ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး သမီး ဝေနှင်းပွင့်သုန် (၂၇-၀၉-၁၀)ရက်က အင်္ဂလန် လေဘာပါတီညီလာခံတွင်ပြောကြားသောမိန့်ခွန်းမြန်မာဘာသာပြန်

Thursday, September 30, 2010 4:47 AM | Posted by Anonymous
(ဝေနှင်းပွင့်သုန်)

ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော်တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma Campaign UK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။

မေးလ်မှရရှိသည်။ (ဘာသာပြန်သူအားမှတ်တမ်းတင်ကျေးဇူးတင်ရှိပါသည်။)



မြန်မာစစ်ခေါင်းဆောင်များ ကုလညီလာခံထဲကို မြန်မာဝတ်စုံနဲ့ ချီတက်

မြန်မာစစ်ခေါင်းဆောင်များ ကုလညီလာခံထဲကို မြန်မာဝတ်စုံနဲ့ ချီတက်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၉၊ ၂၀၁၀
နအဖ စစ်အစိုးရ ကိုယ်စားလှယ်များကို စက်တင်ဘာလ ၂၈ ရက်နေ့က နယူးယောက်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ရစဉ်။
နယူးယောက်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စကားပြောနေတဲ့ နအဖ စစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တဖြစ်လဲ ဗိုလ်ချုပ်ဉာဏ်ဝင်း
ဦးဉာဏ်ဝင်း အပါအဝင် နအဖ စစ်ဗိုလ်ချုပ်ကြီးများဟာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့ စစ်ယူနီဖောင်းချွတ် အရပ်ဝတ်လဲကာ ဝန်ကြီးချုပ် ဦးသိန်းစိန်တဖြစ်လဲ ဗိုလ်ချုပ်ကြီး သိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုဖွဲ့ပြီး လာမယ့် အောက်တိုဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ မဲဆွယ်စည်းရုံးနေကြပါတယ်။ Photo : Getty Images, AP

ကာတွန်းဟန်လေး ၏ "ကျွန်တော် ဗုဒ္ဓဘာသာပါ"

Monday, September 27, 2010 11:15 AM | Posted by Anonymous

ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး သမီးငယ် ဝေနှင်းပွင့်သုန် အင်္ဂလန် လေဘာပါတီညီလာခံတွင် မိန့်ခွန်းပြော

11:04 AM | Posted by Anonymous

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ သူရဦးတင်ဦး မှ ဥရောပကော်မရှင်ထံ သို့ ပေးစာ

Friday, September 24, 2010 5:02 PM | Posted by Anonymous

ပြည်သူ့အာဏာဂျာနယ် (အမှတ်စဉ် ၃၂၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်)

4:26 PM | Posted by Anonymous

စစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ပြင်သစ်ထောက်ခံ

3:14 PM | Posted by Anonymous

Sources: RFA Burmese

2010-09-23

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းဖို့ အဆိုကို ပြင်သစ်အစိုးရက ထောက်ခံလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲ အတွင်း ပြင်သစ်အစိုးရက လူသိထင်ရှား ကြေညာခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံထဲက နိုင်ငံတကာပြစ်မှု ကျုးလွန်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ထောက်ခံကြောင်း ဖော်ပြခဲ့တယ်လို့ စက်တင်ဘာ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ပြင်သစ်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း ၄ ခုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

(Photo: AFP)

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုတွင် စစ်အစိုးရ၏ အကြမ်းပစ်ခတ် နှိမ်နင်းမှုကြောင့် သေဆုံး ဒဏ်ရာရသူများ၏ ဓာတ်ပုံကို ကိုင်ဆောင်ရင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့လယ်တွင် ၂၀၀၇ စက်တင်ဘာ ၂၉ ရက်က ကန့်ကွက် ဆန္ဒပြနေသူတဦး ဖြစ်ပါသည်။ (Photo: AFP)

အလားတူပဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီင်္ ညီလာခံမှာလည်း ပြင်သစ်သံအမတ်ကြီးက မြန်မာနိုင်ငံက လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှုတွေရှိနေကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဆိုပြုထားတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ကိစ္စကို ပြင်သစ်က ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ်က ထောက်ခံတာဟာ မြန်မာ့အရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတခုပါလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဦးအောင်ဒင်က ပြောပါတယ်။

“ဟုတ်ကဲ့၊ ဒါကတော့ အင်မတန် အရေးကြီးတဲ့ တိုးတက်မှု တရပ်ပါပဲ။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ထောက်ခံတာ အခု ဒီ နောက်ဆုံး ထောက်ခံတဲ့ ပြင်သစ်နိုင်ငံ ပါလို့ရှိရင် ၁၀ နိုင်ငံ ရှိသွားပြီပေါ့။ ဆိုတော့ ဒီ နိုင်ငံတွေရဲ့ ထောက်ခံမှုက အင်မတန် အရေးကြီးပါတယ်။ နောက် ဒီနိုင်ငံတွေကလည်း အားကောင်းတဲ့ နိုင်ငံတွေ ဖြစ်တဲ့အခါကျတော့ ဒီ ၁၀ နိုင်ငံက နေပြီးတော့ ဒီထက် ပိုများတဲ့ နိုင်ငံတွေ ပိုပြီး ထောက်ခံလာလိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ အဲဒီလို ထောက်ခံတဲ့ နိုင်ငံတွေ များလာတာနဲ့အမျှ အခု ကုလသမဂ္ဂကနေပြီးတော့ ဒီ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီ လူသားမျိုးနွယ်စု တရပ်လုံးကို ပစ်မှတ်ထားပြီး ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင် ဖွဲ့ရေးကိစ္စနဲ့ ပတ်သက်ပြီး ဒီ ဆုံးဖြတ်ချက်တရပ် ချနိုင်ဖို့ အခြေအနေက ပိုပြီးတော့ နီးကပ်လာတယ်လို့တော့ ကျွန်တော်တော့ မြင်တယ်ဗျ။”

ပြင်သစ်အစိုးရက ဒီလိုထောက်ခံတာနဲ့ပတ်သက်ပြီး ပြင်သစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေ ဖြစ်တဲ့ FIDH, Info-Birmanie, ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ချုပ်နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ခွဲတို့က ကြိုဆိုလိုက်ပါတယ်။

လက်ရှိအချိန်အထိ မြန်မာစစ်အစိုးရအပေါ် စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့ အဆိုကို တရားဝင် ထောက်ခံတဲ့ နိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ချက်သမတနိုင်ငံ၊ စလိုဗက်ကီးယား၊ ပြင်သစ်၊ နယ်သာလန်၊ ဟန်ဂေရီနဲ့ နယူးဇီလန်နိုင်ငံ တွေဖြစ်ပါတယ်။

တရုတ်က မြန်မာစစ်အစိုးရကို ဒေါ်လာ သန်း ၄,၂၀၀ အတိုးမဲ့ ထုတ်ချေး

2:36 PM | Posted by Anonymous
Sources: RFA Burmese
2010-09-23

မြန်မာစစ်အစိုးရကို အမေရိကန်ဒေါ်လာ သန်း ၄,၂၀၀ အတိုးမဲ့ ထုတ်ချေးဖို့ တရုတ်အစိုးရက သဘောတူလိုက်တယ်လို့ သိရပါတယ်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မကြာခင်က တရုတ်ပြည်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဒီသဘောတူညီချက် ရရှိခဲ့တာလို့ ဆိုပါတယ်။

(Photo: AFP)

တရုတ်သမတ ဟူဂျင်တောင် (အလယ်-ဝဲ)နှင့် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်-ယာ) တို့ကို စက်တင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသော ကြိုဆိုပွဲ အခမ်းအနားတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အခုလို မြန်မာစစ်အစိုးရအနေနဲ့ တရုတ်နိုင်ငံက ချေးငွေ လက်ခံယူလိုက်တဲ့အတွက် တရုတ်အစိုးရဲ့ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု၊ တရုတ်ကုမ္ပဏီတွေရဲ့ စီးပွားချုပ်ကိုင် ဆောင်ရွက်မှုတွေကို လမ်းဖွင့်ပေးသလို ဖြစ်လိမ့်မယ်လို့ ရန်ကုန်မြို့ အခြေစိုက် စီးပွားရေး ပညာရှင် တဦးက ပြောပါတယ်။

ဒါ့ပြင် ဒီချေးငွေ ရရှိတဲ့အကျိုးကျေးဇူးတွေကို သာမန် မြန်မာပြည်သူတွေ ခံစားရမှာ မဟုတ်သလို၊ ဒီငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးစွဲတယ် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်တပ်တိုးချဲ့မြှင့်တင်ရေးအတွက် ဘယ်လောက် သုံးစွဲတယ် ဆိုတာတွေကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော ကတော့ တရုတ်အစိုးရက မြန်မာနိုင်ငံကို အခုပေးအပ်တဲ့ ငွေကြေးအကူအညီဟာ တခြား ဖွံ့ဖြိုးဆဲ အာဖရိကနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန် နည်းနေတယ်လို့ ပြောပါတယ်။

“တရုတ်က ဒီလို ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများကို သူ ငွေတွေ ထုတ်ချေးတယ်။ သူ့မှာ ငွေတွေ အများကြီး ရှိတာကိုး။ အရန်ငွေတွေက three trillion နီးပါးလောက် ရှိတယ်။ သန်းပေါင်း သုံးသန်းနီးပါးလောက် ရှိတယ်၊ ဒေါ်လာ ဒေါ်လာ။ အဲဒီတော့ သူက အဲဒီဟာတွေကို တော်တော်များများကို ထုတ်ချေးတယ်။ ထုတ်ချေးတဲ့ ရည်ရွယ်ချက်က အဲဒီ ဖွံ့ဖြိုးဆဲနိုင်ငံတွေ သူက ဖွံ့ဖြိုးတိုးတက်လာရေးအတွက် သူက စဉ်းစားတာ။ အဲဒီနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူ့နိုင်ငံက ပစ္စည်းပစ္စယတွေ ဝယ်နိုင်မယ်၊ ရောင်းနိုင်မယ်။ ဒီရေရှည်အမြင်နဲ့ သူထုတ်ချေးတာပါ။”

“ဗမာပြည်ကို ပေးတယ်ဆိုတာ အင်မတန်ကို နည်းပါသေးတယ်။ သူ အာဖရိကနိုင်ငံတွေကို အများကြီး ပေးထားတာပါ။ အခြေခံအဆောက်အအုံတွေ ဆောက်တာ၊ လမ်းတွေ ဆောက်တာ၊ တံတားတွေ ဆောက်တာ၊ အများကြီး လုပ်ပါတယ်။ ဒါကြောင့်မို့ အနောက်နိုင်ငံက အာဖရိကတိုက်မှာ တရုတ်က ကိုလိုနီလက်သစ်ဖြစ်တယ် ဘာတယ်လို့တောင် စွပ်စွဲတာတွေ ဘာတွေ ခံရတယ်။ ဘာပဲဖြစ်ဖြစ် ချေးတယ်ဆိုရင်တော့ သူတို့မျက်နှာ ကြည့်ရတာတော့ ပါမှာပေါ့ဗျာ။”

စစ်ဖက်သတင်း ရပ်ကွက်တခုရဲ့ အပြော အရတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အခု နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမဲ့ လွှတ်တော်သစ်ကိုလည်း စစ်ရေးအသုံး စရိတ်တွေ တင်ပြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကာတွန်း “ဖြစ်လေ့ ဖြစ်ထ ရှိတာပဲ” ဟန်လေး Tuesday, September 14, 2010

2:26 PM | Posted by Anonymous