ရွေးကောက်ပွဲကို မသိသူနှင့် ကြောက်ရွံ့သူ အများအပြားရှိ

Tuesday, October 5, 2010 11:52 PM | Posted by Anonymous

ရွေးကောက်ပွဲကျင်းပမည့်ရက် နီးကပ်လာသော်လည်း တိုင်းနှင့်ပြည်နယ်များရှိ အခြေခံလူတန်းစားများနှင့် တိုင်းရင်းသားနယ်များတွင် ရွေးကောက်ပွဲကျင်းပမည် ဆိုသည်ကိုပင် မသိသူများ ရှိနေပြီး ပါတီများ စည်းရုံးရေး ဆင်းကြသည်ကို ကြောက်ရွံ့လျက်ရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရှိရသည်။

“ရခိုင်ပြည်နယ်ဘက်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတောင် မသိတဲ့သူတွေ အများကြီးရှိနေတယ်။ သိပေမယ့်လည်း ကြောက်တဲ့သူတွေ ရှိတယ်။ နိုင်ငံရေးပါတီ ၀င်ဖို့မပြောနဲ့ မဲထည့်ဖို့ ဆိုတာကို တော်တော်လေး စိုးရိမ်ကြတာတွေ့ရတယ်။ လူတွေက နိုင်ငံရေးဆိုတာကို တော်တော်လေး ကြောက်ရွံ့သွားကြတာပဲ” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဦးလှစောက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူခရိုင်တွင် မာန်အောင်ကျွန်းမှလွဲ၍ ကျန် ၃ မြို့နယ်မှ ဒေသခံများသည်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မသိကြကြောင်း၊ ဒေသခံများနေဖြင့် ရွေးကောက်ပွဲအပေါ် မယုံကြည်ကြောင်း၊ နိုင်ငံရေးပါတီများမှ စည်းရုံးရေးဆင်းရာတွင် နယ်ခံ သတင်းတပ်ဖွဲ့များက နိုင်ငံရေးသမားမျာကို လိုက်လံစောင့်ကြည့်နေ၍ ဒေသခံများက ကြောက်ရွံ့မှုရှိသည်ကို တွေ့ရကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရခိုင်ပြည်နယ် စည်းရုံးရေးမှူး မာန်အောင်ကျွန်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်က ပြောသည်။

“ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ ဒီမြို့နယ်တွေက ဒေသခံတွေလည်း တောင်ကုတ်မြို့နယ်က ဒေသခံတွေလိုပါပဲ။ သူတို့စိတ်ထဲမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ အဖဖ်းခံရဖို့၊ ရာဇ၀တ်မှုနဲ့ နီးတယ်လို့ မြင်နေကြတယ်။ နယ်မြေခံ သတင်းတပ်ဖွဲ့တွေက လုံခြုံရေး အဟန့်အတား အနှောက်အယှက်တွေကြောင့် ပါတီအစည်းအဝေးဆို မတက်ရဲတာတွေ ရှိတယ်။ တောင်ကုတ်မြို့မှာရှိတဲ့ ဆွေမျိုးအရင်းအချာ ကိုယ်တိုင်က ကျနော့်ကို သူတို့အိမ်မှာ ၁ နာရီ အတည်းမခံဘူး။ လူထု ကိုယ်တိုင်ကလည်း အဲဒီလို မြင်နေတော့ စည်းရုံးလို့ မရဘူး” ဟု ဦးထွန်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တွင်သာမက တခြားပြည်နယ်များတွင်လည်း အလားတူ ဖြစ်လျက်ရှိကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။

ကယားပြည်နယ်တွင်နေထိုင်ကြသူ အများစုမှာလည်း လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုသည်ကို မသိကြကြောင်း ကယားပြည်နယ် ဒီမောဆိုးမြို့တွင် နေထိုင်သူတဦးက ပြောသည်။

“အဲဒီဘက်မှာက သတင်းစာလည်း မရောက်ဘူး၊ ယူလည်း မယူကြဘူး။ ဂျာနယ်တွေ ဘာတွေလည်း မရောက်တော့ မသိကြဘူး။ ကျနော်တို့တောင်မှ ဒီဘက်ရောက်မှ သူများတွေပြောလို့ သိကြတာပါ” ဟု ကယားတိုင်းရင်းသားတဦးက ပြောသည်။

ကယားပြည်နယ်တွင် ကယား၊ ဂေခို၊ ဂေဘား၊ ပဒေါင် (ခေါ်) ကယန်း၊ ပရဲ့၊ မနုမနော၊ ယင်းနော်၊ ယင်းတလဲ၊ ပကူကရင်နှင့် ရှမ်းတို့ နေထိုင်ကြပြီး ကရင်နှင့် မြန်မာများလည်း ရှိကြောင်း သိရှိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ် ရှိသည့်အနက် ကျိုက်မရောမြို့နယ်မှသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါက်တာ မြင့်ဆွေက ပြောသည်။

“ကျနော့်အနေနဲ့ ပါတီမှာ မွန်ပြည်နယ်စည်းရုံးရေမှူး တာဝန်ယူထားတော့ ဟောပြောပွဲလေး လုပ်တယ်။ နောက်ဆုံးအချိန်အထိ တယောက်မှ ပေါ်မလာဘူး။ စည်းရုံးရေးအနေနဲ့ ပြောရင်လည်း ပြည်သူတွေမှာ အကြောက်တရား ရှိနေသေးတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာကို နာမလည်တဲ့သူတွေကို တော်တော်ရှင်းပြရပါတယ်။ နောက် ရွေးကောက်ပွဲအတွက် တော်တော် စဉ်းစားနေတဲ့သူတွေလည်း ရှိတယ်” ဟု ဆိုသည်။

ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကလည်း “ကျွန်တော်ယှဉ်ပြိုင်ရမှာ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်မှာ ယှဉ်ရမှာဖြစ်တဲ့အတွက် နယ်မြေကျယ်ဝန်းပါတယ်။ ရောက်လေရာမှာ လူထုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စိုးရိမ်နေတာတွေ၊ ကြောက်နေတာတွေ ရှိနေတယ်။ တချို့ကလည်း မဲမပေးရင် မရဘူးလား မေးတဲ့သူရှိတယ်။ အဲဒီလိုလူတွေကို မဲမပေးရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ပြန်ရှင်းနေရတာက အခက်အခဲတခုပါပဲ” ဟု ပြောကြားသည်။

Credit: http://irrawaddy.org/bur/index.php/news/1-news/4211-2010-10-04-10-38-55

နိုင်ငံကျော် အနုပညာရှင်များကို ဗန်းပြ၍ ကြံ့ဖွံ့မဲဆွယ်

11:51 PM | Posted by Anonymous

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဇေကမ္ဘာ ဦးခင်ရွှေသည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များတွင် နိုင်ငံကျော် အနုပညာရှင်များကို ခေါ်သွားကြောင်း သိရသည်။

“ကျနော်က အတင်းခေါ်တာ မဟုတ်ပါဘူး။ ကိုလွင်မိုးက လေ့လာရေးအနေနဲ့ လိုက်ချင်တယ်ပြောလို့ ခေါ်သွားဖြစ်တာပါ။ ဒီနေ့ ခရီးစဉ်မှာ ဦးမိုးဒီလည်း ပါလာတယ်” ဟု ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။

၎င်း၏ ခရီးစဉ်တွင် နာမည်ကြီး အနုပညာရှင်များ ပါဝင်ခြင်းကြောင့် ဒေသခံများ၏ အာရုံစိုက်မှု၊ အားပေးမှုများကို အထူးရရှိ ကြောင်းလည်း ဦးခင်ရွှေက ဆက်ပြောသည်။

ဦးခင်ရွှေသည် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင် နိုင်ငံကျော်အနုပညာ ရှင်များဖြစ်သော မင်းသားလွင်မိုး၊ မင်းသမီးနန္ဒာလှိုင်၊ ဟာသသရုပ် ဆောင် ဦးမိုးဒီ တို့ပါဝင်ကြောင်း သိရသည်။

မင်းသမီးနန္ဒာလှိုင်သည် ဦးခင်ရွှေ၏ သားဖြစ်သူ ဦးဇေသီဟ၏ ဇနီးဖြစ်သည်။

“ကျနော်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး လိုက်လာတာ မဟုတ်ပါဘူး။ အန်ကယ်လ် ဦးခင်ရွှေနဲ့ ရင်နှီးတဲ့အတွက် အဖော်လိုက်လာ ပေးတာပါ။ နိုင်ငံတော်က ပထမဆုံးအကြိမ် ပြုပြင်ပြောင်းလဲမှု တွေလုပ်နေပြီလေ။ ဒီတော့ ပြည်သူတွေက နိုင်ငံရေးအပေါ် ဘယ်လိုသဘောထားလဲ ဆိုတာ လေ့လာတဲ့သဘောပါ။ လူတိုင်းက နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိတယ်လေ” ဟု မင်းသား လွင်မိုးက ဧရာဝတီကို ပြောသည်။

“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့်ရှိတယ်။

အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” ဟုလည်း မင်းသား လွင်မိုးက ဆက်ပြောသည်။

ဦးခင်ရွှေ၏ စည်းရုံးရေး ခရီးတွင် လိုက်ပါလာသည့် အနုပညာရှင်များက နိုင်ငံရေးစည်းရုံးရန် မဟုတ်ဟုဆိုသော်လည်း ဒေသခံများကမူ အနုပညာရှင်များကို နိုင်ငံရေးအတွက် အသုံးချနေခြင်းသာ ဖြစ်သည်ဟု ပြောဆိုကြသည်။

“ကျမတို့ ချစ်တဲ့အနုပညာရှင်တွေနဲ့ တွေ့ရလို့တော့ ၀မ်းသားပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီ အတွက်စည်းရုံးရေးမှာ ပါလာတော့စိတ်ထဲက မကောင်းဘူး။ ပြည်သူတွေနဲ့ တွေ့တာ ကြံ့ဖွံ့မပါလည်း တွေ့လို့ရတာပဲ” ဟု ကော့မှူး ဒေသခံ တဦးက ပြောသည်။

ဦးခင်ရွှေသည် ၎င်းအားမဲပေးပါက ကော့မှူးမြို့ပေါ်မှ ငှက်အော်စမ်း ကျေးရွာအထိ ၁၆ မိုင်ဝန်းကျင်ရှည်သော လမ်းကို ခင်းပေးမည့် အပြင် လမ်းတလျှောက်ရှိ လျှပ်စစ်မီးတိုင်များကို ပြုပြင်၍ မီးလင်းစေရန် ဆောင်ရွက်ပေးမည်ဟု ငှက်အော်စမ်း
ကျေးရွာ ဒေသခံများကို ပြောဆိုသွားကြောင်း သိရသည်။

“ဒီနေ့လည်း ကော့မှူးမြို့ပေါ်မှာ လာစည်းရုံးမယ်ဆိုပြီး ဒေသခံတွေကို ခေါ်တယ်။ လာတဲ့လူကို ပိုက်ဆံ ၅၀၀၀ စီပေးတယ်။ နောက်လည်း ဘာပေးဦးမယ်၊ ညာပေးဦးမယ် ပြောတယ်” ဟု ကော့မှူး ဒေသခံ တဦးကဆိုသည်။

ဦးခင်ရွှေ နှင့်အတူ နိုင်ငံကျော် ဟာသသရုပ်ဆောင် ဦးမိုးဒီလည်း ပါလာ၍ ဒေသခံများက သွားရောက် နားထောင်ကြသည်ဟု လည်း၎င်းက ပြောသည်။

နိုင်ငံရေးပါတီများသည် မိမိတို့စည်းရုံးဟောပြောလိုသော အကြောင်းအရာ၊ ဟောပြောမည့် သူများနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တပတ်ခန့် ကြိုတင် အကြောင်းကြားရမည်ဟု ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားသော် လည်း ကြံ့ဖွံ့ပါတီ နှင့် ပတ်သက်သည့် အရာများကိုမူ အကြောင်းကြားရန် မလိုကြောင်း သိရသည်။

သရုပ်ဆောင်ဦးမိုးဒီက ယခုလိုက်ပါသည့် ခရီးစဉ်အတွက် ရုပ်ရှင်အစည်းအရုံး အပါအ၀င် မည်သည့် အဖွဲ့ကိုမှ အကြောင်း မကြားခဲ့ရကြောင်းပြောသည်။ ၎င်းသည် ကြံ့ခိုင်ရေးပါတီ အတွက်စည်းရုံးပေးရန်အတွက် လိုက်ပါလာခြင်း မဟုတ်သော်လည်း
ပြည်သူများက နိုင်ငံရေးနှင့် ရောထွေးမြင်မည်ကို စိုးရိမ်ကြောင်း ဧရာဝတီကိုပြောသည်။

“ကျနော်က နိုင်ငံသား တယောက် အနေနဲ့ လိုက်လာပြီးတော့ လူတွေက နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားဖို့၊ မဲပေးတဲ့အခါ မဲရွေး မမှားကြဖို့၊ ကိုယ့်လက်ထဲက အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချဖို့၊ ကိုယ်မှားရင် ကိုယ်ပဲခံရမှာဖြစ်လို့ သေချာစဉ်းစားပြီး
မှ မဲပေးကြဖို့၊ နိုင်ငံရေးကို ပေါ့ပေါ့တန်တန် မလုပ်ကြဖို့ ဆိုတာတွေကို အနုပညာရှင် တယောက်အနေနဲ့ လိုက်ပြီးရှင်းပြတာ ပါ” ဟု ဦးမိုးဒီက ဆိုသည်။

ဦးခင်ရွှေသည် ၎င်းအရွေးခံမည့် ဒေသရှိ ပြည်သူများအား စည်းရုံးပြောဆိုရာတွင် ၎င်း၏ ချမ်းသာကြွယ်ဝမှုကို ရှေ့တန်းတင် ပြောဆိုပြီး ၎င်းတို့ကြံ့ဖွံ့ပါတီကသာ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်၍ ကြံ့ဖွံ့ကိုသာ မဲပေးကြရန် စည်းရုံး နေကြောင်း သိရသည်။

“သူတို့လုပ်ပေးချင်ရင် နှစ် ၂၀ လုံးလုံး ဘာလုပ်နေကြလဲ။ အခု မဲလိုချင်တဲ့ အခါမှ စေတနာတွေပိုပြနေတယ်။ တစည ကတော့ပြောတယ်၊ ကြံ့ဖွံ့ ပြောတာကို ယုံရင် အလိမ်ခံရမယ် ဆိုပြီး ရွာတွေမှာ လိုက်စည်းရုံးနေတယ်” ဟု ကော့မှူး မြို့နယ် ထန်းမနိုင် ရွာသား တဦးက ပြောသည်။

“ကျနော်တို့ဒေသခံတွေ ကတော့ ပေးတာယူမယ်၊ ကျွေးတာစားမယ်၊ မဲထည့်ရင် စဉ်းစားမယ်လို့ ခံယူထားကြတယ်” ဟု လည်း အဆိုပါ ထန်းမနိုင်ရွာသားက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ကြံ့ဖွံ့ပါတီကသာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မည် ဖြစ်၍ တခြားသော နိုင်ငံရေးပါတီများ အနေဖြင့် နောင် ၅ နှစ်အတွက်သာ ကြိုးစားသင့်ကြောင်း ဦးခင်ရွှေက ပြောသည်။

Credit: http://irrawaddy.org/bur/index.php/news/1-news/4210-2010-10-04-10-25-39

ရွေးကောက်ပွဲကြောင့် ကချင်အဖွဲ့ အကွဲအပြဲဖြစ်

11:50 PM | Posted by Anonymous

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ဘက် အမတ်လောင်းများအဖြစ် အမည်စာရင်း တင်သွင်းခဲ့ပြီးသည့်နောက် ကချင်အထူးဒေသ (၁)၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကောင်စီအတွင်း အကွဲအပြဲများ ပေါ်ပေါက်ခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ ကချင်နိုင်ငံရေးသမားတဦးက ပြောသည်။

၎င်းက “ငြိမ်း/စည်း ကောင်စီဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနဲ့ သူ့သားက ကြံ့ဖွံ့နဲ့ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်တယ်။ ကောင်စီ လူကြီးတွေဖြစ်ကြတဲ့ ဦးမုတ်ရင်ဒေါင်ဟောင်း၊ ဦးမဂျီဇော်တောင်၊ ဦးနဘုတ်ထောခေါင် တို့က တစည ပါတီကနေ ရွေးကောက်ပွဲဝင်တယ်။ နောက် ဦးဆခုံတိန့်ယိန်း ဝင်မယ့်နေရာမှာ ကောင်စီလူကြီး ဦးမဂျီဇော်တောင်နဲ့ ပြိုင်ဘက် သွားဖြစ်တယ်။ ဒါနဲ့ စိတ်ဆိုးပြီး ဦးဆခုံတိန့်ယိန်းက ကောင်စီဝင်လူကြီးတွေကို အဖွဲ့ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ခေတ်ပြိုင်က လက်ခံရရှိသည့် ဦးဆခုံတိန့်ယိန်း၏ စက်တင်ဘာ (၂ဝ) ရက်နေ့စွဲ အမိန့်စာတွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကောင်စီဝင်အဖြစ်မှ ရပ်စဲခြင်း၊ ငြိမ်း/စည်း ကောင်စီဝင်များ ဖြစ်ကြသော (၁) ဦးနဘုတ်ထောခေါင်၊ (၂) ဦးမုတ်ရင်ဒေါင်ဟောင်း၊ (၃) ဦးမဂျီဇော်တောင် တို့ (၃) ဦးသည် ၎င်းတို့၏ ဆန္ဒအတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသို့ ကူးပြောင်းသွားကြပြီ ဖြစ်ခြင်းကြောင့် ကချင်ပြည်နယ် ငြိမ်း/စည်းကောင်စီဝင်အဖြစ်မှလည်းကောင်း၊ ကချင်ပြည်နယ် အထူးဒေသ (၁) မှ ပေးအပ်ထားသော တာဝန်များမှ လည်ကောင်း ၂ဝ-၉-၂ဝ၁ဝ ရက်စွဲမှ စ၍ ရပ်စဲလိုက်သည်။ အထူးဒေသ (၁) တွင်ပါဝင်နေခဲ့သည့် ထွန်းရှင်ဇုံးတင့်ကိုလည်း ပေးအပ်ထားသော တာဝန်အရပ်ရပ်မှ ရပ်စဲလိုက်သည်။ ၎င်းတို့အားလုံး အထူးဒေသ (၁) နှင့် လုံးဝ ပတ်သက်မှု မရှိတော့ပါကြောင်း ကြေညာသည်” ဟု ဖော်ပြပါရှိသည်။

အဆိုပါ ကြေညာချက် ထွက်လာပြီးနောက် တစညအမတ်လောင်း ကောင်စီဝင်များကလည်း ကြေညာချက်တစောင် ပြန်လည်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် ကောင်စီဝင်များက ကချင်အထူးဒေသ (၁) ထဲ ပါဝင်သည့် ချီဖွေ၊ လောခေါင်၊ ဖီမော်၊ ဂေါ်လန်၊ ကမ်ဖန်၊ ကမ်ပိုင်တည်၊ ဆဒုံး ဒေသများသည် ကချင်လူမျိုးတို့၏ မိဘ ဘိုးဘွားပိုင် နယ်မြေဖြစ်ကြောင်း၊ လူတယောက်၊ မိသားစုတစုပိုင် နယ်မြေမဟုတ်ကြောင်း ဦးဆခုံတိန့်ယိန်း၏ လက်ရှိ ပြုမူပုံများကို ဝေဖန်ထားသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အမတ်လောင်း အမည်စာရင်းတင်သွင်းရန် ခွင့်ပြုထားသည့် နောက်ဆုံး (၃) ရက်အလိုအထိ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်း၏ ဆက်သွယ်မှုကို စောင့်ဆိုင်းခဲ့ကြောင်း၊ မည်သည့် အသိပေး ညှိနှိုင်းအကြောင်းကြားချက်မျိုးမှ ရောက်မလာသည့်အတွက် ၎င်းတို့ဘာသာ တိုင်ပင်ညှိနှိုင်းပြီး တစည ပါတီကနေ အမတ်လောင်း စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ရခြင်းသည်လည်း ဒေသခံ တိုင်းရင်းသား လူမျိုးတို့၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားကြောင်း တွေ့ရသည်။

စစ်အစိုးရ၏ နိုဝင်ဘာ (၇) ရက် ကျင်းပပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်တွင်း အတိုက်အခံ အင်အားစုကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းတွင်လည်း သဘောထား ကွဲလွဲခဲ့ပြီး ဖြစ်သည်။

ဦးခင်မောင်ဆွေနှင့် ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့က နိုင်ငံရေးဆက်လုပ်နိုင်ရန် တရားဝင်နိုင်ငံရေးပါတီတရပ် ရှိရမည်ဟု ယူဆပြီး ပါတီသစ်တခုကို မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ခဲ့သည်။

ယခု ကချင်အထူးဒေသ (၁) ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေးကောင်စီမှာမူ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲသည့် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းသည် ၁၉၈၉ နှစ်ကုန် ဗကပ (၁ဝ၁) စစ်ဒေသနှင့် စစ်အစိုးရ အပစ်အခတ် ရပ်စဲပြီးနောက် ၁၉၉ဝ ဇန်နဝါရီလတွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်။

ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းနှင့် ၎င်းထုတ်ပယ်လိုက်သည့် ကောင်စီဝင် (၃) ဦး စလုံးသည် ၁၉၉ဝ ခုနှစ်ကတည်းက အဆိုပါအဖွဲ့တွင် ခေါင်းဆောင်များအဖြစ် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကချင် အထူးဒေသ (၁) သည်လည်း ရွေးကောက်ပွဲအပြီးတွင် အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဆခုန်တိန့်ယိန်း ဦးဆောင်သည့် ယခင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) မှာမူ ပြီးခဲ့သည့်နှစ်က စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

Credit: http://khitpyaing.org/index.php?route=detail&id=4919

နိုင်ငံတော်ဘဏ္ဍာသုံး၍ မဲဆွယ်ကြောင်း ကြံ့ဖွံ့ တရားဝင်ပြော

11:49 PM | Posted by Anonymous

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) သည် နိုင်ငံတော် ဘဏ္ဍာအသုံးပြု၍ လမ်းခင်းခြင်း၊ ငွေချေးခြင်း၊ စာသင်ကျောင်း ဆောက်ခြင်း၊ ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ် ပေးခြင်းများဖြင့် မဲဆွယ်လျက်ရှိကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့ ပါတီ တာဝန်ခံ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တော်ခန်းမတွင် စက်တင်ဘာလနှောင်းပိုင်းက ပြည်တွင်း သတင်း မီဒီယာတချို့ကို ခေါ်ယူတွေ့ဆုံစဉ် ဦးအောင်သိန်းလင်းက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဆင်ခြေဖုံးမြို့နယ်များ အပါအ၀င် မြို့နယ်များတွင် လမ်းပေါင်း ၄၀၀၀ ခန့်ရှိကြောင်း၊ ကြံ့ဖွံ့ပါတီသည် ထိုလမ်းများကို စီမံချက်ဖြင့် ခင်းပေးနေပြီး အဆိုပါ လမ်းခင်းခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ ဘိလပ်မြေကို စည်ပင်ပိုင် ဘိလပ်မြေစက်ရုံက ထုတ်လုပ်ပေးကာ လမ်းခင်းစက်များ သည်လည်း စည်ပင်သာယာရေးပိုင်များသာ ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

“လမ်းခင်းဖို့ ဘိလပ်မြေက တရက်ကို အိတ် ၆၀၀၀၊ ၇၀၀၀ လောက်ထွက်တယ်” ဟု မြို့တော်ဝန်က ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြည်သူလူထုဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြံ့ဖွံ့အသင်း အနေဖြင့် ရပ်တည်စဉ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ဆက်လက်လည်း လုပ်ဆောင်သွားမည်ဟု သူက ဆိုသည်။

“လမ်းတွေခင်းပေးတယ်၊ ရေရအောင်လည်း ရေတွင်းတွေ တူးပေးတယ်၊ ပြည်သူလူထု ကျန်းမာရေး အတွက်လည်း ဖြိုးစေတနာ ဆေးခန်းတွေ အခမဲ့ ဖွင့်လှစ်ပေးထားတယ်၊ ပညာရေး စောင့်ရှောက်မှုအနေနဲ့ စာသင်ကျောင်းတွေလည်း အများကြီးဆောက်ပေး ထားတယ်။ စီးပွားရေး စောင့်ရှောက်မှုအနေနဲ့ ဆင်းရဲတဲ့လူတွေကို သက်သာတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတယ်” ဟု ဦးအောင်သိန်းလင်းက မီဒီယာများကို ရှင်းပြခဲ့သည်။

ကြံ့ဖွံ့ပါတီအနေဖြင့် အစိုးရ အသုံးစရိတ်ဖြင့် မဲဆွယ်လှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ နိုင်ငံရေးပါတီ အများစုကလည်း ထိုသို့ အစိုးရစရိတ်သုံးကာ မဲဆွယ်မှုများကို ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် ကန့်ကွက် သင့်ကြောင်း၊ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်သည့် ကြံ့ဖွံ့ပါတီကို တရားဥပဒေကြောင်းအရ ဖျက်သိမ်းရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တရားဝင်တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်းများလည်း ပြုလုပ်သင့်ကြောင်း
ဝါရင့် သတင်းစာဆရာတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကြံ့ဖွံ့ပါတီက ချိုးဖောက်နေတာတွေကို နိုင်ငံရေးပါတီတွေက ကန့်ကွက်ရမယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ ဥပဒေချိုးဖောက်တဲ့ ကြံ့ဖွံ့ပါတီ ဖျက်သိမ်းပေးဖို့ တရားဝင်တောင်းဆိုရမယ်။ ကြောက်နေရင်တော့ ကြံ့ဖွံ့ပါတီရဲ့ မတရားနည်းလမ်းသုံး မဲဆွယ်တာတွေကို ထိုင်ကြည့်နေကြပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က/ ၅) တွင် နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် ပါတီအဖွဲ့အစည်း ဖြစ်လျှင် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု တရားဝင်ပြဋ္ဌာန်းထားသည်။

ကြံ့ဖွံ့ပါတီသည် လမ်းများခင်းရာတွင် ငွေကြေးမကောက်ခံဟု မြို့တော်ဝန်ကပြော ဆိုသော်လည်း အမှန်တကယ် လက်တွေ့တွင်မူ ရပ်ကွက်လူထုထံမှ ငွေကြေး ကောက်ခံမှုများရှိကြောင်း စုံစမ်းသိရှိရသည်။

“ပေ ၃၀၀ ရှိတဲ့ လမ်းခင်းဖို့ ကျပ် ၃ သိန်း ၆ သောင်း ရပ်ကွက်က ပေးလိုက်ရတယ်။ ပါတီဝင်လည်း စုပေးရတယ်” ဟု ကမာရွတ်မြို့နယ်မှ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံတွင် မဲပေးနိုင်သည့် အသက်ပြည့်ပြီးသူ လူဦးရေ သန်း ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

နေပြည်တော်ခရိုင်တွင် မဲပေးနိုင်သော လူဦးရေ ၆ သိန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်မူ မဲပေးနိုင်သော လူဦးရေ ၄၄၁၈၉၈၉ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ထားသည်။

ကြံ့ဖွတ်ယုံလို့ စုံလုံးကမ်းကြရပြီ

11:22 PM | Posted by Anonymous

မကွေးတိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုမယ့် အမတ်လောင်းက မဲဆွယ်စည်းရုံးတဲ့အနေနဲ့ လူတွေကို မျက်စိခွဲစိပ်ကုသပေးရာမှာ လူအတော်တော်များများ မျက်စိကွယ်သွားကြရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဗိုလ်ချုပ်မြင့်မောင် ဦးစီးဦးဆောင်ပြီး လူထုကို စည်းရုံးတဲ့အနေနဲ့ မျက်စိ အခမဲ့ ကုသပေးတဲ့အခါမှာ အခုလို လူအတော်များများ မျက်စိကွယ်ကြရတာ ဖြစ်ပါတယ်။

ပထမ အသုတ်အနေနဲ့ မြန်မာဆရာဝန်တစ်ဦးက ဝေဒနာရှင် ၁၇၀ ကျော် ခွဲစိပ်တဲ့အခါမှာ အောင်မြင်မှုရခဲ့ပေမယ့် ဒုတိယအသုတ် ထိုင်ဝမ်က တရုတ်ဆရာဝန် ခွဲစိပ်ရာမှာတော့ လူနာ ၁၈၀ မှာ ၅၀ နီးပါးကတော့ မျက်စိကွယ်သွားကြရပါတယ်။

ကိုယ်တိုင် မျက်စိမမြင်ဖြစ်သွားရတဲ့ အသက် ၇၀ အရွယ် ဒေသခံ ဝေဒနာရှင်တစ်ဦးက ဘီဘီစီကို ပြောပြရာမှာ သူဟာ ခွဲပြီးကာစ ခုနှစ်ရက်မြင်တဲ့အကြောင်း နောက်ရက်ကျတော့မှ ရုတ်တရက် ကွယ်သွားတယ်လို့ ပြောပါတယ်။

ခွဲစိပ်တာကတော့ တစ်ရက်တည်းပါ၊ ဒီကနေ့ခွဲပြီး မနက်ဖြန်ခါကျတော့ ပတ်တီး ဖြည်လိုက်တာပါပဲ ဘယ်လိုဖြစ်သွားတယ်လို့တော့ မသိပေမယ့် မျက်စိကတော့ မမြင်ရတော့ဘူးလို့ထင်တာပဲ လို့ အဲဒီ ဒေသခံ ဝေဒနာရှင်ကပဲ ပြောပါတယ်။

မျက်စိကွယ်သွားကြရတဲ့ လူ ၅၀ ထဲမှာ သံဃာတော်တစ်ပါးကတော့ မျက်စိထဲပိုးဝင်သွားလို့ မျက်စိထုတ်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘာ့ကြောင့် အခုလိုဖြစ်ရတယ်ဆိုတာကို ရေစကြိုမြို့နယ် ဒေသခံဆရာဝန်တစ်ဦးက ဘီဘီစီကို ပြောပြရာမှာ ဇွန်လ ၁၆၊၁၇ က ပထမ အသုတ်မင်းဘူးက ဒေါက်တာအောင်ဆန်းဝင်း ဦးဆောင်ပြီးခွဲတာ အားလုံးကောင်းတယ်၊ ဒုတိယအသုတ်က ဇူလိုင်လ ၁၁ ရက်နေ့ ထိုင်ဝမ်ဆရာဝန်ကတစ်ရက်တည်းနဲ့ လူနာ ၁၈၀ လောက် ခွဲချသွားတယ် ၊ ဝေဒနာရှင် ၁၀၀ မှာ တစ်ယောက်တလေတော့ အခုလိုဖြစ်တတ်တာတော့ရှိတတ်ပေမဲ့၊ အခုဟာက လူအများကြီးဖြစ်တာဆိုတော့ ခွဲစိတ်တဲ့ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့်လို့ သူထင်တဲ့အကြောင်း ပြောပြပါတယ်။

အခု လက်ရှိ မျက်စိမမြင်ရတဲ့ ဒေသခံတွေကတော့ သူတို့မျက်စိကို တခြားဆရာဝန်တွေနဲ့ ပြကြည့်တဲ့အခါမှာလည်း မရနိုင် မမြင်နိုင်တော့ဘူးလို့ ဘီဘီစီကို ပြောပြသွားကြပါတယ်။

နယူးယောက် က မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှု ဖိတ်စာ

Sunday, October 3, 2010 1:39 PM | Posted by Anonymous

NYC Invitations: Burma 2010: between Hope and Reality. The Elections and the Violations of Human Rights

THE BURMA FUND UNITED NATIONS OFFICE

Is pleased to invite you to

Burma 2010: between Hope and Reality. The Elections and the Violations of Human Rights

WEDNESDAY, OCTOBER 6, 2010

12.30 PM -14.45 PM

THE CHURCH CENTER

777 UNITED NATIONS PLAZA, 2TH FLOOR

(CORNER OF 44TH STREET & FIRST AVENUE)

A few weeks before Burma’s November 7 elections, the General Assembly is about to start the negotiations on a resolution on the situation of human rights in Burma. The first elections for twenty years have raised many hopes about a possibility for a change in the country. In reality, human rights and freedoms are still largely repressed and the process so far has shown that these elections will rather cement the authoritarian rule.

The Burma Fund will bring together representatives from the democracy movement, international human rights organizations, and academic institutions, to discuss how the United Nations and the regional actors should respond to the elections in order to support genuine democratic reform in Burma. The first panel will talk about the reality of the electoral process, the tensions in the ethnic areas, and the feelings within the civil society. The second panel will discuss strategies to address the persistent and systematic violations of human rights and widespread impunity for systematic grave crimes. The Harvard International Human Rights Clinic report Crimes in Burma, entirely based on UN documents, has assessed that serious crimes committed in Burma amount to crimes against humanity and war crimes. Member states should support a commission of inquiry into these serious violations, which has been also recommended by the UN Special Rapporteur Prof. Tomas Ojea Quintana.

12.30 pm, FIRST PANEL “ELECTIONS AND CIVIL SOCIETY: A VIEW FROM THE GROUND”

Moderator: Dr.Thaung Htun, Burma Fund Director and Representative for the UN of the National Coalition Government of the Union of Burma

Ms. Debbie Stothard, Deputy Secretary-General, International Federation for Human Rights-FIDH

Ms. Wah Ku Shee, Women’s League of Burma

Ms. Du Du Win, Women’s League of Burma

Mr. Twan Zaw, Domestic Program In-charge, Students and Youth Congress of Burma

13.45 pm, SECOND PANEL “END SERIOUS CRIMES IN BURMA THROUGH A UN COMMISSION OF INQUIRY”

Moderator: Mr. Alberto Turlon, Burma Fund UN Advocacy Coordinator

Prof. Tyler Giannini, Director of the Harvard Law School’s International Human Rights Clinic

Mr. Emmanouil Athanasiou, Head of Asia Desk, FIDH

Ms. Elaine Pearson, Deputy Director, Asia Division, Human Rights Watch

Dr. Thaung Htun, Director, Burma Fund

Light Lunch will be provided

R.S.V.P. to alberto.turlon@gmail.com

-- Alberto TurlonUnited Nations Advocacy CoordinatorBurma Fund UN Office777, UN Plaza 10017New York, NY U.S.A.Tel: +1 212 338 0048Cell: +1 917 225 5942 begin_of_the_skype_highlighting +1 917 225 5942 end_of_the_skype_highlighting 

လန်ဒန် က မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှု ဖိတ်စာများ

1:35 PM | Posted by Anonymous
၀၂ - ၁၀ -၂၀၁၀(စနေနေ့)02 – 10 – 2010(Saturday)

ထိုင်းမြန်မာနယ်စပ်အခြေစိုက်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌအဖြစ်လည်းကောင်း၊ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူ ...ဦးအောင်မိုးဇော် က"မြန်မာနိုင်ငံ ၂၀၁၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန်ကာလ"ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြမည့် ဟောပြောပွဲ (မြန်မာဘာသာဖြင့်) သို့ တက်ရောက်ပါရန် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ယူကေဌာနခွဲ) က လေးစားစွာ ဖိတ်ကြားပါသည်။



U Aung Moe ZawChair of DPNS and Joint General Secretary for the National Council of Union of Burma (NCUB)Will give a talk in Burmese “2010 Elections and Beyond in Burma” ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့လည် (၁၂)နာရီ (၃၀) မိနစ် မှ (၂)နာရီ (၃၀) မိနစ် အထိအရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာလေ့လာရေးကျောင်းSchool of Oriental and African Studies (SOAS) The Brunei Gallery Thornhaugh Street Russell Square London WC1H 0XG အနီးဆုံးမြေအောက်ဘူတာရုံ (ရပ်စ်စဲလ်စကွဲယား ဘူတာ)ဆက်သွယ်ရန် - ကိုဇင်ခိုင် (ဖုန်း - ၀၇၉ ၀၄၃၉ ၃၄၅၇)

-------------------------------------------------------------------------------------------------



Events in Manchester, UK

Film with Q&ABurma VJ


Venue: Contact Theatre, Oxford Road, Manchester Date: 5 October 2010 Burmese people risking their lives, using video cameras to report the repression by their military rulers.


Talk and Book Signing
Zoya Phan


Venue: Cross Street Chapel, Cross Street, Manchester Date: 23 October 2010 Zoya is a refugee from the atrocities in Burma, born and raised in the jungle of the Karen region, and now working for her country from the UK.


Vigil
Political Prisoners


Venue: Rochdale Canal and plaza, next to Bridgewater Hall, Manchester Date: 4 November 2010 Focus on three young men sentenced to 37 years for voicing their opinions


The Burma Play




Venue: Contact Theatre, Oxford Road, Manchester
From: 19 November 2010 To: 20 November 2010 A popular entertainer struggles to recall his past in the struggle for human rights in Burma


Even though I’m free I am not




Venue: 8th Day Cafe, Oxford Road (near MMU / All Saints), Manchester
From: 1 November 2010 To: 30 November 2010 Award winning photographic exhibition featuring former Prisoners of Conscience from Burma and other countries


Talk
Burma Regime of Fear




Venue: various location
To book speaker: 07766 083765Talk and presentation by Mike Reed, Amnesty International. Available to local groups, Trade Union meetings, etc.

----------------------------------------------------------------------------------------------

01 – 11 – 2010(Monday)

Demonstration to oppose 2010 sham election in Burma Date: 01 – 11 – 2010 Time: 12:00 – 13:00Venue: In front of Burmese Embassy, 19A Charles Street London W1J 5DX

မထောက်ခံထိုက်သော ရွေးကောက်ပွဲအဖြစ် ဦးဝင်းတင်ရေးသား

11:53 AM | Posted by Anonymous

မထောက်ခံထိုက်သော ရွေးကောက်ပွဲအဖြစ် ဦးဝင်းတင်ရေးသား

2010-10-01

(လွတ်လပ်သောအာရှအသံ)

စက်တင်ဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ထုတ် နယူးယောက်တိုင်း သတင်းစာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါး တပုဒ် ရေးသားခဲ့ပါတယ်။

(Photo: AFP)

စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

`မထောက်ခံထိုက်တဲ့ ရွေးကောက်ပွဲ` ဆိုတဲ့ အဲဒီဆောင်းပါးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မစ္စ ပီလေး ရဲ့ မြန်မာပြည် ရွေးကောက်ပွဲအပေါ် လွတ်လပ်မျှတမှု ရှိမရှိ ကမ္ဘာက စောင့်ကြည့်ရမယ်လို့ မကြာခင်က ပြောဆိုခဲ့တာဟာဖြင့် မြန်မာပြည် ပြဿနာရဲ့အဖြေမဟုတ်တဲ့ အဲဒီရွေးကောက်ပွဲဟာ အရေးကြီးသယောင်၊ တစုံတရာ စောင့်ကြည့်ထိုက်သယောင် သဘောဆိုက် နေတဲ့အတွက် မိမိတို့ စိတ်မကောင်းကြောင်း ရေးသားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က ဒီမိုကရေစီပါတီတွေအပေါ် တဖက်သတ် ဖိနှိပ်နေတဲ့ လက်ရှိ အခြေအနေတွေကို ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ လွှတ်တော်ဟာလည်း အစိုးရဖွဲ့ခွင့်၊ စစ်ရေးကိစ္စ ဆုံးဖြတ်ခွင့်၊ သမတက ခန့်အပ်လိုက်သူတွေ၊ ဘတ်ဂျက် ခွင့်ပြုချက်တွေအပေါ် ငြင်းဆို ကန့်ကွက်ပိုင်ခွင့်စတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ မရှိတဲ့ လွှတ်တော်မျိုးသာ ဖြစ် ကြောင်း၊ ဒီမိုကရေစီဘက်သား ပါတီတွေက အမတ်တွေဟာလည်း ဒီလို ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခဲယဉ်းကြောင်း၊ ကံကောင်း ထောက်မလို့ နိုင်ခဲ့ရင်လည်း ဒီလိုလွှတ်တော်မျိုးမှာ သူတို့ အသံမကျယ်နိုင်ကြောင်း၊ ဒီတော့ ဒီလို ရွေးကောက်ပွဲမျိုးကို နိုင်ငံတကာက အရေးစိုက်ပြီး စောင့်ကြည့်ဖို့ လိုပါသေးသလား လို့ ဦးဝင်းတင်က မေးခွန်း ထုတ်လိုက်ပါတယ်။

ဆက်လက်ပြီး - ရွေးကောက်ပွဲအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်လိုက်တာကို မြန်မာပြည်သူ သန်းပေါင်းများစွာက ထောက်ခံကြပေမဲ့ အကြောင်းမလှစွာပဲ ဥရောပနိုင်ငံ တချို့က မြန်မာပြည်မှာ ရွေးကောက်ပွဲက လွဲပြီးတခြား ရွေးစရာမရှိလို့ ယူဆကြပြီး ရွေးကောက်ပွဲ ဝင်ရေး အားပေးနေကြကြောင်း၊ ရွေးကောက်ပွဲဟာ အဖြေမဟုတ်။ အားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေးကသာ နိုင်ငံ့အဖြေဖြစ်ကြောင်း၊ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးဆီ ရောက်လာအောင် ပြည်တွင်းက ငြိမ်းချမ်းတဲ့ တောင်းဆိုမှုတွေ၊ ပြည်ပဖိအားတွေနဲ့ တွန်းပို့နိုင်အောင်သာ ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း နယူးယောက်တိုင်းသတင်းစာမှာ ဦးဝင်းတင်က ရေးသားခဲ့ပါတယ်။
An Election Not Worthy of Support By Win Tin

ကမ္ဘာ့အကြမ်းမဖက်နေ့မှာ ရန်ကုန်က အကြမ်းမဖက်အဖွဲ့က ဗိုလ်ချုပ်မှူးကြီးထံစာပို့

11:48 AM | Posted by Anonymous
(ဒီမိုကရက်တစ်မြန်မာ့အသံ)