတိုက်နေပြီး အပြိုင်လည်း လုပ်သလို ဖြစ်သွားတယ်။ တရုတ်နှစ်သစ်ကူးပွဲကို အဆိုတော်တွေ မလေးမှာ လာကျင်းပသလို ဖြစ်သွားတာပေါ့” ဟု မောရှမ်း ဆိုင်မှ တာဝန်ရှိသူ တဦးက ပြောသည်။

နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် လွှတ်တော် အစည်းအဝေးများအတွက် နိုင်ငံတ၀န်း လုံခြုံရေး တင်းကျပ်ထားပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးအကြို ပွဲလမ်းများ အပါအဝင် ပွဲတော်များ ကျင်းပခွင့်ကိုပါ ကန့်သတ်ထားသောကြောင့် ဂီတနယ်ပယ် အသီးသီးမှ မြန်မာအဆိုတော် ၅၀ ကျော်တို့ မလေးရှားနှင့် စင်ကာပူတွင် သွားရောက် ဖျော်ဖြေကြခြင်း ဖြစ်သည်ဟု သိရသည်။
concert

မလေးရှားတွင် ကျင်းပမည့် ဂီတပွဲတော် ကြော်ငြာ


“ဒီတပတ် နှစ်ပတ်လောက် အတွင်းမှာ ရှိုးပွဲတွေ မလုပ်ဖို့ တာဝန်ရှိသူတွေက လာပြောထားတယ်။ ကျနော်တို့ တရုတ်နှစ်သစ် ကူး ပွဲတော် အထိမ်းအမှတ်နဲ့ ဟစ်ပ်ဟော့ပ် ပွဲတခုလုပ်ဖို့ စီစဉ်ထားတာ ပျက်သွားတာပေါ့” ဟု ပွဲစီစဉ်သူတဦးက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက ရှိုးပွဲ အများစုကို သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်၊ ကမ္ဘာ့ နှစ်သစ်ကူးနေ့၊ တရုတ်နှစ်သစ်ကူး စသည့် ပွင့်လင်းရာသီ ပွဲတော်ရက်များတွင် ကျင်းပလေ့ရှိသဖြင့် ထိုသို့သော ရက်များတွင် ကျင်းပခွင့် ပိတ်ပင်ပါက အဆိုတော်များ၊ ဂီတသမားများနှင့် ပွဲစီစဉ်သူများ အနည်းနှင့်အများ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

မြန်မာပြည်တွင် တရုတ်နှစ်သစ်ကူး ပွဲတော်သာမက ဗုဒ္ဓဘာသာ ရဟန်းသံဃာများ၏ တရားပွဲများ၊ စာပေဟောပြောပွဲများ၊ အများပြည် သူနှင့် သက်ဆိုင်သော နေရာများတွင် ပြုလုပ်မည့် ဈေးရောင်းပွဲများ၊ စင်တင် တေးဂီဖျော်ဖြေပွဲများ အပါအ၀င် တခြား ပွဲလမ်းများကို ကျင်းပခွင့် ခေတ္တ ပိတ်ပင်ထားကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) ရုံးမှ သိရသည်။

“အကောင်းဘက်ကပဲ လှည့်တွေးလိုက်တာပေါ့။ ပြည်တွင်းက ပွဲတွေ လုပ်ခွင့်ရရင် ပြည်ပ ပရိသတ်နဲ့ တွေ့ဖို့ အခွင့်အရေး မရနိုင်ဘူးလေ။ အနုပညာကြေးရော၊ အတွေ့အကြုံရော ပိုရတာပေါ့။ တကယ်လို့ ပြည်တွင်းမှာလည်း ပွဲတွေ လုပ်ခွင့်မရ၊ ပြည်ပကလည်း မခေါ်တဲ့ အခြေအနေမျိုးနဲ့ တိုက်ဆိုင်သွားရင်တော့ တမျိုးပေါ့။ ပရိသတ် ဘယ်လောက် အားပေးပေး အာဏာပိုင်တွေ ဆိုခွင့်ပေးရင် ဆို၊ ဆိုခွင့်မပေးရင် ထိုင်နေပေါ့” ဟု အမျိုးသား အဆိုတော် တဦးက ပြောသည်။

လာမည့် ဖော်ဝါရီလ ၁၄ ရက် (ချစ်သူများနေ့) တွင်လည်း Bo Bo Entertainment က စီစဉ်သည့် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျောက် ဂျက်၊ Snare၊ လွှမ်းပိုင်၊ ချမ်းချမ်း၊ အေသင် ချိုဆွေ၊ စန္ဒီမြင့်လွင်၊ ၀ိုင်းဆု ခိုင်သိန်း၊ Bobby Soxer၊ Reason၊ အစ္စဏီ၊ N one၊ Bunny Phyo၊ ညဏ်လင်းအောင် တို့ သီဆိုဖျော်ဖြေမည့် Happy Valentines Day ပွဲကို မြရိပ်ညို ဟိုတယ် မြက်ခင်းပြင်တွင် ကျင်းပသွားရန် ရှိသည်ဟု သိရသည်။

ဒုသမ္မတများအဖြစ် ကြံ့ဖွံ့ကိုယ်စားလှယ်များကို ရွေးချယ်

3:11 AM | Posted by Anonymous



ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးမှ ဒုတိယ သမ္မတများအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်း တို့အား ရွေးချယ်လိုက်သည်။

လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါက်တာ စိုင်းမောက်ခမ်းသည်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

thein_sein0000

ဒုတိယ သမ္မတတဦးအဖြစ် အရွေးချယ်ခံရသည့် ပြည်သူ့လွှတ်တော်မှ ကြံ့ဖွံ့ကိုယ်စားလှယ် ဦးသိန်းစိန်

ဒုတိယ သမ္မတ ၃ ဦးအနက် တပ်မတော်သား ကိုယ်စားလှယ်အား တရားဝင် မကြေညာ သေးသော်လည်း ကိုယ်စားလှယ် များ၏ ပြောဆိုမှုအရ တပ်မတော်သားကိုယ်စားလှယ်မှား ကြံ့ဖွံ့ပါတီဝင် သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်သည်ဟု သိရသည်။

တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် ပါတီများမှ ကိုယ်စားလှယ်များသည် ဒုတိယသမ္မတ တနေရာအတွက် ကြံ့ဖွံ့ပါတီဝင် မဟုတ်သော တိုင်းရင်းသား ကိုယ်စားလှယ်များ ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဒေါက်တာ အေးမောင်နှင့် ဖလုံ-စဝေါ် ပါတီမှ ဦးစောသိန်းအောင်တို့အား အဆိုပြု တင်သွင်းခဲ့ကြသော်လည်း ကြံ့ဖွံ့ပါတီနှင့် စစ်တပ် ကိုယ်စားလှယ်များ၏ မဲအရေအတွက်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် မအောင်မြင်ခဲ့ပေ။

“ကျနော်တို့က တိုင်းရင်းသား အစစ်အမှန်ကို ဒုတိယသမ္မတ ဖြစ်စေချင်လို့ ဒေါက်တာအေးမောင်ကို ထောက်ခံ အဆိုပြု ခဲ့ကြတာပါ။ အခုတော့ အတုအယောင် တိုင်းရင်းသား၊ ကြံ့ဖွံ့ကို ကိုယ်စားပြုထားတဲ့ တိုင်းရင်းသားပဲ ရသွားတယ်” ဟု
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။

ဒုတိယ သမ္မတ ရာထူးရရှိသွားသူ ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းသည် အသက် ၆၁ နှစ် ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ် မူဆယ် ဇာတိ ဖြစ်ကာ လားရှိုးမြို့၌ အထူးကု ဆေးခန်းဖွင့်ထားသူ ဖြစ်သည်။

“ဒုသမ္မတ ဆိုပေမယ့် စစ်ရေးတို့၊ လုံခြုံရေးတို့လို အရေးကြီးတဲ့ ကိစ္စတွေကို လုပ်ပိုင်ခွင့်ရမှာ မဟုတ်ဘူး။ ရှမ်းပြည်သူတွေက လည်း သူ့အပေါ်မှာ အများကြီး မျှော်လင့်ထားတာတော့ မရှိသေးဘူး” ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ပညာရေး၊ ကျန်းမာရေး၊ စာပေ ယဉ်ကျေးမှု ဆိုင်ရာများကို ရှမ်းလူမျိုးများအတွက် လုပ်ပေး နိုင်ဖွယ် ရှိကြောင်း ၎င်းကဆိုသည်။

စစ်အစိုးရသည် မနက်ဖြန်ခေါ်ယူမည့် လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတကို ရွေးချယ်မည် ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း အစိုးရသစ်တရပ် ဖွဲ့စည်းကာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်နှင့်တိုင်း များ၏ ၀န်ကြီးချုပ်များကို သမ္မတက တိုက်ရိုက် ရွေးချယ် ခန့်အပ်မည်ဖြစ်သည်။

ဒုတိယ သမ္မတ ၃ ဦးထဲမှ တဦးအား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်မည် ဖြစ်သော်လည်း စစ်တပ်၏ ကိုယ်စားလှယ် အမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်တပ် ကိုယ်စားလှယ် ဒုတိယ သမ္မတသည် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ပါက နိုင်ငံတကာ အတွေ့အကြုံရှိသော လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် သမ္မတ ဖြစ်ရန် အလား အလာရှိသူ ဖြစ်ကြောင်း လေ့လာသူတို့က ပြောသည်။

စစ်တပ် ကိုယ်စားလှယ်အား တရားဝင် မကြေညာ သေး၍ သမ္မတ ရာထူးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရယူနိုင်သည်ဟု မှန်းဆနေကြသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကိုယ်စားလှယ်များ ထဲကသာ သမ္မတ ရွေးချယ်သွားမည်ဟု လွှတ်တော် မိန့်ခွန်း၌ ပြောဆိုခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမ္မတ မဖြစ်နိုင်တော့ပေ။

ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များ အားလုံးသည်လည်း စစ်ဗိုလ်ချုပ်ထွက် ကြံ့ဖွံ့ကိုယ်စားလှယ်များသာ ဖြစ်သည်ဟု သိရသည်။

ဆူးလေ စေတီ ရွှေသင်္ကန်း ရွှေပြားများ ပျောက်ဆုံး

3:08 AM | Posted by Anonymous



ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီ၌ ရွှေသင်္ကန်း ကပ်လှူလျက်ရှိရာ ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ ရက် နံနက် ၄ နာရီခန့်က ယင်း ရွှေသင်္ကန်း ရွှေပြားများထဲမှ အလေးချိန် ၉ ကျပ်သား ခန့်ရှိ ရွှေပြား ၁၈ ချပ် ပျောက်ဆုံးသွားကြောင်း သိရသည်။

S400

ရွှေသင်္ကန်း ကပ်လှူနေဆဲ ဆူးလေ စေတီ(ဓာတ်ပုံ - ဧရာဝတီ)

တချပ်လျှင် အရွယ် ၉ လက်မ ပတ်လည်ရှိ ပျောက်ဆုံး ရွှေပြားများ၏ ကာလတန်ဖိုးမှာ ကျပ် ၅၄ သိန်းခန့် ရှိကြောင်း၊ ရွှေပြား ပျောက်ဆုံးမှုကို ကျောက်တံတား မြို့နယ် ရဲစခန်းမှ တဆင့် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်အား အမှုဖွင့် တိုင်ကြားထား ကြောင်း ဆူးလေ စေတီ ဂေါပက အဖွဲ့ဝင် တဦးက ပြောသည်။

“ရွှေပြား တချပ်ချင်းစီကို မူလီစုပ် ကပ်လှူနေတာဖြစ်ပါတယ်။ အခုဟာက မူလီစုပ်ပြီး ရွှေပြားတွေ အခိုးခံလိုက်ရတာပါ”ဟု ၎င်းက ပြောဆိုသည်။

စေတီတော်၏ ရွှေပြားကပ် လုပ်ငန်းခွင် အတွင်း CCTV လုံခြုံရေး ကင်မရာများ တပ်ဆင်ထားသည့်ကြားမှ ယခုကဲ့သို့ ရွှေပြားများ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု စေတီတော် တာဝန်ကျ လုံခြုံရေး ၀န်ထမ်းတဦးက ဆိုသည်။

“အခုလို ပျောက်ဆုံးမှုမျိုး မဖြစ်ပေါ်အောင် စေတီက ပထမ ငြမ်း၊ ဒုတိယ ငြမ်း၊ တတိယ ငြမ်း၊ စတုတ္ထ ငြမ်းနဲ့ အောက်ခြေ၀င်ပေါက် မှာ CCTV ကင်မရာတွေနဲ့ စောင့်ကြည့်နေတဲ့ကြားက အခိုးခံလိုက်ရတာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဆူးလေ စေတီ ၌ CCTV ကင်မရာ တပ်ဆင်ခြင်းကို ၂၀၀၇ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊ မုခ် ၄ မုခ်နှင့် ဆူးလေ ဘိုးဘိုးကြီး နန်း ၌ ယခင်ကတည်းက တပ်ဆင်ထားခဲ့ကြောင်း၊ ယင်း လုံခြုံရေး ကင်မရာများကို ရွှေသင်္ကန်းကပ်လှူသည့် လုပ်ငန်းခွင် အတွင်း ပြောင်းရွှေ့ တပ်ဆင်ခဲ့ကြောင်း အထက်ပါ လုံခြုံရေး ၀န်ထမ်းက ရှင်းပြသည်။

ရွှေသင်္ကန်းကပ် လုပ်ငန်းခွင်၌ လုပ်နေသူ တဦးကလည်း“စေတီတော် ဂေါပကအဖွဲ့ အပါအ၀င် တာဝန်ရှိသူတွေ၊ သတ်မှတ်ဝတ်စုံ ၀တ်ထားတဲ့ ရွှေသင်္ကန်းကပ် လုပ်သားတွေပဲ လုပ်ငန်းခွင်အတွင်း ၀င်ခွင့်ပြုပါတယ်”ဟု ပြောသည်။

ယခု ရွှေပြားများ ပျောက်ဆုံးမှုသည် လုံခြုံရေး ကင်မရာကို ပိတ်၍သော်လည်းကောင်း၊ ရှောင်ကွင်း၍သော်လည်းကောင်း ခိုးယူသွားခြင်း ဖြစ်နိုင်ကြောင်း၊ CCTV ကင်မရာ၌လည်း ထူးခြားချက် တစုံတရာ ရှာမတွေ့ကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောဆိုကြသည်။

ဆူးလေ စေတီ ဂေါပကအဖွဲ့ တာဝန်ရှိသူများက အခင်းဖြစ်ပွားသည်ကို သိလျှင်သိချင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားရာ အဆင့်ဆင့် သတင်းပေးပို့ချက်အရ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဒုတိယ ရဲမှူး ဦးဆောင်အဖွဲ့မှ တရားခံ အမြန်ဆုံး ဖမ်းမိနိုင်ရေး အတွက် ဆက်လက် စုံစမ်းနေကြဆဲဖြစ်ကြောင်း သိရသည်။

ထို ရွှေပြားများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှ (ပ) ၃၆/၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၉/၂၉၅ ဖြင့် အမှုဖွင့် ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဂေါပက အဖွဲ့က ပြောပြသည်။

အမှုနှင့် ပတ်သက်၍ မသင်္ကာသူ ၁၁ ဦးအား ခေါ်ယူစစ်ဆေးနေပြီး ၃ ဦးကို စောင်ကြည့်လျက် ရှိကြောင်း ရဲစခန်းတာဝန်ကျ အရာရှိ တဦးကလည်း ဆိုသည်။

လတ်တလောတွင် ဘုရားဖူးများဖြင့် ဆူးလေ စေတီရင်ပြင်တော်၌ စည်ကားလျက်ရှိပြီး ရွှေသင်္ကန်း ကပ်လှူခြင်းကိုလည်း လုံခြုံရေး တင်းကျပ်စွာဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။