အေးချမ်းတဲ့ ဆောင်းအခါသမယ ရန်ကုန်မြို့ရဲ့ နှစ်သစ်ကူး မြင်ကွင်း ဓာတ်ပုံတွေပါ..

Monday, January 3, 2011 10:56 AM | Posted by Anonymous


နှစ်သစ်ရဲ့ မနက်ပိုင်း ရွှေတိဂုံ စေတီတော် မြတ်ကြီးရဲ့ အေးမြတဲ့ ဘုရားရိပ် တရားရိပ် ပရဝဏ်ပေါ်က မြင်ကွင်းအချို့ပါ..။ တိုင်းသူပြည်သားတွေရဲ့ အပူတွေ နှစ်သစ်မှာ ငြိမ်းအေးကြပါစေ..။ နှစ်စဉ်တောင့်တနေတဲ့ ရည်မှန်းချက် ပန်းတိုင်အမြန်ရောက်ရှိ နိုင်ကြပါစေ..။
နှစ်မကူးခင်ည ဗိုလ်တစ်ထောင် စေတီတော်ကြီး မြင်ကွင်းအချို့ပါ..။ မပြောင်းမလဲ မရိုးနိုင်တဲ့ နေရာဒေသမြင်ကွင်းတွေပါပဲ..။ ဒီအရပ်ဒေသကတော့ ကျွန်တော်နဲ့ ရင်းနှီးနေကျနေရာပေါ့.. အနီးနားမှာတော့ အရင်က ရန်ကုန်တက္ကသိုလ် ဗိုလ်တစ်ထောင်နယ်မြေနဲ့ ဗိုလ်တစ်ထောင် အထကကျောင်းတွေကို မှတ်မိကြဦးမှာပါ..။ ဗိုလ်တစ်ထောင် တက္ကသိုလ်ကတော့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးရဲ့ ပိုင်ဆိုင်မှု တစ်ခုဖြစ်ခဲ့ပြီပေါ့...။

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်မှာရှိတဲ့ St.Marry Cathedral Church ကိုတော့အားလုံးသိကြမှာပါ.. New Year မနက်ပိုင်းကပါ.. ရင့်ကျက်တည်ငြိမ်တဲ့ သမိုင်းဝင် အဆောက်အဦးတစ်ခုရဲ့ အလှတစ်မျိုးနဲ့ပါ.. အနီးအနား ဘေးချင်းကပ်မှာတော့ ဗိုလ်တစ်ထောင် အ.ထ.က(၆) စိန်ပေါလ်ကျောင်းရှိပါတယ်..။ ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ဒီနယ်မြေမှာပဲ သွားလာခဲ့ကြတာပါ..။
မနက်ခင်း အေးချမ်းတဲ့ ရာသီဥတုအောက်က မြင်ကွင်းပုံပါ..
ရန်ကုန် ကမ်းနားလမ်းရဲ့ ညဈေးတန်းလေးပါ...။ မီးရောင်ဖျော့ဖျော့အောက်မှာပေါ့..။ ဒီလိုပဲ နေ့စဉ် ရန်ကုန်သူ ရန်ကုန်သားတွေ ဘဝအမောတွေကို နေ့စဉ် ရုန်းကန် ရင်ဆိုင်ရင်း ထူးထူးခြားခြား အအေးပိုခဲ့တဲ့ ရန်ကုန်ဆောင်းညကနေ ရောင်နီသန်းမယ့် နှစ်သစ်ကို မျှော်လင့်ချက်များနဲ့ ကြိုဆိုခဲ့ကြပါတယ်..။

ဓာတ်ပုံ... ဒီမိုဝေယံ

မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့

10:54 AM | Posted by Anonymous


နှစ်သစ်မှာ မြန်မာပြည်သူတွေရဲ့ မေတ္တာနဲ့ ကျက်သရေအပေါင်း ခညောင်းတဲ့ ကျွန်တော်တို့ အမေစု..




မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့
၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်သော မင်္ဂလာတရားနှင့် ပြည့်စုံသော နေ့ရက်တစ်ရက်ပင် ဖြစ်တော့သည်။ ထိုနေ့ရက်သည် ကျွန်တော်၏ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်းနေသော လူသားအကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ်လမ်းပြပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာမြေပြင်ပေါ်သို့ စတင်ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ်မင်္ဂလာနေ့ရက်တွင် မွေးဖွားခဲ့သော ကျွန်တော်ဘ၀ရဲ့ ကောင်းကျိုးအသစ် အသစ်တွေကို ဖန်တီးပေးခဲ့သော ရွှေဇီးကွက်တည်းဟူသော လူမှုအကျိုးဆောင် အမျိုးသမီးတစ်ဦး မွေးဖွားသန့်စင်လာသော နေ့ရက်တစ်ရက်လည်း ဖြစ်သည်။

နံနက်စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှထပြီးနောက် မေတ္တာပို့သ၊ ဘုရားရှစ်ခိုး၊ ပုတီးစိပ်အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည့်အခါ အလွန်ကို သာယာလှပစိုပြေ အေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာရှိသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။

မွေးနေ့ပွဲ အခမ်းအနားစချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ သတ်မှတ် ထားသော်လည်း နံနက် (၇း၀၀) နာရီ / (၇း၃၀) နာရီအချိန်မှစ၍ ဧည့်ပရိသတ်များ စည်ကား လာမှုသည် ထူးခြားလှတော့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုရေးသမားများနှင့် စည်ကားလှ တော့သည်။

နံနက် (၈း၃၅) နာရီတွင် ကျွန်တော်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်းစုကြည် လာနေပြီတဲ့” အလွန်အံ့သြမိသည်။ ၀မ်းသာမိသည်။ ပရိသတ်အားလုံးလည်း အပြုံးမျက်နှာများ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာအင်အားများ တိုးပွားလာခဲ့တော့သည်။ ဟုတ်သည် … အမေ ဒေါ်စု (၈း၅၀) နာရီတွင် ရောက်ရှိလာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေသင်္ဂဟများ၊ အမေစုကို လေးစားကြည်ညိုသူအားလုံး ၀မ်းမြောက်စွာ ကြိုဆိုဂါရ၀ပြုကြသည်။

အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူး ထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။ ကျွန်တော်ရဲ့ ငြိမ်သက်နေသော အနုပညာလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားမှုကို ခံစားမိတော့သည်။
ဒါ . . . အမေ့ရဲ့ ပါဝါ
အမေ့ရဲ့ စွမ်းအား
အမေ့ရဲ့ နွေးထွေးမှု
အမေ့ရဲ့ ကြင်နာမှု
အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။
ကြွရောက်လာကြသော အနုပညာနှင့် ပါတ်သက်သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အား အားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊ ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေပညာရှင်များ အပါအ၀င် အသက် (၉၀) ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိ လှေကားအတက်အဆင်းများတွင် ဖန်တီးပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ တက်ကြွစွာဖြင့် လာရောက်အားပေးသော ဆရာကြီး ပါရဂူ၊ ပန်းချီပညာရှင်များနှင့် ဆရာကြီး မောင်ဒီ၊ ရုပ်ရှင်ပညာရှင်ကြီးများဖြစ်သော ဒါရိုက်တာကြီး ဦးအောင်မြင့်မြတ်နှင့်တကွ ကျွန်တော်၏ အနုပညာ ဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေးစွမ်းဆောင်မှုတို့ကို လေးစားအားပေးမှုများကို ထပ်ဆင့် ထပ်ဆင့် အားပေးချီးမြှင့် အသိအမှတ်ပြုသော အမေ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ် မျိုးဆက်သစ်များ၊ အနာဂတ်ခေါင်းဆောင် လူငယ် လူရွယ်များအားလုံးကို အထူးလေးစား ဂါရ၀ဖြင့် နှလုံးသားထက်တွင် မှတ်တမ်းတင်လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသောနေ့မြတ် တစ်ရက်ပင် ဖြစ်ပါတော့သည်။
ကျော်သူ
အကိုကြီးကိုကျော်သူအား ကျေးဇူးတင်ပါသည်။

တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များ
အဘဆရာကြီး ပါရဂူ
အဆိုတော် တေးရေးဆရာကိုရဲလွင်
ရွှေအမြူတေဦးဝင်းငြိမ်း
အဆိုတော် ဆောင်းဦးလှိုင်

မင်္ဂလာရှိတဲ့ တစ်လေးလုံးနေ့

10:54 AM | Posted by Anonymous


နှစ်သစ်မှာ မြန်မာပြည်သူတွေရဲ့ မေတ္တာနဲ့ ကျက်သရေအပေါင်း ခညောင်းတဲ့ ကျွန်တော်တို့ အမေစု..

ယနေ့ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုအဖွဲ့ချုပ်ရုံးရှေ့မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အကြိုဈေးရောင်းပွဲတော်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုး

10:53 AM | Posted by Anonymous


နောက်ဆုံးရ သတင်းအတိုအထွာများ....

10:53 AM | Posted by Anonymous


ီိ သြဂုတ်လက မြင်တွေ့ရတဲ့ ကြပ်ပြေး နေပြည်တော်ရှိ ပါလီမာန် အဆောက်အဦး (AP)

ရန်ကုန်မြို့ရှိ သံရုံးအားလုံး မတ်လ နောက်ဆုံးထား၍ ကြပ်ပြေး နေပြည်တော် သို့ ပြောင်းရွှေ့ရမည်..
ရန်ကုန်မြို့မှာ ရှိတဲ့ သံရုံးများအားလုံး နေပြည်တော်သို့ လာမည့် မတ်လ နောက်ဆုံးထား၍ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အသိုင်းအဝိုင်းမှ သိရှိရပါတယ်..။ လက်ရှိပြောင်းရွှေ့ပြီးနေတဲ့ သံရုံးများထဲမှာ တရုတ်သံရုံးမှ အကြီးဆုံး။ မြေနေရာအကျယ်ဆုံးနဲ့ အကောင်းဆုံးနေရာမှာ ဆောက်လုပ်ထားကြောင်း သိရှိရပါတယ်.။

တပ်ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူတော့မည်... ဓာတ်ပုံ (AP)
ယခုလ(၂၇)ရက်နေ့မှာ လွှတ်တော်စတင် ခေါ်ယူတော့မှာ ဖြစ်ပြီး အဆိုပါ လွှတ်တော်ခေါ်ယူပြီး အရပ်သား အစိုးရပုံစံ အသွင်ပြောင်းပြီးတဲ့ အခါမှာတော့ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို စွန့်လွှတ်ပြီး မည်သည့်ရာထူးနဲ့ ပြောင်းလဲတာဝန်ယူ ထမ်းဆောင်မယ်ဆိုတာတော့ ကိုတော့ မသိရှိရသေးပါဘူး။ လာမည့် မတ်လ(၂၇)ရက်နေ့ တော်လှန်ရေးနေ့မှာတော့ တပ်မတော်ရဲ့ အကြီးဆုံး ကာကွယ်ရေးဦးစီးချုပ်အဖြင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်မှ ပြောင်းလဲတာဝန်ယူ ထမ်းဆောင်မှာ ဖြစ်ကြောင်း သတင်းရရှိပါသည်..။

သတင်း.. ဒီမိုဝေယံ

Than Shwe's New Year gift

7:16 AM | Posted by Anonymous

Than Shwe's New Year gift

7:13 AM | Posted by Anonymous

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး နုတ်ခွန်းဆက် ရုပ်သံ

7:02 AM | Posted by Anonymous








NLD ရန်ပုံငွေ ဈေးရောင်းပွဲ

4:35 AM | Posted by Anonymous

ရန်ပုံငွေ ဈေးရောင်းပွဲ

မနေ့က ရွှေဂုံတိုင် NLD ရုံးချုပ်မှာ လုပ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးနဲ့ လူမှုအထောက်အကူပြူရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် မြင်ကွင်းပါ။ ဆိုင် ၂၀ လောက် ခင်ကျင်းရောင်းချပြီး သိန်း ၅၀ ဖိုးလောက် ရောင်းချရတယ်လို့ သိရပါတယ်။ ရန်ပုံငွေ ဈေးရောင်းပွဲကို လွတ်လပ်ရေးနေ့အထိ လုပ်မှာပါ။ (ဓာတ်ပုံ - ဧရာဝတီ)






Credit Irrawaddy