မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေ


Sources (Eleven Media Group)
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ မင်္ဂလာဈေး၏ စတုတ္ထထပ်တွင် မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် မင်္ဂလာဈေး၏ ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိရသည်။ အဆိုပါဈေးသည် မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာ မီးသတ်ဌာနအသီးသီးမှ မီးသတ်ယာဉ်များ အပါအ၀င် မီးငြိမ်းသတ်မှုကို ယခုအထိ(နံနက် ၉ နာရီ ၄၅ မိနစ်)မီးငြိမ်းသတ်မှု ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။ (ကျန်သတင်း အချက်အလက်များနှင့် ဓာတ်ပုံများကို ဆက်လက်ဖော်ပြ ပေးသွားပါမည်။)



ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှု

5:14 AM | Posted by Anonymous

သတင်းတို

By abma | May 22, 2010

-လွန်ခဲ့တဲ့ ၃ ရက်လောက်က ဒေါ်အောင်ဆန်းစုကြည်ကို ရေတပ်က ဟယ်ရီကော်ပတာနဲ့ နေပြည်တော်သို့ ခေါ်ဆောင်ပြီး၊ ဦးသန်းရွှေနဲ့ တွေ့ဆုံးစကားပြောခဲ့သည်လို့ ခိုင်လုံတဲ့ သတင်း ရပ်ကွက်က ကြားသိရသည်။ ။

-၂၀-၅-၂၀၁၀နေ့က ပြည်မြို့်မှ လူ့အခွင့်ရေးတွက် လုပ်ကိုင်းနေသူတစ်ယောက်က စစ်ကျွန် မဖြစ်ရေး
စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြောင်း သတင်းရှိပါသည်။ ။

ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း

11:33 AM | Posted by Anonymous

ခေတ်ပြိုင်

ဂါမဏိ / ၁၄ မေလ ၂၀၁၀

အာဏာသိမ်း နအဖစစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ်ကနေ နိဂုံးချုပ်သွားပြီလို့ ဖက်ဆစ်အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူးအော်မြည်နေတာကို ရုပ်ပျက်ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံးမဟုတ်ဘဲ ဒိုင်ယာလော့ရဲ့နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက်ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလားအဖုံးကို ပိတ်တဲ့ နောက်ဆုံးသံချက်ပဲဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေးကို ကြွေးကြော်ခဲ့ပါတယ်။ အဲဒီရည်မှန်းချက်မြောက်ဖို့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ နည်းဗျူဟာလမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖျက်သိမ်းရေး လမ်းကြောင်းပေါ်ကနေ ဒိုင်ယာလော့လုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ အလံကိုကန့်ကွက်

11:26 AM | Posted by Anonymous

မြတ်ခိုင်ဦး / ၂၁ မေလ ၂၀၁၀


ယမန်နေ့ကထုတ်ဝေသော စစ်အစိုးရထုတ် သတင်းစာများတွင် ပါရှိသည့် ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာချက်တွင် ပါရှိသော “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ” ၏ အလံနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိနေသည်။

စစ်အစိုးရထုတ် ယမန်နေ့ ကြေးမုံသတင်းစာတွင် “ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်း၊ အမှတ် (၁၅၀) တွင် ပါတီရုံးချုပ်တည်ရှိသော မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၅) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၉-၅-၂၀၁၀ နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်” ဟုဆိုကာ ယခုလက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ အလံနှင့် ဆင်တူရိုးမှားဖြစ်သော အပေါ်လက်ဝဲဘက်ထောင့်တွင် ကြယ်လေးလုံးအစား ကြယ်ငါးလုံးဖြင့် အစားထိုးထားသည့်အလံကို ဖော်ပြထားသည်။

စိတ်ဝင်စားဖွယ် ဖန်တီးထားတဲ့ ကြေးမုံသတင်းစာ ရှေ့မျက်နှာစာပေါ်က ဗိုလ်ချုပ်သန်းရွှေသတင်း

11:15 AM | Posted by Anonymous

သခင်သိန်းဖေမွေးနေ့တွင် လူရွေးဖိတ်ကြား

မောင်စံ / ၂၁ မေလ ၂၀၁၀
Khit Pyaing

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ ခေါင်းဆောင် သခင်သိန်းဖေ၏ (၉၄) နှစ်မြောက် မွေးနေ့ကို မရမ်းကုန်း မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်သည်။

မွေးနေ့ပွဲတွင် သခင်သိန်းဖေက မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် နောက်ဆုံးထွက်သက်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံန္နိဋ္ဌာန်ပြု ပြောကြားသွားသည်။

မွေးနေ့ပွဲ တက်ရောက်လာသူများထဲမှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်နှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ရှေ့နေကြီးတဦးတို့က မြန်မာပြည်လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် သခင်သိန်းဖေ၏ ယနေ့ထက်တိုင် အနစ်နာခံဆောင်ရွက်မှုနှင့် ပေးဆပ်မှုတို့ကို ဂုဏ်ပြုပြောကြားကြသည်။

ယနေ့မွေးနေ့ပွဲ၏ ထူးခြားချက်မှာ ယခင်အခမ်းအနားများတွင် တွေ့နေကျ ပုဂ္ဂိုလ်အချို့အား မတွေ့မြင်ရခြင်းဖြစ်သည်။

အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည့် ဦးသုဝေ၊ ဦးရွှေအုံး၊ ဦးအုံးတင်တို့ကိုလည်းကောင်း၊ အန်အယ်လ်ဒီ စီအီးစီဟောင်းများဖြစ်သော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့် စသည့်သူများကို မတွေ့ရှိရပေ။

မဲဆောက်မှာ နေထီးဆောင်းပြီ

အဓိပတိကြီး


မြန်မာ့ ဒီမိုကရေစီ အင်အားစုများ အများအပြား နေထိုင်ရာ မဲဆောက်မြို့မှ နေထီးဆောင်းတာကို မြင်နေရပါတယ်။ ဒီတော့ စက်တင်ဘာတုန်းက ပေါ်လာခဲ့တဲ့ တဘောင်လေးကို ပြန်သတိရမိလို့ ဝေငှပေးလိုက်ပါတယ်။ တဘောင်လေးကတော့...

ဂငယ် လေးဆူ အုတ်သစ်ထူ
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇ္ဇာရှစ်သောင်း ဆရာအပေါင်း
ခညောင်း မ လိမ့်မည် ။


လို့ဆိုပါတယ်။ အခု ဂ ငယ်သုံးခု ဖြစ်တဲ့...

ဂမ္ဘီရ
ဂမ္ဘာရီ
ဂျွန်ဝီလီယျံ ယက်ထောတို့
ပေါ်ခဲ့ပြီးပြီ။ ခု နေထီးဆောင်းလေပြီ။ သန်းရွှေနှင့် စစ်အုပ်စု ပြုတ်ကျဖို့သာ ကျန်တော့တယ်။


ခွပ်ဒေါင်းအလံတော်အောက်မှ သွေးစည်းကြစို့

1:37 AM | Posted by Anonymous
မိုးမခ

ဖျာပုံနီလုံဦး
မေ ၂၁၊ ၂၀၁၀
တောင်ပေါ်က ရေပဲ သောက် သောက်
တောင်အောက်က ရေပဲ သောက် သောက်
အဓိက လူသားဆန်တဲ့ ကိုယ်ချင်းစာ စိတ်ကလေးရှိဖို့ …

တောင်ပေါ်က ဆန်ပဲ စား စား
တောင်အောက်က ဆန်ပဲ စား စား
အဓိက … လူ့ကျင့်ဝတ်သိက္ခာ ထိန်းသိမ်း
ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ …