ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ (အုန်းပြန့် ဒုက္ခသည်စခန်း)
သတင်း (ခေတ်ပြိုင်) - ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားပြဿနာကို ဖြေရှင်းနိုင်သူဖြစ်
သတင်း (ခေတ်ပြိုင်)
ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားပြဿနာကို ဖြေရှင်းနိုင်သူဖြစ်
မြတ်ခိုင်ဦး / ၁၇ ဇွန် ၂၀၁၀
ကယားပြည်နယ်ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ကယားအမျိုးသား ခွန်မားကိုဘန်းက “မြန်မာပြည်မှာ အဓိကလူမျိုးကြီးတိုင်းရင်းသား (၈) မျိုးရှိတယ်။ ဒီလူတွေ အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးခေါင်းဆောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေးခေါင်းဆောင်ဖြစ်တယ်။ သူတို့ရဲ့ပွင့်လင်းရိုးသားမှုကြောင့် အမျိုးသားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတာဖြစ်တယ်” ဟု ပြောဆိုသည်။
ဇွန် (၁၉) ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်း ခန်းမ၌ကျင်းပရာ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ရွန်ဟက် (ဖ်) မန်း အပါအဝင်၊ အမေရိကန်နှင့် ချက်(ဗ်) သံရုံးတို့မှ သံအရာရှိများ၊ ဒီမိုကရေစီနှင့်အမျိုးသားရေး တပ်ပေါင်းစု (၁၀) ဖွဲ့မှ ခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အထက်လွှတ်တော်နှင့် မြန်မာ့ရေးရာ အရှေ့တောင်အာရှ လွှတ်တော်အမတ်များ ဥက္ကဋ္ဌ ခရိုင်ဆတ်ချွန်ဟာဗန်တို့ တက်ရောက်ကြသည်။
အခမ်းအနားတက်ရောက်သည့် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း “သူမဟာ အိမ်အကျယ်ချုပ်ကျနေပေမယ့် လူတွေကတော့ သူမမွေးနေ့ကို ကျင်းပနေကြတယ်။ သူမရဲ့သဘောထား အမြင်အားလုံးဟာ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတာပဲဖြစ်တယ်။ ကျမတို့အားလုံး လိုလားတာကတော့ မြန်မာပြည်သူတွေဟာ သူတို့နှစ်သက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲပဲ လိုလားပါတယ်” ဟု မွေးနေ့ဆုတောင်းတွင် ထည့်သွင်း ပြောကြားသွားသည်။
ကနေဒါသံအမတ်ကြီးနှင့် အမေရိကန်၊ ချက်(ဗ်) သံရုံးတို့မှ ဆုတောင်းစကားများ ပြောကြားပြီးနောက် ခရိုင်ဆတ်ချွန်ဟာဗန်က အရှေ့တောင်အာရှ အမတ်များ၏ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသဝဏ်လွှာများကို စုစည်းတင်ပြသည်။
၎င်းက “ကျနော်တို့ဟာ ဒီလိုမွေးနေ့ပေါင်းများစွာကို သူမ မပါဘဲ၊ သူမကို လက်ဆွဲနှုတ်ဆက်ခွင့်မရဘဲ ကြိမ်ဖန်များစွာ ကျင်းပခဲ့ရပါတယ်။ ဒါဟာ အလွန့်အလွန်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်သားတွေ အများကြီးရှိပါတယ်။ သူတို့ဟာ ဒီလိုနေခွင့်ရရုံမက အလုပ်လုပ်ကိုင်ခွင့်၊ လူ့အခွင့်အရေးနဲ့ ပညာသင်ကြားခွင့်တွေလည်း ပိုမိုရရှိသင့်ပါတယ်” ဟုလည်း ထည့်သွင်းပြောကြားသွားသည်။
ထို့နောက် အခမ်းအနားတွင် မေလ (၂၇) ရက်နေ့မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြုလုပ်ခဲ့သည့် “လူထုရွေးကောက်ပွဲနှင့် စစ်တပ်မှရွေးချယ်ပွဲ” ဟုဆိုသော ရွေးကောက်ပွဲအပေါ် သဘောထားရလဒ်အား တပ်ပေါင်းစုကိုယ်စားလှယ်နှစ်ဦးက ရှင်းလင်းတင်ပြရာ နိုင်ငံပေါင်း (၁၃) နိုင်ငံ၌ လူပေါင်း (၃၉,၀၀၀) ကျော်က ပါဝင်ဆန္ဒပြု ထုတ်ဖော်ကြောင်း သိရသည်။
ညနေပိုင်းတွင် “မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ၏ အသံများ” ဆိုသည့် မြန်မာအမျိုးသမီးများ၏ ရင်တွင်းခံစားချက်များကို တင်ပြထားသည့် စာညွှန်းနှင့် ဝတ္ထုတိုပေါင်း (၁၁၁) ပုဒ်ပါဝင်သည့် စာအုပ်ကို မွေးနေ့အထိမ်းအမှတ်အဖြစ် အာဆီယံစင်ပြိုင် (Altsean) အဖွဲ့ကြီးက ထုတ်ဝေလိုက်သည်။
အဆိုပါစာအုပ်သည် ရေခြားမြေခြားအပါအဝင် ယနေ့မြန်မာအမျိုးသမီးထု တရပ်လုံးခံစားနေရသည့် အရေးအရာများကို ထင်ဟပ်ဖော်ပြထားပြီး “သမီးရဲ့မိဘနှစ်ပါးက သမီးကို ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ကြပါတယ်။ သမီးမှာ အစ်ကိုနှစ်ယောက်လည်းရှိပါတယ်။ သူတို့ကိုလည်း ထိုင်းနိုင်ငံမှာပဲ မွေးဖွားခဲ့ကြတာပါ။ ဒါပေမယ့် သမီးတို့က ထိုင်းလူမျိုးတော့ မဟုတ်ကြပါဘူး။ မြန်မာနိုင်ငံကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်” စသော သန့်ရှင်းပွင့်လင်းမှုများဖြင့် ရေးဖွဲ့ထားသော အမျိုးသမီးများ၏အသံကို ကိုယ်စားပြုကြောင်း တွေ့ရှိရသည်။
The Best Friend Library - Chiang Mai/ Thailand: "Arrest Yourself" Itinerary and Pre-Registration!
Dear Library Members and Supporters,
Today is an exciting day because we are able to send you more details, including the itinerary, for our biggest event of the year -- ARREST YOURSELF: An All-Day Burma Event for Aung San Suu Kyi and the People of Burma!
The "Arrest Yourself" event is taking place in Chiang Mai this Sunday, 20 June, in celebration of Aung San Suu Kyi's 65th birthday, and in solidarity with her 14 years of house arrest. This is an all-day educational 'seminar-style' event with several presentations from Burmese organizations, guest speakers, short documentaries, discussions, Burmese food, and some surprises. The event will be held from 10 a.m. to 7 p.m. at Chiang Mai University's Uniserv building, located at 239 Nimmanhaemin Road. Please see the attached itinerary for the exact schedule of events and presenters.
We will have several different admission options, which are as follows:
• 160 baht = basic admission for all presentations, including special commemorative gift
• 230 baht = admission and commemorative gift, plus Burmese lunch
• 500 baht = "Best Friend of the Best Friend" admission, which includes admission, lunch, commemorative gift, "Peace in Burma Now" t-shirt, plus a free DVD of your choice from the library's collection
The seating capacity for this event is limited to 100 people, so if you want to guarantee space(s) for you and your friends, please send us an e-mail to "bestfriend.cm@gmail.com" and let us know your name(s) to be added to the Pre-Registration list. We will quickly reply to let you know that space(s) has been reserved for you.
We also want to remind you of the Aung San Suu Kyi birthday event being planned by a coalition of organizations that will take place on Saturday 19 June with the theme "Using Our Liberty To Promote Burma's". The location will be the Chiang Mai University Art Museum on Nimmanhaemin Road, and the event will run from 4 p.m. to 8 p.m. It is free for all attendees, and will include a political round-table discussion (in Burmese language), several photo exhibitions, and traditional dance performances.
Please let us know if you have any questions about either event, and we look forward to seeing you this weekend!
Sincerely,
Garrett Kostin, Soe Soe, Sai Jing
The Best Friend Library - Chiang Mai
www.thebestfriend.org
Signature Campaign for Burmese Refugee in Malaysia

Dear Friends,
World Refugee Day is June 20. You can help people who have fled for
their lives from Burma and are now being tragically abused in
Malaysia, some even living lives as modern day slaves. All we need is
your signature. Please read on.
(www.petitiononline.com/
Burmese refugees who have fled for their lives to Malaysia because of
religious and ethnic persecution in their homeland have not been
recognized as Persons of Concern by the Malaysian government. Instead,
they are "illegals". Their basic human rights are imperiled. They are
denied the right to seek livelihood, access health care, receive
education or seek safe and appropriate shelter. Women, men and
children-including those who may be elderly, disabled, pregnant or
sick-are arrested, abused, detained, tortured, sentenced and
criminalized. In many instances, the refugees have been sold to human
traffickers.
This institutionalized, government-supported trafficking is a form of
modern-day slavery, and cannot be tolerated.
Please simply add your name to a letter that has already been prepared
by Ethical Traveler in partnership with Tenaganita to the Malaysian
Ministry of Home Affairs stating your concern for the refugees of
Burma. Let them know they will be losing tourist DOLLARS if the
situation continues and urge them to sign the 1951 UN Geneva
Convention, which will protect the fundamental rights of refugees. The
letters will be printed and sent via snail mail for greatest impact.
If we can send letters by the thousands we will demonstrate that ours
is a voice to contend with!
To read about the issue and sign your name to the letter, go to:
http://www.ethicaltraveler.
Regards,
Tim Aye Hardy
Director of Outreach | 2009 Carl Wilkens Fellow
Burma Global Action Network (www.Burma-Network.com)
Twitter: http://twitter.com/BGAN | Facebook:
www.facebook.com/
--
“The worth of the individual human being is the most unique and
precious of all our assets and must be the beginning and end of all
our efforts. Governments, systems, ideologies and institutions come
and go, but humanity remains.”
- U Thant, UN Secretary-General (1961-1971)
BURMA: AN INDICTMENT

Greetings everyone,to purchase tickets visit www.visionfest.com
Please see attached invitation to a screening at the Tribeca Cinemas on Saturday June 26th 7pm, program 9 of the 52-minute documentary "Burma: An Indictment". Tickets are $10.
all the best,
--
Jeremy Taylor
Director/Producer
Burma: An Indictment
REMI Winner
WorldFest-Houston Int'l Film Festival
jeremy@freeburmaalliance.org
917-957-1540
NYC: Human Rights Watch's 2100 in 2010 campaign
Please join us on June 22 at Grand Central Terminal’s Vanderbilt Hall to view a photo and art installation and sign a petition calling for the release of Burma’s political prisoners ahead of the 2010 elections.
More information is available here:
http://www.hrw.org/en/free-
http://www.facebook.com/#!/
| | |
| | |
|
| Human Rights Watch and JWT |
|
| This event is part of Human Rights Watch's 2100 in 2010 campaign calling for the release of Burma's estimated 2,100 political prisoners ahead of the Burmese elections later this year. For more information on the campaign, please visit www.hrw.org/free-burmas- | ||
| Photo montage: © 2010 JWT | ||
|
| ||
| |
အကယ်၍ (ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်)
ကိုဂုဏ်ပြု သောအားဖြင့် အဓိပတိကြီး ပေးပို့သည်)
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်)
မရှိခဏ ( ရေးသူ - မင်းကိုနိုင် )
မြွှေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်က မရှိဘူး။
လက်ဖ၀ါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဘူး။
ကိုယ်စီ ခတ်ကွင်းပြင်ကြ
မြစ်ထဲတော့ ၀င်လာတာပဲ
ရေတံခွန်ကြီး ဘွားကနဲ မြင်တော့မှ
အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော် နိုင်တော့ဘူး။
နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲ မရှိဘူး။
လှုပ်ရှားနေလို့သာ ဘ၀လို့ခေါ်ရတာ
ဖေါ်ပြစရာ အဓိပ္ပါယ်လဲ မရှိဘူး။ ။
မင်းကိုနိုင်
( ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပထမအကြိမ် နှစ်ရှည်ထောင်ဒဏ် ကျခံနေခဲ့ရစဉ် စစ်တွေထောင်တွင်း ရေးစပ်ခဲ့ပြီး ထောင်ပြင်ကိုခိုးထုတ်ခဲ့ရတဲ
BURMA: The House on Stilts - TIME

Prime Minister U Nu, a Buddhist layman of unusual piety, will casually refer to Communists as "Kwe-Ma-Tha," meaning "dog-bitch-sons."
-
ဘလော့ဂါ ဒီမိုဝေယံ ပေးပို့လာတဲ့ ‘တေဇ’ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံသတင်းခေါင်း စီး အမှားပြင်ဆင်ချက် ဆရာ … အောက်က စာလေး ဖတ်ကြည့်ပါ။ ကျွန်မအထ...
-
ငမိုက်သား ထုံပေပေ ဝီကီလိစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာတစောင်မှာ စင်ကာပူ ဝါရင့်နိုင်ငံရေးခေါင်းဆောင် လီကွမ်ယူက ဗိုလ်သန်းရွှေ အပါအဝင်...
-
ဒီနိုင်ငံမှာ၊ အထူးသဖြင့် မန္တလေးမှာ ကလပ်ပါတီပွဲတွေ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရလို့ စိတ်တော်ညို အလိုမကျဖြစ်နေကြတဲ့ ညီအကို မောင်နှမများ...
-
(ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်) သူငယ်ချင်း ဖိုးခွါး နဲ့ မတ်လ ၁၃ရက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့အကြောင်း စကားလက်ဆုံပြောဖြစ်ကြပ...
-
သံအမတ်တွေက အနောက် အလယ်မှာက မျောက်... ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် ...
-
စီးပွားရေး ပိတ်ဆို့ ထား တဲ့ ဥရောပ သမဂ္ဂ အဖွဲ့ ဝင် နိုင်ငံ တစ်ခု ဖြစ်တဲ့ အီတလီ နိုင်ငံမှာ ဦးတေဇ သမီး အငယ် ဆုံး နာမည် တွေ အဆင့်ဆင့်...
-
စစ်အစိုးရနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ၀န်မလေး 2010-11-20 မြန်မာ ပြည်သူလူထု အတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် နိုင်ငံရေး စနစ်သစ်ကိ...
-
▼
2012
(31)
-
▼
08/05 - 08/12
(7)
- နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွ...
- ၈၈၈၈ (ရှစ်လေးလုံး) ငွေရတုအကြို၊ ၂၄ နှစ်မြောက် အတွက...
- Statement: The 88 Generation Students on the Comme...
- ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော...
- ၈/၈၂ အင်လျား ဆို - မွန်းအောင်
- " မနေ့ကရှစ်ဆဲ့ရှစ် " ရေး - ကိုညို / ဆို - လင်းလင်း။
- "၈.၈.၈၈"အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ် ၈၈မျို...
- ► 03/04 - 03/11 (1)
- ► 01/22 - 01/29 (9)
- ► 01/08 - 01/15 (10)
- ► 01/01 - 01/08 (4)
-
▼
08/05 - 08/12
(7)
-
►
2011
(335)
- ► 12/25 - 01/01 (1)
- ► 12/11 - 12/18 (2)
- ► 11/13 - 11/20 (13)
- ► 09/25 - 10/02 (6)
- ► 09/18 - 09/25 (28)
- ► 09/11 - 09/18 (15)
- ► 09/04 - 09/11 (5)
- ► 08/14 - 08/21 (5)
- ► 08/07 - 08/14 (8)
- ► 07/31 - 08/07 (6)
- ► 07/24 - 07/31 (1)
- ► 07/17 - 07/24 (2)
- ► 07/03 - 07/10 (1)
- ► 06/12 - 06/19 (3)
- ► 06/05 - 06/12 (23)
- ► 05/29 - 06/05 (17)
- ► 05/22 - 05/29 (12)
- ► 05/15 - 05/22 (1)
- ► 05/08 - 05/15 (3)
- ► 04/17 - 04/24 (17)
- ► 04/10 - 04/17 (2)
- ► 04/03 - 04/10 (9)
- ► 03/27 - 04/03 (2)
- ► 03/20 - 03/27 (12)
- ► 03/13 - 03/20 (30)
- ► 03/06 - 03/13 (41)
- ► 02/27 - 03/06 (4)
- ► 02/20 - 02/27 (10)
- ► 02/13 - 02/20 (11)
- ► 02/06 - 02/13 (9)
- ► 01/30 - 02/06 (17)
- ► 01/23 - 01/30 (4)
- ► 01/02 - 01/09 (15)
-
►
2010
(381)
- ► 12/26 - 01/02 (5)
- ► 12/19 - 12/26 (16)
- ► 12/12 - 12/19 (16)
- ► 12/05 - 12/12 (13)
- ► 11/28 - 12/05 (18)
- ► 11/21 - 11/28 (31)
- ► 11/14 - 11/21 (35)
- ► 11/07 - 11/14 (38)
- ► 10/31 - 11/07 (7)
- ► 10/24 - 10/31 (13)
- ► 10/17 - 10/24 (25)
- ► 10/10 - 10/17 (19)
- ► 10/03 - 10/10 (38)
- ► 09/26 - 10/03 (11)
- ► 09/19 - 09/26 (7)
- ► 08/29 - 09/05 (6)
- ► 08/22 - 08/29 (1)
- ► 08/15 - 08/22 (1)
- ► 08/08 - 08/15 (4)
- ► 08/01 - 08/08 (1)
- ► 07/18 - 07/25 (12)
- ► 07/11 - 07/18 (14)
- ► 06/27 - 07/04 (1)
- ► 06/20 - 06/27 (10)
- ► 06/13 - 06/20 (18)
- ► 06/06 - 06/13 (5)
- ► 05/30 - 06/06 (5)
- ► 05/23 - 05/30 (6)
- ► 05/16 - 05/23 (3)
- ► 04/18 - 04/25 (2)
- “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ (1)
- ၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မဝင်ခဲ့သလဲ (1)
- 1988 Democracy Revolution of Burma (1)
- 2011 ThanGyatt (1)
- 74-75-76-2011 (1)
- 7Day+News+10-25 (1)
- Aung San Suu Kyi message to India (1)
- Bi+Weekly++4-25 (1)
- Burmese Helping Burmese (1)
- Burmese Jade (1)
- Daw Aung San Suu Kyi /Iraland (1)
- Daw Aung San Suu Kyi and Aljazeera (1)
- Daw Aung San Suu Kyi and MSNBC (1)
- Daw Aung San Suu Kyi and WI High School Students interview (1)
- Daw Aung San Suu Kyi Canadian Citizen Prize (1)
- Daw Aung San Suu Kyi CNN interview (1)
- Daw Aung San Suu Kyi Released in the CNN news (1)
- Daw Aung San Suu Kyi writing to Japan မိုင်အိနိချိ (1)
- Daw Suu and Oregon (1)
- Daw Suu Khun Htun Oo (1)
- Dear Mr. President of Myanmar (1)
- Depayin Documantary 2/2011 by DVB (1)
- Depayin Documantary 2011 by DVB (1)
- Desmond Tutu (1)
- DVB Scandal (1)
- earthquake photo (1)
- Egypt by Garmani (1)
- ILO Daw Aung San Suu Kyi (1)
- india (1)
- India Karen (1)
- Issue-52) (1)
- KIA-Government Meeting on Peace (1)
- Ko Phone Maw (1)
- Ko Thiha Yarzar Interview (1)
- Kyaw Thu and Senator John McCain (1)
- Lay Phyu (1)
- letter from Burma - daw aung san suu kyi (1)
- Lin Yone Mg Mg (1)
- M (1)
- Min Ko Naing (1)
- Min Zay Ya mom's Yat Lal Swan Thut (1)
- Miss Tourism Myanmar - 2011 (1)
- Mr. Derek Mitchellနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (1)
- night club wikileaks (1)
- NLD pay respect to Senior (1)
- NLD Policy Statement Towards Tourism (1)
- NLD statement 8th March 2011 (1)
- nuclear and missile technology/ North Korean ship (1)
- Nuclear Sai Thein Win (1)
- Poem (Daw Aung San Suu Kyi) (1)
- Political Prisoners in Burma adoped by Pyi Thu Lu Htu (1)
- Portland (1)
- pp invite inland (1)
- Save the date (06/18/2011) - Celebrate Daw Suu's 66th Birthday in NYC (1)
- SYCB Monthly Bulletin for May 2011 (Vol-5 (1)
- Tank produce in Burma (1)
- Thakhin Kodaw Hmaing by Pho Than Chaung (1)
- Than Shwe Joke (1)
- The Purple Plain 1954 - Burma Movie 01 (1)
- The Purple Plain 1954Burma Movie02 (1)
- The Purple Plain 1954Burma Movie03 (1)
- The Purple Plain 1954Burma Movie04 (1)
- The Purple Plain 1954Burma Movie05 (1)
- The Purple Plain 1954Burma Movie06 (1)
- The Purple Plain 1954Burma Movie07 (1)
- The Purple Plain 1954Burma Movie08 (1)
- The Purple Plain 1954Burma Movie09 (1)
- The Purple Plain 1954Burma Movie10 (1)
- The Purple Plain 1954Burma Movie11 (1)
- The+Voice+7-26 (1)
- The+Voice+7-40 (1)
- U Tun Lwin (1)
- U Win TIn John McCain (1)
- Weekly+Eleven+6 51 (1)
- WV: Daw Suu's 66th Birthday invitation letter (1)
- ကဗျာ (2)
- ခိုင်ထူး တေးမြုံငှက် မောင်သစ်မင်းရဲ့ ကဗျာ (1)
- စာရေးဆရာကြီး ပါရဂူ ကွယ်လွန် (1)
- ဆရာ မောင်ဝံသ (1)
- တင်မိုး (1)
- တိုင်းရင်းသားကိုယ်စားပြုအမြင် (စိုင်းစောအောင်) (1)
- ထင်မြင်ချက် (1)
- ဒီချုပ်(၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့ အခမ်းအနား (1)
- ပန်းချီအနုပညာ (1)
- ဘုရင်ရူးရူးနေတဲ့ သန်းရွှေ (1)
- မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း (1)
- မဝေနှင်းပွင့်သုန် (1)
- ပြည်သူ့ဂုဏ်ရည်ဆု (1)
- ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးက ဖိအားပေးထိုးခိုင်းတဲ့ စာ (1)
- ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn (1)
- လှုံ့ဆော်စာ (1)
- သတင်း (8)
- သီချင်း (1)
- အင်တာဗျူး (1)
- အစိုးရသစ်နဲ့ မီဒီယာလွတ်လပ်ခွင့် (1)
- အတက်နေ့ ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက ငွေဖလားမပါပဲ ရေကစားတဲ့ အမေ (1)
- အန်အယ်လ်ဒီရုံးချု့ပ်ရှေ့က သင်္ကြန်အကြတ်နေ့ (1)
- အထွေထွေ (1)
- ဆောင်းပါး (1)
- ဒေါ်အောင်ဆန်းစုကြည် (1)
- မောင်သစ်မင်း (1)
- မောင်သာနိုး - မဟာကဗျာ (1)
- မြေအောင်းပွေး (ဂါမဏိ) (1)
- ရေးသူ ဦးနု (တာတေစနေသား) (1)
- နိုင်ငံရေးသမားနဲ့ ရဲဘက် (1)
မျက်စေ့ကိုဖွင့် နားကိုစွင့်စို့လူငယ်တို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)
ကကလေးငယ်ချစ်စဖွယ် ခခရေကုံးမလေးပြုံး ကလေးကဗျာဆရာဆရာကြီး ဦးတင်မိုး
“ဧည့်သည်ကြီး” ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါလေ။ ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။ ၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။ ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။ တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။ ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။ ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။ အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။ ဆေးလိပ်လည်းတို နေလည်းညိပြီ ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့ ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။ ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။ ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။ “ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။ “လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။ တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ) ၂၇၊ ၇၊ ၂၀၀၀ မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ... “အခု ဒီဥပဒေတွေဟာ NLD အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများကြီး ပါနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အား တရပ်ကိုတောင်မှ ပြန်လည်မွေးမြူရာ ရောက်ပါတယ်။ ပြည်သူ လူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ် ဒီမိုကရေစီ လိုလားသူများနဲ့ တသားတည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်” (ဒေါ်အောင်ဆန်း စုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)
ကိုင်စွဲစရာ လက်နက် (၃) မျိုး ... “ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာ လက်နက် (၃) မျိုးသာ ကျနော်တို့မှာ ရှိပါ တော့တယ်။ မကြောက်တရားလက်နက်၊ သွေးစည်းညီညွတ်ရေးလက်နက်၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်းချက်ပန်း တိုင် တခုတည်း ချမှတ် ရှေးရှု ရင်ဆိုင် ချီ တက်ရေးလက်နက်။ (၈၀) နှစ်ပြည့်မွေးနေ့ မှာ ဒီလို သ၀ဏ်စကား ပါးခွင့်ရတာ ၀မ်း သာတယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အရေးတော်ပုံ အောင်ရမည်” (သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ၈၀ ပြည့်မွေးနေ့ သ၀ဏ်လွှာမှ ...)
၈ လေးလုံး ခေါင်းဆောင်များ