မြန်မာနိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန်အတွက် အရှေ့တီမောသမ္မတ တိုက်တွန်း

Thursday, October 7, 2010 12:14 AM | Posted by Anonymous
(José Ramos-Horta)

Credit to DVB: http://burmese.dvb.no/news.php?id=12379

အရင်းနှီးဆုံး မြန်မာ့မိတ်ဆွေတဦး လူထုရှေ့ မှ အနားယူ

12:08 AM | Posted by Anonymous
(တောင်အာဖရိက ဂုဏ်ထူးဆောင် ဂိုဏ်းချုပ်ကြီး ဒက်စမွန်တူးတူး)

အရင်းနှီးဆုံး မြန်မာ့မိတ်ဆွေတဦး လူထုရှေ့ မှ အနားယူ



ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ ဒီမိုကရေစီအရေးတွင် ထောက်ခံသူ မရှားလှသော်လည်း တောင်အာဖရိက ဂုဏ်ထူးဆောင် ဂိုဏ်းချုပ်ကြီး ဒက်စမွန်တူးတူးလို ထင်ရှားကျော်ကြားသူကတော့ အနည်းငယ်သာ ရှိပါသည်။

မနက်ဖြန် ၇၉ နှစ်ပြည့် မွေးနေ့မှစ၍ လူထုလုပ်ငန်းများမှ သိသိသာသာ အနားယူတော့မည်ဟု တောင်အာဖရိက အသားအရောင် ခွဲခြားမှု ပပျောက်ရေး အတွက် ၁၉၈၄ က ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရသော ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြောသည်။

အသားအရောင် ခွဲခြားသည့်စနစ် နောက်ဆုံးကျင့်သုံးသော တောင်အာဖရိက သမ္မတ ဒီကလပ် နှင့်အတူ ၁၉၉၃ က ငြိမ်းချမ်းရေး နိုဘယ်ဆု ပူးတွဲချီးမြှင့်ခံရသူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား ကလည်း တူးတူးကို `တခါတရံ ရန်စွယ်ငေါငေါ၊ အများအားဖြင့် သိမ်မွေ့နူးညံ့သူ၊ ဘယ်တော့မဆို မကြောက်တတ်သူနှင့် ဟာသမပါဘဲ စကားမပြောတတ်သူ´ ဟု ရည်ညွှန်း ပြောဆိုခဲ့သည်။

`ဒက်စမွန်တူးတူးအသံသည် ထုတ်ပြောခွင့် မရသူများ၏ အသံဖြစ်သည်´ ဟုလည်း မင်ဒဲလားက မှတ်ချက်ပြုသည်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ကြာမြင့်စွာကထဲက ကူညီထောက်ခံခဲ့သူ ဘုန်းတော်ကြီး တူးတူးသည် မနှစ် ဇူလိုင်က လန်ဒန် ဂါးဒီးယန်း သတင်းစာကြီးတွင် မြန်မာနိုင်ငံနှင့် ထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ကို အယ်ဒီတာ့ အာဘော်တွင် အသေးစိတ် ရေးသားခဲ့သည်။

ဘုန်းတော်ကြီးတူးတူးက `ကျနော့်ရဲ့နှမလေး အောင်ဆန်းစုကြည် အကြောင်း ကျနော်နေ့တိုင်းဘဲ စဉ်းစားမိပါတယ်။ ကျနော့်ရုံးခန်းထဲမှာချိတ်ထားတဲ့ သူ့ဓာတ်ပုံက မိုင်ပေါင်းထောင်ချီဝေးတဲ့ အာရှနိုင်ငံတနိုင်ငံမှာ လူတွေ ဖိနှိပ်ခံနေရတယ်ဆိုတာကို သတိပေးနေပါတယ်´ ဟု ရေးခဲ့သည်။

ဘုန်းတော်ကြီးတူးတူးရော ဒေါ်အောင်ဆန်းစုကြည်ပါ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာတို့နှင့်အတူ ထင်ရှားသည့် ပုဂ္ဂိုလ်တဒါဇင်ခန့်ပါဝင်သော “ ကမ္ဘာ့လူကြီးသူမ” (The Elders) အဖွဲ့ဝင်များ ဖြစ်ကြသည်။

သြဂုတ်လနှောင်းပိုင်းက ဘုန်းတော်ကြီးတူးတူးသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ “ဖြန့်ထားသော လက်ဖဝါးများ” လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။

သူ့လက်ဖဝါးပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် နာမည်ရေး၍ လူအများ မြင်သာရန်ဖြန့်ပြသော လှုပ်ရှားမှုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည် မျှော်လင့်ချက်၏ပြယုဂ်၊ သတ္တိနှင့် လွတ်မြောက်ရေး ကိုစူးစမ်းရှာဖွေသူအဖြစ် ရည်ညွှန်းခဲ့သည်။ တချိန်တည်းတွင် အာဏာရှင် ဗိုလ်ချုပ်သန်းရွှေကိုလည်း လွတ်မြောက်ရေးကို အာသာငမ်းငမ်းရလိုသည့် လူသားတို့၏ ပင်ကိုစရိုက်ကို နားလည်နိုင်စွမ်းမရှိသူ၊ ထိုအရာကို ဘယ်လိုမှ ဖိနှိပ်ထားမရပုံကို မသိသူ ဟု ရေးခဲ့သည်။

` တခါတရံ ကမ္ဘာကြီးတွင် မြန်မာပြည်မှာလိုပင် အမြော်အမြင်ရှိသည့်ခေါင်းဆောင်မျိုး ချို့တဲ့ နေတတ်သည်။ ထိုနိုင်ငံမျိုးတွင် ဥာဏ်ပညာ ကြီးကျယ်သည့် ခေါင်းဆောင်က ခေါင်းဆောင်ခွင့် မရဘဲ ဖြစ်နေသည်´ ဟု အဆိုပါ ဂါးဒီးယန်းခေါင်းကြီးတွင် ဘုန်းတော်ကြီးတူးတူးက ဆက်လက် ရေးသားထားသည်။

ဗိုလ်ချုပ်သန်းရွှေ အုပ်ချုပ်သည့် မြန်မာနိုင်ငံကို နိုင်ငံတကာ လက်နက်တင်ပို့မှု ပိတ်ပင်တားဆီးရေး ထောက်ခံခဲ့သည့် နိုင်ငံများတွင် တောင်အာဖရိကနိုင်ငံလဲ ပါဝင်သည်။ ဗိုလ်ချုပ်သန်းရွှေ စစ်အစိုးရ ကျူးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မှုများကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စစ်ရေးအတွက် အစောဆုံး ဆော်သြ တောင်းဆိုခဲ့သည့် နိုင်ငံလဲ ဖြစ်သည်။

ဤသို့စစ်ဆေးလျှင် ဗိုလ်ချုပ်မှူးကြီး ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများစွာကို သေချာပေါက်တွေ့လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။

အသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေးတွင် တောက်လျှောက် ပါဝင်ခဲ့ပြီး အောင်ပွဲ အရယူနိုင်ခဲ့သော ဘုန်းတော်ကြီးတူးတူးက တောင်အာဖရိက အတွေ့အကြုံများက မြန်မာနိုင်ငံအတွက်လည်း အကျိုးရှိမည်ဟု ယုံကြည်နေသည်။

အသားအရောင် ခွဲခြားသည့် တောင်အာဖရိက အစိုးရကို ကြာမြင့်စွာ ပိတ်ဆို့ဒဏ်ခတ် အရေးယူပြီး နောက်ထပ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများကြောင့် တဖြည်းဖြည်း ပြိုလဲကျဆုံးသွားရသည်ဟု နိုဘယ် ငြိမ်းချမ်းရေးဆုရှင်က ဆိုသည်။

အနောက်နိုင်ငံများနှင့် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဗိုလ်ချုပ်ကြီးများကို ထိပ်တိုက်ရင်ဆိုင်တိုက်နေသည့် ချဉ်းကပ်ပုံများမှာလည်း ဤအတိုင်း ပုံစံတူဖြစ်နေပြီး အောင်ပွဲရမည်မှာ မြင်သာလှသည်ဟု သူက ဆိုသည်။

ဘားရက် အိုဘားမား သမ္မတရာထူးရရေးအတွက် ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့သူ ဖြစ်သော်လည်း ဘုန်းတော်ကြီးတူးတူးသည် ဘုရှ်အစိုးရ၏ မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် ချဉ်းကပ် ဆောင်ရွက်ပုံများကို အသိအမှတ်ပြု အမှတ်ပေးခဲ့သည်။ အိုဘားမားအစိုးရ လက်ရှိပေါ်လစီဖြစ်သော မြန်မာနိုင်ငံကို ပြောင်းလဲချဉ်းကပ်မည့် အကန့်အသတ်ရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒကိုလည်း သံသယရှိကြောင်း လူသိရှင်ကြားပြောခဲ့သည်။

မြန်မာဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေးနှင့် ကိုယ်ဖြစ်ချင်တာကို စဉ်းစားသည့် အရာနှစ်ခုကို ဝါရှင်တန်အနေဖြင့် ခွဲခြားသိဘို့ လိုသည်ဟုလည်း ဘုန်းတော်ကြီးက ပြောသည်။

`ကျနော်တို့ အတွေ့အကြုံအရတော့ အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းလိုက်ရုံနဲ့ မြန်မာ ဗိုလ်ချုပ်ကြီးတွေ လမ်းကြောင်းပြောင်းမှာ မဟုတ်ဘူး။ ဒီအစိုးရက တခြားအာဏာရှင် အစိုးရတွေလို မဟုတ်ဘူး။ လူထုဘဝ စိုပြေရေးဆိုတာ နဲနဲမှ ထည့်စဉ်းစားတာ မဟုတ်ဘူး´ ဟု အိမ်ဖြူတော်က မြန်မာနိုင်ငံကို စနစ်ပြောင်း၍ ချဉ်းကပ်နေချိန်တွင် ‘The Elders’ ဝက်ဆိုက်၌ လွန်ခဲ့သောနွေဦးက ဘုန်းတော်ကြီးတူးတူး ရေးခဲ့သည်။

တူးတူးကို ဝါရှင်တန် ဒီမိုကရက်တစ် အင်စတီကျုမှ ၂ဝဝ၈ က အေဗရီယယ်ဟယ်ရီမန်း ဒီမိုကရေစီဆုကို ချီးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံအတွက် အဓိကထားလုပ်ခဲ့သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုများအတွက် ချီးမြှင့်ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်လည်း အစောပိုင်းက ထိုဆု ချီးမြှင့်ရဖူးသည်။

ဘုန်းတော်ကြီးတူးတူး လူထုအကျိုးပြု လုပ်ငန်းများကို တပတ်တကြိမ်လောက်သာ လုပ်တော့မည် ဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီရေးနှင့် မြန်မာ့အတိုက်အခံ လှုပ်ရှားမှုအပေါ် ထားသည့် သူ့ကတိကို မေ့ပျောက်သွားမည် မဟုတ်ဟု ပြောကြားခဲ့သည်။

Credit to Mizzima: http://www.mizzimaburmese.com/news/regional/6188-2010-10-06-13-02-00.html

ဆန့်ကျင်ပါ သပိတ်မှောက်ပါ

Wednesday, October 6, 2010 10:42 AM | Posted by Anonymous



၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအား သပိတ်မှောက်ပါ။





၂၀၀၈ ခုနှစ် နအဖ၏ (နာဂစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်ပါ။




မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ

ထွန်းကားတိုးတက်ရေးအတွက် မဆုတ်မနစ်သော ဇွဲဖြင့် ညီညွတ်စွာ၊

သတ္တိရှိစွာ ဆက်လက်တိုက်ပွဲဝင်ပါ။

ငြိမ်းချမ်းရေး နိုဗဲလ်ဆု ဆန်ခါတင်အဆင့်တွင်ဒီမိုကရက်တစ် မြန်မာ့အသံ ပါဝင်

10:26 AM | Posted by Anonymous

Written by Irrawaddy.org | 06 October 2010

ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေး ဆုအတွက် ဆုရွေးချယ်ရေး ကော်မတီက ဆန်ခါတင် ၃ ဖွဲ့၏ အမည်များကို ယမန်နေ့က ထုတ်ပြန်ရာ ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) လည်း ပါဝင်ကြောင်း သိရှိရသည်။

DVB ၏ ထိုင်းဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က “ဆုရွေးချယ်ရေး အဖွဲ့က ဒါလောက်အဖွဲ့တွေ လူတွေအများကြီး ရှိတဲ့အထဲမှာ ကျနော်တို့ကိုရွေးတယ်ဆိုတော့ ပိုရင်ခုန်တယ်၊ ပို ဝမ်းသာပါတယ်။ ဒါက မြန်မာ့ မီဒီယာ အခန်းကဏ္ဍကို သူတို့ဘက်က အသိအမှတ်ပြုတယ် ဆိုတဲ့သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးချယ်ရေး ကော်မတီက ထုတ်ပြန်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အကြိုက်ဆုံး ၃ ဖွဲ့မှာ အာဖဂန် အမျိုးသမီးများ အရေးကို လှုပ်ရှားသူ မစ္စ ဆီမာဆမာ (Simar Samar)၊ DVB သတင်းဌာနနှင့် အာဖရိကတိုက်မှ ဆယ်ရာလီယွန် နိုင်ငံ ပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စုံစမ်း အရေးယူသည့် အထူးတရားရုံး (Special Court for Sierra Leone) တို့ ဖြစ်ကြသည်။

DVB သတင်းဌာနကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နော်ဝေနိုင်ငံ၌ အခြေစိုက်သည်။ မြန်မာပြည်တွင်းသို့ ရုပ်သံလိုင်းများ တိုက်ရိုက်လွှင့်နိုင်သည့် တခုတည်းသော ပြည်ပအခြေစိုက် သတင်းဌာနတခုဖြစ်သည်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်းတွင် DVB သတင်းထောက်များက ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းများ ရယူကာ သတင်း အစီရင်ခံနိုင်ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ယင်းအဖြစ်အပျက်ကို သိရှိနိုင်ခဲ့သည်။

ရွှေဝါရောင် တော်လှန်ရေးအတွင်း DVB သတင်းထောက်များ အကြောင်း ရိုက်ကူးထားသည့် Burma VJ ရုပ်သံ မှတ်တမ်းသည် ယမန်နှစ် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိရောက်ရှိခဲ့သည်။

“နိုဗဲလ်ဆုကို မီဒီယာ အဖွဲ့အစည်းတွေ အနေနဲ့ ရခဲတယ်။ အခု ကျနော်တို့ကို အကြိုက်ဆုံးစာရင်းထဲ ထည့်တယ်ဆိုတာက လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေထူးခြားမှုနဲ့ ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ နောက်တခုက မြန်မာပြည်မှာ သတင်းယူရတာ ဘယ်လောက် ခက်ခဲပါတယ်၊ ဒီလူတွေက ဘယ်လိုမျိုး သတင်းယူနေပါတယ်ဆိုတာကို မီးမောင်းထိုးပြချင်တဲ့ သဘောလည်း ပါကောင်း ပါနိုင်ပါတယ်” ဟု ဦးတိုးဇော်လတ်က ပြောသည်။

နိုဗဲလ်ဆုအတွက် ဆန်ခါတင်စာရင်းဝင် တဦးဖြစ်သည့် အာဖဂန်နစ္စတန်မှ မစ္စ ဆီမာဆမာသည် ဆရာဝန်တဦးဖြစ်ပြီး ဆူဒန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၅ မှ ၂၀၀၉ အထိ ဆောင်ရွက်ခဲ့သည်။

မစ္စ ဆီမာဆမာသည် အာဖဂန်နစ္စတန်တွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် Afghanistan Independent Human Rights Commission (AIHRC) ကို ဦးဆောင်နေပြီး ၂၀၀၂ ခုနှစ်၊ ဟာမစ်ကာဇိုင်း အစိုးရလက်ထက်တွင် အမျိုးသမီးရေးရာ ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်ဟု Peace Research Institute Oslo (PRIO) ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

DVB နှင့်အတူ တခြားအမည်စာရင်း တင်သွင်းခံရသည့်အဖွဲ့ Special Court for Sierra Leone ကို ၂၀၀၂ ခုနှစ်တွင် ဆယ်ရာလီယွန်အစိုးရနှင့် ကုလသမဂ္ဂတို့၏ သဘောတူညီမှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ဆယ်ရာလီယွန်နိုင်ငံ၏ တရားစီရင်မှုအတွင်း၌ပင် ထားရှိသည်။

ယင်းတရားရုံးမှတဆင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လက်တွေ့အသုံးချနိုင်သည်ဟု ဆုရွေးချယ်ရေးအဖွဲ့မှ သုံးသပ်ထားကြောင်း PRIO အဖွဲ့၏ သတင်းစာမျက်နှာတွင် ပါရှိသည်။

ယခု ရက်သတ္တပတ် အတွင်းတွင် အသိပညာ အတတ်ပညာ နယ်ပယ်၌ ကျွမ်းကျင်သူများကို ရွေးချယ်၍ နိုဗဲလ်ဆုများ ချီးမြှင့်ခဲ့သည်။ DVB အပါအဝင် ဆန်ခါတင် ၃ ဖွဲ့စာရင်းထဲမှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသည့် တဖွဲ့ကို လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးသည်။

Credit to Irrawaddy: http://irrawaddy.org/bur/index.php/news/1-news/4235

လပွတ္တာ၌ လှေနစ် လူ၃၀ ဦးသေဆုံး

10:20 AM | Posted by Anonymous

ဗြိတိသျှ ကွန်ဆာဗေးတစ်ပါတီညီလာခံ၌ ဝေနှင်းပွင့်သုန် က မြန်မာ့အရေးတင်ပြ

4:52 AM | Posted by Anonymous


Credit to DVB: http://burmese.dvb.no/news.php?id=12368

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် စာစောင် အတွဲ (၄) အမှတ်စဉ် (၄၄)

2:05 AM | Posted by Anonymous

ဘွိုင်းကောက် ၂၀၁၀ ဂျာနယ် အတွဲ(၁) အမှတ် (၅)

1:02 AM | Posted by Anonymous

ရဲအရာရှိက ရွာသားကို သေနတ်ဖြင့် ပစ်သတ်

12:53 AM | Posted by Anonymous
Credit to DVB: http://burmese.dvb.no/news.php?id=12363